[X] Choose Font Here

Thursday, January 8, 2015

ပြောပြချင်တယ် သူ့အကြောင်း

                  ကိုချစ်မောင်ကြီးရဲ့ ဒီနှစ်မွေးနေ့မတိုင်ခင် မှာ သမီးလေးက နေမကောင်းတာရော၊ ညဘက်ဆို သမီးလေးကို အချိန်ပိုပေးဖြစ်တော့ ကွန်ပျူတာရှေ့မထိုင်ဖြစ်တာရော နောက်ပြီး သူ့မွေးနေ့မှာ သူ့အတွက်အချိန်အပြည့်ပေးခဲ့တာတွေကြောင့် သူ့အကြောင်းတွေကို အမှတ်တရ မရေးဖြစ်ခဲ့ဘူး ။

                    နောက်ပြီး ကိုယ်ကအသက်ကြီးလာတာလဲပါမယ် ။ နောက် ၂၀၁၄ မှာ ကိုယ်နဲ့ရင်းနှီးခင်မင်ခဲ့တဲ့သူတွေရော ၊ အင်တာနက်ကျေးဇူး နဲ့ ကမာကြီးက ပိုပြီးလုံးလာတာကြောင့် လူတွေအကြောင်းအမျိုးမျိုးနဲ့ သေကြတာကို ကြားရ သိရတော့ မွေးနေ့ဆိုတာကို အထူးတလည် လုပ်ပြီး ရေးမနေချင်တော့တာရော ပေါ့ ။

သူ့ကို မွေးနေ့ဆုတောင်းပေးခဲ့တာထက် သူကိုယ်တိုင်သူ့မွေးနေ့မှာ ကောင်းမှူကုသိုလ်လုပ်ဖြစ်အောင် ပြင်ဆင်ပေးခဲ့ပါတယ် ။
အိမ်ကဘုရားမှာ အာရုဏ်ဆွမ်း ၊ သစ်သီး ၊ ပန်း၊ ရေချမ်းတွေကပ်ဖို့ကတော့ မွေးနေ့မှမဟုတ်ပါဘူး နေ့စဉ်နေ့တိုင်း ပြင်ဆင်ပေးခဲ့တာပါ ။ ဖားအောက်ဘုန်းကြီးကျောင်းမှာပါ အာရုဏ်ဆွမ်းကပ်ဖို့ ပြင်ပေးခဲ့ပါတယ် ။
ဖားအောက်ကျောင်းမှာ ကြာသာပတေးနေ့တိုင်း နေ့ဆွမ်းအတွက် ဟင်းချက်ကပ်ခဲ့တာတော့ နှစ် နှစ်ကျော်ခဲ့ပါပြီ ။ အခုတော့ သောကြာနေ့မှာပါ အာရုဏ်ဆွမ်းကပ်မယ့်သူမရှိဘူးဆိုလို့ သောကြာနေ့တိုင်း အာရုဏ်ဆွမ်းကပ်ဖို့ တာဝန်ယူခဲ့ပါတယ် ။


 ဒါကတော့ သူ့အတွက် ကိုယ်တိုင် ဖုတ် ပေးခဲ့တဲ့ ချိစ်ကိတ်ပါ ။ သမီးလေးအကြိုက် ကိတ်သားထဲမှာပါ စတော်ဘယ်ရီ ၊ ဘလူးဘယ်ရီ အသီးအစစ် ထည့်ပေးခဲ့ပါတယ် ။






အိမ်သားတွေအတွက်ချက်ပေးခဲ့တဲ့ အုန်းနို့ခေါက်ဆွဲပါ ။ Feel က ရွှေအိနို့စိမ်းခေါက်ဆွဲကို Feel က ငါးဖယ်ကို အုန်းနို့ နဲ့ ဆီသတ်ပြီး ချက်လိုက်တာပါ ။ လွယ်ကူမြန်ဆန်ပြီး အရသာကတော့ တကယ်ပါ အဟုတ်ပါ ဂွတ်ရှယ်ပါ ။

