[X] Choose Font Here

Sunday, September 17, 2017

ချက်ခြင်းရဲ့ အနုပညာ

ဖြိုသလစ် အသုပ်စုံ ဘူးသီးကြော်လေးနဲ့


ကိုယ် စင်္ကာပူကိုရောက်တဲ့ ဆယ်နှစ် အတွင်းမှာ တိုးတက်လာတာဆိုလို့ ဟင်းချက်တာ ရယ် ၀ိတ်တက်လာတာရယ် ပဲ ရှိတယ် ။

စလေမှာ နေတုန်းကတော့ မီးဖိုချောင်က မေမေ့ အပိုင် ။ ကိုယ်တွေက ကြက်သွန်နွှာ ငရုတ်သီးထောင်း အရွက်သင် တာ လောက်ပဲ ကူရတာ ။
ကျောင်းပြီး လို့ လုပ်ငန်းခွင်ထဲလဲရောက်ရော ပထမဆုံးအလုပ်ဝင်တဲ့ ဆောင်းဟေမာန်က ၀န်ထမ်းတွေကို စား၇ိတ်ငြိမ်း ထမင်းပါကျွေးတော့ ချက်စရာ မလိုဘူး အေးဆေးပဲ ။
နောက် ကိုယ်ကလဲ အစားအသောက်ကို သိပ်ချေးများတယ်မဟုတ်ဘူး ။ ဒီလိုပဲ ပါးစပ်ထဲ ထည့် မျိုချပလိုက်တာပဲ ဟင်းဟင်း ။

နောက်တော့ ဟိုပြောင်း ဒီပြောင်း ဟိုခုန် ဒီခုန် နဲ့ ဘာမှ မယ်မယ်ရရ ချက်တယ် ပြုတ်တယ် မရှိပါဘူး ။
ကိုချစ်မောင် နဲ့ တွေ့တော့ သူပြောတာတွေ ဆို ကိုယ်က အံ့သြတကြီး စားရကောင်းမှန်းလဲ မသိပါဘူး ဘာတဲ့ ငါးပြေမ ကို မရမ်းသီးနဲ့ ချက်တာတို့ ၊ ငါးစင်ရိုင်း၊ ငါးသံချိတ်အိုးကပ်တို့ ချဉ်ပေါင်ခါးပုစွန်ဆိတ်နဲ့ ကြော်တာတို့ ။ သူ့မယ် ကိုယ့်ခမျာလေး မစားဘူးရှာဘူးဆိုပြီးတော့ ဟင်းတွေ ချက် ချက်ပြီး အဆောင်ကို လာပို့ရှာတာ ကိုယ့်မှာ အထူးအဆန်းတွေ စားပြီးတော့ ဟယ် ဒီမောင်မောင်လေး လက်ဆိပ်ရှိတယ် သူဆိတ်တာ ခံလိုက်မှပဲ အဲလေ သူချက်တာတွေ တသက်လုံးစားရအောင် ကြံစည်မှပဲ ဆို ပြီး တော့ ......။
အခုများတော့ အဲဒါတွေဟာ အိမ်မက်တွေလိုပဲ လေ၊ ယုံနိုင်စရာ မရှိတော့ဘူး ။

နောက်တော့ ၃၉ လမ်း သမဆောင်မှာ နေတော့ မီးဖို သုံးလို့ရတာနဲ့ မီးဖိုပေါက်စနလေးနဲ့ တော့ ဟင်း စ ချက်စားပါတယ် ။ အောက်မှာကလဲ ညနေဆို ၃၈ လမ်းညနေဈေးလေးရှိတော့ လွယ်လွယ် အသီးလေးအရွက်လေးဝယ် ကြော်စား တယ် ။ အဲတုန်းကလဲ အဆောင်ပေါ် ဟင်းချက်ဖို့ကလဲ အချိန်ကသိပ်မရှိဘူး ။ ချစ်စရာ မောင်ကလေးက ရုံးပြန် လိုက်ပို့ ပြီးရင် အဲနားမှာပဲ အအေးဆိုင်ထိုင်လိုက် ဗိုလ်တထောင် သွားလိုက် ရုပ်ရှင်ကြည့်လိုက် ပိုက်ဆံရှိရင် ဆီချက်လေး ဒန်ပေါက်လေး စားပြီး မရှိရင် ထမင်းဆီဆမ်း ပဲကြော်သုပ်မာမာလေး စားလိုက်နဲ့ ပြီးရော ။

