[X] Choose Font Here

Saturday, November 19, 2011

သမီးလေး ၈ လ

 (၁၈.၁၁.၂၀၁၁) မေ့ သမီးလေး ၈ လ ပြည့်ပြီ။ ဒီနေ့ ဘုန်းကြီးကျောင်းကို ကြာဇံကြော် ကပ်မယ်တဲ့ ။ ပြီးရင် ရွှေတိဂုံ ကို သွားကြမတဲ့လေ ။ မေမေ လဲ ရွှေတိဂုံ ဆိုတော့ အန်တီ သက်ရတနာ ဘလော့ ကို သတိရသွားပြီး ရွှေတိဂုံ ရှင်မကွဲ ဘုရားမှာ မေမေတို့မိသားစု အတူတူ နေရအောင် ဆုတောင်းခိုင်းထားတယ် ။ သမီးလေး က ဆုမတောင်းတတ်သေးဘူးဆိုတော့ ဘွားဘွားက သမီးကို ချီပြီး ဆုတောင်းပေးမှာပေါ့ ။


သမီးလေး ၁ ရက်သား ပုံလေးပါ ။ သမီး ကလေ အိပ်ရင် အဲလို ပါးစပ်လေး ဟ ပြီး အိပ်တာ ကို သမီ့း အဖေ ကမကြိုက်တော့ ပါးစပ်လေးကို ပိတ်ပေးတယ် ။ မေမေ က တော့ သမီးလေး ကို ဗေဒင်တွက်ပြီး ဂျူးဒိတ်ထက် ၉ ရက်စော မွေးခဲ့တာမို့အဆုတ် တွေ သိပ်ပြီး မဖွံ့ဖြိုးသေးရင် အသက်ရှူ မ၀မှာ တွေးပူမိတယ် ။
မေမေ လဲ ဘာမှ မစားရသေးတော့ ဗိုက်ဆာ နေပြီ ထုံဆေးနဲ့ ခွဲမွေးရင် အဲလိုဘဲ တရက်လောက် မစားရဘူး ။ ရိုးရိုးမွေးတာဆို ပြီးတာနဲ့ တန်းစားရတာ ။ နို့ လဲ မထွက်သေးဘူး။ နပ်စ် ကတော့ သမီးကို မေမေ နို့ ကို စို့ခိုင်းတယ် ။ မထွက်တဲ့ နို့ ကို စို့ ရတာ သမီးလေး ပင်ပန်းနေမှာဘဲ သနားလိုက်တာ သမီးရယ် ။ ဒါပေမဲ့ ဒီလို စို့ပေးမှဘဲ နို့ ကလဲထွက်လာမှာတဲ့လေ ။

ဆးရုံကဆင်းပြီးတော့ ဖေဖေ လဲ ပြန်သွားပြီ ။ 
မေမေ လဲ နို့တွေ ထွက်နေပါပြီ ။ ၃ ရက်အထိ နို့ မထွက်တော့ သမီးအဖေ မေမေ့ကို စိတ်ဆိုးပြီး မိခင်စိတ် မရှိလို့ မထွက်တာ ဘာ ညာ နဲ့ ပြောနေတယ် ။ မေမေ လဲ ဘွားလေး နီ လာပို့တဲ့ ဆန်ပြုတ်ကို မျက်စိမှိတ် သောက်လိုက်တယ် ။ တကယ်ဆို မေမေ က ထမင်း ပျော့ရင်တောင် မကြိုက်တဲ့သူပါ ။ သမီးလေးအတွက်ဆိုတော့လဲ သောက်ရတာပေါ့ ။ အိုဂျီ ကလဲ သမီးအတွက် အဟာရစုံအောင် အစုံစားခိုင်းတယ် ။ သမီးကလဲ ၀မ်းတဗျစ်ဗျစ် နဲ့ကွယ် ။ ဘွားဘွား က စိတ်တွေပူပြီး မေမေ့ ကိုလဲ အစားမဆင်ခြင်လို့ ရန်တွေလုပ် ကလေး ဆရာဝန်ဆီလဲ သွားတယ် ။ ၃ ခါလောက် သွားပြီးရော ဆရာဝန် လဲ စိတ်ပူ သက်သာအောင်လို့ ၀မ်းစစ်ခိုင်းတယ် ။ ဘာပိုးမှ မရှိပါဘူး ။ မအေ နို့ စို့တဲ့ ကလေးတွေ ၀မ်းပျော့သတဲ့ လေ ။ ဘွားဘွား စိတ်ပူမယ်ဆိုလဲ ပူစရာ  အနှီး ၃၇ ထည်တောင် မလောက်ဘူးလေ ။ နွေ ရာသီပေမဲ့ မိုးတွေ ကလဲ ရွာတယ် သမီးရေ ။ သမီးလေး ၁၂ ရက်သားမှာ ပတ်စပို့ လုပ်တာ ဓါတ်ပုံရိုက်ဘို့ သွားရတယ် ။ မျက်လုံးမပွင့်လို့ဆိုပြီး နောက်တခေါက်ထပ်သွား ရတော့ သမီးလေးကို လူတွေ အများကြီး ကြားထဲ ခေါ်ရလို့ စိတ်ပူရသေးတယ် ။  သမီး ၂ လနဲ့ ၁၁ ရက်မှာ မေမေ တို့ မိသားစု စလုံးကို ပြန်လာကြတယ် မေမေ့ ခွင့်ကကုန်တော့မယ်လေ ။ သမီးလေး နေ့လည်ဆို ဘူးဘဲစို့ ရတော့မယ် ။ မအေ နို့ စို့နေကျရင် ဘူးမစို့တတ်ဘူးဆိုပေမဲ့ သမီးကတော့ အဆင်ပြေပါတယ် ။



