[X] Choose Font Here

Wednesday, January 18, 2012

သမီးလေး ဟေမာလွင်ဦး ၁၀ လ

သမီးလေး  မဟေမာ ဒီနေ့ ၁၀လ ပြည့်ပြီ ။

သမီးလေး ဒီအရွယ်အကြောင်း ဖွားဖွားပြောတဲ့ အတိုင်း သမီးကြီးလာရင် အမှတ်တရ ပြန်ဖတ်ရအောင် ရေးထားပါတယ် ။

၉.၁၁.၂၀၁၁ - ဖေဖေ့ ဓါတ်ပုံ ကို လက်ညှိုးထိုးပြီး ဖေဖေ ဟု စခေါ်သည်။

၉.၁၂.၂၀၁၁ မှ ၁၁.၁၂.၂၀၁၁ ထိ ချောင်းဆိုး သလိပ်ပွ ဆေးခန်းသို့ သွားရသည်။

၁၄.၁၂.၂၀၁၁ မှာ အောက်သွားလေး ၂ချောင်းစထွက်လာပြီ ။
မကြိုက်လျှင် စိတ်ကြီးပြီးဒေါသဖြစ်ပြ သည်။ သူ့ကို ဆူလျှင် ပါးစပ်ကြီးဖြဲပြီးအော်ငို ။

၁၈.၁၂.၂၀၁၁ သမီးလေး ၉လပြည့် ဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့် နှင့် လိမ္မော်သီး ဖရဲသီး လှူ ။ နေ့လည် အိမ်နားက ကလေးတွေကို ပြောင်းဖူးကော်ပြန့်ကြော်ကျွေး သည်။

နေ့စဉ် မနက်အိပ်ရာထ တာနဲ့ ဘွတ်ဘွတ် တန်းသွား သည်။ ပြီးရင် ပဲပြုတ် ၊ ကြက်သားတတုံးကိုပြုတ်ပြီး မြူစွမ်တတုံးနှင့် ငုံးဥတတုံးထည့် ကျွေး သည်။ပြီးရင် ဘိုးဘိုး ကို အပြင်လက်ညှိုးထိုးပြသည်။ အဘိုးကချီလျှင် ဦးထုပ် ကိုလက်ညှိုးထိုးပြသည်။ သူများကို လက်ညှိုးထိုး ခိုင်းတတ်သော ဘိုးဘိုးကြီး မဟေမာ နဲ့တွေ့တော့ လက်ညှိုးထိုးခိုင်းတာ ကို ခံနေရသည်။
 ၉း၃၀ အပြင်ကပြန်လာရင် ငုံးဥပြုတ်တလုံး ဘီစကွတ် တချပ် စားသည်။နို့တဘူးသောက်သည်။
၁၁ နာရီမှာ ရေချိုး ထမင်းစားပြီး အိပ်သည်။ မမက ထမင်းကို ကြိတ်ပြီး ချေ ကျွေးရင် မကြိုက်တော့။
အိပ်ရာနိုးရင် ငှက်ပျောသီးမီးဖုတ် ကျွေး ရာ ချွဲကြပ်လို့ မကျွေးတော့ပါ ။ ရွှေပုစွန်မှ ပူတင်းမကြိုက် ပါ။ ပျားလိမ္မော် ၃ လုံး ကျွေးသည်။ ပန်းသီး ကိုမြင်ရင် အတင်းပါးစပ်ထဲ ထည့်တော့ နင်မှာစိုး လို့ အသေးလေး စိတ်ပေးရသည်။နို့တဘူးသောက်သည်။
၅နာရီမှာ ညနေစာ ဆန်ပြုတ်ကျွေးသည်။
ရနာရီမှာ နို့တဘူး နှင့် ဘီစကစ်တချပ် စားသည်။
၉နာရီမှာ နို့တဘူးစို့ရင်းအိပ်သည်။
ညဘက် တရေးနိုး နို့တဘူးသောက်သည်။

၈.၁.၂၀၁၂ ချောင်းဆိုး နှာပိတ်လို့ မအိပ်ရ ။ သျှင်ပါကူ ဆေးခန်း မှ ကလေးအထူးကု ဒေါ်ခင်ဆွေ နှင့် ပြသည်။ အတော် သဘောကောင်း ဂရုစိုက်သည်တဲ့ ။
၁၃.၁.၂၀၁၂ သမီးလေး နေမကောင်းတော့  အရမ်းငို သည်တဲ့ ။ ရာသီ ဥတု က ပူလိုက်အေးလိုက်ဆိုတော့ အဲကွန်းဖွင့် အိပ်မိသည်တဲ့ ။
သမီးလေး နေမကောင်းသော ရက်များစိပ်လှသည်။
အစားလဲစားနေရက်နှင့် ဘယ်လိုဖြစ်သည်မသိ။ မအေ အသက်ကြီးမှမွေးလို့များ လား သမီးရယ်။

