[X] Choose Font Here

Tuesday, June 28, 2011

ဘ၀ ထဲ က အမှတ်တရ များ . ၁

ဗုဒ္ဓမြတ်စွာဘုရား ရဲ့  တရားတော်မှာတော့  အနာဂတ်ကိုလဲ မှန်းမျှော်မကြည့်နဲ့ ။ အတိတ်ကိုလဲ ငဲ့ မကြည့် နဲ့ ။
လက်ရှိ ပစ္စုပ်ပန် ကိုသာ ရှူပါ လို့  ဆိုပါတယ် ။

တရားကို သိပေမဲ့ ရင်ထဲထိ တရားမကိန်းသေးတဲ့ ပုထုဇဉ် ဆိုတော့လဲ အတိတ် က အမှတ်ရစရာလေးတွေ ကို ပြန်ပြောင်း အောင်းမေ့မိတယ်။
သမီးလေးကြီးရင် ဖတ်ဘို့  ဘလော့မှာ တကူးတကရေးတော့  (ဒါတောင်သမီးကကြီးရင် ပြန်ဖတ်မှာမဖတ်မှာ မသေချာဘူးလေ) ကိုယ်ငယ်ငယ်တုန်းတုန်းက အကြောင်းတွေကို မေမေ က ပုံပြောသလို ပြောပြတာကို သတိရမိတယ် ။ သမီးလေးကိုလဲ စာဖတ်တတ်တဲ့ အရွယ်မရောက်ခင် နားထောင်တတ်တဲ့အချိန်ကစ ပုံပြောသလို ပြောချင်ပေမဲ့  ကိုယ်က စကားပြောမကောင်းဘူးရယ်။ စကားပြောပျင်းတာလဲ ပါတာပေါ့ လေ ။
ခုတောင် သမီးက ၀ူးဝူးဝါးဝါးပြောချင်တာ ကိုယ်ကထောက်ပြီး အေး အင်း မပြောတော့  ကိုယ့် နောက်ဆိုမလိုက်ချင်ဘူးရယ်။း(((
ကိုယ့်ကို မွေးတုန်းကနဲ့  ၄နှစ်ထိ အကြောင်းတွေ ကို အသိအာရုံနဲ့  မမှတ်မိပေမဲ့ မေမေ က တတွတ်တွတ်ပြောလို့  မှတ်မိနေခဲ့တယ် ။
ကိုယ့်ကို မကွေးတိုင်း သရက်မြို့ ကဆေးရုံမှာမွေးခဲ့တာပါ ။ ဖေဖေ က တရုပ်စပ် အသားဖြူတော့ ကိုယ်ကလဲ ဖြူဖွေးနေတာဘဲတဲ့ ။
မေမေ က ဆရာမလဲ ဆရာမ ၊အပေါင်းအသင်းကလဲများတော့ ကိုယ့်ကို လှစေချင်လို့ ဝိုင်းပြင်ပေးကြတဲ့ မေမေ့သူငယ်ချင်းဆရာမတွေဆို ဆေးရုံမှာ အချိန်ပြည့် ဘဲတဲ့ ။ မျက်ခုံးမွှေးဆွဲကြ၊ မျက်တောင် ညှပ်ကြနဲ့ ။ အောက်ထပ်အိမ်ကလဲ ဓါတ်ပုံတိုက်ဆိုတော့ အဲဒီခေတ်က ဓါတ်ပုံရိုက်တာခေတ်မစားပေမဲ့ ကိုယ့်မှာတော့  တပုံကြီးရယ်။ ဖေဖေ နဲ့ခွဲနေရလို့  အမှတ်တယကြည့် ၇အောင် ပို့ ပေးချင်တာလဲပါမှာပေါ့ ။
အဲဒီတုန်းကဖေဖေ က စလေဓါတ်မြေသြဇာစက်ရုံမှာလေ ။

နောက် ၂နှစ်မှာ မေမေ ရန်ကုန်ကို သင်တန်းသွားတော့ အဖေဘက် အဘိုးအဘွားတွေရှိတဲ့  ကံမမှာသွားထားတယ် ။ အဲဒီ မှာ အသက် သိပ်မကွာတဲ့ ၀မ်းကွဲ အမရှိလို့  သူကလဲ အဲဒီမှာ မြေးဦးဆိုတော့ သူ့ ကိုအရေးပေးပြီး ကိုယ့် ကို သိပ်အရေးမပေးလို့ ဝမ်းနည်းခဲ့၇တယ်တဲ့ ။
၂နှစ်ဘဲရှိသေးပေမဲ့ စကားအတော်ပြောတတ်နေဘီဆိုတော့  မေမေပြန် လာတဲ့အခါ ဘယ်လိုဘယ်ညာ အကုန်ပြောပြတဲ့အခါ မေမေ ကတော်တော် ၀မ်းနည်းခဲ့ရတယ်လို့ ပြောပါတယ်။
ပြီးတော့ သွေးလွန်တုတ်ကွေးဖြစ်လို့  ဆေးရုံတက်တော့  ပစ္စည်းတွေ အခိုးခံရတော့ လာမေးတဲ့သူတွေကို သမီးအင်္ကျီလေးတွေ သူခိုးခိုးလို့ မရှိတော့ဘူး လို့  ငိုပြောပြောတာနဲ့ လက်ဆောင်ပေးကြတာ ပေးတဲ့သူတွေလဲ ကျေးဇူးတင်ပါတယ် ။ သူခိုးကိုလဲ ကျေးဇူးတင်ပါတယ် လို့ပြောလို့  သဘောကျနေကြတယ်။
၎နှစ်မှာတော့ မေမေ ကချောက် အထက ၂ မှာတာဝန်ကျလို့  ဖေဖေ တာဝန်ကျတဲ့ စလေကို သားအမိ၂ယောက် သင်္ဘောကြီးနဲ့ ပြောင်းလာပါတော့တယ်။


၎နှစ်ကျော်ကျော် မှာ မေမေ က စလေကနေချောက်ကို နေ့ ချင်းပြန်ကျောင်းသွားရတော့ ကိုယ့် ကို အိမ်နားကကျောင်းမှာ အပျော်ထားတယ်။ အမေ ဆရာမ ကစိတ်ရှည်လက်ရှည် သင်ပေးထားတာဆိုတော့ ကျောင်းပျော်ကနေစာမေးပွဲဝင်ဖြေပြီး သူငယ်တန်းကြီး သူငယ်တန်းလေး မတက်ရဘဲ ၁ တန်းကို ၅နှစ်ကျော်မှာတက်၇တော့တယ်။
၅ နှစ် ခွဲလောက်မှာမောင်လေးကိုမွေးတော့  အဲဒီ အကြောင်းတွေ ၊ အဲဒီအချိန်ကစ ငယ်ဘ၀တွေကိုတော့ ကိုယ်တိုင်မှတ်မိပါပြီ။

မေမေ ကမောင်လေးကိုယ်ဝန်မှာ မီးဖွားခွင့် ယူတဲ့အချိန် အိမ်မှာဘာပင်စိုက်စိုက်ရှင်ပါတယ်။
မေမေက အိမ်စားသီးပင်စားပင်တွေနဲ့ဘုရားတင်ဘို့  ဘမာနှင်းဆီအနီ နဲ့ အပျိုမနိုင် နှင်းဆီတို့ ကိုစိုက်ပါတယ်။

နောက်ပိုင်းအရမ်းဖြစ်လာတော့ အိမ်စားလက်ဆောင်ပေးအပြင် စီးပွားဖြစ်ပါစိုက်လာခဲ့ပါတယ်။
အသက်အရမ်းကွာပြီးမှမောင်လေးကိုမွေးတော့ ချစ်လဲချစ် အဖေအမေ တွေ မောင်လေးကို ဂရုစိုက်ကြတော့  မနာလိုလဲရှိပါတယ် ။

