[X] Choose Font Here

Tuesday, October 30, 2012

ဝိနယသုသိက္ခိတ မင်္ဂလာ

၂၀၁၂ အောက်တိုဘာလ ၃၀ ရက် အင်္ဂါနေ့၊
၁၃ရ၄ သီတင်းကျွတ်လပြည့်  (ဥပုသ်နေ့)






ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့


(၈) ၀ိနယသုသိက္ခိတ မင်္ဂလာ
ဝတ်စားတန်ဆာ ယဉ်ကျေးစွာ မှန်စွာဝတ်ရမှာ

          အ၀တ်တန်ဆာ ယဉ်ယဉ်ကျေးကျေး ၀တ်ဆင်တာ ၀ိနယသုသိက္ခိတ မင်္ဂလာပဲ။

          ရိုးရိုးသားသား ၀တ်ဆင်ရင် ခေတ်မမီဘူးလို့ ပြောကြတယ်။ ယခုခေတ်ကို မမီပေမဲ့ ရှေးသူတော်ကောင်းတွေရဲ့ ခေတ်ကိုတော့ မီတာပါပဲ။ လူတစ်ယောက်ရဲ့ ၀တ်စားဆင်ယင်လာတာကိုကြည့်ပြီး မြင်ရတဲ့သူတွေမှာ ကိလေသာ တိုးပွားနေတာကို ခေတ်မီတယ်လို့ ပြောမှာလား ။

         ရိုးရိုးသားသား ၀တ်ဆင်ရင် လူကြီးလူကောင်းတွေက ချီးမွမ်းမယ် ၊  ချီးမွမ်းခံရတာကို  ခေတ်မမီဘူးပြောမှာလား။

          ဆန်းဆန်းပြားပြားဝတ်ဆင်ရင် ကဲ့ရဲ့ခံရပေမဲ့ ရိုးရိုးသားသား ၀တ်ဆင်ရင် ချီးမွမ်းခံရမှာ အသေအချာပဲ။

          ခေတ်အဆက်ဆက်ရှိပေမဲ့ ရှေးသူတော် ခေတ်သာ အမြတ်ဆုံးပါ ။ မြင်ရသူလဲ ကုသိုလ်ဖြစ် ၊ ကြားရသူလဲ ကုသိုလ်ဖြစ်တာ ရှေးသူတော်ခေတ်ပဲ။

          အ၀တ်တန်ဆာက စိတ်မရှိပေမဲ့ ၀တ်ဆင်လာသူရဲ့ စိတ်နေသဘောထားကို ဖော်ထုတ်ပေးစမြဲပါပဲ။ အ၀တ်တန်ဆာ ယဉ်ကျေးရင် ၀တ်ဆင်သူရဲ့ စိတ်ထားလဲ ယဉ်ကျေးမှာပဲ။ အ၀တ်တန်ဆာတင်မဟုတ်ဘူး ။ အပြောအဆို ချိုသာယဉ်ကျေး ရင် ဒီပုဂ္ဂိုလ်ရဲ့ စိတ်ထားယဉ်ကျေးမှာပဲ၊ သုစရိုက်မှူတွေ ပြုလုပ်ဆောင်ရွက်နေရင် ဒီပုဂ္ဂိုလ်ရဲ့ စိတ်နေစိတ်ထားလဲ ရိုင်းစိုင်းမှာ မဟုတ်ဘူး။

          အပြောအဆို အလုပ်အကိုင်တွေကလည်း ယဉ်ကျေးမှူကို ဖော်ထုတ်ပေးတာရှိတယ်။

          ဗုဒ္ဓဘာသာဝင်တိုင်း ချီးမွမ်းမခံရချင်နေ ၊ ကဲ့ရဲ့ မခံရအောင် အ၀တ်တန်ဆာ ယဉ်ကျေးစွာ ၀တ်ဆင်ပြီး မင်္ဂလာယူကြပါ ။

Tuesday, October 23, 2012

သိပ္ပ မင်္ဂလာ

၂၀၁၂ အောက်တိုဘာလ ၂၃ ရက် အင်္ဂါနေ့၊
၁၃ရ၄ သီတင်းကျွတ်လဆန်း ၈ ရက်  (ဥပုသ်နေ့)





ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့


(၈) သိပ္ပ မင်္ဂလာ
လက်မှူ ပညာ မြတ်နိုးစွာ သူငါသင်ကြားပါ

          လောကီစီးပွား ရှာဖွေနိုင်ဖို့ရာ လက်မှူပညာ တစ်ခုခု သင်ကြားတတ်မြောက်ထားတာ သိပ္ပ မင်္ဂလာပဲ။ 
 
         အတန်းစာ မသင်ရလို့ ဘွဲ့ထူး ဂုဏ်ထူးပညာဆုံးရှူံးရင် လက်မှူပညာတစ်ခုတော့ကြိုးစားသင်ယူပါ ။ လက်မှူပညာတတ်မြောက်တာလည်း မင်္ဂလာတစ်ပါးပါပဲ ။

         ပညာတတ်လို့ အထက်တန်းရောက်နေပေမဲ့ စိတ်နေ စိတ်ထား  အောက်တန်းကျရင်လည်း အောက်တန်းစားပုဂ္ဂိုလ် ဖြစ်မှာပဲ ။ ဘွဲ့ထူးဂုဏ်ထူးပညာမတတ်လို့ လက်မှူပညာ လေးနဲ့ စီးပွားရှာပြီး စိတ်ကောင်းမွေးနေရင်လည်း အထက်တန်းစားပုဂ္ဂိုလ်ပါပဲ ။

         အတတ်ပညာဆိုပေမဲ့ ချိန်ခွင်အလေးခိုးတဲ့ အတတ်ပညာ၊ ပိတ်စခိုးတတ်တဲ့ အတတ်ပညာ၊  ပြည်တောင်း တင်းတောင်း ခိုးတဲ့ ပညာတွေဟာ (မိစ္ဆာဇီဝပညာ) အသက်မွေးမှူ (စီးပွားရှာမှူ) မမှန်ကန်တဲ့ ပညာတွေပဲ၊ ဒီပညာတွေ မသင်ယူနဲ့။

        အဟောင်းကို အသစ်ထင်အောင် ပြုလုပ်ရောင်းတဲ့ ပညာ (၀ဉ္စနာပညာ) ၀ယ်ယူသူကို လှည့်စားတဲ့ ပညာတွေပဲ ၊ ဒီပညာတွေ ကို အတုမယူနဲ့  ငရုတ်သီးခြောက်၊ မီးသွေး ၊ အလေး တိုးအောင် ရေဆွတ်ရောင်းတာ ၊ ဆန်ကောင်းထဲ ဆန်ကွဲထည့်ေ၇ာင်းတာ ၊ ဒါတွေဟာ မဖြူစင်တဲ့ စီးပွားရှာမှူပဲ ။

        တဲကုတ်နဲ့နေ ပဲပြုတ်ကိုစား အင်္ကျီလုံခြည်စုတ်နဲ့ သွားလာနေရလို့ လူတကာ အထင်သေးခံရတဲ့ လောကဓံ ဒါဏ်ကို သည်းခံရမယ် ။ ကိုယ်တတ်တဲ့ လက်မှူပညာလေးနဲ့ ( သမ္မာအာဇီဝ) ကောင်းစွာ အသက်မွေးမြူ စီးပွားရှာပြီး နေထိုင်ရမယ်။

         မိမိကိုယ်ကို စိတ်နေစိတ်ထား ဖြူစင်အောင် မွေးမြူရမယ်၊ အတန်းပညာမတတ်ရင် ကိုယ်တတ်တဲ့ လက်မှူပညာလေးနဲ့ ရိုးရိုးသားသားစီးပွားရှာ၊ သူတော်ကောင်းစိတ်မွေးပြီး အထက်တန်းစား ပုဂ္ဂိုလ်ဖြစ်အောင် နေထိုင်ကြပါလေ ။

Monday, October 15, 2012

ဗာဟုဿစ္စ မင်္ဂလာ

၂၀၁၂ အောက်တိုဘာလ ၁၅ ရက် တနင်္လာနေ့၊
၁၃ရ၄ တော်သလင်းလကွယ်နေ့  (ဥပုသ်နေ့)




ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့


() ဗာဟုဿစ္စ မင်္ဂလ
ကြားမြင်များလေ လိမ်ညာတွေ မသွေကင်းဝေးမှာ

          လောကီလောကုတ် အကြားအမြင်များတာ ဗာဟုဿစ္စ မင်္ဂလာပဲ ။အကြားများအောင် ဆရာ ဆရာမတွေအနေနဲ့ ဘုရားဟောကြားတဲ့ ၀တ္ထုသာဓကတွေထဲက သင့်လျော်တဲ့ ၀တ္ထုကိုရွေးချယ်ပြီး ကျောင်းသူကျောင်းသားတွေကို ဆုံးမရမယ်။ 
အမြင်များအောင် လောကီအတန်းပညာတွေ သင်ကြားပေးရမယ်။

           တပည့်တွေ အနေနဲ့လည်း ကိုယ်ကိုယ်တိုင် ဓမ္မစာပေတွေ ဖတ်ရမယ်။ အတန်းပညာလည်း ကြိုးစားသင်ကြားရမယ်။ ဒါမှသာ အလိမ်အညာ မခံရမှာ။

          "ဘာမှန်း မသိတော့ ၊ ညာမှန်းမသိဘူး " ဆိုတဲ့ ဆိုရိုးစကားတစ်ခုရှိတယ်။ တချို့ ဘိုးတော်၊ မယ်တော်၊ နတ်ကတော် တွေ လိမ်နေတာရှိတယ် ။ ဗေဒင်ဆရာ ဓါတ်ဆရာတွေ ဘာသာရေး ယောင်ဝါးခေါင်းဆောင်တွေ လိမ်နေတာလည်းရှိတာပဲ။

          လူသားတိုင်း လောဘ ဦးစီးနေကြတာ ဆိုတော့ ကြီးပွားချင်ကြ ၊ ချမ်းသာချင်ကြတယ်။ မိမိ မှာ အကားအမြင်နည်းတော့ သူတို့ပောတာ  ယုံကြည်ကြတယ်။
          နတ်ပွဲ က ရင်  ကြီးပွားမယ် ဆိုတော့ ကကြတာပဲ။ ဒီဖယောင်းတိုင်ထွန်း ကြီးပွားမယ်ပြော ထွန်းကြတာပဲ ။ ဒီယတြာချေရင် ကြီးပွားမယ်ပြော ချေကြတာပဲ ။ ဒီအဆောင်လေး ဆောင်ထားရင် ကြီးပွားမယ်ပော ဆောင်ကြတာပဲ။

          အမှန်တရား  မသိတဲ့ ၊ အသိဥာဏ် ကင်းမဲ့သူတွေက သူတို့ခိုင်းသမျှ လုပ်ကြတယ်။ လက်တွေ့ကြီးပွားသွားတာက သူတို့ပဲ ကိုယ်မဟုတ်ဘူး။

          တချို့သော ဘာသာရေး ခေါင်းဆောင်တွေက ဘုရားဟောတရား ပယ်ရှားပြီး ဒီဘုရားကို ကိုးကွယ်ကြ ဘုရားကိုးကွယ်ရင်  ရာထူးတက်မယ် စီးပွားတက်မယ် လို့ ပြောဆိုစည်းရုံး လိမ်ညာနေကြတယ်။ ကြီးပွားချင် ချမ်းသာချင်တဲ့ လောဘဦးစီးလေ ဒလူကို လိမ်လို့ကောင်းလေပဲ။

          ယခုအခါမှာ ငယ်ရွယ်သူတွေကို ပညာရေး အောင်မြင်အောင်လုပ်ပေးမယ်လို့ ပြောဆို စည်းရုံးလိမ်ညာရင် လွယ်ကူတယ် ။ လူလတ်ပိုင်းတွေကို စီးပွားတက်အောင် ရာထူးတိုးအောင် လုပ်ပေးမယ်လို့ ပြောဆိုစည်းရုံး လိမ်ညာရင် လွယ်ကူတယ် ။ လူကြီးပိုင်းတွေကို မဂ်ဖိုလ် တကယ်မရရှိဘဲနဲ့ ဒတရားကို အားထုတ်ရင် မဂ်ဖိုလ်ရမယ် ။ သောတာပန်စ်ြမယ်ဆိုပြီး ဘာသာရေးကျင့်စဉ် တွေနဲ့ လိမ်ညာရင်လည်း လွယ်ကူတယ် လို့ ရှေးဆရာတော်ကြီးများက ဆိုထားတယ် ။