သမီးလေး ၃ လပြည့် ဖားအောက်ဆရာတော်ကြီးကို အာရုဏ် ကြာဇံဟင်းခါးကပ်ပါတယ် ။ သမီးထက် ၂၁ ရက်ကြီးတဲ့ အိမ် နီးနားချင်းကိုလဲ ဖိတ်တာပေါ့ ။သူက ကြီးပေမဲ့ သမီးထက် ညှက်တယ် ။ သမီး အဲလို လက်မ ကို စုပ်နေတာ ကို လဲ ဖေဖေ က သဘောမကျဘူး ။ သူငယ်နာဆေးကျွေးရမတဲ့လေ ။ မေမေ က လက်အိတ် ခြေအိတ် ကို မကြိုက်တော့ သမီးကို လဲ စွပ်မပေးမိဘူး ။ ကြီးလာ လို့ ပြန်ကြည့်ရင် မေမေ က ဂရုမစိုက်လိုက်တာ လို့ မပြောနဲ့နော် ။
ဘိုးဘိုး ဘွားဘွား ကို ပျင်းမှာစိုးလို့ စန်တိုဆာ လိုက်ပို့တော့ သမီးကို လဲ ခေါ်ခဲ့ရတာပေါ့ ။ အိမ်မှာ လူအများကြီးမမြင်ရတော့ သမီးက ဟို ဒီ ကြည့်နေတယ် ။ Song of the Sea ကြည့်ပြီး မီးပန်းတွေ လွှတ်တော့ သမီး လန့်မှာစိုးလို့ မေမေ ကတော့ ရင်ဘတ် ကို အတင်းဖိထားတာဘဲ ။ အိမ်မှာဆို ၉ နာရီ အိမ်ပေမဲ့ ည ၁၁ နာရီထိ သမီးမအိပ်ဘူး  ။အပြန် ကားပေါ်ကျမှ အိပ်တော့တယ် ။ ည ဆို သမီးကို ဖေဖေ နဲ့ ဖေဖေ ကြားမှာ သိပ်တယ် ။ ည ၉ နာရီ ကနေ မနက် ၆ နာရီထိ အိပ်တယ် ။ နို့ ၂ ခါ ထပြီးတိုက်ရတာ ကလွဲ လို့ ညဘက် ငိုတာ မရှိ လို့ မေမေ လဲ အိပ်ရေး မပျက်ပါဘူး ။ လိမ်မာ လိုက်တာကွယ် ။
ဗိုက်ထဲမှာ သမီးလေး ဆိုတာ သိတာနဲ့ မေမေ အရုပ်တွေ ၀ယ်စု ထားခဲ့ တယ် ။ သမီးကလဲ အရုပ်တွေ ကြိုက်ပါတယ် ။ မီနီ လေး ကို ကိုင်လိုက် ၀ူးဝဲ လုပ်လိုက်နဲ့ပေါ့ ။


မေမေ ၀ယ်ပေးထားတဲ့ ၀တ်စုံလေးပါ ။ သမီးလေး ကို လက်ဆောင်ပေးကြတာ များတော့ မေမေ က သိပ်မ၀ယ်ပေးဖြစ်ဘူး ။  မေမေ က အစား စား တာရယ် အရုပ်ဝယ်တာရယ် မနှမြောသလောက် အ၀တ်အစားဝယ်ရမှာတော့ နှမြောတယ် ။         သမီးလေး လိုချင်ရင် ဖေဖေ့ကို ပူဆာနော် ။


သမီးလေး ၅ လ ပုံပေါ့ ။ သမီးက ငယ်သေးတော့ ခွေးရုပ်ကြီးနဲ့ မကစားနိုင်သေးဘူးလေ ။ အဲဒါနဲ့ မေမေလဲ ဘွားဘွား သူငယ်ချင်းရဲ့သား ကို လက်ဆောင်ပေးလိုက်တယ် ။
Astana open house ကို သွားကြတာပါ ။ လူကြီးတွေ မောပြီး မလှူပ်ချင်တော့ပေမဲ့ သမီးကတော့ များလှတဲ့ လူတွေ ကို ကြည့်နေတုန်း ။ အိမ်မှာ ဒီလို လူတွေ များကြီးမှ မတွေ့ရဘဲလေ ။ သမီး တို့ ကတော့ အပြင်သွားမယ်ဆို အင်္ကျီ အရင် လဲမပေးရဲဘူး ။ သစ်သစ်လေးမှား လဲထားရင် အပြင် သွားရမလား သိပြီး မသွားရမချင်း အော်နေတော့တာဘဲ ။ ဖေဖေ နဲ ဘွားဘွား ကတော့ ဒီလို အော်တာလဲ သူငယ်နာ လို့ ထင်ကြသတဲ့လေ ။ သမီးလေး လက်မ ကို စုပ်လွန်းတော့ ဘွားဘွား က တိုပိုင်းရိုးကျောင်း က ဆေးခါးကြီးရွက်ခူးလာပြီး လက်ကို သုတ်ထားတယ် ။ သူ့လက် ကို စုပ်ရတာ ခါးတော့ အော် လိုက်တာ  ကမ္ဘာတောင် ပျက်တော့မလို့ ..ဟင်းးးး။
18.10.2011 မှာမေမေ့ ငယ်တုန်းက သူငယ်ချင်းလာတော့ သူ့ဖုန်းလေးနဲ့ ရိုက်သွားတာပါ ။ သမီးကလဲ သူ့ ပုခုံးလေးကို မှီလိုက် မျက်နှာ ကြည့်ပြီး ၀ူးဝူးဝဲ၀ဲ ပြောလိုက်ဆိုတော့ သူလဲ သမီးနဲ့ ဆော့တာ နောက်နေ့ ကိုယ်လက်နာ လို့ MC ယူရသတဲ့ကွယ်။  အန်တီ အပျို ကြီး တယ် ခက်ပါ့ ။

























(၁၈.၁၁.၂၀၁၁) က ပုံပါဘဲ ။ လူလည်မလေး ၀မ်းလျားမထိုးဘဲ တန်းပြီးထိုင်ချင်တယ် ။ ခုတော့ သမီးလေး ရန်ကုန်မှာ ။ ထမင်းကို ကြိတ်ကျွေးရင် မကြိုက်တော့ဘူးတဲ့ ။ ဆန်ပြုတ် ၊ ထမင်းပျော့ပျော့ ကို ပဲပြုတ်နဲ့ ဆို တအားစားတာဘဲတဲ့ ။ မေမေ တော့ လွမ်းလှပြီ သမီးရေ ။

Friday, November 11, 2011

အောင်မင်းခေါင် ဓါတ်ပေါင်းစုံ စေတီ

၂၀၁၁ ရဲ့ ၁၁ လ ၁၁ ရက် မှာ ရန်ကုန်မှာ ရှိတဲ့ အောင်မင်းခေါင် ဓါတ်ပေါင်းစုံ စေတီ တော် ကို ဘုရားဖူး သွားကြ ရအောင်နော် ။

ဘုရားသမိုင်းကြောင်းကို မသိပါ ။





ကြည်ညို စရာ နဂါးရုံ ဘုရား ..



မတ်ရပ် ရုပ်ပွားတော် တဆူ...



ဘိုးဘိုးကြီး



ဘုရားအ၀င် အုတ်တံတိုင်းမှ နဂါးကြီး ..

