[X] Choose Font Here

Tuesday, March 27, 2012

အလှူတစ်ခု ပြီးမြောက်ခြင်း နှင့် သမီးလေးတစ်နှစ်ပြည့်

မယ်သံတို့ လင်မယား ရန်ကုန်တိုင်းတရားရုံး မှာသွားလက်မှတ်ထိုးပြီးတော့ အမှတ်တယအနေနဲ့ ဇီဝိတဒါန သံဃာ့ဆေးရုံကြီးမှာ အလှူပဒေသာပင် (ဆွမ်း၊ဆေး၊သီလရှင်အတွက်ဆွမ်း နှင့် မျက်စိခွဲစိတ်) လှူဒါန်းတော့ အဲဒီက ဆရာတော်ကြီးက မင်္ဂလာဦးအလှူအတွက် သေချာ တရားဟော ဆုပေးပြီး ရေစက်ချ ရတာအလွန်ကြည်နူးပီတိ ဖြစ်ခဲ့ရပါတယ် ။ ဂီလာန ဆရာတော်တွေ ၊ ဂီလာန စောင့်ရှောက်တဲ့ဆရာတော်တွေကို ဆွမ်း ကိုယ်တိုင် လက်ထိလက်ရောက် ကန်တော့ ရတာလဲ အင်မတန်ကြည်နူးစရာ ကောင်းပါတယ် ။
ခုလဲ မိသားစု စုံလင်တုန်း အလှူဒါန လေးတခု လုပ်ချင်တယ် ဆိုတော့ ကိုရွှေဦးကလဲ အားတက်သရော သဘောတူတာမို့ ဒီလထဲ(မတ်လ ၂၀၁၂) မှာ တိုပိုင်းရိုး ဘုန်းကြီးကျောင်းမှာ အာရုံဆွမ်း နေ့ဆွမ်းကပ်မယ်လို့ စီစဉ်ခဲ့ပါတယ် ။ တလက်စထဲ မိတ်ဆွေ အပေါင်းအသင်း များကို ပါ ဧည့်ခံ မယ်လို့စီစဉ်တော့ အလှူရက်ကို စနေ တနင်္ဂနွေ ရွေးရပါတယ်။ တနင်္ဂနွေ က သူများဦးသွားတော့ စနေ နေ့မှာ လုပ် ရပါတယ်။ မိတ်ဆွေများက စနေ မှာ အလုပ်ဆင်းရမဲ့သူများတာမို့ လာမှ လာနိုင်ကြပါ့မလား လို့ စိတ်ပူ ခဲ့ရပါသေးတယ်။
မတ်လ ဟာ မယ်သံ ရဲ့သားသမီး တွေ နဲ့ ပတ်သက်ပြီး အမှတ်တယ ရက်တွေရှိပါတယ် ။
သားလေးဟာ ၂၀၀၉ မတ်လ ၂၀ ရက် မှာ ဆုံးသွားခဲ့တာပါ ။
သမီးလေး ကိုတော့ ၂၀၁၁ မတ်လ ၁၈ ရက်မှာမွေးခဲ့ ပါတယ် ။






တိုပိုင်းရိုး ဘုန်းကြီးကျောင်း ပထမထပ် ရှိ ၀င်ဝင်ခြင်း တန်းပြီး ဖူးနိုင်သော ထိုင် ရုပ်ပွားတော် ဘုရား။


ပိုင်းရိုး ဘုန်းကြီးကျောင်း ဒုတိယ ထပ်ရှိ မတ်ရပ် ရုပ်ပွားတော် ဘုရား။

ကျောင်းရှိ သံဃာကုန် အာရုံဆွမ်း နေ့ဆွမ်း ကပ် တာဖြစ်ပါတယ် ။ ဒီရက်ပိုင်းကျောင်းက သံဃာ အရေအတွက်နည်းပါတယ် ။

 အာရုံဆွမ်း က နို့စိမ်းခေါက်ဆွဲပါ ။


ကျောင်းထိုင်ဆရာတော် အား ဆွမ်းကပ်လှူစဉ် ။


ဆရာတော်များ ဘုန်းပေးစဉ်။


ဆရာတော် အချိုပွဲ ဘုန်းပေးစဉ် ။


သမီးလေး က ဘုရား ၊ ဘုန်းကြီး တွေ့ရင် ပြောစရာမလို တန်းပြီး ဦးချတတ်တဲ့ အတွက် သေချာ ပြုစုစောင့်ရှောက် ပေးတဲ့ အမေ့ ကို ကျေးဇူးတင်ရပါတယ် ။

