[X] Choose Font Here

Thursday, August 31, 2017

ငြိမ်းချမ်းစွာ ရှင်သန်ချင်တယ်

ယုဇနတွေ အဆုပ်လိုက်ပွင့်ကြတယ်
သူတို့ အဆုပ်လိုက်ကြွေကျသလား မသိခဲ့ဘူး။

    တို့ရခိုင်တွေ အဆုပ်လိုက် ကြွေကျသွားကြတယ်၊
    သူတို့ အဆုပ်လိုက် ပွင့်ခဲ့ကြသလား မသိခဲ့ဘူး ။



ပရွက်ဆိတ်တွေဟာ အစုလိုက်ရွှေ့ပြောင်းကြတယ် ၊
သူတို့ အဆင်ပြေရာရောက်သွားလားမသိခဲ့ဘူး ။

     တို့ရခိုင်တွေ အခု စစ်ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြတယ်၊
     သူတို့ဘေးကင်းရာ ရောက်သွားလားမသိရဘူး ။


စစ်သွေးကြွတွေဟာ ကမ္ဘာ့အသက်တွေကိုရန်ရှာနေကြတယ် ၊
သူတို့ဘုရားအလိုအရ ဒါဟာငြိမ်းချမ်းရာကို ပို့နေတာတဲ့ ။
သူတို့ကိုယ်သူတို့  ဘာလို့မပို့ကြသလဲဆိုတာ မသိခဲ့ဘူး ။


အကြမ်းဖက်တယ်၊
စစ်သွေးကြွတယ်၊
ပရဟိတဝိဥာဉ်တွေကို ခုတ်နှူတ်သွားတယ် ။
ဒီ့ထက် ရွံကြောက်စရာဘာရှိသေးလဲ မသိရဲဘူး ။


ငါတို့အတူတူ လုံခြုံချင်တယ်၊

ငြိမ်းချမ်းစွာ ရှင်သန်ချင်တယ်၊ 


ဘာ လုပ် ရ မ လဲ ဆိုတာ ငါ မ သိ ဘူး ။ ။

1 comment:

  1. ထိထိမိမိ ကဗျာလေးတစ်ပုဒ် ဖတ်သွားတယ် ♥

    ReplyDelete