နောက် အိမ်နီးနားချင်း သူငယ်ချင်းတွေ နဲ့ တော်တော်ကို ရင်းရင်းနှီးနှီး ဆော့ ကစားပါတယ်။

သမီးလေး ရက် ၁၀၀


သမီးလေးရေ ... ဒီနေ့  သမီးလေး ရက် ၁၀၀ ပြည့် တဲ့ နေ့ ကွဲ့ ။
သမီးလေးက ချစ်စရာတော်တော် ကောင်းနေပြီ ။ ချီလို့ လဲကောင်းနေပြီ ။ မှောက်လဲ မှောက်ချင်နေပြီ။
လက်လဲတော်တော်ရွေးတယ် ။ အဘွားနဲ့ ဖေဖေ ကို တော်တော် ကပ်တယ်။ မနေ့ ကများ မေမေ ခေါ်တာကို မလိုက်ချင်တော့  ဖေဖေ့ လက်ပေါ်ကနေ မျက်နှာကို ဟိုဘက်လှည့် သွားတယ် ။ မေမေ့  မှာ စိတ်တောင်မကောင်းဘူး ..း(((((
ရက် ၁၀၀ ပြည့်  ဓါတ်ပုံ မရိုက်ရသေးလို့  အယင်တုန်းက ပုံတွေဘဲ တင်လိုက်တယ် ။ သမီးလေးကြီးလာရင် ငယ်ငယ်တုန်းကပုံလေးတွေ ပြန်ကြည့် ရတာပေါ့ နော် ။<3 <3 <3


သမီးလေး ၁၃ ရက်ကပုံပေါ့  ။ ကြို့ ထိုးလို့  အနှီးစလေး နဖူးမှာကပ်ထားရတယ် ။ ၀မ်းခေါင်းချဲ့ တာပေါ့  ။ သမီးလေး က ၀မ်းခေါင်းချဲ့ သလားမမေးနဲ့  ။ တချိန်လုံး ကြို့ ထိုး နေလို့  မေမေ့ မှာ သမီးမောမှာ စိုးနေရတယ် ။

သမီးလေး ၁၄ ရက်ကပုံပေါ့  ။ ဧပြီလ နွေရာသီပေမဲ့  ရန်ကုန်မှာ မပူတဲ့ အပြင် အေးတောင်နေလို့  အနွေးထည်ဝတ်ပေးထားရတယ်။
သမီးလေး ၁လ ၉ ရက်ကပုံပေါ့  ။ စ လုံးဗီဇာဝင်ဘို့  ခေါင်းထောင်နေတဲ့ ပုံရိုက်တာ သမီးလေးဇက်မခိုင်သေးတော့  သမီးကို ထိန်းတဲ့  မမ က ကိုင်ထားပေးတယ် ။ သမီးလေးက ၀တော့ လည်ပင်းတို သလိုဘဲ ။ ၆ လ လောက်မှ ပုပါး ကိုမျှော်ကြည့် ခိုင်းရမယ် ။

သမီးလေး ၁လ ၁၁ ရက်ကပုံပေါ့  ။ သမီးဖေဖေ က အလွမ်းပြေကြည့် စ ရာဓါတ်ပုံလေးတွေ ရိုက်ပေးပါဆိုလို့  ။ သမီး ၁လ ပြည့် က ဦးဦးပေးတဲ့ လက်ဆောင်ရော မေမေ့  လက်ဆောင်လေးပါ ထဲ့ ရိုက်ထားတယ် ။
သမီးလေးက ဖြူဖြူအိအိဖောင်းဖောင်း နဲ့  ချစ်စရာ ။ ရုပ်ကလေးပေါ် ပေမဲ့  ဘယ်သူနဲ့ တူတယ်လို့ တော့ မကွဲသေးဘူး။ သမီး ကိုကို တုန်းကဆိုရင် မွေးကထဲက မေမေ နဲ့ တထေရာထဲဘဲ ။
OG ကဘယ်သူနဲ့  တူလဲ မေးတာ ဘယ်သူ နဲ့ မှ မတူဘူးပြောလို့  မွေးတဲ့ အချိန်မှာ တယောက်ထဲမို့  ကလေးမှားတာတော့ မဟုတ်ဘူးလို့ နောက်တယ်။
သမီးလေးမွေးခါနီးရက်တွေမှာ နွေရာသီကြီး မိုးတွေစွေပြီး အရမ်းအေးတယ်။ မွေးတဲ့နေ့ မနက်မှ မိုးတိတ်ပြီး ရာသီဥတု စသာယာတယ် ။ ဒါပေမဲ့ အေးတုန်းဘဲ ။ ဒါကြောင့်  OG က သမီးကို မမိုးအေး ရယ်လို့  အမှတ်တယ နာမည်ပေးခဲ့တယ် ။
ဒါကတော့  ဒီနေ့  ရက်၁၀၀ ပြည့် ရဲ့ ပုံပါ ။ ည ၉း၃၀ မှ ဖေဖေနဲ့  အိပ်ယာပေါ်မှာဆော့ နေတဲ့ပုံပေါ့ ။ ဖေဖေ နဲ့  များစကားပြောရင်းဆော့နေရရင် သမီးလေးဟာ အဲဒီလိုဘဲ မျက်လုံးလေးတွေ တောက်ပပြီး ပါးစပ်ကလဲ စကားပြောချင်လွန်းလို့  ထော်တော်တော်ဖြစ်လာတယ်။

သမီးလေး ရက် ၁၀၀ မှ နှစ်ပေါင်းများစွာတိုင် ဒီမိ ဒီဘ နဲ့ မခွဲမခွာ ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်ပြီး ရတနာသုံးပါး ကို အထူးရိုသေ ကိုင်းရှိုင်းပြီး ကောင်းသောလိုအင်ဆန္ဒ များပြည့် စုံပါစေ။

Friday, June 24, 2011

အချစ်ဆိုသည်မှာ....

အချစ်ဆိုတာ

အချစ်ဆိုတာ သပြေပင်လိုဘဲ ..ခေါင်ညွန့် ကိုချိုးလိုက်တာနဲ့  အညွန့်  အခက်တွေဖြာပြီးထွက်လာတတ်တယ် ...း))))) လို့  ချစ်ခင်ရတဲ့  အမ တယောက်ကပြောဘူးတယ် ။

ဇာတိ ဇရာ မရဏ ဒုက္ခ သစ္စာ ...ဇာတိ အသစ်တဖန်မွေးဖွားခြင်း ဟာ ဒုက္ခ ၊ဒါကို လူတွေက သဘောမပေါ က်ဘဲ သားလေးတွေ သမီးလေးတွေ လိုချင်ကြ တယ် သံယောဇဉ် သမုဒယ သစ္စာ ကနေ ဒုက္ခ သစ္စာဖြစ် ဒီလိုနဲ့  သံသရာထဲကမထွက်နိုင် မလွတ်နိုင် ၀ဲလည်ကြ ခင်ဗျားတို့ က ကိုယ့် ကိုကိုယ်မှ မချစ်ကြတာကိုးဗျ ...လို့  ဆရာတော် တပါးက မိန့် ဘူးတယ်။