မှတ်မှတ်ရရ ယောက္ခထီးလောင်း နဲ့ ပထမဆုံးတွေ့မယ်ဆိုတော့ ကိုချစ်မောင်က ဆိုင်မှာ မကျွေးပဲ ကိုယ့်ကို ချက်ကျွေးစေချင်တာ ။ ဘာကြိုက်တတ်လဲ ဆိုတော့ ချဉ်ပေါင်ကြော်တော့ ပါပစေကွာတဲ့ ဟွန့် ။ အဲတုန်းက ချဉ်ပေါင်ကြော်ဆိုတာ ကိုယ့်အတွက်တော့ စွန့်စားမှူကြီးပဲ ။
မည်သို့ မည်ပုံဖြစ်သည်မသိ ချဉ်ပေါင်ကြော်က မချဉ်ဘူး ငံတံတံကြီး ။ ကြည့်ရတာ စေတနာဇောကပ်ပြီး ငပိနဲ့ ပုစွန်ခြောက်များသွားပုံရတယ် ။

နောက်တော့ ကြံရာမရ ချဉ်အောင် ရှိတဲ့ ခရမ်းချဉ်သီးတွေ ရောထည့်လိုက်တာ ယခမောက်လောင်းက သူ့သားကို ကပ်ပြီး မှတ်ချက်ပေးသွားတယ် ။ ဒီလို ချဉ်ပေါင်နဲ့ ခရမ်းချဉ်သီးရောကြော်တာ ဒီတခါပဲ စားဖူးတယ်ဆိုပဲ ။ အထူးဆန်းကြီင်္းပေါ့ ဟင်းဟင်း ။

အိမ်ထောင်ကျတော့လဲ အလုပ်ရှိတာရော ပိုက်ဆံမရှိတာရောနဲ့ဖြိုသလစ် ပဲ ချက်တယ် ။ စင်္ကာပူ လိုက်လာခါစကတော့ သူနဲ့ ကိုယ်နဲ့ အတူတူမနေဖြစ်ဘူး ။ အဲဒါ ပိတ်ရက်တွေ တွေ့မယ်ဆို ပင်နဆူလာပဲ ချိန်းဖြစ်တယ် ။ တခါလာလဲ ပင်နဆူလာ တခါလာလဲပင်နဆူလာ လူတွေကများ စကားသံတွေကညံ ဟင်းတွေက နံ ဟမ် ကိုယ့်မယ် တပတ်တခါ ယောက်ျားနဲ့ တွေ့ရတာ ဖီးလ်မလာချက် ။ သူငယ်ချင်းတွေကို ပြောပြတော့ သူတို့ကလဲ ယောက်ျားလေးချင်း ဓါတ်သိတယ် နင်ပင်နဆူလာမသွားစေချင်ရင် နင်ပဲ စားကောင်းမှာလေးတွေ ချက်ကျွေးလိုက်ဆိုပြီး အကြံကောင်းပေးတာက စ တာပဲ ။

အခုတော့ ကိုချစ်မောင် ကြိုက်တတ်တာ တွေဆို တဘက် ကို ကမ်းခတ်တယ်ပြောရမယ် ။ သူ့အတွက် မွေးနေ့ချိစ်ကိတ်တောင် ကိုယ်တိုင် ဖုတ်ပေးတယ် ။ ကိုယ်ကြိုက်တာတွေတော့ သာကူကြို တောင် မကြို တတ်သေးဘူး ဆို ပိုပိုကြီး လို့ ပြောကြမှာပေမယ့် အဲ့ဒါ တကယ် ။

