[X] Choose Font Here

Monday, October 8, 2012

အတ္တသမ္မာ မဏိဓိ မင်္ဂလာ

၂၀၁၂ အောက်တိုဘာလ ၈ ရက် တနင်္လာနေ့၊
၁၃ရ၄ တော်သလင်းလဆုတ် ၈ ရက် (ဥပုသ်နေ့)



ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့


(၆) အတ္တသမ္မာ မဏိဓိ မင်္ဂလာ

တရားနဲ့ညီစွာ နေထိုင်ပါ နောင်ခါ ကောင်းစားမှာ

         မိမိကိုယ်ကို ကောင်းစွာ (တရားနဲ့ညီစွာ) ကျင့်သုံးနေထိုင်တာ အတ္တသမ္မာမဏိဓိ မင်္ဂလာပဲ ။


         နေ့စဉ် ဒုစရိုက်တရားတွေ ရှောင်ကြဉ်ရမယ်။ သူစရိုက်တရားတွေ ကျင့်ဆောင်ရမယ်။ ဒါမှသာ မိမိကိုယ်ကို ချစ်ခင်သူလို့ ဆိုရမှာပါ။


         ဒုစရိုက်နယ်ပယ်မှာ ပျော်ပိုက်နေသူတွေဟာ ကိုယ်တိုင်လည်ပင်းခဲဆွဲပြီး အပါယ်ချောက်ထဲ ခုန်ချနေသူတွေလို့ ဆိုရမှာပဲ။


          ကယ်မဲ့သူ ဝေးတဲ့ အပါယ်ကိုကြောက်လန့်မနေဘဲ အပါယ်ရောက်နိုင်တဲ့ အကုသိုလ်တရားဆိုးကြီးတွေ ပြုလုပ်ရမှာကို ရှက်လန့်ပြီး နေ့စဉ်ရှောင်ကြဉ်ရမယ်။


         ဘုရားပွင့်လာတာ အနန္တသတ္တ၀ါတွေ အပါယ်ချောက်ထဲ မကျအောင် ကယ်တင်ဖို့နဲ့ ဒုက္ခငြိမ်းရာ ပြည်နိဗ္ဗာန်ကို ပို့ဆောင်ပေးဖို့ပါ။


         မြတ်ဘုရားရဲ့ စေတနာ၊ မေတ္တာ၊ကရုဏာ တွေကို လူတိုင်းအလေးထား ရမယ်။ မိမိ ကိုယ်ကို သူတကာထက် သာသနာကို သဒ္ဒါတရား ထက်သန်စွာနဲ့ ကြည်ညိုကိုးကွယ် တဲ့ စံပြဗုဒ္ဓဘာသာဝင်ဖြစ်အောင် ကြိုးစားရမယ်။ နေ့စဉ်တရားနဲ့ညီစွာ နေထိုင်ကျင့်သုံးကြပါလို့ တိုက်တွန်းပါတယ်။


No comments:

Post a Comment