ကျမအတွက်တော့  အချစ်ဆိုတာ ဖြည့် ဆည်းပေးခြင်းပါ ။
ကိုယ်ချစ်တဲ့ သူတွေကို သူတို့ လိုအပ်တာ၊နှစ်သက်တတ်တာ ကို သိမြင်ခံစားပြီး တတ်နိုင်သမျှ လုပ်ပေးနေချင်တာ ။
ခု ဆို အိမ်မှာ ကျမ ချစ်တဲ့သူတွေ.....
ကျမ မိဘတွေ ၇ယ် ၊ ယောင်္ကျားရယ် ၊ သမီးလေး ရယ်ပေါ့ ။
ချစ်ရမဲ့ သူတွေများတာနဲ့  အမျှ သူတို့ အကြိုက်ကို လိုက်လုပ်ပေး၇မှာတွေလဲ များလွန်းလှပါတယ် ။

စ မှာ အလုပ် လုပ်နေသူ ကျမ အတွက် အချိန် ဆိုတာ......
အိမ်ပြန်ရောက်လာရင် သူတို့  အကြိုက်တွေ လုပ်ပေးဘို့ ထား သူတို့  ပြောချင်ကြတာ လေးနားထောင်ဘို့ တောင် အချိန်က ရှားလှတယ် ။
အသက်ကြီးလာတဲ့ မိဘတွေကလဲ စကားပြောချင်တယ် ။ တနေကုန်ရုံးမှာ ဘာတွေလုပ်တယ် ၊ ဘာတွေဖြစ်တယ်လို့ ပြောပြတာတွေ နားထောင်ချင်တယ် ။အိမ်မှာ သမီးလေးက ဘယ်လိုတိုးတက်လာတယ် ၊ ရှူးဘယ်နှစ်ခါပေါက်တယ် ၊ သူတို့  နေ့ လည်ကအိပ်ပျော်တယ်၊ ထမင်းစားမကောင်းဘူး ၊ ရာသီက ပူတယ်.........................................................................................................................................
သမီးလေးကလား ...ညနေ ၅နာရီဆို နို့ ဘူးသောက်ချင်တော့ ဘူး မေမေပြန်လာမှာကိုမျှော်နေပေါ့ ၊ပြန်ရောက်လို့  အ၀တ်လဲ နို့  ညှစ်ပြီး ရင်ခွင်ထဲ ပွေ့ လို့  နို့ တိုက်ရင်း သူ့ အဘိုးအဘွားတွေ ပြောတဲ့ စကားတွေ နားထောင်တဲ့ အခါ သူ့မျက်နှာကို ငုံ့ မကြည့် ကောင်းလားလို့  အဲ့ ဆို အသံပြု လက်ကလေးခြေထောက် ကလေးတွေ တကားကားနဲ့ တောင်းဆိုတတ်သေးတယ် ။

နို့ တိုက် လေထုတ်ပြီးလို့  သူ့ ကို သန့် ရှင်းရေးလုပ်ပေးပြီး သူ့အဘိုးနဲ့  ပန်းခြံမှာ သူ့ အဖေအလာကို သွားစောင့် ခိုင်းတဲ့အချိန် ညနေစာကို အမေနဲ့ သူ့ အကြိုက် ကိုယ့် အကြိုက် ပြင်ကြတယ် ။ အဖေနဲ့ အမေ အတွက် ထမင်းပွဲပြင် ပြီးလို့ ရေချိုး ပြီးရင် အရမ်းဆာလို့  ထမင်းများမစောင့် ဘဲ စားနှင့် လိုက်လို့ ကတော့ ..သမီးအဖေမျက်နှာမကောင်းတော့ ဘူးရယ် ။

သူက ထမင်းပွဲကို သိမ်း ဆေးကြောနေချိန် မှာ သမီး ကိုပြန်ချီ ချော့ မြှူ နို့ တိုက်ပြီး သိပ်ပြီးချိန်မှာ အမေတို့ အခန်းကို သွားပြီးစကားပြောနေ ၇င် မယ်သံရေ ဆိုတဲ့ အသံထွက်လာတယ် ။
သူက ရုံးအကြောင်းနဲ့  တနေ့ တာအကြောင်းပြောနေရင် အမေ က သမီးရေ BBC လေးဖွင့် ပေးပါဦးလို့  အသံပြုပြန်တယ် ။

ကဲ ဘု၇ားရှိခိုးဦးမှ ဆိုလဲ မင်းက မနက်ဘက် မရှိခိုးဘူးလားရယ်လို့  အမေးခံရတယ် ။
တကယ်ဆို မနက်ဘက် သူရုံးမသွားခင် စားဘို့ ကအစ သူ အဆင်သင့် ပူဇော်နိုင်အောင် ဘုရားမျက်နှာသစ်တော်ရေ၊သောက်တော်ရေ ၊ အာရုံဆွမ်း ၊ပန်းရေလဲ စတာတွေ အကုန်လုပ်ပေးပြီး သူသွားတဲ့ အချိန်မှာ မိဘတွေအတွက် မနက်စာ ပြင်ပေးပြီး နေ့ လည်စာအတွက် စီစဉ်ရသေးတယ်လေ။ ဒါတောင် ဟင်းကိုအမေချက်တာ ။
ပြီးရင် သမီးကို မျက်နှာသစ်နို့ တိုက် ပြီး ကိုယ်လဲရုံးကို သွားဘို့ ပြင်ရတယ်။

ရုံးကို နောက်မကျရုံတမယ် အပြေးအလွှား သွားပြီး ရုံးေ၇ာက်တော့ မှ မနက်စာ စားရတယ် ။

ကျမ အတွက်တော့  အချစ်ဆိုတာ အတော်ပင်ပန်းပါတယ် ။

စိုင်းထီးဆိုင်ရဲ့ သီချင်းလေးလို မောတော့  မောတာ ပေါ့ဒါပေမဲ့  မမောဘူးဆို သလို

ပင်တော့ ပင်ပန်းတာပေါ့  ဒါပေမဲ့ ချစ်၇တဲ့ သူတွေရဲ့ မျက်နှာကို မြင်၇တဲ့ အခါ ကိုယ်ချက်ပြုတ် ပြင်ဆင်ထားတာကို သူတို့ ကျေနပ် သဘောကျလို့  ပြုံးနေတဲ့ မျက်နှာကိုမြင်ရတဲ့ အခါ ပင်ပန်းသမျှတွေပြေပြီး အားတွေရှိလာတာပါဘဲလေ ။

ဒါပေမဲ့ ချစ်ရတဲ့သူနောက်တယောက်တိုးမလာချင်တော့ပါဘူး ။ ချစ်၇တဲ့သူဒီလောက်များနေတာကိုဘဲ ကျေနပ်ပါပြိလေ ။