တစ တစ ချက်ရင်း ပြုတ်ရင်း နဲ့ မီးဖိုခန်းထဲဝင်တာဟာ ကိုယ့် stress တွေကို ဖြေပျောက်ရာ နေရာ ဖြစ်လာတယ် ။ တယောက်ယောက်ကို စိတ်တိုနေသလား ဂျင်း ကြက်သွန်ကို ငရုတ်ဆုံထဲ တဒုန်ဒုန်း ထု ထည့်လိုက်တယ် ။ နောက် ဟင်းချက်တယ် မုန့်လုပ်တယ် ဆိုတာကလဲ စိတ်ကလေးနှစ်ပြီး လုပ်မှ ဆိုတော့ အသက်ကြီးလာလေ စိတ်ညစ်စိတ်ရှုပ်စရာတွေ ပုံလာတဲ့ ဘ၀မှာ မီးဖို ၀င်ရတာဟာ အားလုံးကို မေ့ဖျောက်ထားလို့ရတာကိုး ။
မီးဖိုခန်း ၀င်ရတဲ့ အကောင်းဆုံးအချက်က ကိုချစ်မောင် ကို ရစ်လို့ရတာပဲ ။ ဒီကတော့ ရှင့်အတွက်ဆို လုပ်ရတာ မော လို့ ရှင်ကတော့ ဘယ်လို ဘယ်ချမ်းသာ ပြောခွင့်ရသပေါ့လေ ။ နို့မို့ ကချစ်မောင်တို့ေ ရွှတောင်စက္ကူလို အပြစ်ကို လှစ်ခနဲ ရှောင်တတ်ပုံနဲ့ ကျုပ်မယ် ပြောရေး ရစ်ခွင့် ရမှာမဟုတ်ဘူးရယ် ဟမ် .........။

 ကိုယ်က ကိုချစ်မောင် ကြောင့် ချက်တတ်လာတယ် ၊ သူက ကိုယ်ချက်တာတွေ အားပေးတော့ ချက်အားရှိတာပေါ့ နဲ့ ပြောပြောနေတာကို အညင်ကတ်လို့နဲ့တူတယ် ၊ဒါမှမဟုတ် မြွေ မြွေ ချင်း ခြေမြင်တဲ့ သူငယ်ချင်းတွေက မယ်သံ ညီး အကောင်းများမှတ်နေလား ၊ ညီး မီးဖိုချောင် ၀င်တဲ့အချိန်လေးတော့ ကချစ်မောင်က နားအေးချိန်လေးဆိုပြီး မြှောက်ပေးနေတာ ဗျား လို့ ပြောလိုက်တော့ ကိုယ့်ရဲ့ တလူလူတက်နေတဲ့ အညွန့်လေးကို ရေနွေးပူလောင်းလိုက်သလို ငိုက်ကနဲ နွမ်းကျလာတာပဲ ။ ငနာ တွေ သိရင်လဲ မသိချင်ယောင်ဆောင် တိတ်တိတ်လေးနေပြီး နာ့ကို စိတ်ချမ်းသာခွင့်မပေးကြဘူး ဟွင်း x-.+=+



3 comments:

  1. Swe Swe Myint ​တော်​ချက်​ကွယ်​မယ်​သံ

    Yu Yu Nwe စာရေးကောင်းချက်

    Khin Swe Latt အစ်​​ရေ ဆက်​​ရေးပါအုံး ဖတ်​လို့​ကောင်းချက်​👍👍

    Thein Zaw Myint စာရေးဆရာမဖြစ်ရမှာ


    ReplyDelete
  2. Ohmar Soe အမလေးလေးစာဖတ်ရတာမောသွားတာပဲကချစ်မောင်ရယ်။အဲ့ဟုတ်ပါဘူးမှားသွားလို့မယ်သံလေးရယ်။ ကောင်းလိုက်တဲ့စာလေးပါ။အားပေးပါတယ်။

    Htwe Htwe Thein ​ကျောင်းတုန်းကဒီ​လောက်​စာ​ရေး​ကောင်းမှန်းမသိဘူး​အေ

    ဖိုး သုည စာရေးဆရာမပြောင်းလုပ်အေ။ငါကတော့ဟင်းချက်တဲ့နေရာတော့တော်သလားလို့အရင်ကပေါ့။ခုတော့လက်တဆုပ်စာချက်နေရ အိုးကပ်ရုံဘဲမကိုက်ဘူးဆိုပြီး ဂျိုင့်ဆွဲစားရင်းနဲ့ချက်တတ်တော့ဘူးထင်ပါရဲ့ဒေါ်မယ်သန်ရေ။