အစ က မနက် ၁၀ နာရီ နဲ့ ၁၁နာရီ ကြား မှာတရားနာ ရေစက်ချမယ် ဆိုပေမဲ့ မနက် အာရုံဆွမ်းအပြီး မှာဘဲ ဘုန်းဘုန်းက တရားချီးမြှင့်ခဲ့ပါတယ် ။ မနက် ရ နာရီခွဲ အေးအေးချမ်းချမ်း ရှိလှပါတယ် ။ ဆရာတော် ကို သင်္ကန်း နှင့် သမီးလေး ကို သူများမုန့်ဘိုးပေးသမျှ အကုန် လှူ ခဲ့ပါတယ်။


တရား အနှစ်ချုပ်ကတော့ ဒါန ကုသိုလ် သီလ ကုသိုလ် နဲ့ ဘာဝနာ ကုသိုလ် တို့ အဆက်အစပ် ရှိကြောင်းပါ ။

နေ့ဆွမ်းကတော့ ဒါန်ပေါက်ဆွမ်း အပြင် ဒါန်ပေါက်မဘုန်းတဲ့ ဆရာတော်တွေ အတွက် ရိုးရိုးဆွမ်း နဲ့ ဆွမ်းဟင်းတွေလဲ စီစဉ်ထားပါတယ် ။

နေ့လည်ဆွမ်း နှင့်ဆွမ်းဟင်းများ ။ ဒါန်ပေါက် ကို ရနံ့သစ် က အော်ဒါမှာပြီး နေ့လည်ဆွမ်းဟင်း ကိုတော့ ဘုန်းကြီးကျောင်း အဖွဲ့ က ချက်ပေးခဲ့တာပါ ။ အဆင်ပြေ အရသာရှိတဲ့အတွက် ကျောင်းမှ ဝေယျာဝစ္စ အဖွဲ့ ကိုရော ၊ ရနံ့သစ် ကိုပါ ကျေးဇူးတင် ပါတယ် ။


အချိုပွဲပါ ။


ဆရာတော် ကို လက်အုပ်ချီ နေတဲ့ သမီးလေး  ။ ဒီပုံလေး ကိုကြည့်ပြီး ကိုယ့်သမီးလေး လိမ္မာတာ တကယ့်ကို ၀မ်းသာမိပါတယ် ။

ဆရာတော် တွေ ကို ဆွမ်းကပ်အပြီး မှာတော့ မိတ်ဆွေ တွေအတွက် ပြင်ဆင် ရပါတယ် ။


ဒါန်ပေါက် ပုံတော့ မရိုက်မိဘူး ။


ကိုယ့်အဖွဲ့ နဲ့ ကိုယ် စကားပြောရင်း စားကြပါတယ် ။ မယ်သံ က စားပွဲထိုး လုပ်နေတဲ့ အတွက် သေသေချာချာ ဧည့်မခံနိုင်ပါဘူး ။ လိုအပ်ချက်တွေ အတွက် ဒီနေရာ ကဘဲ တောင်းပန်ပါတယ် ။

စနေ နေ့ ဆိုတော့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ကို အကူ အညီတောင်းဘို့ ရာ စနေ နေ့တ၀က်ရုံးတက်ကြသူတွေချည်း မို့ ကိုယ်တိုင်ဘဲ ကြဲခဲ့ရပါတယ် ။ သူ့ဘက် က မိတ်ဆွေ ၂၅ လောက် ကိုယ့်ဘက် က ၂၅ လောက် ခန့်မှန်းဖိတ်ပြီး အမေ့ ရဲ့ မိတ်ဆွေ များ ကို စာရင်းထဲထည့်မထားမိဘူး  ။ အမေ ကလဲ ဆရာမ ဆိုတော့ ဒီမှာ တပည့်တွေ အတော်များများ ရှိတာ စိတ်ထဲရှိ တိုင်း လှမ်းဖိတ်ခဲ့တာ အကုန်လောက်လာပါတယ်။ ဓါတ်ပုံထဲမှာ လာတဲ့ သူတွေ ကို ရေတော့ ၈၃ ယောက်ရှိပါတယ် ။ စနေ လို တချို့ ရုံးမအားသူတွေတောင် နေ့ဝက် ရုံးအပြီး လာခဲ့ကြတာမို့ ခင်မင်မှူ အလေးထားမှူ အတွက် အထူးကျေးဇူးတင်ပါတယ် ။
(မယ်သံလဲ ဒါန်ပေါက် ကိုမြည်းတောင်မကြည့်မိဘူး ။ ကောင်းတယ်လို့တော့ပြောကြပါတယ် ။ ဒီလိုသာ နေ့တိုင်း တလလောက်ဆက်လှူရမယ်ဆို ၀ိတ်ချစရာမလို လို့ တွေးမိပါတယ် ။ နောက်ပြီး ကိုယ် အတော် အလုပ် လုပ်နိုင်သေးပါလား လို့တွေးပြီး ကျေနပ်မိပါတယ် ။ )

