[X] Choose Font Here

Thursday, January 5, 2012

သမီးလေး ဖေဖေ အတွက် မွေးနေ့ ဆုတောင်း

















သူ))) လူကြီးများ သူငယ်ချင်း မိတ်ဆွေ များနှင့် ဆက်ဆံ တဲ့ အခါ  စိတ်ရှည်ကြင်နာ နွေးထွေး စွာ ဆက်ဆံတတ်သူ ။
         အမြဲတမ်း အေးချမ်းတဲ့ အပြုံးကိုဆောင် လိုက်လျော ဦးစားပေးတတ် တဲ့ အပြုအမူ ။
         အသေးစိတ် က အစ သိမြင် ခံစား အလိုက်သိတတ်တဲ့ သူ။

သူ))) သူကိုယ်တိုင် အတွက် ဆို အသေးစိတ်ခံစားသူ ။
        အကောင်းကြိုက်တဲ့ သူ။
        အစားအသောက် ရွေးတဲ့ သူ။
        အ၀တ်အစား ဂျီးများသူ ။
        ဘာပစ္စည်းကို မဆို ခွဲခြမ်းစိတ်ဖြာ ရွေးချယ်ချင်သူ ။
        ဘ၀ အတွက် အရေးကြီး ဆုံး အိမ်ထောင်ရေး ကို မရွေးမချယ်  နှလုံးသား အလို လိုက်ခဲ့တဲ့ သူ ။
        အပေါင်း အသင်း များများ မထားဘဲ လက်ရှိ ကိုဘဲ စွဲစွဲမြဲမြဲ ပေါင်းတတ်သူ။
        လက်ရှိအလုပ်မှာ ဘဲ ပျော်မွေ့တတ်သူ ။
        ဘာ ကို မှ သူများနဲ့ မနှိုင်းယှဉ် လက်ရှိအခြေအနေ ကို လက်ခံတတ်တဲ့ သူ။

သူ)))သမီးလေး ကို အရမ်းသိတတ် သူ။
       အတူ ရှိ နေစဉ် သမီးလေး ကို သူများနဲ့ ပေးမသိပ် ကလေးသေးသေးလေး ကရိကထ ကို ခံတဲ့သူ။
       သမီး လေး ဘာလို့ ငို တယ် ဘယ်လို ဆို ရင် အဆင်ပြေမယ် ဘာလုပ်ပေး ရမယ် ဆိုတာ သိနားလည်တဲ့သူ ။
       သမီးလေး အတွက်ဆို ဈေးကြီးတဲ့ အသုံးအဆောင် တွေ ၀ယ်ပေးချင်တဲ့ သူ။
       သမီး လေး နဲ့ ခွဲ နေရတဲ့ အခါ လွမ်းတယ် လွမ်းတယ် ပြောပြောပြီး ဂိမ်း ကစားနေ လို့ ဖုန်းဆက်ဘို့ မေ့မေ့ သွားတတ်သူ။

သူ)))အရင် က ကျမ အပေါ် နူးညံ့ ချိုသာ ကြင်နာတတ်တဲ့သူ။
       အခု ကျမ အပေါ် အော်ဟစ် ငေါက်ငမ်း စိတ်အလိုမကျ သူ။
       အရင် က ကျမ အတွက် ဟင်းချက်ပြီး အဆောင်ကို လာပို့သူ ။
       အခု မီးဖိုခန်း ကို ဗိုက်ဆာမှ သတိရတဲ့သူ။
       မောင်မောင် ခေါ် လို့ ဗျာ မထူးချင်သူ ( ဂိမ်း ကစားပျက်မှာ စိုးလို့)
       ကျမ အ၀တ်အစား ၀ယ်ရင် ဒိတ်အောက်တယ် ဘာပုံကြီးတွေမှန်းမသိဘူး ပြောတတ် လို့ ရော်ဘင်ဆင် ကို ခေါ်သွားပြီး ဒီဇိုင်းအသစ်ပြတဲ့ အခါ ဈေးနှူန်း ကြည့်ပီး အင်းအဲမလုပ်သော သူ ။
       စီးတီးဟော ကို ညနေ ၅နာရီ လောက်ရောက်တာတောင် အိမ်ပြန်ရောက်မှ ထမင်းစားချင် သူ။
       ညဘက် သူဂိမ်း ကစားတဲ့ အခါ ကျမ စကားပြောလျှင် မကြိုက်သော်လည်း ကျမ ၀တ္ထု ဖတ် တခြားသူများနှင့် ဖုန်းပြောရင် မကြိုက်သော သူ။
      ပေါင်းသင်း ဆက်ဆံ ရေး မှာ ကျမ မိဘ သူငယ်ချင်း အပေါင်အသင်းများ က ဘာဖြစ်ဖြစ် ကျမ အလွန်သာ ဟု ထင်အောင် စွမ်းဆောင်နိုင်သော သူ။
      ကျမ ထက် ငယ် သော် လည်း သူ့ ကို ကန်တော့ အိပ် စေ ချင် သူ ။

