[X] Choose Font Here

Tuesday, October 9, 2012

မင်္ဂလာ အရေး မေးမြန်းကြလိုသော်..

ပြောရဦးမယ်.....
မယ်သံ တို့ အိမ်ထောင်သက်က ရေတွက်ရင် လက်တစ်ဘက်ကျော်လာပြီး လက်နှစ်ဘက် ပြည့်ခါနီး..ကိုယ်တွေ ကလဲ ဟုတ်တာမဟုတ်တာ အပထား စုံတွဲပုံလေးတွေ ရိုက်တော့လဲ နှစ်ယောက်လုံး ပြုံးပြုံးရွှင်ရွှင် တွေဆိုတော့ ဒီအိမ်ထောင်လေး သာယာတယ်တွေး လို့လားမသိ ယူချင်သူတွေ ၊ ယူခါနီး ယူလတ္တံ့ တွေ  အကျိုးအကြောင်းမေးမြန်းတဲ့သူတွေ ၊ သူတို့ဖြစ်ချင်တာကိုဘဲ ကိုယ့်ကိုပုဏ္ဏားတိုင် လုပ်မေးပြီး ထောက်ခံစေချင်တဲ့သူတွေ တယ်များသကိုးးး

ကိုယ်လဲ စိတ်ကြည်ရင်ကြည်သလို ၊ ယောင်္ကျားအပေါ် မကြည်ရင် မကြည်သလို ...ကြုံသလို ဖြေလိုက်တာပါဘဲ ။

လောင်တော်မင် ကို ယူစဉ်အခါ က ဘယ်လိုများ စဉ်းစားပြီး တဘ၀တာ လက်တွဲဖို့ ဘယ်လိုများယုံကြည်ခဲ့လို့ပါ လိမ့်လို့ စဉ်းစားတော့လဲ မရေမရာ ။
ဒါဆိုရင် မခွဲနိုင် မခွာနိုင် အရမ်းအရမ်းကို ချစ်ခဲ့တာလား လို့ မေးရင်လဲ ..အင်းးး အဲလိုလဲ မဟုတ်ဘူးထင်တယ်လို့ ဖြေရမယ် ( ပြန်မပြောကြေး နော်)
ဒါဆို ပညာ၊ စီးပွားဥစ္စာ ၊ မျိုးရိုး ဘာကိုများ မက်လို့ ယူခဲ့တာလဲ လို့ မေးဆို ....အဖြေမရှိ...။
ဒါဆို စိတ်တူ ကိုယ်တူ အကြိုက်တူ လို့ များလားးး နိုး နိုး နိုး..ဟိုးးဟိုး....

ဒါဆို ဘယ်လောက်များ   သတ္တိရှိလို့ တဘ၀ တာ အတူလက်တွဲဘို့ ဆုံးဖြတ်ခဲ့တာပါ လိမ့်နော် ။
ဒါတောင် ကိုယ်ယူတဲ့ အချိန် က မနူးမနပ် ဇိမ်းဇတ်ဇတ် အရွယ် မဟုတ်တော့ဘူးရယ် ............

အခု လက်ရှိ စင်္ကာပူ မှာ နေနေတာဆိုတော့ ကိုယ့်ကို မေးကြ မြန်းကြ တဲ့သူတွေ တိုင်ပင် ကြတဲ့ သူတွေ က  လဲ စင်္ကာပူ က လူတွေ အများသားပေါ့ ။
ယူပြီးသား လူတွေ က လဲ သူတို့စိတ်အခန့်မသင့်စရာ တွေ့ရင် မယ်သံ ဆိုရင်ရော ဘယ်လိုလဲ ၊ မယ်သံ က ကံကောင်းတာကိုး အစချီပြီး သူတို့အိမ်ထောင်ဘက်တွေ က ဘယ်လို ဘယ်ညာ နဲ့ ကရားတေးလွှတ် တတွတ်တွတ် ပြောကြတာရယ် ။
ကိုယ်ကလဲ စိတ်ကြည်နေချိန် ဆို ပြေရာပြေကြောင်း ပြောရတာပေါ့ ..လားလားးးး စိတ်မကြည်နေရင်တော့လား အိမ်ကလူ မျက်ခုံးလှုပ်ပြီသာမှတ် ဟုတ်တာရော မဟုတ်တာရော ပိုပိုသာသာ ချဲ့ထွင်ပြီး သူ့မကောင်းကြောင်း ရှာကြံပြောတော့တာ......။
ပြီးတော့မှ ဂလောက်မကောင်းတာကြီး ငါဘာလို့ ဆက်ပေါင်းနေပါလိမ့်တွေးတော့ လဲ ဂလောက်တော့ မဆိုးရှာပါဘူးလေ လို့ .......

