[X] Choose Font Here

Sunday, July 17, 2016

ကိုချစ်မောင် နဲ့ ပုရစ်တစ်ကောင်

ခေတ်မှီသွားအောင် ကချစ်မောင်ကို ပုရစ်တစ်ကောင်လိုမြင်ယောင်ကြည့်လိုက်မယ် ((( ဟမ် )))

ကချစ်မောင်က အိမ်တွင်းအောင်းပြီး တရုတ်ကားတွဲကြည့်ပြီး ပါးစပ်က အီးယား အား လိုက်အော်လေ့ရှိတယ်
ပုရစ်ဟာလဲ တွင်းအောင်းသတ္တ၀ါ တကောင်ပဲ၊ သူတွင်းအောင်းပြီးရင် ဘာတွေလုပ်လဲတော့ မသိဘူးပေါ့ ။


ရာသီသိပ်ပူလာပြီးနောက် မိုးစ ရွာရင် ပုရစ်ဟာတွင်းထဲကနေ ထွက်လာတယ်
ကချစ်မောင်ကတော့ မယ်သန် နဲ့ဟေမာ နားပူနားဆာလုပ်လွန်းလို့ နားပူလာရင် နားအေးအောင် အပြင်ကိုလိုက်ပို့ရတယ် ။

စလေမှာဆိုရင်တော့ မိုးဦးပေါက်မှာ ပုရစ်တွေထွက်လာရင် ဓါတ်တိုင်တွေအောက်မှာ ပုရစ်လိုက်ကောက်ကြတယ် ။ ဓါတ်တိုင်ဟာ ၁၅ ပေအထက်မြင့်တယ်ဆိုတော့ ပုရစ်ဟာ ၁၅ ပေအမြင့်ထိတော့ ပျံနိုင်တယ်လို့ ပြောရမယ် ။ အကြာကြီးတော့ မဟုတ်ဘူး ဖုတ် ဆို ပြုတ်ကျလာတာ အဲတော့မှ သွားကောက် ပလတ်စတစ်အိတ်ထဲထည့်ရုံပဲ ။
ပုလင်းရှိရင် ပုလင်းထဲ ထည့်ကြတယ် ။
ပုလင်းထဲမှာနေရတဲ့ပုရစ်ဟာ သူ့ရဲ့ ခြေတံလက်တံတွေကို ဆန့်ထုတ်ဖို့အခွင့်အရေးမရရှာဘူး ။
ကချစ်မောင်လဲ အဲလိုပဲ queen size မွေ့ယာပေါ်မှာ အတူအိပ်ကြတဲ့ မယ်သန်နဲ့ ဟေမာကလဲ အကောင်ကြီးတော့ သူ့ခြေတံ လက်တံတွေကို ဆန့်ထုတ်အိပ်ဖို့ အခွင့်အရေးမရှိရှာဘူး ကျွတ်စ် ကျွတ်စ်


ပုလင်းထဲက ပုရစ်ကို အရွက်လေးတွေခူးကျွေးတယ် အဝေရာရွက်အညွန့်ဖျားလေးတွေရောပေါ့ ။ အညွန့်အဖူးက သိပ်မစိမ်းလို့လားမသိ ပုရစ်ဟာ ရင့်တဲ့အစိမ်းရောင်ကို ပိုစားတယ် အဲလိုဆို ကိုယ်ကျွေးတာကို နုနုဖတ်ဖတ်လေးမစားပဲ ရင့်တဲ့အစိမ်းကိုစားရမလားလို့ မချင့်မရဲ အားမလို အားမရဖြစ်ရတယ် ။
ကချစ်မောင်လဲ အဲလိုပဲ အဲလိုပဲ ရင့်တာကို ပိုကြိုက်တယ်ပဲပြောရမယ် ကိုယ့်ကို ယူတာပဲကြည့်တော့ ဟမ် ။
ပုရစ်ရဲ့ ခြေချောင်းလက်ချောင်းတွေမှာ အမွှေးအမြှင်လေးတွေ အများကြီးရှိသလို့ ကချစ်မောင်မှာလဲ အဲလိုပဲလို့ :P


ပုရစ်ကိုမကြောက်ပေမယ့် သူ့မျက်လုံးကို တည့်တည့်သေချာမကြည့်ဖြစ်သလို ကချစ်မောင်မျက်လုံးကိုလဲ သိပ်မကြည့်ဖြစ်ဘူး (အရပ်ချင်းကွာလို့)
ပုရစ်ကို မစားဖူးလို့ စားမကြည့်လို့ သူ့အရသာကို ကြိုက်မကြိုက်မသိပေမယ့် ကချစ်မောင် ကိုတော့ ကြိုက်ပါတယ်လို့ :P

