[X] Choose Font Here

Tuesday, October 23, 2012

သိပ္ပ မင်္ဂလာ

၂၀၁၂ အောက်တိုဘာလ ၂၃ ရက် အင်္ဂါနေ့၊
၁၃ရ၄ သီတင်းကျွတ်လဆန်း ၈ ရက်  (ဥပုသ်နေ့)





ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့


(၈) သိပ္ပ မင်္ဂလာ
လက်မှူ ပညာ မြတ်နိုးစွာ သူငါသင်ကြားပါ

          လောကီစီးပွား ရှာဖွေနိုင်ဖို့ရာ လက်မှူပညာ တစ်ခုခု သင်ကြားတတ်မြောက်ထားတာ သိပ္ပ မင်္ဂလာပဲ။ 
 
         အတန်းစာ မသင်ရလို့ ဘွဲ့ထူး ဂုဏ်ထူးပညာဆုံးရှူံးရင် လက်မှူပညာတစ်ခုတော့ကြိုးစားသင်ယူပါ ။ လက်မှူပညာတတ်မြောက်တာလည်း မင်္ဂလာတစ်ပါးပါပဲ ။

         ပညာတတ်လို့ အထက်တန်းရောက်နေပေမဲ့ စိတ်နေ စိတ်ထား  အောက်တန်းကျရင်လည်း အောက်တန်းစားပုဂ္ဂိုလ် ဖြစ်မှာပဲ ။ ဘွဲ့ထူးဂုဏ်ထူးပညာမတတ်လို့ လက်မှူပညာ လေးနဲ့ စီးပွားရှာပြီး စိတ်ကောင်းမွေးနေရင်လည်း အထက်တန်းစားပုဂ္ဂိုလ်ပါပဲ ။

         အတတ်ပညာဆိုပေမဲ့ ချိန်ခွင်အလေးခိုးတဲ့ အတတ်ပညာ၊ ပိတ်စခိုးတတ်တဲ့ အတတ်ပညာ၊  ပြည်တောင်း တင်းတောင်း ခိုးတဲ့ ပညာတွေဟာ (မိစ္ဆာဇီဝပညာ) အသက်မွေးမှူ (စီးပွားရှာမှူ) မမှန်ကန်တဲ့ ပညာတွေပဲ၊ ဒီပညာတွေ မသင်ယူနဲ့။

        အဟောင်းကို အသစ်ထင်အောင် ပြုလုပ်ရောင်းတဲ့ ပညာ (၀ဉ္စနာပညာ) ၀ယ်ယူသူကို လှည့်စားတဲ့ ပညာတွေပဲ ၊ ဒီပညာတွေ ကို အတုမယူနဲ့  ငရုတ်သီးခြောက်၊ မီးသွေး ၊ အလေး တိုးအောင် ရေဆွတ်ရောင်းတာ ၊ ဆန်ကောင်းထဲ ဆန်ကွဲထည့်ေ၇ာင်းတာ ၊ ဒါတွေဟာ မဖြူစင်တဲ့ စီးပွားရှာမှူပဲ ။

        တဲကုတ်နဲ့နေ ပဲပြုတ်ကိုစား အင်္ကျီလုံခြည်စုတ်နဲ့ သွားလာနေရလို့ လူတကာ အထင်သေးခံရတဲ့ လောကဓံ ဒါဏ်ကို သည်းခံရမယ် ။ ကိုယ်တတ်တဲ့ လက်မှူပညာလေးနဲ့ ( သမ္မာအာဇီဝ) ကောင်းစွာ အသက်မွေးမြူ စီးပွားရှာပြီး နေထိုင်ရမယ်။

         မိမိကိုယ်ကို စိတ်နေစိတ်ထား ဖြူစင်အောင် မွေးမြူရမယ်၊ အတန်းပညာမတတ်ရင် ကိုယ်တတ်တဲ့ လက်မှူပညာလေးနဲ့ ရိုးရိုးသားသားစီးပွားရှာ၊ သူတော်ကောင်းစိတ်မွေးပြီး အထက်တန်းစား ပုဂ္ဂိုလ်ဖြစ်အောင် နေထိုင်ကြပါလေ ။

No comments:

Post a Comment