[X] Choose Font Here

Thursday, May 24, 2012

မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန် ဆရာတော်ဘုရားကြီးပုနောပသမ္ပဒါ ဖိတ်ကြားလွှာ

ပုနောပသမ္ပဒါ ဖိတ်ကြားလွှာ
အနန္တသိဒ္ဓိ ဆုထူးပန် ဗုဒ္ဓရုပ်ပွားတော် ဘုရားတည်ရန်အတွက် သြစတေးလျနိုင်ငံသို့ ကြွရောက်တော်မူမည့် ဘဒ္ဒ န္တကုသလရက္ခိတ( မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်)  ဆရာတော်ဘုရားကြီးအား ( ၂၆-၅-၂၀၁၂ ) ခု ၊စနေနေ့ ညနေ (၃ နာရီ မှ ၆ နာရီ ) အချိန်တွင် တိုပါရိုး မြန်မာဘုန်းတော်ကြီးကျောင်း၌ သစ္စာပါရမီကျောင်း အင်္ဂါနေ့ နေ့ဆွမ်း အဖွဲ့မှ ဦးဆောင်၍ ပုနောပသမ္ပဒါ ( သိက္ခာထပ် ) မင်္ဂလာကို ကျင်းပမည်ဖြစ်ပါသော်ကြောင့် ဆရာတော်၏ တပည့် ဒါယကာ ဒါယိကာမများအား အတူတကွ ရေစက်သွန်းချ ကုသိုလ်ပါဝင်နိုင်ရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
သိမ်ဝင် သိမ်ဆင်း သံဃာတော် (၁၆) ပါးအားဆွမ်းခြောက်လောင်းလှူနိုင်ပါသည်။


မဟာသတိပဌာန်သုတ် သင်တန်းပြန်စမည်-ဖားအောက်တောရ ရိပ်သာ (စင်္ကာပူ)

ဓမ္မမိတ်ဆွေအပေါင်းတို့ ခင်ဗျား
ဖားအောက်တောရ ရိပ်သာ (စင်္ကာပူ) ၌ အပတ်စဉ် စနေနေ့တိုင်း သင်ကြားမြဲဖြစ်သော သင်တန်းကို ယခု လာမည့် စနေနေ့ (26-5-2012) တွင် မဟာသတိပဌာန်သုတ် ကို ပြန်လည်သင်ကြား ပေးတော့မည်ဖြစ်ကြောင်း ဓမ္မမိတ်ဆွေ အပေါင်းအား အသိပေးနိုးဆော်လိုက်ရပါသည်ခင်ဗျ
ား.။
သင်တန်းအချိန်မှာ ညနေ (၇)နာရီမှ (၉) နာရီ ထိဖြစ်ပါသည်။ သင်တန်းပြန်လည်စတင်မည့် (26-5-2012) နေတွင် မုန့်ဟင်းခါးဖြင့် အဟာရဒါနပြုမည်ဖြစ်သည်။
မုန့်ဟင်းခါး အလှူရှင် - ဦးစောဦး + ဒေါ်ခင်နှင်းရီ မိသားစု

--
Thanks and Best Regards

Kyaw Swa
Kappia (PAMC Singapore)
15, Teo Kim Eng Road, Singapore.
416385.

Tuesday, May 1, 2012

အမှတ်တယ လမ်းပြကြယ်

 
ဒီနှစ် ၂၀၁၂ မေလ ၁ ရက်နေ့မှာ စင်္ကာပူ နိုင်ငံမှာ လမ်းပြကြယ် စာကြည့်တိုက် ဖွင့်တာ ၅ နှစ်ပြည့်ပြီတဲ့ ။