မှတ်ချက် ။   ။


အားလုံးသော လာရောက်ကြသူများ ကို ကျမ ကိုယ်စား စားပွဲဝိုင်းတိုင်း မပင်မပန်း ဧည့်ခံပေးသော သမီးလေး ဟေမာ ...။


သောကြာ ညထဲက အချိုပွဲ အတွက် ကျောက်ကျော ၊ လဘက်များ ကို လာရောက် ကူညီ ပေးခဲ့တဲ့ ညီမငယ် ခိုင်စု ။


နေ့တ၀က် ခွင့်ယူပြီး ကူညီ ပေးခဲ့သော  အောင်နိုင်ထူး  ။


ရုံးမှ စောဆင်းပြီး ကူညီပေးခဲ့သော ဦးလေးမြင့် ။


အချိုပွဲ ကူပြင်ပေးကြတဲ့ ငယ်သူငယ်ချင်း ချိုမာအေး နှင့် ညီမလေး မေသင်းအေး...။ အားလုံးသော ခင်မင်စွာ လာခဲ့ကြသူများ ၊ ကူညီပေးကြသူ များကို အထူးကျေးဇူးတင်ပါတယ် ။

 ဒီပွဲ မှာ သမီးလေး အတွက် လက်ဆောင်တွေ ယူလာကြတာ အရမ်းဘဲ အားနာ ရပါတယ် ။ ဘာဘဲဖြစ်ဖြစ် သမီးလေး ကတော့ အလွန်ပျော် ပါတယ် ။



နောက်နေ့ ၁၈.၃.၂၀၁၂ ကတော့ သမီးလေး တနှစ်ပြည့်မွေးနေ့ပါ ။

သမီးလေး ကျန်းမာ ပျော်ရွှင်စွာဖြင့် အသက်တရာ့နှစ်ဆယ်ကျော် ရှည်ပါစေသောဝ် ။   ။

Thursday, March 22, 2012

လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ဆရာ ဆရာမ များသို့ ဒုတိယအကြိမ်မြောက်ကန်တော့ခြင်း နှင့် ဆရာများဧ။် ရင်တွင်းစကား

 CGTI family (Singapore) မှ ချောက်ဂျီတီအိုင်မှ ဆရာဆရာမ များ( လက်ရှိတာဝန်ထမ်းဆောင်ဆဲ) အား  ကန်တော့ခြင်း ဒုတိယ အကြိမ်မြောက် အစီအစဉ် ( ၂၀၁၂ ဖေဖော်ဝါရီ ) တွင်

၁) ဦးဖိုးချော (MT)၂) ဦးမြင့်လွင် (MT)၃) ဦးတင်အုံး (MP)၄) ဦးမောင်သန်း (MP)၅) ဦးဝင်းရွှေ ( Demonstrator - MP)၆) ဦးခင်မောင်သန်း (Demonstrator - EP) ၇) ဒေါ်ဝါ၀ါခိုင် (Academic Dept.)  စသည့် ဆရာ ဆရာမ ၇ ဦး ကို တစ်ဦးလျှင် တစ်သိန်းကျပ် စီ ကန်တော့ခဲ့ကြပါသည်။  အကန်တော့ခံ ဆရာ ဆရာမ များမှ ကျောင်းသူကျောင်းသားဟောင်းများအတွက်  အမှတ်တရ စာများ ရေးသားပေးပို့လာသည် ကိုဖော်ပြလိုက်ရပါသည် ။   ဆရာများ ဧ။် ရင်တွင်းစကား
   

Saturday, March 3, 2012

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် (တဂ် ပို့စ် )

ညီမလေး မဒမ်ကိုး က တက်ဂ် တဲ့ ပို့စ် ပါ ။
ကိုယ်လိုလူ ကို ဖုန်းအကြောင်းတဂ်တော့ ရယ်ချင်သွားပါတယ် (ကိုယ့်ဖုန်းကို အမြဲတန်း ထားချင်ရာထားခဲ့ပြီး ဖုန်းနဲ့လူ မကပ်လို့ ဟန်းဖုန်းမဟုတ် ထားဖုန်း လို့ ညီမတယောက် က နောက်ဘူးပါတယ်။)
ဘာဘဲ ဖြစ်ဖြစ် သတိတရ တဂ်တာဆိုတော့ သူ့ရဲ့ သတိရ မှူကို အလေးထားပြီး ရေးပေးရမှာပါ ။
သတိရလို့ ကျေးဇူးနော် ညီမ မဒမ်....<3<3<3