5th January  မှာ ကျမ ချစ်ခင်ပွန်း သူ့ ရဲ့ မွေးနေ့ ။

ဒီနှစ် သူ့ မွေးနေ့ အမှတ်တယ ပေး ဘို့ ဟောင်ကောင် ကနေ အမှတ်တယ ၀ယ်မယ် ဆိုတော့ ဟိုသွား ဒီသွား နဲ့ မအား ။

 ဒီမှာ ၀ယ် မယ် ဆိုတော့ လဲ ရော်ဘင်ဆင် မှာ ပတ်ကြည့် ပစ္စည်း ကြိုက်တော့ ဈေးနှူန်း မကြိုက် ၊ ဈေး နှူန်းကြိုက်တော့ ပစ္စည်း မကြိုက် ..နောက်တော့ ကျမ ၀ယ် လဲ သူက ဂျီးများ သူ ဆို တော့ ကြိုက်ချင်မှ ကြိုက်မှာပါလေ ဆိုပြီး  စိတ်လျော့ပြီး ပြန်ခဲ့ ရ ( စိတ်မကောင်း လိုက်တာလေ)

ဒါ နဲ့ ဘဲ သူ့ မွေးနေ့ အမှတ်တယ အဖြစ် ဒီ ပို့စ်လေး ကို ရေး လိုက်ရပါတယ်။

ကျမ ရဲ့ ချစ်သော ကိုချစ်မောင် ရဲ့ ဒီနှစ်မွေးနေ့ မှ စ ပျော် ရွှင် ကျန်းမာ ပါစေ ။ အလုပ် အသစ်မှာ လဲ အမြန် ဆုံး အသားကျ စတရက်စ် ကင်းပါစေ။ ချစ်သော သမီးလေးနဲ့ လဲ မခွဲမခွာ အတူ နေရပါစေ ။ ကောင်းသော လိုအင် ဆန္ဒ များနှင့် အားလုံးပြည့် စုံပြီး 2012 ဒီနှစ် ဟာ  မောင့် အတွက် ကံကောင်းသော  နှစ်တနှစ်ဖြစ်ပါစေ။

အထူးသဖြင့် ငါးပါးသီလ ကို တတ်နိုင်သမျှ စောင့်ထိန်း တဲ့ အကျင့် ၊၀ိပဿနာအလေ့အကျင့် အဖြစ်  နေ့စဉ် တရားထိုင်ဖြစ်ပါစေ လို့ အများကြီး ဆုတောင်းပေးပါတယ်နော်။
စစ်မှန်သော မေတ္တာဖြင့် ။

34 comments:

  1. မိန်းမ ချစ်လို့ အကြွေးကင်း တော်ရုံနဲ့ အသက်မသေ အလုပ်မလုပ်ပဲ ဂိမ်းကစားရင်း ချမ်းသာပါစေ။

    အိမ်မြောင်ပင်စာ.

    ReplyDelete
  2. အစ်မတို့ မိသားစုလေး ပျော်ရွှင်ပါစေ ...

    ReplyDelete
  3. ဟက်ပီးဘတ်ဒေးပါ အစ်ကိုရေ။

    ReplyDelete
  4. မွေးနေ့မှသည်..
    စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့
    ပျော်ရွှင်ချမ်းမြေ့မှုပေါင်းများစွာကို
    မိသားစုနဲ့အတူ.နှစ်ပေါင်းများစွာ
    ပိုင်ဆိုင်ပါစေ...
    ချစ်ဇနီး
    ဘလော့ဂါချစ်ချစ်နဲ့လည်း.သက်ဆုံးတိုင်
    အိုအောင်မင်းအောင်.ပေါင်းရပါစေရှင် :P

    နောက်တစ်ယောက်မွေးရင်
    သားလေးဖြစ်ပါစေနော်.အစ်မး))

    ReplyDelete
  5. ကောင်းကျိုး လိုရာဆန္ဒ အားလုံးပြည့် စုံ ပါစေ KMO.