Wednesday, November 9, 2011

တန်ဆောင် မုန်း လပြည့် နှင့် ငယ်ဘ၀ အမှတ်ရစရာ လေးများ

မြန်မာ သက္ကရာဇ် ၁၃၇၃ ခုနှစ် တန်ဆောင်မုန်း လပြည့် အင်္ဂါနေ့ ။

(တန်ဆောင်မုန်း လပြည့် ပေမဲ့ နတ္ခတ် မစုံ မဲ့ ည)

ဒီနေ့ တန်ဆောင်မုန်း လပြည့် ဆိုတာ အမှတ်ရလို့ မနေ့ညနေက စီးတီးဟော မန်းစတားက မဲဇလီဖူးပြုတ် ၀ယ်လာတယ် ။ ၂ ဒေါ်လာ ဘိုး သုံးစီးတဲ့ ။
(ဓါတ်ပုံ က ဂူးဂယ် မှာ ရှာတော့ စန္ဒကူး ဘလော့ ကဆိုပြီးထွက်လာတယ် ။ အမြဲ သွားဖတ်နေတဲ့ ဘလော့ပေမဲ့ ပြန်သွားရှာ လင့်ထည့် မလုပ်လိုက်တော့ဘူး)



နာရီ သံပတ်မပေးမိလို့ မနက်က 63း0 မှ နိုးတယ် ။ ကမန်းကတန်း ထမင်းအိုးတည်( ဒီနေ့တော့ ဘုရားကိုဆွမ်းကပ်ချင်တာနဲ့ ပိုချက်တယ်) မဲဇလီဖူးသုပ်ဘို့ထောင်း၊ ထမင်း နှစ်ဘူး ထည့် ဘို့ပြင် မနက်စာ ကော်ဖီဖျော် နဲ့ 7း15 ဖြစ်သွားတယ် ။

ဘုရားကို ဆွမ်း ၊ ယို ၃မျိုး ၊ လမုန့် နဲ့ ကပ်တယ် ။ မျက်နှာသစ်တော်ရေ နဲ့ ရေချမ်းကပ်ရင်း ကပ်စရာ သစ်သီး၊ ပန်း မ၀ယ်မိတာ တွေးမိတယ် ။ကိုယ်က လပြည့် မွေးသူမို့ ဘယ်လပြည့်မဆို ပန်း ၊သစ်သီးကပ်နေကျ ခုတော့ စိတ်လေလေ နဲ့ အတော် ပျက်ကွက်နေတယ် ။

ကမန်းကတန်း ရေချိုး ရုံးနောက်ကျမှာစိုးလို့ ဘုရား ကိုမတ်တပ် ပူဇော်ရတယ် ။ သီလ မယူဖြစ်ဘူး ။

ညနေ လ ထွက်လဲ ဓမ္မစကြာ မရွတ်နိုင်လောက်ဘူး ။ လမ်းပြကြယ်မှာ ဒီနေ့ ကူမယ်လို့ ပြောထားသေးတယ် ။

ဒီ မဲဇလီဖူးသုပ်ပုံလဲ စန္ဒကူးဆီကဘဲ ။ ကျေးဇူးပါ မစန္ဒကူးရေ ။



စာဆို က ယင်းမာ ပန်း ကို တော်သလင်း လ ပွင့်တဲ့ပန်း လို့ ဆိုပေမဲ့ ကျမတို့ စလေမှာတော့ တန်ဆောင်မုန်း လပြည့် မှာလဲ ပွင့်နေသေးတာ အမှတ်ရတယ် ။ မှတ်မှတ်ရရ တခုသော တန်ဆောင်မုန်းလပြည့် ညမှာ ပံ့သကူ သွားပစ်တော့ ယင်းမာပင်အောက်မှာပစ်ရင်း မွှေးနေလို့ အပင်မော့ကြည့်တော့ ပန်းတွေ ကိုမြင်ရတယ်။ ခုတော့ ယင်းမာပန်း ကို မနမ်းရတာ အနှစ် နှစ်ဆယ်ကျော်သွားပြီ ။

ဒီ ယင်းမာ ပန်းပုံကလဲ ဂူးဂယ်မှာ ရှာတော့ အပြုံးပန်း လို့ ထွက်လာတယ် ။ ကျေးဇူးပါ ။



ငယ်ငယ်တုန်းကတော့ ပန်းတွေ ဆို သေးသေးနဲ့ အခိုင်လိုက် ၀တ်ဆံလေးတွေနဲ့ ပွင့်တာတွေ သိပ်ချစ်တယ် ။
ယင်းမာ ပုန်းညက် သရဖီ စတာတွေပေါ့ ။
ဒီအချိန်ဆို မြတ်လေးတွေလဲ စပေါ်နေပြီ ။

ကျမ တို့ စလေ မြို့ မှာတော့ တန်ဆောင်မုန်းလပြည့် နေ့ဆို ဘုံ ကထိန် တွေ ရပ်ကွက်အလိုက် ပျော်ပျော်ပါးပါး စည်စည် ကားကား။ ညဘက်မှာတော့ အရုပ်ကြီးတွေ ၊ ကျွဲသိုးအက တွေ ကပြီး ကာလသားတွေက အလှူခံကြပါတယ် ။
ည ၁၂ နာရီ ကျော်ရင်တော့ လှူချင်ရာ လေးတွေ ပံ့သကူ ပစ်ကြတယ် ၊ ကျမ တို့ ကလေးတွေ ကတော့ စိတ်ကူးယဉ်ပြီး ပစ္စည်းလေးတွေ ရွေး ပစ်ကြတယ် ။ လူကြီးတွေ ကတော့ ပိုက်ဆံ ဘဲ အိတ်လေးတွေ နဲ့ ထည့်ပြီးပစ်ကြတယ်လေ ။
လပြည့်ကျော် တရက် နေ့မနက်မှာတော့ ပံ့သကူ ကောက်ကြတယ် ။
မဲဇလီဖူး ခူးကြတယ်။ လပြည့် ညက နက္ခတ်စုံလို့ မဲဇလီ ပင်ပေါ်မှာ နတ်သဘင် အစည်းအဝေး လုပ်လို့ ဆေးပေါင်း ခ တယ်ဆိုပြီးပေါ့ ။ ပြီးရင် ကျမ တို့ ကလေးတွေ က အဖူးချွေ ကြ လူကြီးတွေ ကပြုတ်ကြ သုပ်ကြ နဲ့ စားလဲစား ဝေလဲဝေပေါ့ ။