Saturday, June 18, 2011

မေ့  သမီးလေး

သမီးလေးရေ.........
ဒီနေ့ ဆို သမီးလေး ၃ လပြည့်ဘီနော် ။
ခေါင်းလေးလဲ တော်တော်ခိုင်နေပြီ ။ လည်လဲတော်တော်လည်နေပြီ။အပြင်လဲတော်တော်ထွက်ချင်နေပြီ။
အရင်ဆို မေမေ ရုံးကပြန်လာရင် အပြေးအလွှား နို့ ညှစ် ၊ သမီးလေး မေ့ ချိုကြီးကိုစို့ပြီး အိပ်သွားရင် ညစာဟင်းစီစဉ်တယ်။ အိမ်အလုပ် လုပ်စရာရှိတာလေး ဘာလေး လုပ်ပေါ့။
ခုတော့ဟုတ်ပေါင်း))))))))
ပြန်လာရင် သမီးလေးကို နို့တိုက် ။ပြီးရင် အ၀တ်အစားလဲပေးပြီး ဖေဖေ့ ကိုကြိုဘို့ သွားရတယ်။
သွားဘို့  လှေခါးကများဆင်းလိုက်ရင် ခိုးခိုးခစ်ခစ် အသံထွက်အောင်များ ရီလိုက်တာ မေမေ့မှာ အံ့အားတောင်သင့်ရတယ်။
တရက်တလေ မဟုတ် နေ့တိုင်း ရီ တာ။
မေမေတို့  ဘွားဘွားတို့  မှာ သမီးရီသံကိုအနီးကပ်ကြားချင်တော့ လှေခါးအဆင်းဆို သူချီမယ် ငါချီမယ်နဲ့ ။
ဖေဖေ့ ကိုပြောပြတော့  သူလဲကြားချင်တယ်ဆိုပြီး ညဘက်သမီးကိုချီပြီးအောက်ဆင်းမယ်လုပ်လို့ ရုံးပိတ်ရက်နေ့ခင်းမှချီခေါ်ပါလို့ ပြောရတယ်။
သမီးဖေဖေကလဲ သဲသလားမမေးနဲ့  ။ ညဘက်ဆို သမီးကို ပုခက်ထဲ မသိပ်ဘူး ။အဘိုးအဘွားနဲ့လဲမသိပ်ဘူး လေ။ ဖေဖေ ၊မေမေ နဲ့ဘဲအတူအိပ်ခိုင်းတယ်။
(မေမေ့မန်နေဂျာဆို မေမေ့ကို ကလေးနဲ့အတူအိပ်လို့အိပ်ရေးပျက်ရင် အလုပ်ပျက် ကျန်းမာရေးထိပြီး MC ခနခနယူမှာစိုးရိမ်နေတယ်။)
သမီးကလေ ဖအေ သဲလဲ သဲချင်စရာ ဖအေများ သူ့ခေါင်းရင်းကရပ်ပြီးစကားပြောမိရင် ခေါင်းမော့ မျက်လုံးလှန်ကြည့်လို့ မျက်စိလန် ခေါင်းမော့ဖြစ်နေမှာစိုးလို့ သမီးမြင်သာတဲ့အရပ်မှာဘဲနေပါလို့ ပြောရတယ်။
အိပ်ချင်နို့ စို့ ချင်မှ မအေကို ကပ်တယ်။ ဖအေများထိုင်မနေဘဲ မတ်တပ်ရပ်နေပြီဆို အသံပြုလို့  ခါးကိုကော့ကော့ ပေးတယ်။ သူ့ ကိုချီစေချင်တာလေ ။
တကယ်ဆို သမီးက အတော်အေးတာပါ ။ ကလေးရှိတဲ့ အိမ်ရယ်လို့  ငိုသံကြားရခဲပါတယ်။

ညနေ ၅ နာရီကျော်ပြီဆိုရင်တော့  နို့ ဘူးမစို့ တော့ဘူး။ မေမေ ဒိအချိန်ပြန်လာမှာကိုသိနေသလိုဘဲ ။ နို့ ဘူးကိုလျှာနဲ့ထိုးထုတ်ပြီးစောင့်နေတာ ။ မေမေ့ မှာ သမီးဆာနေမှာစိုးလို့  အိမ်ကိုတန်းပြန်ရတယ်။ ၀ယ်စ၇ာရှိရင် ညဘက်သမီးအိပ်မှ ဆင်းဝယ်ရတယ်လေ။
ခုလဲ East Coast သွားတာမှာ ပြုံးပြုံး ပြုံးပြုံး နဲ့ လေ။
သဲပုံစေတီအနေကဇာတင်ပြီးမှ ဘွားဘွားတို့ ကစားကြတာဆိုတော့  အားလုံးစားပြီး လမ်းလျှောက်ပြီးပြန်လာတော့  အိမ်အရောက် 103း0 လေ။ သမီးလေးကို အ၀တ်အစားလဲ နို့တိုက်သိပ်ပြီး
၃လပြည့်  သမီးလေးအကြောင်းရေးချင်တာနဲ့ ရေးနေတာ ။ တကယ်ဆို မေမေ့မှာ ပစ္စည်းတွေရှင်းလင်း နေရာတကျပြန်ထား လုပ်၇ဦးမယ်လေ ။
သမီးလေး မေမေ့  ဘိုက်ထဲမှာတုန်း က သမီးကို ဖေဖေ နဲ့တူစေချင်တာ ....ခု သမီးက ဖေဖေလိုဘဲ ဘွတ်၂ပါတာကြာတယ်။ စားတာလဲကြာတယ် (နို့ စို့ ရင်ဇိမ်နဲ့ မပြီးနိုင် မစီးနိုင်အကြာကြီး)။
ပြီးတော့ အိပ်ေ၇းလဲဆတ်တယ် ။
ဖေဖေ ကတော့  ကောင်းတာတွေ တူပါစေ ဆုမတောင်းဘဲ အားလုံးတူပါစေ ဆုတောင်းခဲ့လို့ တဲ့လေ။

<3<3<3<3<3<3................

သမီးလေး ၃ လပြည့် 





မတ်လ ၁၈၊၂၀၁၁ မှာမွေးတဲ့သမီးလေး ဒီနေ့ ဆို ၃ လပြည့် ပြီ ။


သမီးလေး ၃လပြည့်  အတွက် ဒီနေ့ မှာ ဖားအောက်ကျောင်းမှာ ဆွမ်းကပ်မယ်ဆိုတော့ စနေနေ့ မှာ အလှူရှင်တွေများ တယ်။

မနေ့ ကသောကြာနေ့  အာရုံဆွမ်း အလှူရှင်မရှိသေးဘူး ဆိုတော့ သမီးကလဲ သောကြာသမီးလေးမို့  လှူမယ်ဆိုပြီး ကြာဇံဟင်းခါး ကပ်ဖြစ်ခဲ့တယ်။

အချိုပွဲကိုတော့သစ်သီး ၂မျိုး၇ယ် လက်ဘက်သုပ်၇ယ် အာလူးကြော်၇ယ်ဘဲ လုပ်ဖြစ်တယ်။

ဆ၇ာတော်ဘု၇ားကြီးရှိနေတော့ ပိုပြီးသဒ္ဒါပေါက်တာပေါ့ ။

ဖေဖေနဲ့ မေမေ လဲ သမီးလေးမွေးတုန်းကခွင့်တွေအများကြီးယူထားလို့  ခွင့်ထပ်မယူချင်တာနဲ့ ဆွမ်းကပ်ပြီး ရုံးကို သွား၇တယ်။

ရုံးေ၇ာက်လို့ Email စစ်တော့ သမီး၇ဲ့  long term pass ကျနေပြီလေ။ ၀မ်းသာပေမဲ့ ဘိုး၂ဘွား၂ အတွက်မပါသေးတော့ စိတ်ထင့်နေတယ်။

ဒီနေ့ မှာ စနေ နေ့တ၀က်ရုံးတက်၇မှာဆိုတော့ ညနေမှာ တိုပိုင်းရိုး ဘုန်းကြီးကျောင်းကို လိုက်ပို့ မယ်စိတ်ကူးတာ East Coast မှာ သဲပုံစေတီတည်တာရှိတော့ ဘွားဘွားက အဲဒီကို သွားမယ်ဆိုလို့  မေမေ့မှာ သမီးကို လေတိုက်ရင်ဖျားမှာစိုးလို့  Tent ပြေးဝယ်၇တယ်။

Tent ၀ယ်ပြီးတော့လဲ မပြီးပြန်ဘူး အခင်းလိုပြန်သေးသတဲ့ ။

ဟော အခင်းပြီးတော့လဲ ဘွားဘွားက ဆီးချိုရှိတာအပြင် စင်္ကာပူ ကအစားအစာတွေက ချို၇ဲ၇ဲနဲ့မကြိုက်ဘူးတဲ့ ။

အဲဒါနဲ့ မေမေလဲ ကြာဇံကြော်ဘို့ စီစဉ်ပြီးလိုတာတွေဝယ်။ ပြန်မှကြော်မယ်ဆိုပြီး ရုံးကိုလာခဲ့တယ်။