    ReplyDelete
  6. ကိုယ့်အကြောင်းဖတ်နေရသလို...
    တော်တော်များများ အကျင့်စရိုက်တွေ လာတူနေပါလား :)

    မြင်သာထင်သာအောင် တမင်လုပ်စရာမလိုပါဘူးဗျာ..
    တည်ငြိမ်ရင့်ကျက်မဲ့ပုံက သိသာပါတယ်...

    "Wishing you a happy birthday, bro...and many great years up ahead with your family together forever..."

    အစ်မသန္တာကို တနေကုန် ပေါက်တတ်ကရ စခဲ့တာလေးတွေကို
    ဒီကွန်မန့်နဲ့ပြန်ချော့ပါတယ်ဗျ :P

    Bro
    TOI

    ReplyDelete
  7. မွေးနေ့ ရှင်ကြီး ကျန်းမာပျော်ရွှင်စွာဖြင့် ဂိမ်းတွေ အများကြး ကစားနိုင် အဲလေ အားလုံးအဆင်ပြေပါစေ..
    မသံရေ အားရင် ဟောင်ကောင်ပို့ စ်လေး တင်ပါဦးဂျ..စာရေးဖို့  အဆင်မပြေလည်း ဒစ်စနေလန်းဓာတ်ပုံတွေနဲ့  ဆားချက်လို့  ရပါတယ်ဗျ..

    ReplyDelete
  8. Happy Birthday Bro!!! Wish u all the best!!!

    ReplyDelete
  9. ဟ..ဒီနေ့တော့ မွေးနေ့ ဆုတောင်း နှစ်ခုတောင် ကြုံပါလား..
    မြေးတွေ မြစ်တွေရလာတဲ့အထိ ဒီလိုပွဲလေး ကျင်းပနိုင်ကြပါစေဗျာ..

    ReplyDelete
  10. May Lay Happy Birthday ကိုခင်မောင်ဦး ချစ်တဲ့သမီးလေး ချစ်တဲ့အမသန္တာနဲ့အတူ နောင်နှစ်ပေါင်းများစွာသာယာပျော်ရွှင်ချမ်းမြေ့တဲ့ဘဝမျိုးပိုင်ဆိုင်နိုင်ပါစေ..

    ReplyDelete
  11. Swe Soe
    HAPPY BIRTH DAY ညီလေး။
    မင်းရဲ့ပွစိပွစိလုပ်တတ်ပြီးချစ်စရာကောင်းတဲ့ဇနီးသည်ဖြစ်သူသန္တာလွင်နှင့်
    ချစ်စရာသမီးငယ်လေးတို့နှင့်အတူ
    မွေးနေ့ပေါင်ဲးနောက်ထပ်ဆယ်စုနှစ်
    များစွာတို့ကိုကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်
    လန်းစွာဖြတ်သန်းနိုင်ပါစေ။
    တိုင်းပြည်အကျိုး။အမျိုးဘာသာ။
    သာသနာအကျိုးသယ်ပိုးရွက်ဆောင်
    နိုင်သောယောက်ျားကောင်းဇာနည်
    ဖြစ်ပါစေ။

    ReplyDelete
  12. Hein Oo happy birthday,,,,, ah ko...:)

    ReplyDelete
  13. Happy birthday ပါ...မမသန္ဒာ ချစ်သော မောင်!!!

    မမ ရေ...အရင် က ကျမ အပေါ် နူးညံ့ ချိုသာ ကြင်နာတတ်တဲ့သူ။
    အခု ကျမ အပေါ် အော်ဟစ် ငေါက်ငမ်း စိတ်အလိုမကျ သူ။
    အရင် က ကျမ အတွက် ဟင်းချက်ပြီး အဆောင်ကို လာပို့သူ ။
    အခု မီးဖိုခန်း ကို ဗိုက်ဆာမှ သတိရတဲ့သူ။
    အဲ့ဒါလေး မြင်တော့ လန့်မိသား...း))


    နောင့်

    ReplyDelete
  14. မမမယ်သံရေ
    ပျော်ရွှင်ကြည်နုးဖွယ်ဘ၀လေးကိုဖတ်ခွင့်ရလိုက်ပါတယ်
    မမရဲ့ချစ်သော ကိုချစ်မောင်တစ်ယောက် ချစ်သောမမရယ်
    သမီးလေးရယ်နဲ့ အသက်ရာကျော်ပျော်ရွှင်စွာနေရပါစေသော် ..