    Yadanar Lin အမ စာမရေးတာကြာပီ

    Lae Ohn အိမ်ရှင်မတိုင်းရဲ့ ဖီးလ် ကိုရေးထားသလိုပဲ
    သိပ်ဟုတ် သိပ်ကိုဟုတ်ပါ မယ်သံလေးရေ

    ReplyDelete
  3. Wai Wai Pyone ချစ်စရာသမီးဟေမာလေးရယ်...😍
    Like
    · Reply ·
    1
    · September 17 at 3:36pm
    Manage
    Ssm Soe Soe Myint
    Ssm Soe Soe Myint ကိုချစ်​​မောင်​လည်းပါ​သေး ဟင်းချက်​​ကောင်းတာလဲပါ​သေ စာ​ရေးကလည်း​ကောင်း​သေး***** ​တွေအများကြီး​ပေးလိုက်​တယ်​​နော်
    Like
    · Reply · September 17 at 3:37pm
    Manage
    Thet Naing Oo
    Thet Naing Oo စားရေးကောင်းလိုက်တဲ့ငါ့သူငယ်ချင်း
    တချစ်တဲ့ချစ်နေတဲ့ကိုမောင်ပါပဲ
    Like
    · Reply · September 17 at 3:47pm
    Manage
    Thandar Soe
    Thandar Soe ချက်ခြင်းရဲ့ အနုပညာရှင်မကြီး မယ်သံ
    Like
    · Reply ·
    1
    · September 17 at 4:03pm
    Manage
    Thomas Zwe Thar Win
    Thomas Zwe Thar Win အချက်တွေထဲ အချစ်တွေထည့်ထည့်ချက်ပြီးတော့များ
    Like
    · Reply · September 17 at 4:17pm
    Manage
    Myat Khin
    Myat Khin သမီးလေးတစ်ယေက်ပါတိုးသေးတယ်လေ
    Like
    · Reply · September 17 at 4:22pm
    Manage
    Khin Sandar Htun
    Khin Sandar Htun ဖတ်လို့ အလွန်ကောင်း
    Like
    · Reply · September 17 at 5:01pm
    Manage
    May Nandar
    May Nandar အဲလို​လေး​တွေ ​ရေးပါ မယ်​သန်​ရယ်
    Like
    · Reply · September 17 at 5:06pm
    Manage
    Pon Nya
    Pon Nya စာရေးဆရာမလုပ်ပါလားဟ
    Like
    · Reply ·
    1
    · September 17 at 5:09pm
    Manage
    Thein Gi
    Thein Gi စာရေးစရာမလုပ်လို့ရပြီ ရေးတာကောင်းလွန်းလို့မျက်ရည်ကျအောင်ရယ်ရတယ်
    သူငယ်ချင်း
    Like
    · Reply ·
    1
    · September 17 at 6:07pm
    Manage
    Thandar Lwin
    Thandar Lwin ဂီပု သောကြာညက ညီး ဒီရောက်နေတယ်လို့ အိမ်မက် မက်တယ်
    Like
    · Reply · September 17 at 7:02pm
    Manage
    Thandar Lwin
    Write a reply...
    Ei Yadanar Thaw
    Ei Yadanar Thaw ယခမောက်ကို ချဉ်ပေါင်ကြော်ကျွေးတဲ့အပိုဒ်မှာ ရီလိုက်ရတာ 🙂
    Like
    · Reply · September 17 at 6:42pm
    Manage
    Kan Myint
    Kan Myint ဆရာတို့​ချောက်​ဆင်းတွေနဲ့မဂ္ဂဇင်း​ထောင်​ရပြီစာ​ရေးဆရာရှာစရာမလို
    Like
    · Reply · September 17 at 7:25pm
    Manage
    Thida Ko
    Thida Ko သဘောကျလွန်းလို့ ha ha ပေးတာနော် တူတာတွေများတာကိုး တို့ဘဝတွေက :)
    Like
    · Reply ·
    1
    · September 17 at 7:32pm
    Manage
    Hmwe Hmwe Ko
    Hmwe Hmwe Ko ဟုပ မှန်ဘပေါ့
    Like
    · Reply ·
    1
    · September 17 at 8:03pm
    Manage
    Thandar Lwin
    Write a reply...
    Thuzar Myint
    Thuzar Myint ​တော်​ထှာ အကုန်​လုံး
    Like
    · Reply · September 17 at 8:12pm