၂၀၀၇ မေလ ၁ ရက်နေ့ မှာ စဖွင့်တာ ဆိုတော့ ကျမ စင်္ကာပူ ကို ရောက်လာတဲ့ အချိန်မှာ စာကြည့်တိုက်လေး ရှိနှင့်နေပြီးပြီ ။
အလုပ်ရှာဘို့လာတာ ဆိုတော့ ဟိုသယ်ဒီသယ် နှင့် စာအုပ်လေးတွေ ယူမလာဖြစ်ခဲ့ ။
 စီကာစဉ်ကာ ပူရတဲ့ စင်္ကာပူမှာ အလုပ်ရ ပတ်စ်ကျ ပြီး နောက် အလုပ်ခွင်ထဲမှာလည်း စိတ်ဖိစီးမှူ ရှိတော့ တမ်းတ မိသည်က ဖတ်စရာစာအုပ်လေးတွေပင် ။
ရုံးချိန်အလွန် ကိုယ်ပိုင်အချိန်လေးတွေမှာတော့ နှစ်သက်ရာ စာအုပ်လေးများကို ဖတ်ရင်း ကြောင့်ကြပူပင်ရသည် များကိုခေတ္တမေ့ဖျောက်ချင် လှသည်။
ဖတ်စရာစာအုပ်လေးတွေ ကို ဘယ်လို ရနိုင်ပါ့မလဲ လို့ ဆက်စပ်ရှာဖွေရင်း ပင်နဆူလာမှာ မြန်မာစာကြည့်တိုက်လေးရှိသည် ဆိုတော့ ၀မ်းသာအားရ သွားခဲ့သည်။

စာကြည့်တိုက် က တနင်္ဂနွေ နေ့ (နေ့လည် ၁၂ နာရီမှ ည ၉နာရီ) ၊ဗုဒ္ဓဟူး (ညနေ ၆ နာရီမှ ည ၉ နာရီ) နှင့် စနေနေ့ (နေ့လည် ၂ နာရီ မှ ည ၉နာရီ) တပတ်ကို ၃ ရက်ဖွင့်ပါသည်။  ၁၅ ဒေါ်လာ နှင့် အသင်းဝင်ထားပြီး အခမဲ့ ငှားလို့ရသည်။  ၆လ တခါ သက်တမ်းတိုးရသည် တဲ့ ။

ကျမ အတွက် ဖတ်စရာစာအုပ်တွေ ရှိနေတာကပင် ၀မ်းသာစရာကောင်းလှပြီ ။ ဒီလို မန်ဘာဝင်ထားရုံနှင့် တခါ ငှား ၃ အုပ် ငှားခွင့် ရသည် ဆိုတော့ ဖိုးကြိုင်းတုတ်ဖြစ်သွားသည်။
ထင်ထားသည်က စာကြည့်တိုက်ဆိုတော့ ကိုယ့်ပြည်ကြီးက နီးစပ်ရာ စာကြည့်တိုက်များလိုပင် သုတ စာအုပ်တွေ များမည် ဟု ထင်ခဲ့သည်။ တကယ့်တကယ် တော့ ပြည်တွင်းပြည်ပ ထုတ်ဝေသော မြန်မာစာအုပ်များ ..မြောက်များစွာ ..အတွေးအခေါ်၊ သုတ-ရသ၊ နည်းပညာ၊ ခေတ်ပြိုင်၊ သမိုင်း စသည့် စာအုပ်ကောင်းများ အမျိုးအမည်စုံ လင်လှသော စာအုပ်တွေ အများကြီးကိုကြည့်ပြီး ကျမ ၀မ်းသာတာကပြောမပြတတ်အောင်ပင်။ ဖတ်စရာတွေ အများကြီးထဲက ဘာစာအုပ်ဖတ်ရပါ့ လို့ ရွေးချယ်ရခက်နေတဲ့ ကျမ ကို စာကြည့်တိုက်က အကိုကြီး တယောက်က ကူညီ ပြီးဘယ်စာအုပ်က ဘယ်လို ဆိုပြီး ပြောပြခဲ့သည်။ တော်တော် သဘောကောင်းသော အဲဒီ အကိုကြီးကို နှူတ်ခမ်းမွေးများနှင့် တွဲလို့ မှတ်ထားခဲ့သည်။