ဟော တချို့ကြတော့လဲ ပီအာ ဆိုတော့ အိမ်ဝယ်ရင် အဆင်ပြေရအောင် ပီအာမှ ပီအာ ဆို ရှာယူကြသတဲ့ ။ တယ်လဲ ရည်မှန်းချက်ကြီးတာကိုးးး အကြိမ်ကြိမ် အလေးပြုမိပါရဲ့ ....

ဟော တချို့ကလဲ အမရယ် ကျွန်တော်လဲ ပီအာမှ ပီအာ ရှာပါသေးတယ် ၊ မတွေ့တော့ SPass ပဲ ဆို ကျွန်တော် မြို့က လူပဲ ပြန်ယူတော့မယ် ဘွဲ့ ရဆို ကိုယ်ပံ့ပိုးပေးရင် ဒီမှာ အလုပ်တခုတော့ ရမှာပဲ ။ ကိုယ့်အပေါ်လဲ အထင်ကြီးလေးစားမယ် ဟော ငယ်ငယ် နုနုထွတ်ထွတ် လှလှလေး လဲရနိုင်မယ် နဲ့ ပြောတာဆရာ ...( ကိုယ့်မှာ ယောကျားမျက်နှာ ကမန်းကတန်းကြည့်ပြီး သက်ပြင်းခိုးချရတယ် ...ဟူးးးးးးခက်ပါလားနော်)

လာသေးတယ် လာသေးတယ် အမ ရေ ထုံးစံ က ဘယ်လိုရှိတာတုန်း ..တင်တောင်း တဲ့ ပစ္စည်းဆိုတာ မိန်းကလေး မိဘ ကိုပေးခဲ့ရတာလား ၊ ရွှေတဆင်စာ ဆိုတာ ဘာတွေပါတာတုန်း  နဲ့ ..မေးတော့လဲ လည်တယ်တယ်  ဘယ်လိုပြန်ဖြေရမှန်းမသိ ......( ကိုယ့်တုန်းက သူတို့ဘက်ကဘာတွေ ပေးခဲ့ပြီး ဘာတွေ ပါလဲစဉ်းစား ....ဟွန်း ဘာမှလဲမပါဘူး..ရင်နာလိုက်ထှာနော်)

အမယ်မယ် ..ရှိသေးတယ် ရှိသေးတယ် ..ဒီမှာ အလုပ်လုပ်သူ အချင်းချင်း ချစ်လို့ အတူတူနေချင်လှပြီ ၊ ဒါပေမဲ့ သိတယ်မဟုတ်လား စလုံးမှာ အလုပ်လာ လုပ်ကြတာ ၇၀% က နောက်မှာ တာဝန်တွေ တန်းလန်းနဲ့ မိဘ အတွက် ညီမလေး ကျောင်းပြီးဖို့ အတွက် နဲ့ ရှိသေးတော့ ကိုယ်ရှာတာ ကိုယ့်ဟာကိုယ် သုံး မယ်လို့ သဘောတူထားမလို့ အမရဲ့ ..အဆင်ပြေမှာပါနော် နဲ့ ကိုယ့်ကို ပုဏ္ဏားတိုင်  လုပ် ဆွဲထည့်ပြီး ထောက်ခံခိုင်းသေးတာ ။

စိတ်ကြည်နေပြီး ယောကျား နဲ့ အဆင်ပြေနေချိန် ဆို အော် ဘာမှ မပူပါနဲ့လေ နှစ်ယောက်လက်တွဲတော့ ပိုစုမိ ဆောင်းမိလဲရှိ ၊ အပြန်အလှန် အားကိုးရတာပေါ့ ဘာညာ ပွားလိုက်ပြီး ၊ ယောကျားနဲ့ မကြည်ချိန်ဆို အမလေးး ယောင်္ကျားတွေများ  မရခင်တမျိုး ရပြီးတမျိုး လွယ်တာ မဟုတ်ဘူးး တယောက်ထဲနေတစိတ်ထဲထား  အဲ  ဟုတ်ပေါင်   အိမ်ထောင်ကျရင် ကိုယ်ရှာတဲ့ပိုက်ဆံတောင် သူ့မျက်နှာကြည့်သုံးရသေးတာ အပူမရှာချင်ပါနဲ့အေ.....စသဖြင့် ပြောချင်ရာ ပြန်ပြောတာပေါ့ ..:P