          "လိမ်ညာသူကို လူမိုက် ၊ အလိမ်ခံရသူကို လူအ" လို့ပညာရှင်များက ဆိုထားတယ်။ မိုက်တဲ့သူက လိမ်ကြတယ် ။ အ တဲ့သူက အလိမ်ခံရတယ် ။

          သာသနာ နဲ့ ကြုံတုန်းမှာ မှ အမှားနဲ့ အမှန်ကို ခွဲခြားသိမြင်သူ မစ်ြသေးရင် မြင်တာ ကြားတာတွေကို စ်ြနိုင်မစ်ြနိုင် တွေးတောဆင်ခြင်ဆုံးဖြတ်နိုင်တဲ့ ဥဏ်ကို မရသေးရင် ဒီပုဂ္ဂိုလ်အတွက် အမှားသံသရာက လတ်ဖို့ မလွယ်တော့ဘူး။

ုရားဟောစကား မယုံကြည်ဘဲ  အများပြောစကား ယုံကြည်နကြရင် ရွှေပြည်နဲ့လဲ ဝေးမြဲဝေးဦးမှာပါ ။ ယနေ့ က စ အလိမ်အညာ မခံရဖို့ရာ လောကီလောကုတ် အကြားအမြင်များအောင် ကြိုးစားသင်ယူ ဖတ်ကြားမှတ်သားကျင့်ကြံကြပါလေ ။
 

Tuesday, October 9, 2012

မင်္ဂလာ အရေး မေးမြန်းကြလိုသော်..

ပြောရဦးမယ်.....
မယ်သံ တို့ အိမ်ထောင်သက်က ရေတွက်ရင် လက်တစ်ဘက်ကျော်လာပြီး လက်နှစ်ဘက် ပြည့်ခါနီး..ကိုယ်တွေ ကလဲ ဟုတ်တာမဟုတ်တာ အပထား စုံတွဲပုံလေးတွေ ရိုက်တော့လဲ နှစ်ယောက်လုံး ပြုံးပြုံးရွှင်ရွှင် တွေဆိုတော့ ဒီအိမ်ထောင်လေး သာယာတယ်တွေး လို့လားမသိ ယူချင်သူတွေ ၊ ယူခါနီး ယူလတ္တံ့ တွေ  အကျိုးအကြောင်းမေးမြန်းတဲ့သူတွေ ၊ သူတို့ဖြစ်ချင်တာကိုဘဲ ကိုယ့်ကိုပုဏ္ဏားတိုင် လုပ်မေးပြီး ထောက်ခံစေချင်တဲ့သူတွေ တယ်များသကိုးးး

ကိုယ်လဲ စိတ်ကြည်ရင်ကြည်သလို ၊ ယောင်္ကျားအပေါ် မကြည်ရင် မကြည်သလို ...ကြုံသလို ဖြေလိုက်တာပါဘဲ ။

လောင်တော်မင် ကို ယူစဉ်အခါ က ဘယ်လိုများ စဉ်းစားပြီး တဘ၀တာ လက်တွဲဖို့ ဘယ်လိုများယုံကြည်ခဲ့လို့ပါ လိမ့်လို့ စဉ်းစားတော့လဲ မရေမရာ ။
ဒါဆိုရင် မခွဲနိုင် မခွာနိုင် အရမ်းအရမ်းကို ချစ်ခဲ့တာလား လို့ မေးရင်လဲ ..အင်းးး အဲလိုလဲ မဟုတ်ဘူးထင်တယ်လို့ ဖြေရမယ် ( ပြန်မပြောကြေး နော်)
ဒါဆို ပညာ၊ စီးပွားဥစ္စာ ၊ မျိုးရိုး ဘာကိုများ မက်လို့ ယူခဲ့တာလဲ လို့ မေးဆို ....အဖြေမရှိ...။
ဒါဆို စိတ်တူ ကိုယ်တူ အကြိုက်တူ လို့ များလားးး နိုး နိုး နိုး..ဟိုးးဟိုး....