    ချစ်တဲ့

    မဒိုးကန်

    ReplyDelete
  15. ဟက်ပီးဘက်ဒေးပါ။ မွေးနေ့လက်ဆောင်အစား မွေးနေ့ပို့စ်နဲ့ပဲ စိတ်လျော့လိုက်ပါ (((( ဟမ် )))

    ReplyDelete
  16. အောင်မလေး ဒေါသန်တာရယ်..အိမ်ကဟာကြီး ကြည့်ရေးထားသလား အောက်မေ့ရတယ်... မတော် အမျိုးတွေတော်ရရင် ရှင်နဲ့ကျုပ် စည်းလုံးမှ ဖြစ်မယ်...ဘာပဲဖြစ်ဖြစ်တော်..ခုတော့် တော့်မောင်ကြီးကို ကျန်းမာ ချမ်းသာ စေကြောင်း ဆုတောင်းပါတယ်.... ဆုတောင်းတဲ့သူတွေကို ပီဇာဟတ် ကေအက်ဖစီ ကျွေးမယ်ဆိုတာ ဒယ်လားဟင်... :ဝ)
    မတော်ရသေးသော ခမီးခမက်
    ဂျေဂျေ့မေမေ

    ReplyDelete
  17. နွေးနေခြည်January 5, 2012 at 10:51 AM

    Happy Birthday!
    မွေးနေ့တိုင်းကို ချစ်သောမိသားစုနှင့် ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေ လို့ဆုတောင်းပေးပါတယ်။
    "အထူးသဖြင့် ငါးပါးသီလ ကို တတ်နိုင်သမျှ စောင့်ထိန်း တဲ့ အကျင့် ၊၀ိပဿနာအလေ့အကျင့် အဖြစ် နေ့စဉ် တရားထိုင်ဖြစ်ပါစေ လို့ အများကြီး ဆုတောင်းပေးပါတယ်နော်။" အမ ဆုတောင်းလေးက တကယ်ကို စစ်မှန်တဲ့ မေတ္တာပါပဲ မရေ...

    ReplyDelete
  18. ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုဘဝလေးကို ရိုးမြေကျ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ကြပါစေဗျာ။ =)

    ReplyDelete
  19. အသည်းတွေ အသည်းတွေ .. :D

    ဟက်ပီးဘတ်ဒေးပါ မမရဲ့ချစ်သောမောင် :D

    နောင့်ကော်မန့်ကြည့်ပြီး လန့်ချင်ချင်ဖြစ်တွားဒယ် .. :P အကိုကြီးက သဘောကောင်းမယ့်ပုံပါ ဟဲဟဲ ပီဇာဟပ်နဲ့ ကေအက်ဖ်စီက ဘယ်တော့ ??? နန်းကြီးသုပ် နဲ့ ရခိုင်မုန့်တီသုပ်ကရော ..

    ReplyDelete
  20. ပျော်ရွှင်ဖွယ်မွေးနေ့ရက်များစွာကို ချစ်ဇနီး၊ ချစ်သမီးနဲ့ ပျော်ရွှင်စွာ ကျော်ဖြတ်နိုင်ပါစေ...။
    အကောင်းဆုံးပေးလိုက်တဲ့ ဒီလက်ဆောင်လေးအတွက် ခင်ပွန်းဖြစ်သူကလည်း ကျေနပ်ဝမ်းသာနေမှာပါ..။

    ReplyDelete
  21. Happy B'day to Ko Oo.....Wish you able to live together with your little princess soonest possible.

    ReplyDelete
  22.့ *****HAPPY BIRTHDAY PAR ***** မမချစ်သော သူ
    ***စိတ်ရှည်ကြင်နာ နွေးထွေး စွာ ဆက်ဆံတတ်သူ ***
    ဘုရားပေးတဲ့ကောင်းဆုံးလက်တောင်မမရသလို အကိုကြီးလည်း ဘုရားပေးတဲ့အကောင်းဆုံးလက်ဆောင်ရခဲ့တာပဲနော် မမပုံကြည့်ရတာ အသဲတုန်အောင်ချစ်မယ့်ပုံမျိုးး)

    စိတ်ရောကိုယ်ပါအေးချမ်းသည့်ပြင်
    သာယာချမ်းမြေ့ပြီးနွေးထွေးတဲ့ဘဝကိုပိုင်ဆိုင်ပါစေ...
    မိုး

    P.S နောင်ပြောတာတော့လန့်မိသားးD

    ReplyDelete
  23. ညီမ မယ်သံလေးရေ ညီမရဲ့"သူ" မွေးနေ့ကနေ နေ့တိုင်းမိသားစုနဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပျော်ရွှင်ချမ်းမြေ့ပါစေ။
    သမီးလေးနဲ့ မယ်သံလေးနဲ့ အတူတူ ဘ၀တစ်လျှောက်လုံးပျော်ရွှင်ကြပါစေပေါ့။
    စာတွေအများကြီးလည်းရေးနိုင်ပါစေ။

    ReplyDelete
  24. Happy Birthday ပါ။နောက်တောင်ကျနေပြီ။

    ReplyDelete
  25. Happy Birthday, ko oo.I would like to wish you a prosperous and smooth year ahead with your family, ( especially your lovely daughter )

    ReplyDelete
  26. Sandar Aung Happy birthday , Ko Oo .