    Manage
    Mi Mi Khaing
    Mi Mi Khaing · Friends with Lwin Htoo Kyaw and 71 others
    တော်ပါတယ်ဆိုအေ
    တကယ့်ဘက်စုံ😋
    Like
    · Reply · September 17 at 8:12pm
    Manage
    Henry Chen
    Henry Chen Dream - အိပ်မက်ပါ။ အိမ်မမက်ပါနဲ့။ :)
    Like
    · Reply ·
    1
    · September 17 at 8:33pm
    Manage
    Sai Kyi Phyawni
    Sai Kyi Phyawni ဟင်းချက်တဲ့အကြောင်းရေးထှာလား ကိုကိုချစ်မှောင် အကြောင်း ရေးထှာလား မသဲကွဲပု 😬😄😂
    Like
    · Reply · September 17 at 8:52pm
    Manage
    Ma Ei Ei Khaing
    Ma Ei Ei Khaing စာရေးဆရာမ
    Like
    · Reply · September 17 at 10:01pm
    Manage
    Nilar Soe
    Nilar Soe သြော်ဒါကြောင့် ဟိုတုန်းကထက်ပိုဝလာတာကိုးးး
    Like
    · Reply · September 17 at 10:50pm
    Manage
    Nwe Yin Myo
    Nwe Yin Myo ချစ်လို့ ချက်သည်
    Like
    · Reply · September 17 at 10:56pm
    Manage
    Nyo Nyo
    Nyo Nyo ရေးတတ်လိုက်တာ
    Like
    · Reply · September 17 at 11:45pm
    Manage
    Thein Gi
    Thein Gi ရွှေအိမ်မက် ငွေအိမ်မက်ဟ
    Like
    · Reply · September 18 at 12:10am
    Manage
    Nay Nan Nwe
    Nay Nan Nwe ဖတ်ရင်းနဲ့ အဆိတ်ခံလိုက်မှပဲ ဆိုတော့ ထရယ်မိတယ် အစ်မ :):)
    Like
    · Reply · September 18 at 2:19am
    Manage
    Mg Mg Oo
    Mg Mg Oo ချစ်​ခြင်းရဲ့ဟင်းလျာပါ
    Like
    · Reply · September 18 at 9:28am
    Manage
    Aye Mar Mar Swe
    Aye Mar Mar Swe စာရေးဆရာမလုပ်စားမှာလေ
    Like
    · Reply · September 18 at 11:09am
    Manage
    Sai Sai
    Sai Sai · Friends with Thet Naing Oo
    Like
    · Reply · September 18 at 1:13pm
    Manage
    Zar Nyi Nyi Tun
    Zar Nyi Nyi Tun ဩော်သူတို့Civilတွေကစာအရေးအသားတွေလည်းကောင်းသား အနုပညာဆန်တဲ့မေဂျာမှန်းခုမှသိရတယ် pku က ကိုဘိုနေကလဲ အလာကြီး တော်ကြပါပေတယ်ဗျာ
    Like
    · Reply · September 18 at 2:06pm
    Manage
    Dora Lynn
    Dora Lynn
    Like
    · Reply · September 18 at 10:19pm
    Manage
    Thandar Saung
    Thandar Saung စာ​ရေးဆရာမလုပ်​ရပြီထင်​ပါ့
    Like
    · Reply · September 18 at 10:52pm
    Manage
    Daw San San Aye
    Daw San San Aye စလေဦးပုညအမျိုးထင်တယ်
    စာရေးကောင်းတဲ့သူလေး
    Like
    · Reply · September 19 at 12:24am
    Manage
    Aye Aye Phyu
    Aye Aye Phyu · Friends with Ngwe Nan Myint and 4 others
    အမလဲမချစ်မောင်တောင်လုပ်ချင်လာပြီ
    Like
    · Reply · October 9 at 12:24pm
    Manage
    Lee Hting Foon
    Lee Hting Foon · Friends with Maung Kyi Shein
    တော် လိုက်တာ ရေးပါအုန်း ဖတ်လို့ ကောင်းတယ် (သရက်မှအဖွန်/လှထွန်း)
    Like
    · Reply · October 14 at 12:27am

    ReplyDelete