ညနေ ပိုင်းမှာ နိဗန်ဈေး ကျွေးကြတယ် ။ အိမ်မှာ စားရပေမဲ့ တိုးဝှေ့ စားတာပါဘဲ ။

ညဘက်မှာတော့ သူခိုးကြီးများနေ့ပေါ့ ။ ကာလသားတွေ လပြည့်နေ့ က ကပြီး တောင်းထားတဲ့ ငွေ နဲ့ ကြက်ခိုးပြီး ဘူးသီးခိုးပြီး ကာလသားချက် ချက်စားကြတယ် ။ ပြီးရင် အိမ်တွေ က ပစ္စည်းတွေ ကို ဟို အိမ် ရွှေ့ ဒီအိမ်ရွှေ့ အပျော် လုပ်ကြတယ်။ မနက် ဆို အိမ် ခြံထဲ က ပစ္စည်းပျောက်တွေ လိုက်ရှာ ကြရတယ်။ ဓလေ့ ဆိုတော့လဲ စိတ်ဆိုးမနေကြပါဘူး ။

ဘာဘဲ ဖြစ်ဖြစ် ပျော်ကြတာပါဘဲ ။ ခုနေပြန်ရင်တော့ ဒီလိုပွဲမျိုးပျော်တတ်ပါတော့မလားမသိဘူး ။

ချောက် ဂျီတီအိုင် ကလဲ ကျမတို့ နှစ်တွေ တုန်းကတော့ ဘုံကထိန် အကြီးအကျယ်လုပ်ပါတယ် ။
ပဒေသာပင်တွေ ကို မြို့ထဲ ကို ကားနဲ့ လှည့် သင်တန်းအလိုက် အက တွေ ယိမ်းတွေ နဲ့ လှည့်ကြတာပါ ။

1993 ပညာသင်နှစ်မှာ ကျမ က မြို့ ပြ မိသားစု ကိုယ်စားပြု မင်းသမီး ပါ ။
မာမာအေးရဲ့ အလှူ့ ရှင် ၊ မြရင် ၊ အငြိမ့်မင်းသမီးများ ရီးစားထားတော့ ဆို တဲ့ သီချင်းတွေနဲ့ ကပါတယ် ။
အက သင်ပေးသူ ကတော့ ဦးစိုးလှိုင် (အခြောက် -ယခု ကွယ်လွန်ပြီး) ပါ ။ ကားပေါ်မှာ မြို့ ပတ်ပြီး ကရမှာတောင်မှ စောင် ကို ပတ်ခိုင်းပြီး ထမီ အနားခတ် တာကစ သေချာ သင်ပေးပါတယ် ။ ဒါပေမဲ့ ကျမ နာမည် ကြီးသွားတာကတော့ မျက်စပစ်တာပါ ။ သီချင်း က မျက်စပစ်ပြီး မေးထိုး ရတာများတာကိုး (ကိုယ် ကသိပ်ဝါသနာပါလို့ ဟုတ်ပါဘူး ..ဟိ)

ပထမ နှစ်မှာ အက ကောင်းတာ သုံးနှစ်လုံး လုံး မင်းသမီး ဆို တဲ့ နာမည် တွင် သွားပါတော့တယ် ။ ကြုံရင် အဲဒီ ဓါတ်ပုံလေးတွေ ပြချင်ပါသေးတယ် ။

P.S : ကျမ ကဘလော့ေ၇းတာမှာ အကြမ်းရေး ပြီးတော့ မှ စာစီပြီး အချော ရေးတာ မဟုတ်ပါဘူး ။ ရုံးမှာ စဉ်းစားရတာ စိတ်ထဲရှိတာလေးတွေ လက်တန်းရေးရင်း ဟိုတစ ဒီတစ အမှတ်ရတာလေးတွေ တင်တာပါ ။
ဓါတ်ပုံတွေလဲ ရိုက်ရတာ ကူးရတာ ပျင်းတော့ ဂူးဂယ်ကဘဲ အလွယ် ထုတ်ပြီး တင်ပါတယ် ။
ခုတော့ သက်ဝေ ၊ ခင်ဦးမေ ဘလော့များမှ တဆင့်ရော တခြားကရော လာလည်ကြ လို့ ၀မ်းသာ ကျေးဇူးတင်၇င်း ဒီထက် သပ်သပ်ရပ်ရပ်လေး ပုံ ဆိုလဲ ကိုယ်တိုင်ရိုက်တာလေးတွေ တင်ဘို့ ကြိုးစားဘို့ စိတ်ကူးနေပါတယ် ။

ဒီ ကဖြစ် ကညစ် ဘလော့ လေး ကို လာလည် ကြတာ ကျေးဇူးတင်ပါတယ် လို့ ပြော ရင်း မင်္ဂလာ ရှိသော တန်ဆောင်မုန်း လပြည့် နေ့ဖြစ်ပါစေ လို့ ။

Monday, November 7, 2011

အင်္ဂုလိမာလသုတ်

အင်္ဂုလိမာလသုတ်

၁။ ပရိတ္တံ ယံ ဘဏန္တဿ၊
နိသိန္နဋ္ဌာနဓောဝနံ။
ဥဒကမ္ပိ ၀ိနာသေတိ၊
သဗ္ဗမေ၀ ပရိဿယံ။

၂။သောတ္ထိနာ ဂဗ္ဘ၀ုဋ္ဌာနံ၊
ယဉ္စ သာဓေတိ တင်္ခဏေ။
ထေရဿင်္ဂုလိမာလဿ၊
လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။

၃။ ယတော ဟံ ဘဂိနိ အရိယာယ၊
ဇာတိယာ ဇာတော၊
နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ၊
ဇီဝိတာ ဝေါရောပေတာ၊
တေန သစ္စန သောတ္ထိ တေ၊
ဟောတု သောတ္ထိ ဂဗ္ဘဿ။

အင်္ဂုလိမာလသုတ္တံ နိဋ္ဌိတံ။

သားကောင်းမိခင်ဖြစ်ရေး အစွမ်းထက်ဂါထာ

http://www.mawluu.com/2009/12/blog-post_14.html

သားကောင်းမိခင်ဖြစ်ရေး အစွမ်းထက်ဂါထာ

ဗောဓိရာဇကုမာရ မင်းသားကို ပဋိသန္ဓေရှိစဉ် ဗောဓိရာဇာကုမာရ မင်းသား၏ မိခင် ရွတ်ဘတ်သရဇ္ဈာယ်သော ပါဠိတော်

ယော မေ အယံ ဘန္တေ၊ ကုစ္ဆိဂတော ကုမရကော ၀ါ၊ ကုမာရိကာ ၀ါ၊ သော ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ၊
ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ ဥပါသကံ တံ ဘဂ၀ါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။