 စာကြည့်တိုက်အ၀င် မှာ ကပ်ထားသော စာသားလေးတခု ကိုလဲ စိတ်ထဲ မှာ ထဲထဲဝင်ဝင် မှတ်မိခဲ့သည်။
စာကြည့်တိုက် အသင်းဝင်တိုင်းသည် စာကြည့်တိုက် ပိုင် ရှင်များဖြစ်ကြသည် ။ ..တဲ့ ..ဘာသဘောပါလိမ့် ။ ဘယ်သူတွေ က ဘယ်လောက်တောင် အလုပ်အကိုင်ဝင်ငွေ အဆင်ပြေပြီး စာဖတ်ဝါသနာ ပါလို့ ဒီလို စာကြည့်တိုက်လေးဖွင့်ထားတာပါလိ
မ့် ...လို့ တွေးမိသေးသည်။
ဘာဘဲဖြစ်ဖြစ် ဒီနိုင်ငံမှာ ဒီလို ရှိနေတာကိုက ကျမအတွက် ကျေနပ်စရာ ။

စာအုပ်တွေ ကလဲ အမျိုးအစား စုံလင်လှသည်။ သုတ၊ ရသ ၊ဘာသာရေး၊ နိုင်ငံရေး အိုး..အများကြီးဘဲ ၊ စာရေးသူ နာမည် အလိုက် သူ့အစုနှင့် သူ အလွယ်တကူ ရှာလို့ရအောင် ခွဲထားသေးသည်။
 ကျမ အကြိုက် ခင်ခင်ထူး ၊ မစန္ဒာ တို့  သူတို့ စာအုပ်တွေ အများကြီး တွေ့တော့ အရမ်းပျော်သွားသည်။ ခင်နှင်းယု စာအုပ်တွေ အများကြီးကိုမြင်တော့ အမေ့ ကို လွမ်းသွားသည်။ အမေ ဖတ်ချင်လိုက်တာလို့ တ နေတဲ့ စာအုပ်တချို့ က မြန်မာနိုင်ငံတုန်းက ရှာမရဘဲ ဒီမှာရောက်နေသည်။ ဒီကနေ ငှာြး့ပီး မြန်မာပြည် ပြန် ပို့ဖတ်ခိုင်း ရမလို .....း)

သွားငှားရင်း မျက်မှန်းတန်းမိလာလို့ မေးကြည့်တော့ စာအုပ်ဆိုင် ထိုင်နေသူများက ဗော်လန်တီယာ များသာ၊ အခ ကြေးငွေ ဖြင့် လုပ်နေသူများမဟုတ် ။ အင်း အသင်းဝင်တွေ ဆိုတော့ ပိုင်ရှင်များလည်းဖြစ်ကြသည်ပေါ့ ။ ဒီလို ကိုယ်ပိုင် အချိန် ရှားပါးသောနိုင်ငံမှာ အများအတွက် ထိုရှားပါးသောအချိန်များဖဲ့ပေးကာ စာကြည့်တိုက် လည်ပတ်ရေး အတွက် ကူညီကြသူများ ဆိုတော့ ကျမ မှာ ကျေးဇူးတင်လိုက်ရတာ ။ ဒီလို ကူညီ လို့ သူတို့ရဲ့ အကျိုးအမြတ် မျှော်လင့်ချက်ကတော့ စာအုပ်ဖတ်ချင်သူများ လွယ်လင့်တကူ ဖတ်နိုင်ဘို့ တခုထဲပင် ။ ဒီမှာ ကျမ လူမှူရေး ဆိုတဲ့ စကားကို စနားလည်မိသလို ......။
နောက်တော့ ကျမလဲ အားတဲ့ အချိန်မှာ တတ်နိုင်သလောက် အချိန်ပေးခဲ့သည်။