1 comment:

  1. Thant Swe
    Like · Reply · July 7 at 12:54am
    Thandar Lwin
    Thandar Lwin ဘယ်လိုနေလဲဟင် ပုရစ်စားကောင်းသလို စာဖတ်ကောင်းလား ခိခိ
    Like · Reply · 1 · July 7 at 12:54am
    Thant Swe
    Thant Swe ပုရစ်သေးသေးလေးနဲ့ ဘယ်လိုတူပါလိမ့်မှတ်တာ... တကယ်ကြီး တူနေတာပဲ 😂😂😂
    Like · Reply · 1 · July 7 at 1:03am
    View more replies
    Thandar Lwin
    Write a reply...
    Zayyar Swe
    Zayyar Swe ညည်းက မောင်ဘွဲ့လား??? ပုရစ်ပရိုမိုရှင်းလားအေ.😃
    Like · Reply · July 7 at 12:54am
    Thandar Lwin
    Thandar Lwin ဒိမှာ ပုရစ်တွေခေတ်စားနေလို့ဟ
    Like · Reply · 1 · July 7 at 12:55am
    Thandar Lwin
    Thandar Lwin အဓိကက ပုရစ်အကြောင်းရေးချင်တာဟ သိပ်မသိလို့ကိုယ်သိတာနဲ့တွဲထုတ်ရတာ :p
    Like · Reply · 2 · July 7 at 12:56am · Edited
    View more replies
    Thandar Lwin
    Write a reply...

    Pyait Hlaing Oo
    Pyait Hlaing Oo ဟဲဗီးပုရစ်
    Like · Reply · July 7 at 12:57am
    Doreen Tin
    Doreen Tin
    Like · Reply · July 7 at 1:03am
    Dora Lynn
    Dora Lynn Hum
    Like · Reply · July 7 at 1:07am
    Tin Min Htet
    Tin Min Htet ပုရစ်မောင် (အဲ) ကချစ်မောင် 😄
    Like · Reply · 3 · July 7 at 1:21am
    Thet Wai
    Thet Wai
    Like · Reply · July 7 at 6:13am
    Nilar Soe
    Nilar Soe ပုရစ်က တစ်ကျီကျီအော်သလို
    ကချစ်မောင်ကရောအော်သလား
    💉💉💉💉💉
    Like · Reply · 2 · July 7 at 6:36am
    Nay Nan Nwe
    Nay Nan Nwe
    Like · Reply · July 7 at 8:02am
    Thomas Zwe Thar Win
    Thomas Zwe Thar Win ပုရစ်ကိုစားရင် ပေါင်နှစ်ချောင်းအရင်ဖြုတ်စားလိုက်တာပဲမဟုတ်လား ....
    Like · Reply · July 7 at 8:35am
    Thet Wai
    Thet Wai Tag ထားတယ် ကပီတိ... 😀😀
    Like · Reply · July 7 at 8:51am
    Thomas Zwe Thar Win
    Thomas Zwe Thar Win ဟေ ...
    Like · Reply · July 7 at 10:11am
    View more replies
    Thandar Lwin
    Write a reply...
    Tint Tint Thein
    Tint Tint Thein
    Like · Reply · July 7 at 8:50am
    Naw Phaw
    Naw Phaw
    Like · Reply · July 7 at 8:59am
    Zin Mar Aye
    Zin Mar Aye
    Like · Reply · July 7 at 10:00am
    Thet Thet Oo
    Thet Thet Oo မယ်သန် အင်ဂျင်နီယာလုပ်နဲ့တော့
    စာရေးဆရာမဘဲလုပ်
    အရမ်းအရေးအသားကောင်းတယ်...See More
    Like · Reply · 1 · July 7 at 10:17am
    Ma Ma Nay
    Ma Ma Nay
    Like · Reply · July 7 at 10:28am
    Tin Nilar Myat
    Tin Nilar Myat အမရေ ... စာရေးသား ကောင်းလွန်းလို့ 😘 ဆက်ရေးအုန်းနော် အားပေးနေတယ်
    Like · Reply · July 7 at 1:11pm
    Htwe Htwe Thein
    Htwe Htwe Thein ညီးစာရေးအေ နာပတ်ပလစ်ရှာလုပ်မယ် အလုပ်ပြောင်းကြရအောင် အင်ဂျင်နီယာမလုပ်ကြစို့နဲ့
    Like · Reply · July 7 at 1:43pm
    Ayeaye Htwe
    Ayeaye Htwe
    Like · Reply · July 8 at 12:19am
    Ayeaye Htwe
    Ayeaye Htwe ငါ့အမ အရေးသားက မိုက်မိုက် .

    ReplyDelete