ဘန္တေ-အရှင်ဘုရား၊ မေ-တပည့်တော်၏၊ ကုစ္ဆိဂတော-၀မ်း၌တည်သော၊ ယော အယံ ကုမာရကော ၀ါ-အကြင်သတို့သားသည်၎င်း၊ ယာ အယံ ကုမာရိကာ ၀ါ-အကြင်သတို့သမီးသည်၎င်း၊ အတ္ထိ-ရှိ၏၊ သော-ထိုပဋိသန္ဓေသားသည်၊ ဘဂ၀န္တံ-မြတ်စွာဘုရားကို၊ သရဏံ-ကိုးကွယ်ဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။
ဓမ္မဉ္စ-တရားတော်မြတ်ကိုလည်း၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။
ဘိက္ခုသံဃဉ္စ-ရဟန်းသံဃာကိုလည်း၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။ ဘဂ၀ါ-မြတ်စွာဘုရားသည်။ တံ-ထိုပဋိသန္ဓေသားကို၊ အဇ္ဇတဂ္ဂေ-ယနေ့မှစ၍၊ ပါဏုပေတံ-အသက်ထက်ဆုံး၊ သရဏံ-ဆည်းကပ်ခြင်းသို့၊ ဂတံ-ရောက်သော၊ ဥပါသကံ-ရတနာသုံးပါး ဆည်းကပ်တတ်သူဟူ၍၊ ဓာရေတု-မှတ်တော်မူပါဘုရား။

( သားကောင်းမိခင် ဖြစ်လိုသော်)
ဂေါတမရှင်တော်မြတ်ဘုရား သက်တော်ထင်ရှားရှိစဉ် ဗောဓိရာဇကုမာရ မင်းသားသည် သရဏဂုံသုံးပါးကို ဆောက်တည်ခြင်းမရှိကြောင်း သတင်းဖြစ်ပွားသည်။ ထိုအခါ ဗောဓိရာဇကုမာရ မင်းသားက မိမိသရဏဂုံ ဆောက်တည်ပြီးဖြစ်၍ ထပ်မံဆောက်တည်ရန် မလိုကြောင်း မိမိ၏မိခင်သည် မိမိအား ပဋိသန္ဓေရှိနေစဉ်ကပင် အောက်ပါပါဠိတော်အတိုင်း မြတ်စွာဘုရားထံမှောက်နှင့် သာဝကသံဃာတော်များထံမှောက်သို့ သရဏဂုံ ဆောက်တည်ပေးခဲ့ကြောင်း ပြောကြားသည်။ ဤစကားသည် ဟုတ်မှန်ကြောင်းကို ရှင်တော်မြတ်ဘုရားက မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော် ဗောဓိရာဇကုမာရ သုတ်တော်တွင် ဟောကြားတော်မူခဲ့သည်။ ဗောဓိရာဇကုမာရ မင်းသားသည်လည်း အန္တရာယ်ကင်းစွာဖြင့် အသက်တရာ့နှစ်ဆယ် ရှည်ခဲ့သည်။
(ဆဋ္ဌမူ စာမျက်နှာ ၂၇၇-ဗောဓိရာဇကုမာရသုတ် နံပါတ်-၅)

သားကောင်းမိခင်ဖြစ်လိုသော် အထက်ပါ ပါဠိတော်များကို မိခင်လောင်းများသည် ယုံကြည်စွာ ရွတ်ဖတ် သရဇ္ဈာယ်ကြပါကုန်။ ဆရာတော် တွေ့ရသည့် သာဓကတခုမှာ ရဟန်းဒါယိကာမ တဦးတွင် သားယောက်ျား ကိုးယောက် ဖွားမြင်ခဲ့ရာ ဤပါဠိတော် မရမီက သားဦးသုံးယောက် ပျက်စီးခဲ့ပါသည်။ ထိုပါဠိတော်ကို ရွတ်ဖတ်ရာ စတုတ္ထသားမှစ၍ သားခြောက်ယောက်လုံး ကျန်းမာ သက်ရှည်ကြပါသည်။ ရတနာသုံးပါး၊ ဆရာ မိဘတို့၏ ဂုဏ်ကျေးဇူးကို ယုံကြည်၍ ရိုသေကိုင်းညွတ်သူများ ဖြစ်လာကြပါသည်။

(ဤဂါထာကို ယုံကြည်စွာရွတ်ဆိုပါက သားကောင်းမိခင် ဖြစ်ရုံသာမက မီးဖွားရာတွင်လည်း ဘေးအန္တရာယ်မရှိ၊ လွယ်ကူ ချောမောစွာ ဖွားမြင်နိုင်ကြောင်း သားသည်မိခင်များက မိမိတို့၏ ကိုယ်တွေ့ကို တင်ပြလျှောက်ထားကြပါသည်။)

(ဘဒ္ဒန္တ ဣန္ဒကသာမိ)
Posted by: mingala at 14.12.09
Labels: အစွမ်းထက် ဂါထာ

7th Years !




ကိုဦး ..........

တို့ရဲ့ မင်္ဂလာ သက်တမ်း ခုနှစ်နှစ်မြောက်ခဲ့ပြီ နော် ။
ခုနှစ်နှစ် ဆိုတာ လက်ချိုးရေ ရင် လက်နှစ်ဘက်မပြည့်တတ်သေးပေမဲ့ တွေ့ကြုံခဲ့ရတဲ့ ဘ၀ ရဲ့ ဒဏ်တွေကတော့ အချိန် နဲ့ မလိုက်အောင်ပါဘဲ ။
ဘယ်လိုဘဲ မုန်တိုင်းထန်ထန် တို့ ကတော့ လက်ကိုတွဲ ခိုင်ခိုင်ဆုပ်ပြီး ရပ်တည်ခဲ့ကြတယ် ။
ခုတော့ လေပြည်လေးတွေ သာစပြုလာပါပြီ ကိုဦးရေ ။
အာရုံ တက်ပြီး နေခြည်ဖြာ လာချိန်မှာ တို့ နှင့်အတူ ချစ်စရာ သမီးလေး တယောက်လဲ ရှိနေပြီ ။
ပူအမျှ ခဲ့ သလို အေးလဲ အတူရှိကြမယ်လေ။
လောကဓံ က ဘယ်လိုဘဲ ထန်ထန် အနားမှာ မားမားမတ်မတ် ရပ်ပေးခဲ့ တဲ့ အတွက် ကျေးဇူးပါ လို့ ဆိုရင် တစိမ်း ဆန် တယ်လို့များ ပြောဦးမှာ လား ။

