[X] Choose Font Here

Friday, January 6, 2012

ဟောင်ကောင် ခရီး ( 23.12.2011 - 26.12.2011) - (1)

၂၀၁၁ အောက်တိုဘာ ရ ရက်နေ့ မှာ မယ်သံ တို့ HR ကပြောပါတယ်။ ဒီနှစ် ခရစ်စမတ် အတွက် ကုမ္ပဏီ အလည်ခရီးကတော့ ဟောင်ကောင် ကို ပါတဲ့ ။

ပြီးတော့ ခရီးစဉ် စာရွက်လေးတွေ ပေးပါတယ် ။ စာ ရွက်မှာ ပါတဲ့ အစီအစဉ်လေးတွေကတော့

Day 1 : Singapore to Hong Kong
Welcome to HK ! Meet driver upon arrival & transfer to Hotel


Day 2: HK (Half day City tour)
Half day HK city includes visit to Victoria Peak (Mid Level) - HK's most popular attraction. Be amazed by the spectacular scenic view of surrounding city from the peak. Aberdeen Fishing Village - Experiences of boat people at the Aberdeen fishing village. This is perhaps one of HK's oldest and most popular tourist attractions. Head over to HK's most famous beach, Repulse bay- the most expensive land property in HK beside the Peak. Admire the view otherwise take the chance to cross the Longevity Bridge and rub God of Fortunes belly. head over to Avenue of Stars and get star struck! You will be walking around famous celebrities and icon's handprints. Visit their local product shops before Tour dis-miss at Tsim Sha Tsui area (Estimated 7 30 am to 2 pm)


Day 3: HK
Choice one Bonus
1)Ocean Park (Entrance ticket + 1 way transfer)
2) Lantau Island NP 360 with Lunch(1 way Transfer)
3) Macau sightseeing tour with lunch(1 way Transfer)
4) Top up $30/pax for Disneyland day pass (1 way transfer)


Day 4; HK to SG   ဖြစ်ပါတယ်။
 
သူတို့ ကပြည်ကြီးတရုတ်တွေ ဆိုတော့ ကျန်တဲ့ ဗမာ ၃ ယောက်ဘဲ ဗီဇာလျှောက်ရမှာပါ ။ 
မသွားခင် Day 3 အတွက်ပြောကြတော့ အကုန်လုံး က ဒစ်စနေးလန်း ကို ဘဲရွေးကြပါတယ် ။ ခရစ်စမတ် ဆို အထူးအစီအစဉ် တွေ ရှိတာ ကြောင့်ပါ ။

23 ရက်နေ့ မနက် ရး ၃၅ စထွက်ပြီး ဟောင်ကောင် ကို ၁၁း၂၀ ရောက်မှာ ပါ ။ ပျံသန်းချိန် ၃း၄၅ နာရီ ဖြစ်ပါတယ် ။














ဟောင်ကောင်လေ ဆိပ် မြင်ကွင်းပါ ။ စင်္ကာပူလေဆိပ်လို မီးတွေ ထိန် ပြီး အလှဆင် ထားတာ မရှိပေမဲ့ ကျယ်ပြီး သဘာဝ အလင်း လို မျိုးတော်တော် လင်း ပါတယ် ။ ထူးခြားတာ ကကြော်ငြာဆိုင်းဘုတ်ကြီးတွေပါ ။ အရမ်း ကို လှပါတယ် ။

လေဆိပ်က LANTAU ISLAND မှာ ရှိပြီး ကျမတို့ တည်းမဲ့ နေရာက HONG KONG ISLAND က KOWLOON မှာဖြစ်ပါတယ် ။

ဟောင်ကောင်လေဆိပ် ကို  မနက် ၁၂ နာရီ မထိုးခင်ရောက်ပါတယ် ။ ဧည့် အလာများပေမဲ့ တန်းစီ ချိန်မကြာအောင် လို့ အ၀င် မှာ ကတ်ပြား ရောင်စုံလေးတွေပေးပါတယ်။ လ၀က ကောင်တာ တွေ အများကြီး မှာ လက်မှာ ကိုင်ထားတဲ့ ကတ်အလိုက် လမ်းညွှန်ပေးတဲ့ အတိုင်း ၀င်သွားရတာပါ ။ ငယ်ငယ်က ရွာမှာ အလှူထမင်း စားဘို့ အနီ အ၀ါ ကတ်လေးတွေ အတိုင်းဧည့်ကြို ကအော်ခေါ်တာ ကို အမှတ်ယ မိပါတယ် ။
ဒါတောင် လာကြိုမဲ့ တိုးကား ကိုစောင့်တာနဲ့ နေ့လည် ၁း၄၀ မှ လေဆိပ်က စထွက်နိုင်ပါတော့တယ် ။