ရုံးရောက်လို့  Email စစ်တော့ Long Term Pass က Reject ဖြစ်နေတယ်။

မေမေ လဲတော်တော် စိတ်ညစ်သွားတယ်။

သမီးလေးငယ်သေးတော့ child careလဲမပို့ချင်ဘူး ။ ဘိုးဘိုးနဲ့ဘွားဘွားကိုလဲ အနီးကပ်စောင့်ရှောက်ချင်တယ်လေ ။

တကယ်တော့ ဒီနေ့ မှာ သမီးလေး၇ဲ့  အကြောင်း ၊ သမီးလေးက ဘယ်လိုချစ်စရာကောင်းကြောင်း ၊ သမီးလေးက ဘယ်လို တတ်နေပြီ ဆိုပြီးရေးဘို့စဉ်းစားထားတာပါ ။

ဒါပေမဲ့ဒိနေ့ဒီ၇က်မှာဖြစ်တဲ့အကြောင်းလေးတွေလဲ အမှတ်တရဖြစ်အောင်ထဲ့ေ၇းတာပါ။



Friday, June 10, 2011

အောင်းမေ့ဘွယ်၇ာ ရွှေတမာ (၂)

အောင်းမေ့ဘွယ်၇ာ ရွှေတမာ (၁) ကိုေ၇းပြီးတော့ ဆက်မယ်အလုပ်မှာ သူငယ်ချင်းတွေ ဓါတ်ပုံထည့်ချင်၇တာနဲ့  ဘယ်သူ့ အကြောင်းဘယ်လိုေ၇းမယ်နဲ့  အတွေးတွေများ အတိတ်ကို သတိ၇တာတွေ များပြီး ရွှေတမာကြောင်းမဟုတ်တော့ဘဲ သူငယ်ချင်းကြောင်းတွေဖြစ်နေ နဲ့ ဆက်မေ၇းဖြစ်ဘူး ။
ခုတော့ ဆ၇ာမ ဒေါ်စိန်စိန် ဆုံးတဲ့ သတင်းသိ၇ပြီးတော့  အဆောင် အကြောင်းပြန်အောင်းမေ့လာပါတယ်။
ဆ၇ာမ က mechanical ဘက်ကဆ၇ာမ ဆိုတော့ စာတော့မသင်ဘူး ဘူး။ ဒါပေမဲ့ ကိုယ်တို့ အဆောင် ၂ က အဆောင်ဆ၇ာမဆိုတော့ ကိုယ်တို့ နဲ့  အမြဲထိတွေ့ နေ၇တာပေါ့ ။ စည်းကမ်းတင်းပုံ ပေါ်ပေမဲ့ ပြုံးပြုံး နဲ့  အတော်အေးပါတယ်။ အမြဲ ပွစိပွစိ နဲ့ ဆူငေါက်မနေဘူး ။
အဆောင် ၃ ဆောင်ရှိပြီး အဆောင် ၁ ကဒေါ်ပြုံးပါ ။ သူကအဆောင်မှူးလဲ ဖြစ်ပါတယ် ။ အဆောင် ၃ ကတော့ ဒေါ်အေးနွဲ့ စံ ပေါ့ ။ နောက်နှစ်မှာတော့ ဒေါ်ပြုံးနဲ့  ဒေါ်စိန်စိန် ပြောင်းသွားလို့ ဒေါ်ဝင်းဝင်းဆင့်ကအဆောင်မှူး၊ အဆောင်၂ ဆ၇ာမ က ဒေါ်ယုယုလှိုင်ဖြစ်လာပါတယ် ။
ကျမတို့  နှစ်က နှစ်တွေအကြာကြီးပိတ်ပြီးမှ စဖွင့်တဲ့နှစ်ဖြစ်သလို မေဂျာပေါင်းစုံ အတွက်မိန်းကလေးတွေစခေါ်တဲ့နှစ်လဲဖြစ်ပါတယ်။
ကျောင်းဖွင့်တော့မှာဖြစ်လို့  အဆောင်အပ်ဘို့ အလာ စကပ်ဝတ်လာခဲ့လို့  ဆ၇ာမဒေါ်ပြုံးက ဒီကျောင်းပြီး၇င် လုပ်ငန်းခွင် တန်းဝင်ကြ၇မှာဖြစ်လို့ အခုထဲကလူကြီးစိတ်အပြုအမူ နေထိုင်သင့်တဲ့အတွက် စကပ် မ၀တ်သင့်တော့ကြောင်းပြောပါတယ်။ ကျမလဲ ဒီအဆောင်မှာနေ ဒီသင်တန်းတက်၇မဲ့အတွက် အတော်စိတ်ကြီးဝင်သွားပါတယ်။း)
အဆောင် ၂ ဘေးမှာတော့ ဘု၇ားဆောင် ရှိပါတယ်။ အဆောင်သူတွေ ညနေ ၆ နာ၇ီ အဆောင် ပိတ်ချိန်မှာပုံမှန် ၀တ်တက်၇ပါတယ်။
TV လဲ ဘု၇ားဆောင်ထဲမှာ ကြည့် ၇ပါတယ်။(အဲ ဒီခေတ်ကတော့ ၇န်အောင်၇ဲ့  ဂျင်းဘောင်းဘီ ခွေ ထုံချိုင်းလို ကဟန်တွေ ခေတ်စားပါတယ်။)
ပုံမှန်ကတော့ ပ၇ိတ် ပဋ္ဌာန်း ၇ွတ်၇ပြီး ၀ါတွင်းအခါသမယ Mess ထဲမှာ သွား၇ွတ်၇ာမှာတော့ ဘု၇ားပင့်ကအစ အမျှဝေအဆုံး သေချာပူဇော်၇တာပါ ။ ကျမ တို့ နှစ်၇ဲ့  ပင်တိုင် ဘု၇ားပင့်ကတော့ ကျောက်ပန်းတောင်းသူ မ၀င်းဝင်းမာပါ ။ တကယ့်ကို အသံချိုပြီး ရွတ်တဲ့အခါ ကြည်လင်ရှင်းလင်းပါတယ်။
အဆောင်သူအများစုကတော့ ကျောက်ပန်းတောင်း ၊ ပခုက္ကူ ၊ေ၇နံချောင်းကပါ ။ အဲဒီခေတ်က ၁၀ တန်းထိ ကလေးလို အိမ်မှာနေခဲ့ကြတာဆိုတော့ တယောက်နဲ့တယောက် ပြိုင်တာဆိုင်တာထက် အိမ်ကိုဘယ်လိုလွမ်းတယ်ဆိုတာကိုဘဲ စကားလုပ်ပြောကြ၇တာပါ ။ ကျောင်းမှာ ၀ပ်ရှော့မှာ ယောကျာင်္းလေးတွေနဲ့  ပေါင်း၇ပေမဲ့ တကဲ့ မောင်နှမလို ၇င်း၇င်းနှီးနှီးပေါငိးကြပါတယ်။ သမီး၇ီးစားဆိုတာ အလွန်ရှားပြီး တကယ်လို့ ဖြစ်သွားခဲ့ကြ၇င် အလွန် နာမယ်ကြီးပါတယ်။
အိမ်မှာ ကလေးလိုနေလာကြတာဆိုတော့ ကျောင်းမှာပင်ပန်းတာ အဆောင်မှာ ကိုယ်တိုင်ေ၀၇ာဝတ်စ လုပ်၇တာ အိမ်ကိုလွမ်း၇တာတွေ ၇ဲ့  ဖြေပျောက်မှူကတော့ အဆောင့် ဆည်းလည်း ခလောက် မောင်းကွဲတွေ ၇ဲ့  ပျော်ရွှင်ဖွယ်စနောက်မှူတွေပါဘဲ။ သူတို့ ၇ဲ့  အိပ်နေ၇င် နှူတ်ခမ်းမွှေးဆွဲတာ ၊စောင်ဖွက် ပစ်စီးဖွက်တာ ၊ ဧည့်သည်လာ၇င် နောက်လွှတ်တာတွေဟာ ကိုက်တိုင်ဆိုဒေါသထွက် ဘေးလူဆို ၇ယ်မောနဲ့ 
ကျောင်းမှာပင်ပန်းတာ အိမ်လွမ်းလို့ စိတ်ပင်ပန်းတာတွေကိုဖြေပျောက်စေတာအမှန်ပါ။
မှတ်မှတ်၇၇ စာမေးပွဲတခုမှာေ၇စကြိုက သူငယ်ချင်းတယောက်က ယတြာအတွက် ငှက်ပျောသီးတဖီးကို ဘု၇ားကိုကပ်တယ် ။မနက်ဆို ကပ်ပါတယ်ဘု၇ား ဆို ပြီးတော့ ဆုတောင်းပေါ့။နောက်နေ့လဲ ကပ်ပါတယ်ဘု၇ား ဆိုတော့ စချင်တာနဲ့  ငှက်ပျောဖီး၇ဲ့  အတွင်းဘက်ကနေ ဖဲ့စားကြတယ် ။
အောက်ကနေ ဘု၇ားစင်ကိုမော့ကြည့်ကပ်၇တာဆိုတော့ သတိမထားမိဘူးပေါ့ ။ စာမေးပွဲနောက်ဆုံးနေ့မှ စွန့်  လိုက်တော့ လားလား အတွင်းတလွှာ မရှိတော့ဘူးလေ ။ ဒေါသတွေထွက် ငိုလိုက်တာ အဆောင်မှူး ဒေါ်ဝင်းဆင့် ကို တ၇ားခံ ရှာ၇င်ရှာပေး ၊မပေး၇ငိ ကျောင်းအုပ်ကြီးကို သွားတိုင် မယ်ဆိုလို့  ဆ၇ာမမှာ ဦးနှောက်ခြောက်၇သေး ။ တကယ်ဆို ဘယ်သူ့  လက်ချက်ဆိုတာ အားလုံးသိပြီးသားပါနော်း))))))))
အဆောင့်  အမောပြေတွေကတော့ ကျောက်ပန်းတောင်းက မမချို ၊မိကွိုင် ၊ အေးသီတာ ၊ ၀မ်းတွင်းက ၀ါဟိုက် ၊ေ၇စကြိုက ဂီဂီ ၊ေ၇နံချောင်းက မြိုင်ကြီး.............စတာတွေကနာမည်ကြီးပါတယ်။ ခုတော့ ဆ၇ာမဖြစ်သူဖြစ် အ၇ာရှိဖြစ်သူကဖြစ် ပေါ့ ။
တယောက်နဲ့ တယောက် ဘယ်လောက်ဘဲ ၇င်းနှီးသံယောဇဉ်ရှိရှိ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် ၊ ကိုယ့်ဘ၀နဲ့ကိုယ် ၊ လုပ်ငန်းချင်းမှ ဆက်စပ်မနေသေး၇င် အဆက်အစပ်ရှိဘို့ ကမလွယ်လှဘူး ။ လူချင်းသံယောဇဉ်တောင် အဆက်ပြတ်သေးတာ ကိုယ်တက်ခဲ့တဲ့ကျောင်းကြီး နဲ့ ဆို သူငယ်ချင်းတွေလဲမရှိတော့  ဆ၇ာဆ၇ာမတွေေ၇ာ ရှိမရှိမသေချာနဲ့  စိတ်ေ၇ာက်ပေမဲ့ လူမေ၇ာက် တဖြည်းဖြည်း စိတ်ပါမေ၇ာက်တော့ဘဲ အားလုံးနဲ့  အဆက်ပြတ်ကြတော့မှာ ........။
ဒီကျောင်းကပေးတဲ့ ပညာနဲ့  ဘဲ အသက်မွေးမွေး တခြား ပညာနဲ့  ဘဲ အသက်မွေးမွေး ကိုယ်တက်ခဲ့တဲ့ကျောင်း ကိုယ့်ကို သင်ပေးခဲ့တဲ့ ဆ၇ာ သူတို့၇ဲ့  ရှေ့ ဆက်၇ပ်တည်မှူတွေ ကို စိတ်အားနဲ့ တတ်နိုင်နိုင် လူအားနဲ့ တတ်နိုင်နိုင် တချက်လောက်တော့ စောင်းငဲ့ ကြည့်စေဘို့  ဆန္ဒပြု၇င်း ချစ်သော သခင်ဘိုးလှကြီး ၊ ဆ၇ာဆ၇ာမ များနှင့် သူငယ်ချင်းမိတ်ဆွေ အပေါင်း ကို အဆင့်ဆင့် ဖွံ့ ဖြိုးတိုးတက်ပြီး ကောင်းသောလိုအင်ဆန္ဒများနဲ့  ပြည့် ဝကျပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်၇ပါတယ်။