ဖေ့ဘုတ်မှာ ပြောပြခဲ့တဲ့ သူ့အကြောင်းတွေ၊ သူနဲ့ ဆက်စပ်နေတာလေးတွေ

November 27,2014
မနေ့က ကစားကွင်းကအပြန် ၀မ်းနည်းနေတဲ့ မယ်သံ့ကို ကိုချစ်မောင်က ရှင်းပြပါတယ် ။
ပထမပွဲမှာ ကြည်လင်းမပါဘူးတဲ့ ကျော်ကိုကိုက ကြည်လင်းနဲ့ အတွဲဆိုတော့ စလုံးကို ဂိုးပေးလိုက်ရတာပေါ့ တဲ့ ။
ဒုတိယပွဲမှာတော့ ကြည်လင်းပါလာပါတယ် ။ ဘယ်တောင်ပံမှာနေရာချတာ ကျော်ကိုကို နဲ့ ကြည်လင်းက အတွဲဆိုတော့ အချိတ်အဆက်နဲ့ ဂိုး ၂ဂိုး သွင်းပေးနိုင်ခဲ့တာပဲ ။ နောက်တော့ ကြည်လင်းကို ညာတောင်ပံဘက်ကို နေရာပေးလိုက်တယ်တဲ့ ။ ဘာကြောင့်လဲဆိုတော့ ကြည်လင်း က လဲ နာနေတာလဲများနေပြီ တဲ့ ၊ ကျော်ကိုကိုကလဲ ခြေကျသွားပြီတဲ့ ...နောက်တယောက်ကို သူပြောသေးတယ် နာမည်မမှတ်မိ ။ အဲဒီတယောက်လဲ တော်ပါတယ် ဒါပေမယ့် အရံထဲမှာ ထည့်ထားတယ်တဲ့ ။
မနေ့က ကစားတဲ့ U22 မှာ ကျော်ကိုကို နဲ့ ကြည်လင်းအတွဲ ကို ပဲ အားထားရတယ်တဲ့ ။
ကျမ ကတော့ ဘောလုံး ဆိုတာကို သိပ်ဝါသနာမပါ စိတ်မ၀င်စားတဲ့သူမို့ သူပြောပြသလောက်သိရတာပါပဲ ။ ကိုချစ်မောင်လဲ ဘောလုံးပွဲတွေကို အချိန်ပေးကြည့်တာ တို့ ဘောလုံးဂျာနယ်တို့ ဖတ်တာတို့ သိပ်မတွေ့ရတော့ သူသိတာက တကယ်လား ဟုတ်ရဲ့လားတော့ မသေချာဘူး ။ ဒါပေမယ့် ၀မ်းနည်းနေတဲ့ ကိုယ့်ကို ၀မ်းမနည်းပါနဲ့ကွာ ဒီကောင်တွေက အသုံးမှမကျပဲ ဘာညာတွေနဲ့ ပြောပြီး ဖြေသိမ့်မပေးပဲ ဘောလုံးပွဲ လာကြည့်တဲ့သူကို ပွဲရဲ့ သဘောတရား အကျိုးအကြောင်းပြောပြီး စိတ်ကို အာရုံလွှဲပေးတော့ စိတ်ကျေနပ်သွားတာပေါ့လေ ။
တဆက်ထဲ ဆက်ပြီးစဉ်းစားမိတာက ဘောလုံးပွဲက လူ ၁၁ ယောက်ကစားရတဲ့ Team work ။ အဲဒီလို အဖွဲ့လိုက်မှာ မှ ဒီလူပါမှ ဒီလူနဲ့မှ အတွဲရယ်လို့ ဆိုရင်တော့ အဖွဲ့သား ၁၁ ယောက်လုံးဟာ တသားထဲမကျတဲ့သဘော မို့ အသင်းလိုက် အဖွဲ့လိုက်ကြိုးစားယူမှ ရမယ့် အောင်မြင်မှူကို မရနိုင်ခဲ့တာဟာ မထုးဆန်းပါဘူး လို့ ပြောရမယ် ။ အောင်မြင်ချင်မယ်ဆိုရင်တော့ အဖွဲ့သား ၁၁ ယောက်လုံးဟာ ညီညွတ်တဲ့စိတ်၊ တသားထဲဖြစ်မယ့် အင်အားတွေ ( စိတ်ရောလူရော) ကို အရင်ပေါင်းစည်းရမယ် ။ အဲဒီအတွက် အလေ့အကျင့်ကို အရင်ယူရမှာလို့ပဲ မြင်ပါတယ်။
ကလေးတယောက် အမေ မို့ အလုပ်များအချိန်မအားပါဘူး လို့ပြောနိုင်တဲ့ ကျမအတွက် ကိုယ်ဝါသနာမပါတဲ့ ဒီဘောလုံးပွဲကို ဘာကြောင့်သွားကြည့်ရသလဲဆိုတော့ ကိုယ့်နိုင်ငံ ဆိုတာ သိစေဖို့အတွက် တိုက်ပွဲဝင်ပေးမယ့် မောင် တွေကို သွားပြီးအားပေးတာပါပဲ လို့ ကြီးကြီးကျယ်ကျယ် ပြောကြည့်ချင်ပါတယ် ။
ပွဲမှာ ကိုယ့်မြန်မာအသင်း မအောင်မြင်ခဲ့တာတွေ ကို ဘာပြောချင်လဲ ဘယ်လို ခံစားရသလဲ ဆိုတော့ မြို့မှာ ပညာသွားသင်တဲ့မောင် စာမေးပွဲကျပြီး ပြန်လာတာကို ပညာမတတ်တဲ့အမကြီးက ထမင်းအိုးမွှေနေရင်းက ပြေးထွက်ကြိုသလိုမျိုး ဘာပြောရမှန်းမသိ ယောင်းမကြီးကိုင်ပြီး ပါးစပ်အဟောင်းသားနဲ့ ဆိုသလိုမျိုးပေါ့ ..........။
အားလုံး ညီညွတ်စွာပေါင်းစည်းနိုင်ပြီး ကိုယ်လိုချင်တဲ့ အောင်မြင်မှူကို ရရှိနိုင်ပါစေ လို့...........။