ဒါဆို ဘယ်လောက်များ   သတ္တိရှိလို့ တဘ၀ တာ အတူလက်တွဲဘို့ ဆုံးဖြတ်ခဲ့တာပါ လိမ့်နော် ။
ဒါတောင် ကိုယ်ယူတဲ့ အချိန် က မနူးမနပ် ဇိမ်းဇတ်ဇတ် အရွယ် မဟုတ်တော့ဘူးရယ် ............

အခု လက်ရှိ စင်္ကာပူ မှာ နေနေတာဆိုတော့ ကိုယ့်ကို မေးကြ မြန်းကြ တဲ့သူတွေ တိုင်ပင် ကြတဲ့ သူတွေ က  လဲ စင်္ကာပူ က လူတွေ အများသားပေါ့ ။
ယူပြီးသား လူတွေ က လဲ သူတို့စိတ်အခန့်မသင့်စရာ တွေ့ရင် မယ်သံ ဆိုရင်ရော ဘယ်လိုလဲ ၊ မယ်သံ က ကံကောင်းတာကိုး အစချီပြီး သူတို့အိမ်ထောင်ဘက်တွေ က ဘယ်လို ဘယ်ညာ နဲ့ ကရားတေးလွှတ် တတွတ်တွတ် ပြောကြတာရယ် ။
ကိုယ်ကလဲ စိတ်ကြည်နေချိန် ဆို ပြေရာပြေကြောင်း ပြောရတာပေါ့ ..လားလားးးး စိတ်မကြည်နေရင်တော့လား အိမ်ကလူ မျက်ခုံးလှုပ်ပြီသာမှတ် ဟုတ်တာရော မဟုတ်တာရော ပိုပိုသာသာ ချဲ့ထွင်ပြီး သူ့မကောင်းကြောင်း ရှာကြံပြောတော့တာ......။
ပြီးတော့မှ ဂလောက်မကောင်းတာကြီး ငါဘာလို့ ဆက်ပေါင်းနေပါလိမ့်တွေးတော့ လဲ ဂလောက်တော့ မဆိုးရှာပါဘူးလေ လို့ .......

ဟော တချို့ကြတော့လဲ ပီအာ ဆိုတော့ အိမ်ဝယ်ရင် အဆင်ပြေရအောင် ပီအာမှ ပီအာ ဆို ရှာယူကြသတဲ့ ။ တယ်လဲ ရည်မှန်းချက်ကြီးတာကိုးးး အကြိမ်ကြိမ် အလေးပြုမိပါရဲ့ ....

ဟော တချို့ကလဲ အမရယ် ကျွန်တော်လဲ ပီအာမှ ပီအာ ရှာပါသေးတယ် ၊ မတွေ့တော့ SPass ပဲ ဆို ကျွန်တော် မြို့က လူပဲ ပြန်ယူတော့မယ် ဘွဲ့ ရဆို ကိုယ်ပံ့ပိုးပေးရင် ဒီမှာ အလုပ်တခုတော့ ရမှာပဲ ။ ကိုယ့်အပေါ်လဲ အထင်ကြီးလေးစားမယ် ဟော ငယ်ငယ် နုနုထွတ်ထွတ် လှလှလေး လဲရနိုင်မယ် နဲ့ ပြောတာဆရာ ...( ကိုယ့်မှာ ယောကျားမျက်နှာ ကမန်းကတန်းကြည့်ပြီး သက်ပြင်းခိုးချရတယ် ...ဟူးးးးးးခက်ပါလားနော်)

လာသေးတယ် လာသေးတယ် အမ ရေ ထုံးစံ က ဘယ်လိုရှိတာတုန်း ..တင်တောင်း တဲ့ ပစ္စည်းဆိုတာ မိန်းကလေး မိဘ ကိုပေးခဲ့ရတာလား ၊ ရွှေတဆင်စာ ဆိုတာ ဘာတွေပါတာတုန်း  နဲ့ ..မေးတော့လဲ လည်တယ်တယ်  ဘယ်လိုပြန်ဖြေရမှန်းမသိ ......( ကိုယ့်တုန်းက သူတို့ဘက်ကဘာတွေ ပေးခဲ့ပြီး ဘာတွေ ပါလဲစဉ်းစား ....ဟွန်း ဘာမှလဲမပါဘူး..ရင်နာလိုက်ထှာနော်)