Friday, November 4, 2011

သမီးလေး ရေ

သမီးလေးရေ ... မေမေ ငယ်ငယ်တုန်းကဆို သမီးဖွားဖွား ကို ညဘက်ဆို အူဝဲ ငယ်ငယ်လေးတုန်းက အကြောင်းပြောပါလို့ ခဏ ခဏ တောင်းဆိုတယ်တဲ့ ။ အဲလိုဆို ဖွားဖွား က မေမေ့ ကို ဖက်ပြီး မေမေ ငယ်တုန်းက ဘယ်လို ချစ်စရာ ကောင်းတာ ဘာညာ ဆို ပြောရင်း မေမေ့ ကို သိပ်ရတယ်တဲ့ ။ မေမေ ကလဲ ချစ်တဲ့ သူ က ကိုယ့် ကို ချစ်တဲ့ အကြောင်းတွေ ပြောတာဆိုတော့ ကျေကျေနပ်နပ် ကြီး နားထောင်ရင်း အိပ်ပျော် သွားတာပေါ့ ။ မေမေ အိပ်ပျော် နေချိန်မှာ ပြုံးပြုံး ကြီး ဖြစ်နေမှာ မြင်ယောင်ပါသေးတယ်ကွယ် ။

ခုလဲ မေမေ က သမီးလေး ကို မေမေ့ ဘိုက်ကြီးထဲ မှာ တုန်းက အကြောင်းနဲ့ အူဝဲ တုန်းက အကြောင်းတွေ ပြောပြချင်ပါရဲ့ ကွယ် ။

သမီး လေး ဘိုက်ထဲ မှာ တုန်း က ထူးထူးခြားခြား စားချင်တာတွေ ကတော့ ပေါင်မုန့် မီးကင် ချိစ် ညှပ်တာရယ် ၊ ကြက်သားကြော် (သူများစားတဲ့ အနံ့ ရရင်တောင် မေမေ သားရေ ကျပါတယ် )၊ ပန်းသီး အဲ ပြီးတော့ နာနတ်သီး (စ လုံးက လူတွေ က နာနတ်သီးမစားရဘူး ဆို လို့ မေမေစားချင်ရက်နဲ့ မစားခဲ့ရဘူး )၊ ဘူးညွန့် ၊ ဖရုံညွန့် ၊ ပိန်းဥ ဟင်း ၊ ဖီးကြမ်း ငှက်ပျောသီး စတာတွေပေါ့ ။
ကြည့်ပါဦး ချဉ်တာဆို ဘာမှ မပါဘူးနော် ဒါကြောင့် မေမေ က သားလေးလို့ ထင်ခဲ့တယ် ။

ဒါပေမဲ့ မေမေ လှ ချင် ၊ဓါတ်ပုံ ရိုက်ချင် ၊ ခ၇ီးသွားချင် ၊ အပြင် ဆိုင်တွေ မှာ စားချင် စတဲ့ ချင် ချင် ချင် ဆိုတဲ့ ချဉ်ချင်းတွေများတယ် ။
အရောင် ဆို တသက်လုံးမကြိုက်တဲ့ ပန်းရောင် ပန်းခရမ်းရောင် တွေ ကို ၀တ်ချင်လာတယ် ၊ မွှေးတဲ့ အနံ့ (အ၇င်က ရေမွှေးမကြိုက်ပါ) တွေ နောက် ပန်း ဆို အရင် မေမေ က ခရေ ပန်းသိပ်ကြိုက်တာကို မကြိုက်တော့ဘဲ လီလီပန်း၊ စကားဖြူ ပန်း စတဲ့ ဖြူ ပြီး စူးစူးရှရှ မွှေးတဲ့ ပန်း တွေ ကို ကြိုက်လာတယ် ။
တော်တော် ထူးခြားတဲ့ပြောင်းလဲမှူဘဲနော် ။ သမီး က မေမေ့ ကိုတော်တော် လွှမ်းမိုး ခဲ့တယ်နော် ။

မေမေ ကတော့ သမီးလေး ကို ကျန်းမာပြီး အသက်ရှည်အောင်ရယ် ရတနာ သုံးပါး ကို အထူး ယုံကြည် ကိုးကွယ်တဲ့ သူ ဖြစ်ပါစေကြောင်း အချိန်၇တိုင်း ဆုတောင်းနေခဲ့ပါတယ် ။
သမီး ဖေဖေ ကလဲ ဆုတောင်းတွေ ပြည့်အောင် ဆိုပြီး ငါးပါးသီလ ကို လုံအောင် တတ်နိုင်သမျှ ကျိုးစားခဲ့တယ် ။ ပွဲလမ်းရှိလို့ ဘီယာတောင် မသောက်ခဲ့ပါဘူး ။
မေမေ ကတော့ အထူးသဖြင့် ပါဏာတိ ပါတံ သူ့ အသက်ကို သတ်ခြင်းဆိုတာ ကို သမီးလေး အသက်၇ှည် အနာ မဲ့စေဘို့ ရည်မှန်းပြီးစောင့်ထိန်းခဲ့ပါတယ် ။

အော် ဒါနဲ့ ကလေး လိုချင်လို့ ဆို ပြီး တော်တော် နဲ့ မရခဲ့တော့ သုံးဆယ် ဆရာတော်ကြီး က ဗိုလ်တထောင် ဘုရား ဆံတော်တွင်းမှာ ဘုရားပွဲနဲ့ သွားဆုတောင်းခိုင်း လို့ မေမေ ရယ် ဖွားဖွား နဲ့ အတူ သွားပြီး ဆုတောင်းခဲ့ တယ် ကွဲ့ ။ ဆရာတော် ဘုရားကြီး သင်ပေးတော်မူတဲ့ အတိုင်း ဘုန်းကြီးပြီး အသက်ရှည် ကျန်းမာ ခြေ လက်အင်္ဂါ စုံလင်သော ကလေး လေး ရပါစေလို့ ဆုတောင်း ခဲ့တာပေါ့ ။
ဖွားဖွား ကလဲလေ ငှက် ပျော ငါးဖီး ကို အပြစ်အနာ မပါအောင် ဆို ပြီး ရွေး လိုက်တာ ဟို အခိုင် ခုတ် ဒိအခိုင် ခုတ်နဲ့ တော်တော် သဘောကောင်းတဲ့ ဆိုင် ဆိုပြီး မေမေ့ မှာ ကျေးဇူးတင် အားနာနေမိတယ် ။