ခုတော့ အိမ်နား က ကလေးကြီးတွေ လာကစားရင် သမီးလေး ကိုပါ လှည်းထဲပေးထည့်ပြီး လွှတ်ပေးထားသည်တဲ့ ပျော်နေသည်။
ကြော်ငြာ အရမ်းကြိုက်သည်တဲ့ ။ကြော်ငြာ လာရင် သူ့ ရှေ့ ကကွယ်တာ သူ့ ကို တခုခု အာရုံပျက်အောင်လုပ်ရင်မကြိုက်ပါ အော်သည် တဲ့ ။
ဖေဖေ မေမေ ဓါတ်ပုံကြည့်ပြီး ဖေ မေ နဲ့ ခေါ်နေသည် တဲ့။
ဟေမာ ဘယ်မလဲ ဆို သူ့ ရင်ဘတ်ကို ပုတ်ပြသည် တဲ့ ။
ရွှေလက်ခုပ် ပေါက်စိပေါက်စာ ကစားတတ်ပြီ ။
ဘိုင်ဘိုင် ပြတတ်ပြီ ။ လာလာ နဲ့ ခေါ်တတ်နေပြီတဲ့ ။

သမီးလေး တို့ ပြန်လာ ဘို့ လေယာဉ်လက်မှတ်စီစဉ်နေပြီ ။ ဘိုးဘိုးတို့ ဘွားဘွား တို့ ကလဲ မလာချင်တော့ ဟိုအကြောင်းပြနောက်ဆုတ် ဒီအကြောင်းပြ နောက်ဆုတ် လုပ်နေသည်။ 
သမီး အဖေ ကလဲ ဖွားဖွား က သမီးအကြောင်း စာရေးတိုင်း ရောဂါတက်ပြီး မြန်မြန်ခေါ်ပေးဘို့ ပြောနေသည်။

(သမီးလေး ရဲ့ သွားပေါက်နေတဲ့ ဓါတ်ပုံကြည့်ချင်လှသော်လည်း ဓါတ်ပုံ ရိုက်ပြီး ပို့ပေးမည့်သူ မရှိလို့ မကြည့်ရပါ ။ ဆွေမျိုးညာတိ နည်းသော(မရှိဟု တောင် ဆိုရမည်) နေရာမှာနေရသော လူအို နှစ်ယောက်နှင့် ကလေးတယောက် ကသီလှသည်။ ဒါတောင် သမီးလေး အဖေ ဘက်က အဒေါ်တယောက်လာနေပေးလို့ ။ ဒီလိုသာ ကူညီမည့်သူ ရှာမတွေ့သော်လည်း ဖွားဖွား စလုံးမှပြန်စဉ် ကလေးပစ္စည်းမှလွဲပြီး ကျန်တာသူတို့ ပစ္စည်းမပါ ကီလို ၇၅ ကျော်သော လက်ဆောင်တွေ နှင့် အထုတ်ကြီး ကို မြင်ယောင် ဖွားဖွားရဲ့ သမီး ရဲ့ ခြွေ မှ ရံတာဟဲ့ ဆိုသောစကား ကို ကြားယောင် နေမိတော့သည်။)

13 comments:

  1. ပန်းသီးကြိုက်တဲ့ ဂျူနီယာလွင်ဦးပဲး)
    တစ်နှစ်တောင်မပြည့်သေးဘူး..
    တော်တော်တတ်နေပြီနော်အစ်မ
    မျက်ခုံးကလည်း.တော်တော်ကောင်းကောင်း :P
    ပျော်စရာလေးတွေဖတ်ရတော့
    စိတ်ချမ်းသာတယ်အစ်မရေ.. :)

    (စကားမစပ်..
    ကင်မလာမန်းမရှိရင်ပြောနော်အစ်မ
    ကင်မလာလေဒီရှိတယ်
    (ယုံတယ်မို့လားး)

    ချစ်ခင်လျှက်

    ReplyDelete
  2. အမလေး ဒီသမီး ကတော့ ချက်ချင်း ဘဲ အားကိုး ရတဲ့ သမီးစံလေး ။
    ကင်မလာမန် မ၇ှိလို့လေ ဒေါခွီးနေတာ ..ဟိ။