    Zar Chi Lwin Wish for u, all the best.. may god with you & keep u calm & peace... very happy birday, Ako...... :)

    Mayflower Poe သမီးလေး မေမေနဲ့  သမီးလေးနဲ့  တူတူ ပျော်ရွှင်သော ဘ၀ကိုပိုင်ဆိုင်လို့  ပျော်ရွှင်စရာ မွေးနေ့ များစွာကို မိသားစုနဲ့  တူတူ ပိုင်ဆိုင်နိုင်ပါစေ

    Nwe Nwe San စ်သောသမီးလေးမေမေ ချစ်သောသမီးလေးနဲ တူတူ ပျော်ရွှင်ချမ်းမြေ့သောဘ၀လေး ထာဝရပိုင်ဆိုင်နိုငိပါစေ..........


    Zarni Tun မေမေနဲ့ မီးမီး၊ ချစ်တဲ့ဖေဖေနဲ့ ချမ်းမြေ့ပျော်ရွှင်စွာမိသားစုလေးတည်ဆောက်နိုင်ပါစေ။ တစ်စုတစ်စည်းထဲလည်း အမြန်ဆုံးနေကြရပါစေ


    Aye Kyaw Happy birthday bro


    Mg Zawwan happy birthday . I would like to wish you a prosperous and smooth year ahead with your family.


    Maung Nay Win Soeုko oo (loved one call ) happy birthday bro................................

    ReplyDelete
  27. Shwe Zin Happy Birthday ပါ ပျော်ရွှင်ချမ်းမြေ့သော မိသားစုဘဝ နဲ့ မွေးနေ့ပေါင်းများစွာ ဖြတ်ကျော်နိုင်ပါစေ

    Sosegado Lwin Happy Birthday, The best wife အကောင်းဆုံးဇနီးပါလား

    Thet Wai Sis... Happy Birthday to your beloved hubby... :)


    Kaung Kin Pyar Happy Birthday to Thandar Lwin `s ချစ်ချစ်........မိသားတစုလုံး ပျော်ရွှင်ပါစေ......;)

    Aung Khin Myint Happy Birthday to Thandar Lwinရဲ့ ခင်ပွန်း ...း)

    Naw Phaw Happy birthday to Nyi Ma Thandar Lwin's better half ;))


    Nge Naing Happy Birthday!!! မွေးနေ့ အနှစ်တရာတိုင်အောင် ချစ်ဇနီးနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းရပါစေ။

    ReplyDelete
  28. AAB ကို လာလည်ရင်း မွေးနေ့ပွဲရောက်လာတာပါ..
    မမသံတို့ မိသားစု ပျော်ရွှင်ချမ်းမြေ့ကြပါစေ လို့ ဆုတောင်းပေးသွားပါတယ်..

    ReplyDelete
  29. Happy Birthday Mae Than's "Mg" ..... :D


    sinsin

    ReplyDelete
  30. Happy belated Birthday Bro May you two happy forever Bro & Sis

    ReplyDelete
  31. Happy BD ကိုခင်မောင်ဦး .. ဟင်းချက်ကောင်းတဲ့ . ပါးဖောင်းဖောင်းလေးနဲ့ တို့အစ်မ နဲ့ ..ဝကစ်ဖြူဖွေးနေ တဲ့ သမီး လေး နဲ့ အတူ ပျော်ရွှင်စရာ မိသားစု လေး ထာဝရ ဖြစ်ပါစေ

    ReplyDelete
  32. My best wishes to you & your husband, even though are belated.
    Theint

    ReplyDelete
  33. Oh! sorry i left ur lovely daughter :) all of u.
    Theint

    ReplyDelete
  34. လာရောက် ဆုမွန်ကောင်းတောင်းပေးကြသော မိတ်ဆွေများ ကို အထူးကျေးဇူးတင်ပါတယ်ရှင်။

    ReplyDelete