ဖုန်း ရှိပေမဲ့ ဆက်သွယ်ရေး လိုင်းက မကောင်းတော့ မပြောရတဲ့ အကြောင်း မဒမ့် အချစ် ကိုရင် ဖေ့ဘွတ် မှာ တဂ် ထားတဲ့ ဟာသ ပုံလေး ကို သဘောတကျ အမှတ်တယ ထည့်ပေးလိုက်ပါတယ်။






ငါးထောင်တန် ဖုန်းလို့ မပြောခင် လက်ရှိ သုံးနေတဲ့ သိန်း ၁၀ ဂဏန်းအထက် ဖုန်းတွေ မှာတောင် ဂလို ဆိုတော့ ..................
ဘာဘဲ ဖြစ်ဖြစ် ကိုသက်တန့်ချို က အစပြု ပြီး မဒိုးကန် က တဆင့် ပြန်မေးတဲ့ မေးခွန်း တွေ ကို နားလည်သလောက် ..ကော်ပီ ကူးပြီး ဖြေပါ့မယ်..ဟိ။


၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
  သိန်းဆယ်ဂဏန်းကျော်တန် ဖုန်းတွေ ဝယ်သုံးနေသူတွေအဖို့တော့ နှစ်သိန်းဝန်းကျင်တန်ဖုန်းက တန်ဖိုးနည်းတယ်လို့ ဆိုကြမှာပါ။ ဒါပေမယ့် သာမန်လက်လုပ်လက်စားတစ်ယောက်အတွက် နှစ်သိန်းဆိုတာ အင်မတန်များတဲ့ဈေးပါ။ ဒါပေမယ့် နှစ်သိန်းဈေးပဲ၊ ဈေးလုံးဝမလျော့နိုင်ဘူးဆိုရင်တော့ ဖုန်းလိုင်းကိုကောင်းအောင်၊ ကြည်အောင်လုပ်ပေးဖို့ တောင်းဆိုပါတယ်။ အဓိကဖြစ်တဲ့ ဖုန်းလိုင်းကောင်းတယ်၊ ကြည်တယ်ဆိုရင် တကယ်လိုချင်သူတွေက မဖြစ်မနေ ငွေစုပြီးဝယ်ကြပါလိမ့်မယ်။
(မနိုးနိုင်း စနေ ဆီ က ကူးချထားတာပါ။)


 ၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။
 သူတို့ တကယ် လိုလားတဲ့ ဆန္ဒ ရှိလို့ တောင်းဆို တာပါ ။ ကိုယ် လိုအပ်တာ ကို သိပြီး ရအောင် အားထုတ်ကြ တဲ့ ကိစ္စမို့ ချီးကျူးမိပါတယ်။ 


 ၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
 ကိုယ် ဘာကို လိုချင်တယ် လိုအပ်နေပါတယ် ဆိုတာ ကို အသိအမှတ်ပြု ဘို့ တင်ပြတာ အင်မတန် ကောင်းတဲ့ ကိစ္စပါ ။


၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
ဆန္ဒ ရှိတဲ့ သူတိုင်း သုံးနိုင် ကြမယ်ဆို မင်္ဂလာပါ ။


၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
  ငါးထောင်တန် ဖုန်းဆိုရင်တော့ လူတွေ ဂုဏ်လုပ်ပြီး ပြောကြ ကိုင် ကြတဲ့ ပစ္စည်းတခု အဖြစ်ကနေ လူတိုင်း သုံးနိုင်တဲ့ အသုံးအဆောင် တခု ဖြစ်လာ တာ ၀မ်းသာစရာ မဟုတ်ပါလားရှင်။


 ( နှစ်သက် သဘောကျမိတဲ့ 99sanay  ရဲ့ သဘောထား လေးပါ - လူတိုင်းတတ်နိုင်၊ ရနိုင်တဲ့အခွင့်အရေးရှိမှ ပြည်သူနဲ့တစ်သားထဲ၊ ပြည်သူနဲ့တစ်တန်းထဲဆိုတဲ့ စကားက ပိုအဓိပ္ပာယ်ရှိမယ်လေ။ ငါးထောင်တန်ဖုန်းသာ တကယ်ဖြစ်လာခဲ့ရင် ဝေးကွာနေတဲ့မိသားစုကြားမှာ နွေးထွေးမှုတွေ ပိုပိုလာမယ်။ ဆက်သွယ်ရလွယ်လာမယ်၊ လုပ်စရာတွေ မြန်မြန်ဆန်ဆန် လုပ်နိုင်၊ ပြီးလာနိုင်မယ်။ အချိန်လင့်သွားတာမျိုး၊ စောင့်နေရတာမျိုး နည်းလာမယ်.... ဒါမှလည်း ခေတ်မီဖွံ့ဖြိုး တိုးတက်တယ်ဆိုတဲ့ နိုင်ငံရဲ့ဆောင်ပုဒ်ကို ပိုအသက်ဝင်လာစေမယ်လို့ မြင်မိပါတယ်။)