    ReplyDelete
  3. သမီးလေးက တော်တော်တတ်နေပြီပဲ..ချစ်စရာလေး အမ..အမှတ်တရလေးတွေ ရေးပါဦး အမရေ..သမီးလေး ဟေမာကြီးလာရင် ချစ်မေမေရဲ့ ပိုစ်လေးတွေ ဖတ်ပြီး ချစ်မေမေ ဘယ်လောက်ချစ်ကြောင်း သိတာပေါ့

    ReplyDelete
  4. မမလွင်ရေ ဖတ်ပီးတော့ မမလွင်ရဲ့  မိခင်မေတ္တာကို ခံစားနားလည်မိတယ် မိသားစု တူတူပျော်၂ရွှင်၂ကျန်း၂မာ၂နဲ့ နေနိုင်ကြပါစေ

    ပိုးပိုး

    ReplyDelete
  5. ဟေမာလွင်ဦးး)
    လမ်းထဲမှာ ဟေမာန်ဦး ကလေးလေးတစ်ယောက်ရှိတယ်။
    ရှားတဲ့နာမည်လေးတွေ
    ဟေမာကို ပိုလှတယ်။ အမရွေးတတ်တယ်။
    မိသားစုစိတ်ရောကိုယ်ပါအေးချမ်းပျော်ရွှင်ပါစေ...
    မီးမီးလေး ၁၀လမှနောင်နှစ်ပေါင်းများစွာတိုင် မိသားစုတဲအတူပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ပါစေ..
    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  6. Happy tenth month BD Cutie Ma Hay Mar.....



    Aunty sinsin

    ReplyDelete
  7. သမီးလေးက ဖေဖေနဲ့ တူလာတယ်... ...း)

    ReplyDelete
  8. သန္တာတို့နှစ်ယောက်ကလည်းရုပ်ဆင်တယ်။
    သမီးဦးလေးကိုရူးရူးမူးမူးချစ်ကြတယ်ဟုတ်?
    ပျော်ရွှင်ဖွယ်မိသားစုလေးရာသက်ပန်အေးချမ်းပါစေနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. သမီးလေးတစ်ယောက်ရှိတော့ ကြီးလာရင် အမေအဖော်ရပြီပါ့...။
    သမီးလေးအရွယ်ရောက်လာရင် မေမေရေးထားတာလေးတွေ ပေးဖတ်ရင် ကျေနပ်နေမှာ၊ ပျော်နေမှာ သေချာတယ်။

    ReplyDelete
  10. အားတွေကျလိုက်တာ အားတွေကျလိုက်တာ နော် မမမယ်သံရေ

    ကိုရင်ကလဲ ချီချင်ပြီ ဘယ်နှယ့်လုပ်ရပါ့ နော်း)

    ချစ်တဲ့


    ဒိုးကန်

    ReplyDelete
  11. စန်းထွန်း ရေ ရေးပါ့မယ်နော် ။ အားပေးတာကျေးဇူးပါ ။
    ပိုး ရေ ဆုတောင်းပေးတာကျေးဇူးပါနော်။
    မိုး ကိုလဲ ဆုတောင်းပေးလို့ ကျေးဇူးပါနော်။
    စင်စင် ရေ သမီး ကတော့ ပျော်နေပုံပါဘဲ ။
    ဟုတ်တီတင့် သမီးလေး ကို အရမ်းချစ်ကြတယ်။ ကျေးဇူးပါရှင်။
    ဟုတ် အမ သက်ဝေ သူ့အဖေ နဲ့ ရုပ်ချင်းတင် ဟုတ်ဘူး စားတဲ့ အကျင့်ချင်းလဲတူတယ် ။
    ဟုတ် အမ မြသွေးနီ ..အမ ရော သမီးခေးတယောက်ထပ်မွေးပါဦး..ဟိ။
    မဒိုး ရေ ဆုတောင်း ကျန်းမာအောင်လဲနေနော်။

    ReplyDelete
  12. ကူးကူးလှိုင်November 22, 2012 at 6:42 PM

    ခုလိုလေး သမီးလေးအတွက်ရေးထားတာ ကောင်းလိုက်တာ နောင်သမီးလေး ကြီးလာရင် ပြန်ကြည့်လို့ရတာပေါ့နော် ...

    ReplyDelete
    Replies
    1. ဟုတ်တယ် သူလေး ကြီးလာရင် ဖတ်စေချင်တာ ကူးကူးရဲ့ ..

      Delete