Thursday, June 9, 2011

အမည်သညာ

မောင်နှမလေး နှစ်ယောက်ရှိပါတယ် ။
မောင်လေးက ကိုယ့်ကိုခေါ်တာ မတ်သံ (မ သံ) တဲ့လေ။ ဖအေ မအေ ပေးထားတဲ့ သန္တာလွင် ဆိုတဲ့နာမည်လေးကိုမှ ချစ်စနိုးနဲ့  အဖျားဆွတ် ခေါ် သတဲ့။
သူကလဲ မောင်လေးနဲ့ အဆောင် အတူတူနေခဲ့တာဆိုတော့ အ၇င် အမလို့  ခေါ်၇ာက ချစ်သူတွေဖြစ်လာတော့
မယ်သံ လို့ ပြောင်းခေါ်တယ်။ မယ်သံ ဆိုတဲ့ အသံထွက် ကိုကမညင်သာတဲ့အပြင် သူ့၇ဲ့ပင်ကိုလေသံကမာတော့ ကိုယ့်ကိုများသူခေါ်လိုက်၇င် ဆောင့်ကြီးအောင့်ကြီးလိုဘဲ ။ ကိုယ်ကလဲေ၇ာင်းသူဝယ်သူအသံတူ သူ့ နာမည်ကိုဘဲ အပြည့် အစုံ အား၇ပါး၇ခေါ်ခဲ့တယ် ။ ဒါကြောင့်လဲ ချစ်သူတွေဖြစ်ကြတာကို နေ့ စဉ်အလုပ်အတူလုပ်နေသူအချင်းချင်း မ၇ိပ်မိကြဘူး ။
တကယ်တော့ သူနဲ့ က အလုပ်အတူလုပ်ကြတာပါ ။ အောင်မင်္ဂလာအဝေးပြေးကြီး စတော့ အဲဒီ ကွင်းကြီးနေပူကြဲတဲအောက်က တာလပတ်မိုးထားတဲ့ ရုံးခန်းလေးထဲမှာ ဟိုဘက်က မီးသဂြိုလ်စက်က မီးခိုးတလူလူ ကို ကြည့်ပြီး စခဲ့တာပေါ့ ။
သူက မကွေးလေယာဉ်ကွင်းမှာ surveyor ဘဲလုပ်ခဲ့ဘူးတာဆိုတော့ စစချင်း အတွေ့ အကြုံ သိပ်မရှိသေးဘူး၇ယ်လို့  သူ့ ကိုပြောပြပေးသမျှတွေကို့  ဆ၇ာလုပ်တယ် နေ၇ာတကာပါတယ်ဆိုပြီး ကိုယ့်ကို အ၇မ်းအမြင်ကတ်ခဲ့တယ်တဲ့ ;))))
တကယ်ဆို၇င် သူက အဲဒီအချိန်မှာ ဆိုဒ်ထဲမှာ မင်းသားလေးပါ ။
ယောကျာင်္းလေး လူငယ်ဆိုလို့  သူဘဲရှိတော့ survey လုပ်တာတွေ column စစ်တာတွေ slabလောင်းမယ်ဆိုညနက်တာတွေ ကိုသူ့ ကိုဘဲ အားကိုးနေကြတယ်။
ရုံးမှာ ဆ၇ာတွေ (ကလောဆင်း သူငယ်ချင်းတွေ) က management ပိုင်းနဲ့  ဆိုင်ခန်းတွေေ၇ာင်း ဘို့ တွေ ဦးစားပေးလုပ်ပြီး ကိုယ်က Estimate ပိုင်း၇ယ် ပစ်စည်းမှာတာ၇ယ် မဆီမဆိုင် ဘော့စ် ကိုတင်မဲ့ စာ၇င်းတွေ ဆိုင်ခန်းေ၇ာင်း၇ငွေ နဲ့ အ၀င်အထွက်စာ၇င်းတွေလုပ်၇တယ်။မျိုးက ပုံဆွဲပြီး သူကတော့ ဆိုဒ်ကြီးကြပ်ပေါ့ ။ တကယ်က construction ပိုင်းကို subcom ပြန်ပေးထားတာဆိုတော့ သူတို့ က ကိုယ်ပိုင် engineer ငှား၇ပါတယ်။ ဒါကို စစ်မဲ့သူကယောင်္ကျားလေးဆိုပြီး မိန်းကလေးတွေဘဲ ငှားသတဲ့ ။ ဘာဆိုင်လဲနော် သူ့ ကိုများ .......ဟွန်းး)))))