November 27,2014
ကိုချစ်မောင် ကိုချစ်မောင် နဲ့ ပါးစပ်ဖျားကမချ တပြောထဲပြောရအောင် သူက ဘာတုန်း ဘယ်လိုတုန်း နဲ့ ဖဘကြီးခေတ်စားခါမှ ပြန်တွေ့ကြတဲ့ သယ်ရင်းတွေက မေးတဲ့သူကမေးကြတော့ ရှက်လာတာနဲ့ မဖြစ်သေးဘူး ကိုချစ်မောင် မကောင်းကြောင်းတွေရေးဦးမှ ဆိုပြီး ရေးတော့မလို့ ကို သူ့မကောင်းကြောင်းကလဲ ရှာလို့ကို မတွေ့ဘူးတော် ...ဟိုသီချင်းလိုပဲ အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတယ်နော့ ဆိုလား အဲလိုပဲ ။ တကယ်တော့ အပြစ်တင်တာ အပြစ်ပြောတာ ဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ ပေးတာဆိုတာ အားလုံးသိပြီးသားပါနော် ။ ပညာရှိ သတိဖြစ်ခဲ မို့ ခလုတ်တိုက်ပြီး မေ့သွားတာပဲနေမှာပါ ။ လူတစ်ယောက်ကို တကယ်ချစ်ခင်ရင်ဖြင့် အပြစ်မပြောကြေး ။ အဲလေ ပြောသင့်တာ ၊ သူတခုခုမှားနေတာကို သတိပေးချင်တာဆိုတောင် အကျိုးအကြောင်းပြောပြနည်းနဲ့ သူ့ဟာသူပဲ ဆုံးဖြတ်စေတာ ကောင်းပါတယ် ။
ဘာပဲပြောပြော စာလေးလဲရေးချင် အန်နဗာဆရီ လဲ နီးလာပြီမို့ ကိုချစ်မောင်ကောင်းကြောင်းတွေ ဆက်ရေးပါရစေဦးလို့ ..။



November 28,2014
မယ်သံ ..ကိုချစ်မောင်ရဲ့ ဘာရဲ့ နဲ့ ချစ်ကြောင်း ကောင်းကြောင်းရေးတော့မယ်လို့ လေသံပစ်ရင် အိမ်ကဘိုးတော်မျက်ခုံးလှုပ်တယ် ။ သူ့ ခွက်ဒစ်ကတ်လေးကိုတော့ သုံးတော့မယ် ၊ သူ့ ကတ်ထဲက ဂဏန်းလေးတွေ တောင်ပံပါရင် မင်းဆီကိုးဆိုပြီး နောက်လှည့်မကြည့်တမ်း ပျံထွက်သွားတော့မယ် အဲဟယ် ။
သူလဲ ကိုယ့်ကို သီချင်းဆိုပြချင်ပါတယ် တဲ့ မင်းမချစ်လဲနေပါ ရတယ် မင်းမချစ်လဲနေပါရတယ် ဆိုပြီးတော့ ( အင်္ကျီ အိပ်ကပ်ကို ဖိပြီး ညက်မှောင်ကြီးကြုတ် နေတဲ့ ခေတ်သစ်ဦးကပ်စေးကိုမြင်ယောင်ကြည့်ပါရန်)