အမယ်မယ် ..ရှိသေးတယ် ရှိသေးတယ် ..ဒီမှာ အလုပ်လုပ်သူ အချင်းချင်း ချစ်လို့ အတူတူနေချင်လှပြီ ၊ ဒါပေမဲ့ သိတယ်မဟုတ်လား စလုံးမှာ အလုပ်လာ လုပ်ကြတာ ၇၀% က နောက်မှာ တာဝန်တွေ တန်းလန်းနဲ့ မိဘ အတွက် ညီမလေး ကျောင်းပြီးဖို့ အတွက် နဲ့ ရှိသေးတော့ ကိုယ်ရှာတာ ကိုယ့်ဟာကိုယ် သုံး မယ်လို့ သဘောတူထားမလို့ အမရဲ့ ..အဆင်ပြေမှာပါနော် နဲ့ ကိုယ့်ကို ပုဏ္ဏားတိုင်  လုပ် ဆွဲထည့်ပြီး ထောက်ခံခိုင်းသေးတာ ။

စိတ်ကြည်နေပြီး ယောကျား နဲ့ အဆင်ပြေနေချိန် ဆို အော် ဘာမှ မပူပါနဲ့လေ နှစ်ယောက်လက်တွဲတော့ ပိုစုမိ ဆောင်းမိလဲရှိ ၊ အပြန်အလှန် အားကိုးရတာပေါ့ ဘာညာ ပွားလိုက်ပြီး ၊ ယောကျားနဲ့ မကြည်ချိန်ဆို အမလေးး ယောင်္ကျားတွေများ  မရခင်တမျိုး ရပြီးတမျိုး လွယ်တာ မဟုတ်ဘူးး တယောက်ထဲနေတစိတ်ထဲထား  အဲ  ဟုတ်ပေါင်   အိမ်ထောင်ကျရင် ကိုယ်ရှာတဲ့ပိုက်ဆံတောင် သူ့မျက်နှာကြည့်သုံးရသေးတာ အပူမရှာချင်ပါနဲ့အေ.....စသဖြင့် ပြောချင်ရာ ပြန်ပြောတာပေါ့ ..:P

အမယ် စကားကြုံတုန်း ပြောရမယ်ဆို မင်္ဂလာဆောင်လာဖို့ ဖုန်းဆက်ဖိတ်တဲ့ သူငယ်ချင်းက မယ်သံရယ် ငါက ယူချင်တာမဟုတ်ဘဲ ယူရတာ ဘာညာနဲ့ အသံလေး တိမ်တိမ် နဲ့ ဖိတ်တော့ ..ဟယ် သယ်ရင်း အိမ်ထောင်ပြုတာများ လွယ်တာလိုက်လို့ ငါတို့ ယူချင်လွန်းလို့ယူတာတောင် အခု စိတ်ညစ်ရသေးတာ ဘယ်သူဘာပြောပြော ကိုယ်မှ မယူချင် လုံးဝ မယူနဲ့ အေ့  ဘာညာ နဲ့ ပြောနေတုန်းတန်းလန်း ဟိုက အင်း အင်း ငါ နောက်မှ ဆက်တော့မယ် မင်္ဂလာဆောင် နေ့ကျ လာခဲ့နော် ပြောပြီး ဖုန်းချ သွားပါရောလားးးးး

အမှန်တော့ မယ်သံတို့ တုန်းက မင်္ဂလာဆောင် ကို ဘယ်လို စီစဉ်ခဲ့တာ ဘာညာ ရေးမလို့ ဓါတ်ပုံတွေ တွေ စကမ်ဖတ် ပြီ ရေးတာ အကြောင်းကတလွဲဖြစ်သွားပါရောလားး အဲလို အဲလို ......