အားတဲ့ တနင်္ဂနွေ နေ့ တွေ စာကြည့်တိုက်မှာ သွားကူထိုင်နေရင်း တရက်  ဆရာတယောက်နှင့်တွေ့လို့ ကျမ ဒီမှာ ဗော်လန်တီယာ လုပ်နေတယ်ပြောတော့ ဆရာက  * ညီး မြန်မာပြည် မပြန်ချင်တော့ ဘူးလား..သွားမလုပ်နဲ့ * လို့ပြောတော့ ဇဝေဇ၀ါ ။
ဆရာက ကျမ ကို တူမသားချင်း လို ချစ်လို့ ပြောစရာရှိတာ ပြောတာ ..ဒါပေမဲ့ သူဘာလို့ ဒီလိုပြောတာလဲ ဆိုတာ အံ့သြောစရာ ..စာကြည့်တိုက် ရဲ့ နောက်ကွယ် တွင် ဘာတွေ သံသယ ဖြစ်စရာ ရှိနေလို့လဲ..အတွေးပွားချင်စရာ။
ဒါပေမဲ့ တကယ့်တကယ် သွားထိုင်ပေးရင်း ဗော်လန်တီယာ အချင်းချင်း ဟိုစာအုပ်က ဘယ်လို ဒီစာအုပ်က ဘယ်ညာ စသဖြင့် ကိုယ်ဖတ်ပြီး ခံစားတွေးတော ရသမျှ ပြန်ပြောကြတာ စိတ်ဝင်စားစရာ..စာအုပ်တအုပ်ထဲပင် အမြင်အမျိုးမျိုး  ကွဲပြားကြသည်။
ထဲထဲဝင်ဝင် လုပ်ကြရင်း ဘာမှ သံသယဖြစ်စရာ မတွေ့ ။ နောက် အင်တာနက်မှာ လမ်းပြကြယ် စတင်ဖြစ်ပေါ်လာပုံ ကို ရှာဖတ်တော့    မဇိမ  ရဲ့  သောကြာနေ့၊ ဇွန်လ ၀၈ ရက် ၂၀၀၇ ခုနှစ် ၂၀ နာရီ ၅၄ မိနစ် ဆောင်းပါးလမ်းပြကြယ် စာကြည့်တိုက် (စင်္ကာပူ) ဆိုတာကိုသွားတွေ့သည်။ (.စာကြည့်တိုက်သည် ၀ါသနာရှင်များ၏ လုပ်အား ပေးမှုနှင့် စာအုပ် လှူဒါန်းမှု များဖြင့် အဓိက ရပ်တည်ပါသည်။  မည်သည့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်း အတွက် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ မြန်မာများ လွတ်လပ်စွာ စာအုပ်စာပေ ဖတ်ရှုရေး အတွက် အတွေးအခေါ်၊ သုတ-ရသ၊ နည်းပညာ၊ ခေတ်ပြိုင်၊ သမိုင်း စသည့် စာအုပ်ကောင်းများကို အဓိက ရည်ရွယ်ကြောင်း သိရပါသည်။ )  တဲ့ ။  ရည်ရွယ်ချက် ကားကောင်းမွန်လှပါသည်။

ပင်နဆူလာ မှာ စာကြည့်တိုက်ဖွင့်တာ ကိုယ့်ပြည်သားတွေ အလွယ်တကူ ငှားနိုင်ပေမဲ့ ဆိုင်ခန်းခ က ဈေးကြီးသည်။ ကုန်ကျစရိတ် များကို အသင်းဝင်များ၏ အသင်းဝင်ကြေး အားဖြင့် လည်းကောင်း၊ စေတနာရှင်များ၏ လှူဒါန်း ပါဝင်မှုများဖြင့် လည်းကောင်း ရပ်တည်ကြသည်။  လစဉ် အသင်းဝင်အသစ်များများဝင်တော့ စာအုပ်တွေ ပို ၀ယ်နိုင်သည်။ အဖတ်များသော စာအုပ်တွေဆို နှစ်အုပ် သုံးအုပ် ထားတော့ ဖတ်ချင်တဲ့သူတွေ မစောင့်ရတော့ ။ နီးစပ်ရာ အပေါင်းအသင်းများ ကို အသင်းဝင်ဘို့ ပြောတော့  တချို့လဲ စိတ်ဝင်စားကြသည်။ တချို့ ကလဲ အင်တာနက် မှာ ဖတ်စရာတွေ ဒီလောက်ပေါတာ ဟု ဆိုကြသည်။ ကျမ သဘောကတော့ဖြင့် အီးဘွတ် ကိုရှာဖတ်ရသည်မှာ နီးစပ်ရာ တွေ့ရာ ပန်းပွင့်လေးတွေ ရဲ့ အလှ ရနံ့ ကို တွေ့ထိ ခံစားရုံသာ ..လမ်းပြကြယ်စာကြည့်တိုက်ထဲ စာအုပ် ရှာဖတ် ရတာ မွှေးရနံ့တသင်းသင်း နှင့် ပန်းတော ကြီးထဲ ၀င်ပြီး စိတ်ကြိုက် ပန်း ကို ရွေး ချယ် ရသလို ။ ကိုယ်က အင်တာနက် အမြဲသုံးရလို့ ကွန်ပျူတာ ရှိလို့ အလွယ်တကူ ဖတ်ရပေမဲ့ တချို့ ကြတော့လဲ ဒါတွေ နှင့် အလှမ်းဝေးလှသည်။ ဒီမှာ ပါမစ် အမျိုးမျိုး နှင့် အလုပ်လုပ်သူတွေထဲ work permit နှင့် လုပ်သူတွေဆို သူတို့ရဲ့ အားလပ်ချိန်တွေမှာ တခြားနိုင်ငံသားတွေက မြက်ခင်းပြင်ပေါ် ပုလင်းတွေ နှင့် အချိန် ကုန်စေတာတွေတွေ့ပြီး ကိုယ့်နိုင်ငံသားတွေ စာအုပ်စာပေ ဖတ်နေကြတာ ကို မြင်ယောင်ကြည်နူးမိတော့ စာကြည့်တိုက် အစပျိုးသူတွေ ကိုရော ဆက်လက်လည်ပတ်နိုင်ရန် ကူညီပံ့ပိုးကြသူတွေ အားလုံးကိုရော ကျေးဇူးအထပ်ထပ် တင်မိသည်။