Subcom က ၄ ခုဆိုတော့ မိန်းကလေး Engineer လေးတွေ ၄ ယောက်နဲ့ပေါ့ ။ မချော ၄ ယောက် သူ ၁ ယောက် ဇတ် ခင်း နေတား)))))
ဒီတော့  သူ့ ခမျာ ၀ိုင်းအကူအညီတောင်းတာနဲ့  တကွင်းလုံးကို ပတ်ပြေး နေ၇တော့တာဘဲ ။တဆိုဒ်ကိုစစ်လိုက် ပြီး၇င် သူ့ ကို လက်ဘက်၇ည်တိုက်လိုက်နဲ့  ။ concrete မလောင်းတဲ့ ညနေတွေဆို သူတို့ မှာ ကာ၇ာအိုကေ သွားဘို့  နဲ့  အင်းယားသွားဘို့  နဲ့  ကိုယ်နဲ့  မျိုး မှာ လုပ်ကွက်တွေစစ်ပြီး ငွေရှင်းဘို့  တွေလုပ်၇တယ်။
ဆ၇ာတွေေ၇ာ ရုံးကလူတွေကလဲ သူ့  ကို ဟော ဘယ်သူနဲ့  တွဲပြီး ထွက်သွားပြန်ြ့ပီ နဲ့ စောင့်ကြည့် ၇င်း ဘယ်လိုဇတ်လမ်းလေး ဖြစ်လာမလဲ လို့  စိတ်ဝင်းစားနေကြတယ် ။
ရုံးဆင်းခါနီး ပြီ မို့ တော်ဦးမယ်။ နာမည်အကြောင်းကနေပြီး ဘယ်ေ၇ာက်မှန်းမသိဘူး ။ တောေ၇ာက်တောင်ေ၇ာက်လို့ ခေါင်းစဉ်တပ် တာမှ ဟုတ်ဦးမယ်။

Tuesday, June 7, 2011

အရူးမဟုတ် အကောင်းမဟုတ်....

ချောက် GTI ဘလော့ မှာ ဆ၇ာမ ဒေါ်စိန်စိန် ဆုံးတဲ့အကြောင်းဖတ်ပီးတော့ ရွှေတမာဆောင်မှာအတူတူနေခဲ့တဲ့အကြောင်းတွေပြန်သတိ၇မိတယ် ။ တဆက်ထဲဘဲ မဆီမဆိုင် ဆောင်တွင်းအဆောင်သန့်ရှင်းေ၇းတွေ လုပ်တုန်းက လုပ်အားပေးလာတဲ့ မောင်ငယ်လေးတယောက်ဆီက၇ဘူးတဲ့ ၇ီးစားစာလေးတစောင်ကို ပါ သတိ၇လာတယ် ။ ကိုယ်လို ဗုံမဟုတ် ပတ်မဟုတ် လူစားကို တခုတ်တ၇ေ၇းပေးတော့ ဂုဏ်ယူစွာသိမ်းထားခဲ့တာ အခုတခေါက် သမီးလေးမွေးဘို့ အပြန် စာအုပ်သေတ္တာဖွတော့ ပြန်တွေ့ လို့ ယော ကျာင်္းကို ပြချင်လို့  ယူလာပါတယ်။ (သူကတော့ ကိုယ့်အတွက်ဆို စာတလုံးမှေ၇းမပေးဘူးသူလေ....)
ဒီကဗျာလေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြမယ်ဆို၇င် တောင်းပန်ပါတယ်။
ဘာ၇ည်ရွယ်ချက်မှမပါ ဖတ်လို့ကောင်းတဲ့ စာတစ်ပုဒ်အဖြစ်သာ..............................

တချိန်က ဘိုးလှ၇င်ခွင်မှာ
ကြေကွဲသွားခဲ့တဲ့
အပိုင်းအစများ
ပြန်လည်စုစည်းမှူ.........