 လေဆိပ် ကနေ ဟိုတယ် အသွား လမ်းမှာ တွေ့ ရတဲ့ ရှူခင်းတွေပါ ။တကယ့် တကယ် အပြင်မှာ ဆို မျက်လုံးမခွာချင်အောင်လှပါတယ် ။ ခုက သွားနေတဲ့ ကားပေါ်ကနေ ကားမှန် ခံပြီး ရိုက်ထားတာမို့ ၀ါးတားတား ။
လမ်းတလျှောက် အတွေ့ရအများဆုံး အပင်တွေ က စွယ်တော် နဲ့ နွယ်သာကီ ပင်တန်းကြီးပါ ။














လှေခါးထစ် ပုံ ပြုလုပ်ထားတဲ့တောင်ပါ ။














ဟောင်ကောင် ဆိပ်ကမ်း နဲ့ တိုက်အမြင့် တွေ ကို ပင်လယ်ကူး ကြိုးတံတားအရှည်ကြီးပေါ်ကနေ မြင်ရပါတယ် ။













ဟိုတယ်ရောက်တော့ ညနေ ၃ နာရီ ထိုးနေပါပြီ ။














တည်းခဲ့တဲ့ ဟိုတယ်ပါ ။














 ဟိုတယ် အတွင်းပိုင်းမြင်ကွင်းပါ ။
ခရီးစဉ်မှာ ဒီနေ့ အတွက်မပါတာမို့ ကိုယ်ဟာကိုယ် သွားကြမယ် ဆိုပြီး Ocean Park နဲ့  Shopping ဆိုပြီး အစ ကအဖွဲ့ ၂ ဖွဲ့ ခွဲထားခဲ့ပေမဲ့ အချိန်က အဲလောက်မရတော့လို့ တမျိုးပြန်စဉ်းစားကြပါတယ် ။

လောလောဆယ် နေ့လည်စာ ထွက်စားပြီး ခဏနား ပြီးရင် ဒေးဝမ်း ညနေ အတွက် စိတ်ဝင်စားတဲ့ နေရာတွေ ရွေးကြပါတယ် ။

Victoria Peak နဲ့ Avenue of Stars ဟာ တိုးခရီးစဉ်ထဲ(ဒေးတူးထဲ) ပါပေမဲ့ ညရှူခင်းကိုကြည့်ချင်တာရော တည်းတဲ့နေရာနဲ့ မဝေးလှတာရောကြောင့် ကိုယ့်အစီအစဉ်နဲ့ ဘဲ သွားကြမယ် ။
ဒေးတူး အတွက် တိုးက ပို့ပေးမဲ့ ခရီးစဉ် ကိုဖျက်ပြီး တခြား စိတ်ဝင်စားရာနေရာတွေ ကိုယ်သွားချင်တဲ့နေရာတွေ ကို လဲ ကိုယ့်အစီအစဉ် နဲ့ ဘဲ သွားခဲ့ကြပါတယ် ။

မသွားခင် ညနေစာ စားကြပါတယ် ။














နေ့လည်စာ နဲ့ သိပ်မဝေး လို့ မဆာ လို့ ဘဲလားမသိ စားလို့ သိပ်မကောင်း ပါ ဘူး။

နောက်မှ ဆက်ပါဦးမယ် ။ ဓါတ်ပုံတွေ ရိုက်ခဲ့ တာလဲ အများကြီး မို့ ကိုယ်တိုင် အကုန်မကြည့်ရသေးပါဘူး ကြည့်ပြီးသမျှ လဲ အကုန်ကြိုက်နေတာကြောင့် ခွဲထုတ်ပြီးတင်ရ ခက်နေပါတယ် ။

3 comments:

  1. Plz upload all photos...
    (cannot type MM font ) >_<


    sinsin

    ReplyDelete
  2. ဟောင်ကောင်ကတော့ အရင်လို မုန်မှိုင်းမှိုင်းပဲ..ဓာတ်ပုံတွေ တင်ပါဦးဗျို့ 

    ReplyDelete
  3. စင်စင် က တင်ခိုင်းမှောတ့ တင်ရတော့မှာပေါ့ ။
    စန်းထွန်းရေ ..ဟုတ်ပါဘူးအေ အမ ကားမှန်အတွင်းက ရိုက်ရလို့ပါ ။

    ReplyDelete