[X] Choose Font Here

Sunday, January 1, 2012

ကိုအောင်စိုး နှင့် သီရိဟေမွန်ဦးတို့ ရဲ့ ပန်းခင်းသော ချစ်ခရီးလမ်း

၂၀၁၂ ဇန်န၀ါရီ ၁ ရက်နေ့
ရန်ကုန်မှာတုန်းက အလုပ်တူ ညီမလေး သီရိရဲ့ မင်္ဂလာဧည့်ခံပွဲရှိတာကြောင့် စောစောထ ပြင်ဆင်ပြီး ချီတက်ခဲ့ကြပါတယ် ။
နဂိုထဲ က စိတ်ကူးလှလှ လေးတွေ ရှိတတ်တဲ့ ညီမလေးသီရိ သူတကယ်ချစ်လို့ လက်တွဲမဲ့ ပွဲမှာ ဘယ်လို များ ပြင်ဆင် စီစဉ်ထားမှာပါလိမ့် လို့ သူတို့ နှစ်ယောက် facebook  မှာတင်ထားတဲ့ Pre Wedding Photos တွေ ကိုကြည့်အပြီး တွေးမိနေတုန်း ချစ်စရာ ရိုမန်းတစ် ဆန်ဆန် ဖိတ်စာလေးရောက်လာခဲ့ပါတယ် ။

The harmony of love meets with the melody of life to create our beautiful love song.
Please join ....တဲ့ ဘယ်လောက်များချစ်စရာကောင်းတဲ့ စာသားလေးပါလိမ့် (ဘယ်သူ့ အိုင်ဒီယာလဲတော့မသိ)။
 ကျင်းပမဲ့နေရာ က Burkill Hall (National Orchid Garden) ထဲမှာပါတဲ့ ။
Orchid Garden ထဲမှာ ဆိုတော့ သစ်ခွပန်း ရောင်စုံ တွေ နဲ့ လှပတဲ့နေရာလေးမှာ တိုက်လာတဲ့ လေညှင်းလေးတောင် ပန်းရနံ့ တွေ သင်းပျံ့ နေမှာ ။ ပန်းတွေ ကြားထဲက သူတို့ရဲ့ ချစ်ခြင်း ကို အများသူငါ အသိအမှတ်ပြုစေတဲ့ ပွဲလေး ဘယ်လောက်တောင် လှနေမှာပါလိမ့် ။

 
ဓါတ်ပုံ ထဲမှာ တွေ့ ရတဲ့ ချစ်သူနှစ်ဦးရဲ့ ပျော်ရွှင်တဲ့ အပြုံး ကို ကြည့်ရင်း ကိုယ်ပါ သဘောတကျ ပြုံးမိတယ် ။



Solemnization ကျင်းပ တဲ့ နေရာလေးပါ ။ မနက် ၁၁ နာရီ အချိန် ရာသီ ဥတု ကလဲ သာသာယာယာ ရှိပါတယ်။


 လက်စွပ်လေးနှင့် အတူ  ဂတိ သစ္စာ အပြန်အလှန်.....................................................း)



ချစ်သူ နှစ်ဦးရဲ့ အကြင်နာ အနမ်း ။ ( Solemnization ထုံးစံအတိုင်း နမ်းရပါတယ် ။ ဘယ်လောက်ဘဲ ထုံးစံ ဆိုဆို ဘယ်လောက်ဘဲ ချစ်ချစ် လူရှေ့သူရှေ့ ဆိုတော့ ရှက်ပြီး သက်တောင့် သက်သာတော့ မရှိပါဘူး ။ဒီတော့ ထပ်ခါထပ်ခါ နမ်းခိုင်းပါတယ် ။ သတို့သား ကများ Solemnizer ကို ကပ်ပြောထားတာလား သိဘူးနော်....:P )



ချောမော သွက်လက် စမတ်ကျပြီး သတို့ သားကို အကြိမ်ကြိမ် နမ်းဘို့ အခွင့်အရေး ပေးခဲ့သော Solemnizer နှင့်အတူတူ ။



သတို့ သမီးလေး ရဲ့ လက်ကိုင်ပန်းကို နောက်ပြန်ပစ်ပေးပါတယ်။ အပျို တွေ အမိဖမ်း ရတဲ့ သူ အမြန်စွံမယ်တဲ့ ။ ( ဒီအခွင့် အရေး နာ့မှာ ရှိတော့ဘုးကွာ ကတောက် )



ဟော ဘူဖေး အကျွေးအမွေး အစီအစဉ် စပါပြီဗျာ ။



ချစ်သူ နှစ်ဦး ယနေ့ မှ စ သက်ဆုံးတိုင် ချောမွေ့ သော ပန်းခင်းလမ်းမှာ ပျော်ရွှင်စွာ အတူ လက်တွဲ လျှောက်လှမ်းနိုင်ပါစေ ။

4 comments:

  1. အလှမစားနဲ့
    အ၀စားခဲ့နော်အစ်မး))

    ဟက်ပီးတဲ့နယူးရီးယားဖြစ်ပါစေရှင်

    ချစ်ခင်လျှက်
    မိစံ

    ReplyDelete
  2. အရမ်းကိုကြည်နူးပျော်ရွှင်စရာလေးပါလားနော်

    အင်းး ဘယ်နှစ်နှစ်ပြည့် လုပ်ရမလဲ
    အဲကျမှ ဘလော့၈ါမမတွေကို ပန်းစီးပြန်ဖမ်းခိုင်းမယ်
    မမရယ်စိတ်ဓာတ်မကျပါနဲ့ နော် ဟိဟိး)

    ချစ်တဲ့

    မဒိုးကန်

    ReplyDelete
  3. မရေ... ဆုမွန်ကောင်းအတွက်ရော ဒီပို့စ်လေး အတွက်ပါ အရမ်းကို ကျေးဇူးတင်ပါတယ်။ အရမ်းကိုလေးနက်ပြည့်စုံတဲ့ မင်္ဂလာလက်ဖွဲ့လေးပါပဲ... အရာအားလုံးထက် ပိုတန်ဘိုးရှိတဲ့ လက်ဆောင်လေးပါ :)

    ချစ်ခင်မှုများစွာဖြင့်
    သီရိ

    ReplyDelete
  4. သီရိရေ..............ညီမတို့ မင်္ဂလာအခမ်းအနားလေး ကို ဘလော့ဂါ မမရဲ့ အရေးအသား ကောင်းကောင်းလေးနဲ့ ပုံဖော်ပေးထားတော့ ဖတ်ရတာ အရမ်းကိုစိတ်ကြည်နူးစရာလေးနော်.

    ReplyDelete