အမှန်တော့ စာကြည့်တိုက် တစ်ခု လည်ပတ်ဘို့ဆိုတာ ဗော်လန်တီယာ များအနေနှင့် စာကြည့်တိုက်ဖွင့်ချိန် သာ  အချိန်ပေးရသည်မဟုတ်။ စာအုပ်အသစ်များ ရလာလျှင် အဖုံးချုပ် ၊စာရင်းသွင်း ၊ လက်ရှိစာအုပ်များ စုတ်ပြဲလာ ရင် တိပ်နှင့် ကပ်တန်တာကပ် ၊ စာအုပ်များ ခြပုရွက် စာ မိမှာစိုး ၍ ရှင်းတန်တာရှင်း ၊အဖတ်များတဲ့ စာအုပ်တွေ ဆို အသင်းဝင်ကြေး၊အလှူငွေ အတိုင်းအတာကြည့်လို့ အသစ်ဝယ်တန်ဝယ် ၊ အသစ်ထွက်သော စာအုပ်များ ကို မျက်ခြည်မပြတ် ဘို့လဲ လိုသေးသည် ။ တကယ့် ကို စိတ်ပါလက်ပါ ကူညီပံ့ပိုးသူတွေ ရှိ လို့သာပင်။ လူအားဖြင့် မကူညီနိုင်ရင်တောင်မှ ( ဘယ်အသစ်ထွက်တဲ့ စာအုပ်ကဖြင့်ဘယ်လို ၊ဘယ်လို စာအုပ်လေးတွေ တင်ပေးပါလား၊ ....) စသဖြင့် အကြံဥာဏ် ပေးဘို့  ဖိတ်ခေါ်ပါသည်။ ဒါကလဲ စာကြည့်တိုက် ရေရှည်တည်တံ့ ဘို့ အထောက်အကူ ဖြစ်ပါသည်။

စာကြည့်တိုက် ကို ကူညီရင်း ကျမ အတွက် အမြတ်ထွက်တာက စာအုပ်စာပေ ၀ါသနာမပါသူ ကျမ ခင်ပွန်း က စာဖတ်ချင်စိတ်ရှိလာတာပင်။ ကျမ သွားကူတော့ သူပါလိုက်လာ ကူရင်း တခြားသူတွေ ဖတ်ပြီးသမျှ စာအုပ်တွေ အပေါ် ဆွေးနွေးကြတော့ သူလဲ စာဖတ်ဘို့ စိတ်ဝင်စားလာသည်။ သူ့အတွက် မိတ်ဆွေကောင်း တိုးလာသည့်သဘောပင် ။စာအုပ်စာပေ လူ့မိတ်ဆွေ  ..ဆိုသည်မဟုတ်လား ။