အမယ် စကားကြုံတုန်း ပြောရမယ်ဆို မင်္ဂလာဆောင်လာဖို့ ဖုန်းဆက်ဖိတ်တဲ့ သူငယ်ချင်းက မယ်သံရယ် ငါက ယူချင်တာမဟုတ်ဘဲ ယူရတာ ဘာညာနဲ့ အသံလေး တိမ်တိမ် နဲ့ ဖိတ်တော့ ..ဟယ် သယ်ရင်း အိမ်ထောင်ပြုတာများ လွယ်တာလိုက်လို့ ငါတို့ ယူချင်လွန်းလို့ယူတာတောင် အခု စိတ်ညစ်ရသေးတာ ဘယ်သူဘာပြောပြော ကိုယ်မှ မယူချင် လုံးဝ မယူနဲ့ အေ့  ဘာညာ နဲ့ ပြောနေတုန်းတန်းလန်း ဟိုက အင်း အင်း ငါ နောက်မှ ဆက်တော့မယ် မင်္ဂလာဆောင် နေ့ကျ လာခဲ့နော် ပြောပြီး ဖုန်းချ သွားပါရောလားးးးး

အမှန်တော့ မယ်သံတို့ တုန်းက မင်္ဂလာဆောင် ကို ဘယ်လို စီစဉ်ခဲ့တာ ဘာညာ ရေးမလို့ ဓါတ်ပုံတွေ တွေ စကမ်ဖတ် ပြီ ရေးတာ အကြောင်းကတလွဲဖြစ်သွားပါရောလားး အဲလို အဲလို ......

ကဲ ပိတ်သတ် တို့ ရေ မယ်သံ့ ဆီလာပြီး ကိုယ့်အကြောင်းတွေ ပြောပြ ဆွေးနွေး ချင်ကြတယ် ဆိုရင်ဖြင့်  ပြတ်ချင် ဖြတ်ချင်သူတွေ က အဲဒီအချိန်မှာ မယ်သံတို့ လင်မယား ရန်ဖြစ် အဆင်မပြေကြပါစေ နဲ့ လို့ ဆုတောင်းပြီး  သို့ ပေါင်းချင် ဖက်ချင်သူတွေ ကတော့ မယ်သံ တို့ အဆင်ပြေ နေကြပါစေ လို့ အရင် ဆုတောင်းပြီး မှ လာရင် ဖြင့် ကိုယ်လိုချင်တဲ့  တားဂတ်ကို ရောက်အောင် ဘေးတီး ပေးမည်ဖြစ်ပါကြောင်းးးးးး။





6 comments:

  1. ဖူးစာပါလို့ ဆုံခဲ့ပြီပဲ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားကြရမှာပေါ့နော်။
    ရေစက်ဆိုတာလည်းဘဝပေါင်းများစွာကတော်စပ်ခဲ့ကြလို့သာပြန်ဆုံခွင့်ရှိကြတာ မဟုတ်လား သန္တာရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြကြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ တီတင့် ..ဖူးစာပါလို့ ဆုံခဲ့မှတော့ ကြိုးစားရမှာပေါ့ ..ခက်တာက ပျင်းနေတာ ..ဟီးး
      တီတင့် တို့ မိသားစု တွေ လဲ စိတ်ဓတ်အစဉ် ကြည်လင်အေးမြကြပါစေ ရှင် ။ ကျေးဇူးပါ ။

      Delete
  2. မယ်သံ အရေးကို ပြုံးစိစိ ဖတ်သွားတယ်..
    ယူကျုကတော့ မနက်မှ ကြည့်နိုင် နားထောင်နိုင်တော့မယ်ဟေး.... ညကြီး သန်းခေါင်မို့လို့

    ReplyDelete
    Replies
    1. မယ်စင် ..အမှန်တော့ စင်စင့် ပို့စ်လေးတွေ လို ချစ်တာတွေ မေတ္တာတွေ ထုံ နေ အောင် ရေးချင်တာ...:P

      Delete
  3. မမလွင်က အဲ့လို ပေါ့ပေါ့ပါးပါး ရီစရာလေးတွေ ရေးတတ်တယ် သဘောကျတယ်
    ဆွေးနွေးဖို့ ကိတ်စကိုတော့ မမလွင် ပုံမှန်စိတ်ကလေးဝင်မှ လာဆွေးနွေးပါတော့မယ်လေ (ဟိဟိ)

    ReplyDelete
  4. ကူးကူးလှိုင်November 13, 2012 at 4:12 PM

    နောက်ဆုံးအပိုဒ်ကိုဖတ်ပြီး အရမ်းသဘောကျသွားပါတယ်အစ်မရေ...

    ReplyDelete