သမီး ဟာ မေမေ့ ဘိုက်ထဲ မှာ ရှိတဲ့ အချိန်ဟာ မေမေ အတွက် ကံကောင်းနေတဲ့ အချိန်လို့ ပြောရမယ် ၊ စားချင်တာလေးစား ပြီး အပူအပင် နည်း သောကနည်း ဘ၀ လေးပါ ။ အလုပ်အသစ်ပြောင်းတယ် ဆိုပေမဲ့ အလုပ်အသစ်ကြောင့်ရယ်လို့ ဘာသောက မှ မရှိခဲ့ ရဘူး ။အလုပ်အသစ်မှာ နေရာ သွားလာမှူ၊ မိတ်သစ်ဆွေသစ် အလုပ်သစ်မှာ မေမေ ဟာ အမြန် နေသားကျခဲ့ပါတယ် ။ ပိတ်ရက်မှာ လဲ ဘာ အိမ်စာ မှ မပါတာကြောင့် သက်သက်သာသာ နားနားနေနေ ပေါ့ အဲ မလေးရှားတောင် ၂ ခေါက် သွားခဲ့သေးတယ် ။ ခရစ်စမတ်မှာ မေမေ တို့ ရုံးအဖွဲ့ အင်ဒိုနီးရှား ဘာလီ ကျွန်းကို သွားလည်ကြသေးတယ် ။ မေမေ ကိုေ စာင့်ရှောက်ဘို့ ဆို ပြီး သမီးဖေဖေ ကိုပါ ခေါ်ခွင့်ပြုခဲ့ပါတယ်။

ဒီကြားထဲ မှာ အချိန် တန် လို့ ဆေးခန်းမှာ သွားစစ်တာ ကလွဲ ရင် ကိုယ်ဝန်ဆောင်တွေ ခံစားရတတ်တဲ့ နေရထိုင်ရခက်တာ ၀မ်းချုပ်တာ ခြေထောက် ရောင်တာ စတာတွေ ကို သိသိသာသာ ဘာမှ မခံစားခဲ့ရပါဘူး ။ သမီးလေးဟာ ဗိုက်ထဲမှာ ကတဲက မေမေ့ အပေါ်ကောင်းလိုက်တာ ။

ဖေဖေ က သမီးကို ဒီမှာ မွေးစေချင်ပေမဲ့ မေမေ ကတော့ ပြန်ပြီးမွေးချင်တယ် ။ မေမေ ဒီမှာ မွေးဘို့ အတွက် ဖွားဖွားကို ခေါ်မယ်ဆို ရင် သူတို့ မှာ ဒီလိုက် ဘို့ ဆန္ဒ ၇ှိမရှိ ၊ ရှိခဲ့ ရင်တောင်မှ တခြားစီစဉ် စရာတွေ ကို လဲ စီစဉ်ချင်သေးတယ်။ ပြီးတော့ ဒီအချိန်ဘဲ ခွင့် ကြာကြာ ရတာဆိုတော့ မေမေ က ဟိုမှာ ကြာကြာ နေခွင့်ရမဲ့ အချိန်လေးကို မှန်းဆပြီး စားချင်တာ စားရမယ် ၊ တွေ့ချင်တဲ့ သူတွေနဲ့ တွေ့ ဘို့ အချိန် ရမယ် ဆိုပြီး ပြန်မွေးဘို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ဖေဖော်ဝါရီ ၂၀ သမီးလေး ၃၅ ပတ်မှာ မေမေ ပြန်ပါတယ် ။

တကယ်တော့ မေမေ မျှော်လင့်ထား သလိုတော့ မဟုတ်ခဲ့ဘူး ။ ဟိုမှာ သမီးရဲ့ ဘေးမကြီး ဖွားဖွားသက် လေဖြတ်ပြီးဆေးရုံတက်နေလို့ အာရှတော်ဝင်မှာ နေ့တိုင်းဆေးရုံစောင့် သွားရတယ်။ မေမေ ပြန်ရောက်ပြီး ၁၀ ရက်လောက်ကြာ တဲ့ အထိ ဆရာ ၀န်နဲ့ မပြရသေးဘူး ။ ဘယ်ဆရာဝန် နဲ့ ပြမယ် ဘယ်မှာေ မွးမယ်ဆို တာ ကို မသိသေးဘူးရယ် ။ ဂျူးဒိတ်ကလဲ မတ်လ ၂၇ ဆိုတော့ဝေးသေးတာကို .. ဖေဖေ ကတော့ သူဖုန်းဆက်တိုင်း မေမေ က မရေမရာ ဆိုတော့ စိတ်တွေပူနေတယ် ။

သွားစား ဘို့ အဖော် မ၇ှိတာ ရော အစားအတွက် တကူးတက တက်ဆီ ငှားပြီး အပြင်ထွက်ရမှာ ပျင်းတာရော ကြောင့် ဘာမှ သွားမစားဖြစ်ပါဘူး ။ သူငယ်ချင်းတွေကလဲ အလုပ်တဘက်နဲ့ ဆိုတော့ တွေ့ ဘို့မလွယ်ဘူးလေ ။ သူငယ်ချင်းတယောက်ကို ရုပ်ရှင်ကြည့်ဘို့ အဖေါ်စပ်တော့ သူက မေမေ့ ကို ဒိအရွယ်ထိ ရုပ်ရှင် ကြည့်ချင်တာ နားမလည်ဘူးတဲ့ ..သူဆို ရုပ်ရှင်ကြည့်ဘို့ မတွေးတာကြာပြီတဲ့ ။ မေမေလဲ စိတ်အတော်လေသွားတယ် ။

ဒိလို နဲ့ သမီး ကို မတ်လ ၁၈ ရက် ညနေ ၃ နာ၇ီ ၁၀ မိနစ်မှာ ခွဲမွေး ဘို့ စီစဉ်ခဲ့တယ် ။ သမီးဖေဖေ လဲ ပြန်လာမယ်လေ ။
ဖေဖေ က မေမေ့ ကို စိတ်မချတော့ ဆေးရုံတက်တဲ့အချိန်မှာ လိုတာတွေ ၇ှိမှာ လဲ စိတ်ပူတယ် ။
မေမေ ကတော့ ဖေဖေ ပြန်လာတဲ့ ရက် မမွေးခင် စားချင်တာ စားရတော့မယ် သါားချင်တာ သွား၇တော့မယ်ဆိုပြိးပျော်နေတယ် ။
ဖေဖေ လာတော့မှ ရုပ်ရှင်ကို တော်ဝင်စင်တာ မှာ ဖေဖေ ကြိုက်တဲ့ မိုးယုစံကား သွားကြည့်ခဲ့တယ်။

SSC women's Centre မှာ အခန်း ဘွတ်ကင်သွားလုပ်တော့ နှာမစီးအောင် ချောင်းမဆိုးအောင် ဂရုစိုက်ဘို့ နဲ့ အချိန်မတိုင်ခင် မမွေးအောင် လမ်းအများကြိးမလျှောက်ဘို့ ရော တခြားလိုအပ်မဲ့ အသေးစိတ်ရော မှာပါတယ် ။ အခန်းဈေးနှူန်းတွေ ဘာတွေ လဲ သေချာ၇ှင်းပြလို့ မေမေ ကတော့ အတော်သဘောကျလာပါတယ် ။