ကျမ ကတော့ ငါးထောင် ဆိုတဲ့ လူတိုင်းတတ်နိုင် တဲ့ နှူန်းထားလေး ကို ဆန္ဒ ရှိသလို အဓိက ဖြစ်တဲ့ လိုင်းပါ ကြည်နေပြီး ကောင်းနေစေချင်ပါတယ် ။ ဒါမှ လဲ တကယ်အကျိုးရှိနိုင်မှာပါ ။ 


ကျမတို့ မြန်မာပြည်သူ ပြည်သားများ နေ့စဉ်မရှိမဖြစ် သုံးရမဲ့ အခြေခံ လိုအပ် ပစ္စည်း များကို စိတ်အနှောင့်အယှက် မရှိ ကြောင့်ကြမဲ့ စွာဖြင့် အသုံးပြု နိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်ရှင်။

Thursday, March 1, 2012

စလေ ဘုရားများ ..

တကယ့် တကယ် စလေ ဘုရားဖူး သွားတာ မြို့ပြင် က ဘုရားတွေ သွားပြီး မြို့တွင်းဘုရားတွေ ဆီ မရောက်နိုင်ဘူးဖြစ်နေတယ် ။ အဓိက က ဘုရားသမိုင်းတွေ ကို သေချာမသိဘဲ သိတဲ့ ပြောပြပေးမဲ့ သူ အနားမှာ မရှိတာပါ ။
ခုတလော ဖေ့ဘွတ် ကျေးဇူးနဲ့ ကိုယ့်စလေ က လူတွေ နဲ့ ဆက်စပ်မိတော့ သူတို့ ကလဲ ကိုယ့်စလေ က ဘုရားတွေ ဖူးချင်ကြတယ်။
တကယ်တော့ စလေမြို့ က ကျဉ်းပေမဲ့ ရပ်ကွက်အလိုက် အပိုင်းလိုက် ကိုယ့်ဘုရား ( ရပ်ကွက်ထဲမှ စေတီ ဘုရား) နဲ့ ကိုယ် ဘုရားပွဲ ကျင်းပတော့ အစွဲလေးတွေတော့ ရှိကြသည်။ စလေ သူ စလေသား ဆိုပေမဲ့ တိုက်ကုန်းကလား ၊မြောက်ကုန်း က လား ၊ မြို့မ ကလား ဆိုတဲ့ ကိုယ့် ရပ်ကွက် အလိုက်ပေါ့လေ ။
ကျမ က စလေ မှ ဘုရားများအပြင် ဒေသစာတွေ (အစားအစာ၊အလေ့အထ ) တွေ နှင့်လဲ မိတ်ဆက်ပေးချင်ပါသည်။ သို့သော် သို့သော် လည်းပေါ့လေ ..စလေ က 1992 ထဲက ထွက်လာသလိုဆိုတော့ အသေအချာမမှတ်မိချင်။ ဘုရားပုံများ ဓါတ်ပုံ ရိုက်သူ က ရိုက်လာပေးတာတောင် ဘု၇ားစေတီ အမည် ကို အစဖော်မရ ။
ဘာဘဲဖြစ်ဖြစ် ဖူးမျှော်ကြည်ညိုနိုင်အောင် ကျမတို့ စလေ မှ ဘုရားပုံတော် များကို တင် ပေးလိုက်ပါသည်။ မှတ်မိသလောက်နာမည်များပါ ထည့်ပေးလိုက်ပါမည် ။ စလေသူ စလေသားများ လာဖတ်ပါက လွဲနေတာ သို့ သမိုင်းကြောင်းများသိပါက ကျေးဇူးပြုပြီး ပြောပြပေးကြပါကုန်။