စာကြည့်တိုက် ရေရှည် တည်တံ့ရေးကတော့  စာကြည့်တိုက် ကော်မတီနှင့် လုပ်အားပေး၊ ၀ါသနာရှင်များ ၊ အသင်းဝင် များ အပေါ်တွင် တည်နေပါသည်။ ကျမ ကတော့ ကိုယ့်ပြည်သားတွေ အတွက် အကျိုးများလှသည့် စာကြည့်တိုက် ဆက်လက် တည်ရှိနေပါစေကြောင်း ဆန္ဒပြုရင်း .....................။

Basic Information

About လမ်းပြကြယ်လမ်းပြကြယ်အကြောင်း
စာကြည့်တိုက် စတင်ဖွင့်လှစ်ကတည်းက ဦးဆောင်သူ နှင့် လုပ်အားပေးများ အားလုံးဟာ စေတနာ့ဝန်ထမ်းများသာဖြစ်ပါတယ်။
စာကြည့်တိုက်ကို အဓိက ဦးဆောင်ပြီး operation လုပ်နေသူ ၁၆ ဦး ရှိပါတယ်။တခြား အချိန်ပိုင်း လုပ်အားပေးတဲ့ စေတနာရှင် များလည်း ၂၀ကျော်လောက်ရှိပါတယ်။ မြန်မာပြည်ရဲ့ မမေ့ပျောက်နိုင်၊ အရေးပါတဲ့ နေ့ တွေမှာတော့ စာကြည့်တိုင် လုပ်အားပေး စေတနာရှင်တွေနဲ့ အတူ စာကြည့်တိုက်မှ စတုဒီသာအလှူပြုခြင်း၊ ဓါတ်ပုံပြပွဲများ ပြုလုပ်ခဲ့ပါတယ်။ ဥပမာ (ဗိုလ်ချူပ်မွေးနေ့ ၊ဒေါ်စု မွေးနေ့ ) တခြားအဖွဲ့အစည်းများမှ မြန်မာနိုင်ငံအတွက်အကျိုးရှိမည့် activity ရှိလျှင် စာကြည့်တိုက်မှ တတ်အားသရွေ့ ပါဝင်ကူညီပေးခြင်း တို့ဖြစ်ပါတယ်။ လစဉ် စာအုပ်တအုပ်ကို ရွေးချယ်၍ ထိုစာအုပ်ကိုဆွေးနွေးကြပါသည်။

စာကြည့်တိုက် ထူထောင်တဲ့ ရည်ရွယ်ချက်

(၁) ရုပ်အာဟာရအတွက် စင်္ကာပူတွင်လာရောက်လုပ်ကိုင်နေသောမြန်မာများအတွက်လိုအပ်နေသော စိတ်အာဟာရကို ဖြည့်ဆည်းပေးရန်။

(၂) မြန်မာပြည်တွင် ဖတ်ရှုခွင့်မရသော စာပေများကိုဖတ်ရှုနိုင်စေရန်။

(၃) စာကောင်းပေကောင်းများ ဖတ်ရှုပြီး အမိနိုင်ငံတော်အတွက် အကျိုးပြုလိုစိတ်များပေါ်ပေါက်လာစေရန်။

(၄) Computer/Internet သုံးစွဲရန် အခွင့်မသာသော စင်္ကာပူရောက် အကိုအမများအတွက် မြန်မာ့သတင်း ၊ ကမ္ဘာ့ သတင်းများ လွယ်ကူစွာ ဖတ်ရှုနိုင်ရန်။

(၅) မြန်မာတိုင်းရင်းသားများ အချင်းချင်း ညီညီညွတ်ညွတ် နှင့် စုပေါင်းလုပ်ဆောင်လာနိုင်စေရန်။



Contact Information

Phone
  • 63371569Home

Address
  • 111, North Bridge Road, Peninsula Plaza #04-09,
  • Singapore, Singapore Singapore

Website

Email
  • lpk.singapore@gmail.com