ရောက် ကတဲ က သမီးအတွက် မေမေ့အတွက် အကူတယောက်၇ှာတာ မရဘဲ နီးမှ ကပ်ရပါတယ် ။ ယဉ်ယဉ်ကျေးကျေး ချစ်စရာလေး မို့ မေမေ ကတော့ ၀မ်းသာ လို့ သူက လဲ မေမေ့ကိုရော သမီးလေးကို ရော ဂရု စိုက်တာမို့ ကျေးဇူးတင်ရပါတယ် ။ သမီးလေး ဟာ လိုအပ်တာ သူ့ အချိန် နဲ့ သူ အဆင်ပြေ လာတာမို့  ကံကောင်းတယ် လို့ မေမေ ကထင်ပါတယ် ။

မတ်လ ၁၈ ရက် သောကြာ နေ့ နေ့လည်မှ မွေးမှာ မို့ အဲဒီနေ့ မနက်မှ ဆေးရုံတက်ရပါတယ် ။ မနက် ၈ နာ၇ီနောက်ပိုင်း စားခွင့်မပြုတော့ပါဘူး ။ မေမေ လဲ ဆာမှာ စိုးလို့ ၆နာ၇ီထဲ က တခုပြီးတခု စားပါတယ် ။
ဆေးရုံ ပြူတင်းပေါက်ကနေ ရွှေတိဂုံ ဘုရားကြီးကို ဖူးမျှော်ရလို့ မေမေ လဲ ပရိတ် ပဌာန်း နဲ့ မဟာ သရဏဂုံတော်ကြီး ကို ပူဇော် လိုက်တာ အချိန် အတော်ကြာသွားပါတယ် ။ အာခေါင်တွေ ခြောက်လာပေမဲ့ ရေလဲ မသောက်ရတော့ပါဘူး ။
သမီး ကို မွေးတဲ့ အချိန် မှာ ၃ နာရီ ၁၀ မိနစ် ကလေးထွက်လို့ ပြောထားတာ ၃နာ၇ီ ၃ မိနစ်မှာ အဆင်သင့် ဖြစ်နေပါပြီ ။ မေမေလဲ အသဲယားတာနဲ့ ၇ မိနစ်နဲ့ ကိတ်စမရှိဘူးဆိုတော့ ဒေါက်တာ က ညီးကကိတ်စမ၇ှိပေမဲ့ ညီးယောကျားနဲ့ အမေ ကရှိတယ်ဆိုပြီး ၁၀ မိနစ်မှ ထုတ်ပါတယ် ။
၂၀၁၁ မတ်လ သောကြာ နေ့ နေ့လည် ၃ နာရီ ၁၀ မိနစ်မှာ မွေးတဲ့ သမီးလေး မွေးမွေးချင်း ငိုပါတယ် ။ အသံ က အူဝဲ လို့ မထွက်ဘဲ အငဲ ~~အငဲ့ ရယ်လို့ထွက်ပါတယ် ။
သမီးလေး ကို သန့်စင် ကလေးကောက်တဲ့ ဆရာဝန် က စစ်ပြီးချိန်ထိ မေမေ့ ကို ပြန်ချုပ်လို့ မပြိးသေးတော့ ချီပြီးလာပြပါတယ် ။


သမီးလေးကို ကြည့်တော့ မျက်လုံးလေးဖွင့်ပြီး ကလည်ကလည်နဲ့ ဆိုတော့ သားလေးမွေးတုန်းက နေ့တ၀က်လောက်ထိ မျက်စိမပွင့်သေးတာကို အမှတ်ရပြီး ဟင် ကလေးက မျက်စိ အပွင့်သားပါလားလို့ လန့်မေးမိတယ် ။ ဖျတ်ဆို သားလေး ကို သတိရသွားပြီး ၀မ်းနည်းစိတ်ကို စိတ်ကို တင်းပြီးဖျောက်ပစ်၇တယ် ။
အားလုံး ချုပ်ပြီး ခွဲခန်း ကမထွက်ခင်မှာ သမီးလေးကို ဘေးမှာ ချပြီး နို့တပ်ပေးပါတယ် ။ ချက်ချင်းဘဲ သမီးက နို့ ကို စို့ပါတယ် ။အံ့သြော စရာပါ ။ သားလေး တုန်းကဆို အတော်ကြာ ထိ မစို့တတ်လို့ ဇွန်းလေးရှာ ပြီး အစက်ချပေးရတာပါ ။ ခုတခါတော့ မရှာ ရအောင် ဇွန်းကိုတခါထဲ ယူလာတာ သူ ကတန်းပြီးစို့တတ်နေတော့ ကလေး နှစ်ယောက်ရဲ့ ကွာခြားချက်တွေ ကို သတိထားမိပါတယ် ။



ခွဲခန်းက ထွက်လာပြီဆိုတော့ ဘီလ် စာရွက်က ရောက်လာပါတယ် ။ ဆင်းတဲ့နေ့ မှ ဆောင် ရင်လဲ ရပါတယ် ။

သမီးလေး ဆေးရုံမှာ တုန်းက သူ့အဖေ မပြန်ခင် အမှတ်တရ ရိုက်ထားတဲ့ ဓါတ်ပုံတွေပါ။
ရိုက်ထားတဲ့ ပုံတွေ အများကြီးပါဘဲ ။ လှတဲ့ ပုံလေးတွေ ရွေးတင်မယ်ဆိုတော့ မေမေ့ အတွက် အားလုံးက ချစ်စရာ ကောင်းနေလို့ ရွေးရခက်တာနဲ့ .........




အိမ်ရောက်ပြီ ဆိုတော့ ခြင်မကိုက်အောင် အန်တီ Ambar ပေးထားတဲံ အိပ်ယာလေးနဲ့သိပ်တယ် ။ ညဘက်တော့ မေမေ နဲ့ ဖက်အိပ်တာပေါ့ ။



သမီးလေး ၁၉ ရက်သား ကပုံ ပါ ။



သမီးလေး တလ ပြည့် ပုံပါ ။



သမီးလေး နှစ်လ ပြည့် ရွှေတိဂုံ ဘုရားပေါ်မှာ ။ အဲဒီအချိန် မေမေတို့ သမီးလေး တို့ ကို ခေါ်ဘို့ ဖေဖေ လဲ ပြန်ရောက်နေပြီ ။



မရေး ဖြစ် မရေးဖြစ် နဲ့ေ၇းမဲ့ေ၇းတော့လဲ အရှည်ကြီးရယ် ။
သမီးလေး ဖတ်၇တာ ငြီးမသွား ဘဲ ပြီးအောင် ဖတ်ပါစေ လို့ ......