တိုက်ကုန်း ဘုရားဆိုတဲ့ ရှင်ပင် စာကြိုပြန်ဘုရားပါ ။ သွားကြိုရာ အပြန် တည်ထားတဲ့ ဘုရားပါ ။
မကွေး ရေနံချောင်းကလာရင် ဂွေးပင် ကျော် ဂွေးချိုလမ်းဆုံရောက်ရင် ပုဂံညောင်ဦး မန္တလေး ဘက် မချိုးဘဲ ချောက်ဘက်ဆက်လာ မိုလာလမ်းခွဲရောက်ရင် စလေ ဘက် လမ်းခွဲအတိုင်း ကွေ့လာ ရေတွင်း (ကြွေထည်မြေထည် စက်ရုံ) ကိုကျော် ချောင်းတက် ကိုကျော်ရင် စလေ စက်ရုံအ၀င်လမ်းမကြီးပါ ။ ဆင်ခေါင်း ပြဿဒ်လှ ဘုရား က စလေစက်ရုံရပ်ကွက် အဆုံးပါဘဲ ...ဆင်ခေါင်းဘုရားဘေးမှာ ဇရပ်ကြီး တွေရှိပါတယ်။ အဲဒီနေရာကျော်ရင် ဘုန်းကြီးကျောင်းတွေ ၊ နာမည်ကျော်တဲ့ ရုပ်စုံကျောင်း ၊ကျော်ရင် တဘက်မှာ စလေ ရဲစခန်း နဲ့ စလေ အထက ကျောင်းကြီးပေါ့ ။ ရဲစခန်းက ကျော်ရင် မြို့ထဲဘက် တောက်လျှောက်မသွားဘဲ ညာဘက်ချိုးရင် ဆေးရုံ ပြီးရင်တော့ ရှင်ပင်စာကြိုပြန်ဘုရား ပါ။ ပွဲတော် အချိန်ကလွဲလို့ တကူးတက သွားဖူးကြတာကို သိပ်မတွေ့မိပါ ။ ဘုရား အောက် က အကြော်ဆိုင်က တော့ လူစည်ပါသည်။ စားကောင်းတာရော ဆေးရုံနဲ့ နီးတာရောောကာင့်ပါ ။ ကျမတို့ဆီမှာတော့ အကြော် က ထမင်းအတွက် ဟင်း လို့လဲ ဆိုလို့ရသည်။ ထမင်းပူလေးကို ဆီစမ်း အကြော်လေး အချဉ်ရေလေးနဲ့ ဆို လဲ တနပ်တော့ ပြီးသွားတာပါဘဲ ။


အလွန် သပါယ်တော် မူ တဲ့ စလေ့ ကျက်သရေဆောင်  ရခိုင် ဘုရားကြီး (မြောက်ကုန်းဘုရား) ပါရှင်။
ဆင်ခေါင်းဘုရားကနေ မြို့ထဲဆက်မသွားဘဲ ညာဘက်ချိုးရင် သာသနာ့ရောင်ခြည် ဘုန်းကြီးကျောင်းနဲ့ ပိတ်ထားတဲ့ ဘုန်းကြိေးကျာင်း အဲ ကနေ ဆက်သွားရင် ဧရာဝတီ မြစ်နဖူးပေါ်မှာ ထည်ထားသော ရခိုင် ဘုရားပါ ။ သူကလဲ မံဘုရား နှင့်ဇာတ်လမ်းခပ်ဆင်ဆင် ရခိုင် ကနေ မဟာမြတ်မုနိ ဘုရားကို မန္တလေးသို့ ပင့်ဆောင်မူလာတာ စလေမှာ ရပ်တန့်နေတော်မူ လို့ တည်ထား၇တယ်တဲ့ ။ ရခိုင်က ပင့်လာလို့ ရခိုင်ဘုရားလို့ အမည်တွင်ပါတယ်။  ကြည်ညိုဖွယ် ကြောင့်ရော နေရာက ဧရာဝတီမြစ်ဘေးမှာ လေအေး တဟူးဟူးကြောင့်ရော နေ့စဉ် သွားရောက် ဖူးသူများပါတယ်။ ဆုတောင်းလဲ အံ့သြောဘွယ် ပြည့်ပါတယ် တဲ့ ။
မယ်သံ တို့လဲ စနေ နေ့ ညနေတွေ မှာ မိသားစု ရခိုင်ဘုရားကို လမ်းလျှောက် ရင်း သွားဖူးကြပါတယ် ။


ဥစ္စာစောင့်ရှိတယ် လို့ နာမည်ကြီး တဲ့ ဘုရားပြို သုံးဆူပါ ။ ညီ အမ သုံးဖော် တည်ထား တယ်လို့ပြောပါတယ် ။

ဆက်စပ် ပျံ့ လွင့်အတွေးများးးးး

မျှော်လင့်နေတဲ့ မတ်လ ကိုရောက်လာပြီ ။

အိပ်ရာ နိုးနိုးချင်း ယောကျားက ဒီနေ့တွေ  အိမ်မှာ အလုပ်တွေ ရှူပ်နေကြတော့မှာ ဆိုတော့ ဖျတ်ခနဲ အိမ် ကိုစိတ်ရောက်သွားတယ် ..ဟုတ်တာပေါ့ .ဒီနေ့ ကြာသပတေးဆိုတော့ သူတို့တွေ ဒီစနေ လာကြမှာ စားဘို့သောက်ဘို့ ကြော်ဘို့ ချက်ဘို့ နဲ့ အလုပ်ရှူပ်ကြတော့မှာ ။ စားချင်လို့မှာထားတာကတော့ ငါးဖယ်ကြော်နဲ့ ကင်ပွန်း၇ွက်ကြော်ဘဲ တခြားတော့ ဘာမှ ယူမလာနဲ့လို့ လူကြီးတွေ နဲ့ ကလေးဆိုတော့ ပေါ့ပေါ့ပါးပါး လက်လွတ်လာစေချင်တာ ။ သူတော့ ဘာစားချင်မယ်မသိ ငါးခုံးမချဉ် လေး များရလားမသိ မှာ ဦး မှ ပါ......................