ကဲ ပိတ်သတ် တို့ ရေ မယ်သံ့ ဆီလာပြီး ကိုယ့်အကြောင်းတွေ ပြောပြ ဆွေးနွေး ချင်ကြတယ် ဆိုရင်ဖြင့်  ပြတ်ချင် ဖြတ်ချင်သူတွေ က အဲဒီအချိန်မှာ မယ်သံတို့ လင်မယား ရန်ဖြစ် အဆင်မပြေကြပါစေ နဲ့ လို့ ဆုတောင်းပြီး  သို့ ပေါင်းချင် ဖက်ချင်သူတွေ ကတော့ မယ်သံ တို့ အဆင်ပြေ နေကြပါစေ လို့ အရင် ဆုတောင်းပြီး မှ လာရင် ဖြင့် ကိုယ်လိုချင်တဲ့  တားဂတ်ကို ရောက်အောင် ဘေးတီး ပေးမည်ဖြစ်ပါကြောင်းးးးးး။





Monday, October 8, 2012

အတ္တသမ္မာ မဏိဓိ မင်္ဂလာ

၂၀၁၂ အောက်တိုဘာလ ၈ ရက် တနင်္လာနေ့၊
၁၃ရ၄ တော်သလင်းလဆုတ် ၈ ရက် (ဥပုသ်နေ့)



ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့


(၆) အတ္တသမ္မာ မဏိဓိ မင်္ဂလာ

တရားနဲ့ညီစွာ နေထိုင်ပါ နောင်ခါ ကောင်းစားမှာ

         မိမိကိုယ်ကို ကောင်းစွာ (တရားနဲ့ညီစွာ) ကျင့်သုံးနေထိုင်တာ အတ္တသမ္မာမဏိဓိ မင်္ဂလာပဲ ။


         နေ့စဉ် ဒုစရိုက်တရားတွေ ရှောင်ကြဉ်ရမယ်။ သူစရိုက်တရားတွေ ကျင့်ဆောင်ရမယ်။ ဒါမှသာ မိမိကိုယ်ကို ချစ်ခင်သူလို့ ဆိုရမှာပါ။


         ဒုစရိုက်နယ်ပယ်မှာ ပျော်ပိုက်နေသူတွေဟာ ကိုယ်တိုင်လည်ပင်းခဲဆွဲပြီး အပါယ်ချောက်ထဲ ခုန်ချနေသူတွေလို့ ဆိုရမှာပဲ။


          ကယ်မဲ့သူ ဝေးတဲ့ အပါယ်ကိုကြောက်လန့်မနေဘဲ အပါယ်ရောက်နိုင်တဲ့ အကုသိုလ်တရားဆိုးကြီးတွေ ပြုလုပ်ရမှာကို ရှက်လန့်ပြီး နေ့စဉ်ရှောင်ကြဉ်ရမယ်။


         ဘုရားပွင့်လာတာ အနန္တသတ္တ၀ါတွေ အပါယ်ချောက်ထဲ မကျအောင် ကယ်တင်ဖို့နဲ့ ဒုက္ခငြိမ်းရာ ပြည်နိဗ္ဗာန်ကို ပို့ဆောင်ပေးဖို့ပါ။


         မြတ်ဘုရားရဲ့ စေတနာ၊ မေတ္တာ၊ကရုဏာ တွေကို လူတိုင်းအလေးထား ရမယ်။ မိမိ ကိုယ်ကို သူတကာထက် သာသနာကို သဒ္ဒါတရား ထက်သန်စွာနဲ့ ကြည်ညိုကိုးကွယ် တဲ့ စံပြဗုဒ္ဓဘာသာဝင်ဖြစ်အောင် ကြိုးစားရမယ်။ နေ့စဉ်တရားနဲ့ညီစွာ နေထိုင်ကျင့်သုံးကြပါလို့ တိုက်တွန်းပါတယ်။


Friday, October 5, 2012

အလှူတစ်ခု ပြီးမြောက်ခြင်း ( သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(စလေမြို့))