 December 5 , 2014
အခုတလော ဖဘမှာ လင်ကွာမယားကွာတွေ ခေတ်စားတော့ ဘဲဥမ လဲ စိုးရိမ်လာပါတယ် ။ ဘဲဥ က စားလို့ဖြစ်တယ်ဆိုပေမယ့် လဲ အကိုကာလသားတို့အတွက်တော့ လျှာရင်းမမြက်ဘူးမဟုတ်လား ။
အင်း ကိုဒန့်သလွန် လဲ ဗမာကားတွေကြည့်ရင် ဟို ချစ်စရာ လေး စကားချွဲချွဲလေး ပြောတဲ့မင်းသမီးကားတွေကြည့်တာတွေ့တယ်ပေါ့ ။ အဲဒီမင်းသမီးလေးဟာ ထစ်ဆို ငိုလိုက် စိတ်ကောက်လိုက် ရန်တွေ့လိုက် နဲ့ ကိုဒန့် တို့ ပါးစပ်ကြီး မစိ ပဲ ကြည့်နေတာတွေ့တော့လေ ကိုယ်လဲ ၀ါသနာမပါပေမယ့် အဲလို လုပ်ကြည့်ရင် ကောင်းမလားပေါ့လေ ။
အဲဒါနဲ့ သေချာအောင်မေးကြည့်ဦးမှပါပဲဆိုပြီး ...

ဘဲဥး ကိုဒန့် ကိုဒန့်
ကိုဒန့်း ဘာတုန်းဟ
ဘဲဥး ဟိုလေ ကိုဒန့် ဘယ်လိုကြိုက်မှန်း မသိလို့ တခုခုဆို ကိုဒန့်က ဆူလိုက်ရင်လေ ငိုတာမျိုးကြိုက်လားဟင် ဟို မင်းသမီးလိုမျိုးလေးလေ
ကိုဒန့်း သဘောပဲ ငိုချင်ငို မငိုချင်နေ ။ ငိုလဲ မသနားဘူး မငိုလဲမသနားဘူး
( မငို လိုက်ရဘူး ရယ်လိုက်တာနဲ့ တကြောပြတ်သွားတယ် :P)
ဘဲဥး ဟိုလေ ဟိုမင်းသမီးလေး ငို ရင် ကိုဒန့်သဘောကျတယ်လေ အဲလိုမဟုတ်ဘူးလား ။ တို့ ကလေ ကိုဒန့် သဘောကျအောင် ငိုကျင့်မလို့လေ
ကိုဒန့်း ရူးလိုက်တာကွာ ။ မင်းသမီး ငိုတာက သူ့ဟာသူ ငိုတာ ၊ ကိုယ်ဘာမှ သွားလုပ်ပေးရတာမဟုတ်ဘူး ။. မင်း ငို ရင် ကိုယ်က ဒီတိုင်းနေတော့လဲမကောင်း ၊ ချော့ပြန်လဲ မင်းကအခွင့်အရေးတောင်းဦးမယ် ။ ကိုယ့်အတွက်တော့ မကောင်းဘူး ။


 December 27, 2014 ( အကယ်ဒမီ ပေးပွဲ အမှတ်တရများ)
မယ်သံး အို ကိုရန်လေး စကားထစ်လဲ ချစ်တာပါပဲ လို့ သူ့သီချင်းတွေ စိတ်ညစ်တိုင်းနားထောင်နေတဲ့ဟာကို ..
ယောက်ျားးးးးး ညီးချစ်တာတွေများနေတယ် ယောက်ျားကလွဲရင်အကုန်ချစ်နေသလားတဲ့ ...
မယ်သံး ဟမ် ကတောက် မင်းဦး ရသွားတယ် ချီးထုတ်


မင်းဦးးးး လက်ထပ်ခြင်းဆိုတာ ချစ်ခြင်းရဲ့ သင်းချိုင်း ၊ အဲဒါကြောင့် မင်းကိုငါ လက်မထပ်ခဲ့တာ ..
ကိုဒန့်းးး အိုင်းယိုး လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ဒီစကားလုံးမျိုး ဘာလို့ မကြားဖူးခဲ့ပါလိမ့်
ဘဲဥမးးး ဂါးးးးးးးး




ဝတ်မှုန်ရွှေရည် ပြအပြီး...
ကိုဒန့်းးး ဟာ ဒါတော့ရသင့်ပါတယ်ကွာ သရုပ်ဆောင်လေးက ကောင်းတာကိုး ထင်တောင်မထားဘူး ။ ၀မရရ ငါတောင်ကြိုက်သွားပြီ
ဘဲဥမးးး ဟွန်းး လူမင်းတို့နဲ့ ဂလောက် ပလူးနေတာ ရမှာပေါ့ ။ ကြည့်ပါလား ကျေးဇူးတင်စကားကိုက ငဖားမကြီး ဟွန်း