((((ဝေး..မယ်သံ ..ညီးဘာလုပ်နေတုန်း ရေမချိုးသေးဘူးလား ....!@@@#$%%^&*))))

ဟောတော် သူတောင် ဘုရားမျက်နှာသစ်တော်ရေ သောက်တော်ရေ လဲပြီးပြီ ..ထ မှ ထ မှ ..ရုံးရောက်မှ လိုချင်တာလေးတွေရေး စကမ် ဖတ်ပြီး အီးမေးပို့လိုက်မယ် ...........

အိမ်ကထွက် ..အင်း ပုံမှန် အချိန်ဘဲ နောက်မကျဘူးတော်ပါသေးရဲ့ ..လတလ အစ မှာ တိုင်းကတ် ကို နောက်မကျစေချင်ဘူးလေ ။

လမ်းမှာ..အင်း ရုံးရောက်ရင် အရင်လ အတွက်ပီးသွားတဲ့ ကလိန်းတွေ ပေ၇ာဂျက်အလိုက် ဖိုင် သေချာ ပြန်ခွဲရမယ် ။ မိန်းကွန်း က ၇တာနဲ့ ဆပ်ကွန်း က ရတာ တွေ ယှဉ်ရိုက်ထားဦးမှ .ေ.တ်ာကြာ ကိုယ် ပေးတာ က များနေဦးမယ် ...........

ရုံးအရောက် ..ကော်ဖီဖျော် အင်း မုန့်ကုန်နေတာ မေ့နေတယ် ဘာစားရပါ့ ခေါက်ဆွဲ ပြုတ်လား ..အင်း လူကလဲ ၀ ၀ လာာာာ..........
ကော်ဖီသောက်ရင်း စက်ဖွင့် ...အင်း ဘလော့လေးလဲ မဖွင့်တာကြာ ဖွင့်ပြီး လင့်လေးတွေ ဖတ်ဦးမယ် ..ကွန်မန့် လာရေးထားတဲ့သူတွေ ကို ပြန်ရေးဦးမှ ..အကြွေးတွေ များနေပြီ ။
အယ် နေ၀ဿန်ကို ပြန်ရေးဦးမှ ..သူက  ကိုယ့် ကို သိသလိုလို ရင်း၂နှီး၂ ရေးထားတာ ((ဘယ်သူတုန်းမှတ်တယ်....ကိုး တဲ့ ..))ကိုယ့်သူငယ်ချင်းတော့မဖြစ်နိုင် ..မောင်လေးသူငယ်ချင်းလားမသိ ။ ဟိုနေ့ ထဲက သူကဘလော့သွားခြေရာခံမလို့ဟာ ဖွင့်လိုက်ထဲ က အန်တီဘိုင်းရပ်စ်တွေ တတုံတုံ တက်လာတာနဲ့ ပြန်ပိတ်လိုက်ရတာ ။
စန်းထွန်း ဆီ လဲ စာလေးဘာလေး ပြန်ရေးဦးမှ ...သူ့မှာ ဝေးဝေးလံလံ တယောက်ထဲ..ကိုယ့်သမီးလေး ကျရင် အဲလို ဝေးဝေးမှာ သွားနေချင်တယ်ဆို ...အင်း သမီးစံလေးတောင် မတွေ့တာကြာပြီ.ဒီကလေးမ ဘာတွေ အလုပ်ရှူပ်နေပါလိမ့် ....................

ဖေ့ဘွတ်ထဲဝင် မွေးနေ့လေးဘာလေးဆုတောင်းပေးဦးမှ...ဒီနေ့ ဘယ်သူ့ မွေးနေ့ ရှိတုန်း ..အဲ အဖေ့ သူငယ်ချင်း မွေးနေ့ပါလား ။ ဟင် ၆၄ နှစ်တဲ့ ဒါ ဆို အဖေ့ထက် ငယ်တာပေါ့  ..သူတို့ သူငယ်ချင်းတွေ အတော်ခင်ကြတာ ..ဝေးနေတာ ကြာတာတောင် စိတ်ထဲရှိကြတုန်း .......ငါ့ မှာ အဲလို စိတ်ထဲ အမြဲရှိတဲ့ သူ ရှိလား ..အင်း ..ကိုယ်က သူငယ်ချင်းတွေ အများကြီး ဆိုတော့ တိုက်ဆိုင်တိုင်း ဟိုလူ ဒီလူ သတိယ တာ ..သူတို့ လဲ ကိုယ်လိုနေမှာပါလေ ...............