အဖွင့်လူဆိုတာ
ခံစားတတ်တဲ့
နှလုံးသားရှိတဲ့
သတ္တ၀ါ
သံယောဇဉ် ဆိုတာ
နုနယ်တဲ့ အ၇ွယ်မှာ
သန္ဓေတည်ခဲ့မယ်
.........ဆို၇င်.............
တခုသော စနေမှာ
ရွှေတမာ၇ဲ့  သန့်ရှင်းေ၇း
အဆောင်ကျောင်းသားများအေ၇းမို့ 
လုပ်အားပေးဖို့ ခေါ်
လိုက်ခဲ့တဲ့ ကျနော် ;;;
.....သြော်.....
ေ၇ွှတမာ အေ၇ာက်
နေခြည်နုနုအောက်မှာ
ဆ၇ာမ၇ဲ့ နဘေး ခုံလေးမှာ မှီကာချွဲ
ကပ္ပလီ လုပ်နေတဲ့ လှူပ်လီ လှူပ်လဲ့
ချစ်စဖွယ် အပြုံးနဲ့ သူလေး....ဘယ်သူလဲ? ? ?
နာမယ်လေး ကျက်မှတ်လို့ 
တဖက်သတ် သိကျွမ်းခဲ့၇တဲ့ မမ၇ယ်
တဖက်သတ်ပဲ ချစိနေမယ်နော် !!!
စွဲလမ်းခဲ့တဲ့ သီချင်း၇ယ်
မြတ်နိုးခဲ့တဲ့ အချစ်၇ယ်
စနောက်တတ်တဲ့ ၀ါသနာ၇ယ်ကြောင့်
"ကပါ ကပါ မယ်သန္တာ ၇ယ်
မောင်လဲကြည့်နေတယ်လို့ "
first year တလျှောက်
တကောက်ကောက်လိုက်လို့ 
နောက်ခဲ့မိတာပါ......
တင်စားခဲ့တဲ့ ရွှေသုန္ဒ၇ီဟာ
ထင်မှားအောင်တကယ်ပီတော့
1CB မှာအားအင်တိုး
ရွှေနွယ်ရိုးဟာ ကထိန်မှာကျော်ခဲ့တယ်
.......ကျေးဇူးပါ မမ၇ယ်.........
< remembering the masonary shop>
စလေသူ မရွှေထား၇ဲ့
နှူတ်ဖျားက စကားလေးတွေ
ကြားချင်တာလဲ လွန်ပါေ၇ာ
သွားချင်တာလဲ စိတ်မှာစောသမို့ 
ခုမဆိုင်းတွ မှတ်ပါမနှေး
နုကသိုဏ်းကျ Saturday:
<ကိုပေါက်ကြီးအား နားပူနားဆာလုပ်၍ မမအိမ်သို့  ပထမဆုံးအကြိမ်ေ၇ာပ်ရှိသော စနေနေ့  တခုအား ၇ည် ညွှန်းလျှက်>
သူငယ်ချင်း
မင်းနဲ့ ငါ
သူများတကာထက်ခင်လို့ 
နှစ်ယောက်ထဲ တွဲတာ
အားလုံး အသိပါ....
ဒီနေ့ မှ
အချစ်ဆုံးသူငယ်ချင်း မင်း၇ဲ့ ပါးစပ်က
အခါးသီးဆုံးစကားတွေကို
နာကြည်းစွာကြား၇တယ်....
ကိုယ့်ဒိုင်ယာယီကို မင်းအလွတ်ကျက်
အခုမှ ၇ွတ်ပြနေတာ
ငါ့ရှေ့မှာ
မမရှေ့မှာ
၇က်စက်လိုက်တာ...သူငယ်ချင်း၇ာ.
<အချစ်ဆုံးသူငယ်ချင်းသို့ >
အချစ်၇ယ်
နေပူမှာလား
လသာမှာလား
နေဆိုတာ ပူလောင်ချင်း
လဆိုတာ အေးမြချင်း
နေလဲမပူ လလဲမသာ
တိမ်ကမ္ဘာလွှမ်းခြုံနေတာတော့ 
မကောင်းပါဘူး
လူတိုင်းဟာ
ပူလောင်ချင်းကို
ပြင်းပြင်းထန်ထန်ကန့်ကွက်ပေမယ့်
အေးမြချင်းကိုတော့
လှိုက်လှိုက်လှဲလှဲ ထောက်ခံတယ်
ကိုလဲ
လူထဲကလူတယောက်မို့ .......
ဆေးပန်းချီ
ေ၇းမမှီဘယ်လိုသသော်လဲ
ယဉ်စွတမူ အသပြာမဖြတ်နိုင်ဘု
အစဉ်လှသူ မာယာဥာဏ်များသလိုပ
ဗျာပါဆံဝင့်ကာကလိကလိ၇ယ်နဲ့ 
သမင်လည်ပြန်အကြည့်တွေကြောင့်
မချိတလိနဲ့ခံ
ရှူမဝ
သူ့အလှမှာ စွဲငြိ
အသဲထိအောင် အမြစ်တွယ်
နှူတ်ပယ်လဲမ၇
ခက်လှပေါ့ ဒီမောင်မှာ
နောင်ခါလာ နောင်ခါဈေး
ချစ်ကြွေးတွေ တင်မိတယ်...
မမ၇က်ေ၇ာခဲ့တဲ့
စလေ ဇီးထုပ်၇ယ်
ပန်းသီး၇ယ်
ချိုချဉ်၇ယ်
ကြက်ဟင်းခါးသီးချက်၇ယ်
............................၇ယ်တွေဟာ
မမ၇ဲ့ 
စေတနာ တမန်တော်အဖြစ်နဲ့ 
အသွေးထဲမှာစီး
အသားထဲကိုဝင်
နှလုံးထဲမှာ အထပ်ထပ်
၇စ်ပတ်လို့ ထား
နိုးကြားလာတဲ့ အချစ်စိတ်ဟာ
မ စေတနာကို
စော်ကားတာမှ ဟုတ်ပါစ ?
အံ့ကျော်ကိုနှစ်သက်
ဟစ်တလာကိုထောက်ခံ
နပိုလီယံကို၇ည်မှန်း
င၇မန်ကန်းလဲ တော်သားပဲမို့ 
ဘာပြုလို့ များ
မုန်းပွားကြသလဲ
နဲနဲမှ မစဉ်းစား
သူများပြောသမျှ
ယုံကြတဲ့သူတွေ
သူများမိုးခါးေ၇သောက်
လိုက်သောက်တဲ့သူတွေ
ဒီလိုလူတွေနဲ့ 
ကင်းအောင်နေချင်တဲ့ခဏ
ဘ၀ဆိုတာ၇ခဲ့တယ်
၇လာဘ၀မှာ
ပျော်စ၇ာရှာ
Valentine ဆိုတာတွေ့ ခဲ့တယ်..
Valentine အချစ်တော် သိပ်ပျော်နေတုန်း
ဗြုန်းခနဲဆို valentine လက်ဆောင်၇ခဲ့တယ်။
လာပေးသူက ပြောသွားသေးတယ်
ဒီနေ့ ကုန်အောင်စားတဲ့ကွယ်။
၇င်တွေလဲခုန် စားလဲကုန်တော့ လက်တုန်တုန်နဲ့ေ၇းခဲ့မိတယ် စာတစောင်၇ယ်...
စေတနာနဲ့ ပေးတဲ့လက်ဆောင်
ဘာလက်ဆောင်လဲ မပြောဘဲနှင့်
စား၇သူမှာ လို၇ာဆွဲတွေး
Birthday ?
Valentine ?
ခွဲခြားမသိ တုန့် ပြန်မိ..
သူ၇ဲကောင်းထုံး နှလုံးမူလို့ 
မေတ္တာကိန်းခို ပိုမိ၇ာမှ
ချစ်တာသူသိဖို့ 
ေ၇းမိတဲ့စာချွန်လွှာဟာ
ချစ်စိတ်ဓတ်တွေကြီးထွား၇ာမှ
အမှားတခုအဖြစ်ပေါက်ကွဲသွားတဲ့
မီးခဲပြာဖုံး အချစ်ဗုံး တလုံးပါလေ......
တချိန်က၇ဲ့နောက်ဆုံး
သေ၇စာက တမျိုး
ဟင်းလျာက တဖုံ
စေတနာ အလုံးစုံနဲ့
လိုတာရှိ၇င် ပြောပါဆိုတဲ့
အ၇င်က အကြင်နာတွေ၇ယ်.......
သိုးကျောင်းသားတွေပြန်အလာ
ဖုန်တထောင်းထောင်းထနေတဲ့
ရွှေအိုေ၇ာင် တိမ်တိုက်ကြီး၇ဲ့ နောက်ကွယ်က
လက်ပြနေတဲ့ နေမင်းကြီး၇ယ်.......
ငြိမ်းချမ်းအေးမြတဲ့ ဟေမန္တကုန်ဆုံးလို့ 
ေ၇နံမြေ၇ဲ့  တေဇောကို
၇က်စက်စွာ အားဖြည့်ပေးမဲ့
နွေဦးနဲ့လေရူးကို ကြောက်လန့်စွာထွက်ပြေး၇င်း
အကြောင်းမလှရှာတဲ့ ဆောင်းလေညှင်းလေး ၇ ယ်
.....................................................၇ ယ်
.......................................................၇ ယ်
တချိန်ကေ၇ပန်းစားခဲ့တဲ့
ဗဒင်၇ဲ့  နေ ၇ာ ၇ယ်
သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်
တ စ စီ ကျိုး ပဲ့ ခဲ့ ၇ ပါ ပြီ ကေါ ကွယ်။