    2012  June 30 မှာ သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(စလေမြို့) အတွက်အလှူခံခြင်း ဆိုပြီး  ဘလော့မှာရော ဖေ့ဘွတ်မှာပါ တင်ပြီး အလှူခံ ခဲ့ပါတယ် ။ မြန်မာ တနိုင်ငံလုံးမှာ  မိုးရေချိန် ၂၁ လက်မ သာရှိတဲ့ ခြောက်သွေ့တဲ့ အညာဒေသ မှာ ဖွင့်လှစ်ထားတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း မှ ကလေးများ အတွက်အဓိက ကျောင်းဝတ်စုံ နှင့် အခြားသော ကျောင်းအတွက် လိုအပ်ချက်များ အတွက် နိုင်ငံခြားရောက် မြန်မာများထံ မှ အလှူငွေ ကောက်ခံပြီး စုပေါင်း လှူဒါန်း ရန်ဖြစ်ပါတယ် ။

 အလှူငွေ စတင်ကောက်ခံစဉ် က ငါးသိန်းလောက် ရည်မှန်းထားခဲ့သော်လည်း ကိုးသိန်းငါးသောင်း + ထပ်တိုး အလှူ တစ်သိန်းတစ်သောင်း နှင့် စုစုပေါင်း ဆယ်သိန်း ခြောက်သောင်း ရရှိခဲ့တဲ့ အတွက် အလွန်ကျေးဇူးတင် ၀မ်းမြောက်ပီတိ ဖြစ်ရပါတယ် ။

 အလှူရှင်များ စာရင်း ပါ ။ သာဓု သာဓု သာဓု ပါရှင် ။

 


























20.8.2012 တွင် အလှူခံ ရရှိထားသော  ပဒေသာပင် အတွက် S$ 60.00 နှင့် ၀တ်စုံ အတွက် S$1316.00  စုစုပေါင်း S$1376.00 x 690 = ကျပ် 949,440.00 ကို 20.8.2012 တွင် စလေ သို့ လွှဲပေး ခဲ့ပါတယ် ။  စလေဘက်မှ မအေးမာမာဆွေ ၊ မဇင်မာအေး တို့ မှ ကူညီပေးခဲ့ကြပါတယ် ။

အလှူ အတွက်စာရင်းပိတ် ငွေလွှဲပြီးသော်လည်း မလေးရှားရောက် ကိုသိန်းဇော်မြင့်မှ ဖေ့ဘွတ်တွင် ဖတ်မိပြီး ထပ်မံ အလှူငွေ ကောက်ခံ လှူဒါန်းပေးပါရန် ဆက်သွယ်လာလို့ ကျောင်းအထွေထွေ ရန်ပုံငွေ အဖြစ် တစ်သိန်းကျပ် တိတိ နှင့် ဒေါ်စုမိမိုး မိသားစု မှ တစ်သောင်းကျပ် တိတိ ကို ထပ်မံ လွှဲပေးခဲ့ပါတယ် ။

9.9.2012 တွင် ကျောင်းကော်မတီ ဥက္ကဌ ဘုန်းဘုန်း မှ အလှူအတွက် ကျေးဇူးတင်လွှာ၊ အသုံးပြုပုံ စာရင်းဇယား နှင့် ဓါတ်ပုံများကို စင်္ကာပူ လူကြုံ ဖြင့် ပေးပို့ခဲ့ပါတယ် ။

 အလှူရှင်များ မိမိ တို့ အလှူအားပြန်ပြောင်း သတိရ စေရန်နှင့် အခြားမိတ်ဆွေ များ မုဒိတာပွား သာဓု ခေါ်ဆို နိုင်ရန်အတွက်  အလှူ မှ ဓါတ်ပုံများ  ၊  ဘုန်းတော်ကြီးမှ အဝေးရောက်မြန်မာများအတွက် ရေးပေးသော စာ ၊  လှူဒါန်းငွေများကို မည်သို့ အသုံးပြုထားပါကြောင်း စာ နှင့် တကွ အလှူငွေ လက်ခံ ဖြတ်ပိုင်းများ ကို အောက်မှာ ဖော်ပြလိုက်ပါတယ်ရှင် ။

အားလုံး ကိုယ် စိတ် နှစ်ပါး ကျန်းမာ ရွှင်လန်းကြပါစေ ရှင် ။