အဲ ဘာတွေ ဖတ်စရာရှိလဲ ..ကြည့်ဦးမှ ..ဟင် ....အဲ အများကြီး ဘဲ ညက ၁၁ နာရီထိတော့ ဖတ်ထားသေးတာ  အေးလေ Friend 514  ဆိုတော့ လဲ ၁၀% တင်တောင် ၅၀ ဆိုတော့ ..တော်ပါဘီ ဘာတွေ မှန်းလဲ မသိ လိုက်လဲမမှီပါဘူး .......ဟူးဟူး မမှီတဲ့ အတူတူ မလိုက်တာ အေးတယ် မဖတ်တော့ဘူး ။

ဒီနေ့ ကို မိုးမိုး အင်းလျား စာလေးဘာလေး ဖတ်ချင်တာ..ritako  ဘလော့မှာ လင့်တွေ ရှိတယ် သွားရှာမှ .........အမယ် သူ အသစ် တင်ထားပါလား ဖတ်ဦး မှ ........အင်း သူဖတ်ထားတဲ့ စာတွေ ကို သုံးသပ်ထားတာ ...အဲဒီတယောက် ကတွေးတတ်တယ် ..သူရေးထားတာတွေ ဖတ်ရင်းနဲ့ ငယ်၂တုန်းက ဘီဘီစီ က ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရာ အစီအစဉ် တွေ စောင့်နားထောင်တာ သတိယ တယ် ။ ဆရာသင်း က အဲလို အစီအစဉ်ဆို အပျက်မခံဘူး သူ့ရေဒီယို လေးကို အမြဲဖွင့်တာရယ် ။ ခုတော့ ဆရာ လဲ ကျန်းမာရဲ့လားမသိ ..အဆက်အစပ်မရှိတော့ ......ဒီလိုဘဲလေ ..လူတွေ ဘယ်လောက်ခင်ခင် ဝေးလာရင်တော့..................

အင်း မိုးမိုး အင်းလျား မဖတ်သေးပါဘူးလေ...............ရီတာ ညွှန်းထားတာလေးတွေ ဖတ်ဦးမှ ..သူကတော့ ဖတ်ပြီးအသေးစိတ်ခံစားတွေးတတ်တယ် .......ငါဆို ဒါမျိုးမတွေးတတ်ဘူးရယ် ......သူရေးတာ မောင် ကိုကို နဲ့ မရီတာ ထဲက ဖတ်လာတာ ..လူ ပုံလေးတင်ထားတော့ ပင်နဆူလာ မှ ခဏခဏ တွေ့ တော့ မှတ်မိပါရဲ့ ..ခေါ်တော့လဲမခေါ်ဖြစ်ဘူး ..သူ့စာတွေ အတွေးတွေ က စထေ၇ာင်းဖြစ်တော့ လန့်နေတယ်...................

ပြောသာပြော ရ အပေါင်းအသင်းဆို စင်စင် တို့ လို လူမျိုး နဲ့ အပြင် မှာပေါင်းရင် စိတ်ချမ်းသာမယ် ထင်တယ် သူ့ စာရေးထားတဲ့ ပုံအရ ကြည့်ရတာ စိတ်သိပ် ဆိုးတတ် မဲ့ ပုံမပေါ်ဘူး ..လူဆိုတာ မှားတတ်တာလေ ကိုယ်က အပြောအဆို လဲ သိပ်မတတ်တော့ .....အို..ဒါတွေ ဟာ အထင်တွေ ပါဘဲ ..ကိုယ် နှစ်ပေါင်းများစွာ ခင်လာတဲ့ သူငယ်ချင်းတွေ ဒိမှာ အများကြီး တပတ်တခါတောင် ဖုန်းပြောဖြစ်တာ မဟုတ်ဘူး ..အသစ်တွေ ထပ်ခင်ဘို့များ စဉ်းစားနေသေးတယ် ..ဗာကျူရယ် ၀ါလ် ကို ဗာကျူရယ် မှာ ထားထားလိုက် .......

((အမ ..ထမင်းဘူး ပါလား)) ..အဲ ထမင်းစားချိန် ရောက်သွားပလား ..ဟောတော် ..မနက် က လုပ်မလို့ စဉ်းစားထားတာ ဘာမှ လဲ မလုပ်လိုက်ရပါလား ...........................................အင်း.......အင်တာနက် ကော်နက်ရှင်း ဗမာ ပြည် လို ဆို ကောင်းမယ် ..နို့မို့ ဘာမှ အလုပ်မဖြစ်ဘူး။