ပြေတီဦးတော့ လုံးဝမကြိုက်တာ ဘယ်လို လုပ်ရသွားမှန်းကိုမသိတာ .....
ကိုဒန့်းးး ညီး မောင် နဲ့ တူလို့ရတာအေ့
ဘဲဥမးးး ဒီလူတော့ ကြောင်နေဘီထင်တယ် ငါ့ကို ဘောက်ချည်းပြောနေပါလား အကယ်ဒမီပြီးရင် ထမင်းပွဲပြင်ကျွေးနေရဦးမယ် အခန်းထဲဝင်နေမှ:P


 ဘာရယ်မဟုတ်ပါဘူး အမှတ်တရပါ ။ အားလုံးပျော်ရွှင်ကြပါစေ :D

4 comments:

  1. ကိုယ်တိုင်မွေးနေ့ကိတ်လုပ်ပေးတယ်နိုင်တာကို အားကျတယ် သန္တာရေ....
    သူ့အကြောင်းနဲ့ဆက်နွယ်ပြီး နေ့စွဲလေးတွေနဲ့အတူ အကြောင်းအရာ စုံစုံလင်လင်ဖတ်သွားပြီ။

    ReplyDelete
  2. in Min Htet ကိုဒန့်ဒလွန် ခမျာလဲ သုမနကျောမှာ ဒဏ်ရာတွေနဲ့"" ဖြစ်နေတာကိုး
    December 5, 2014 at 11:15pm · Like · 6
    Yinmon Theint
    Yinmon Theint အစ်မရေ ဒါဆိုဘယ်လိုလုပ်မယ်စိတ်ကူးလဲ? နောက်တစ်မျိုးမေးကြည့်ရင်ရော ..😊😜
    December 5, 2014 at 11:19pm · Like · 1
    Ko Thar Ngel
    Ko Thar Ngel ရီလိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော
    December 5, 2014 at 11:20pm · Like · 2
    စု စုအေး
    စု စုအေး ကို တမထ က ကျားကျားချင်း ရိုင်းပင်းသတော့
    December 5, 2014 at 11:33pm · Like · 2
    Aung Naing Moe
    Aung Naing Moe LOL .... လျှာရင်းမြက်အောင် ဘဲဥချဉ်ဟင်းလေး ချက်လိုက်။ ဒန့်သလွန်သီးလည်း အနေတော် တုံးတစ်ထည့်။
    December 5, 2014 at 11:40pm · Like · 1
    Amay Thar
    Amay Thar အစ်ကိုအောင်နိုင်မိုးပြောသလိုချက်ရင် သေချာတယ်
    ဘဲဥချဉ်ရည်ဟင်းလေးနောက်တခွက်ထပ်ထွက်လာမှာ ချက်သာချက် ဒန့် သလွန်တောင့်သာများများထည့် ဟမ်
    December 5, 2014 at 11:50pm · Like · 1
    Aung Naing Moe
    Aung Naing Moe ကိုအမေ့သား... အဖော်စပ်နေတာထင်ရဲ့... ဟမ်
    December 5, 2014 at 11:54pm · Like · 2
    Doreen Tin
    Doreen Tin တတ် လိုက် တာ ဟေ မာ လေး အ မေ ရယ်
    December 6, 2014 at 12:48am · Like · 1
    Ko Ko Myo
    Ko Ko Myo ငါ့သူငယ်ချင်းကတော့ ကြံဖန်ပြီးကို စိတ်ချမ်းသာအောင်ထားတတ်ပါ့ဗျာ
    December 6, 2014 at 7:52am · Like
    Leo Avil
    Leo Avil အမက ကိုဒန့်ကို စိတ်ချမ်းသာအောင်ထားတတ်ပါ့ဗျာ
    December 6, 2014 at 10:50am · Like
    Elsie Vuvu
    Elsie Vuvu ဟဲ့မယ်သန် ဘယ်သူတွေလဲ လုပ်ပါအုန်း လုပ်ပါအုန်း
    December 6, 2014 at 2:32pm · Like

    ReplyDelete
  3. Thandar Lwin ခိခိ ကျေးဇူးမစု ပြင်လိုက်မယ်နော် အပစ် တူ အပြစ် လို့ <3
    November 27, 2014 at 10:52am · Like · 1
    Linda Tin
    Linda Tin အပြောင်းအလဲလေးးးး ကိုမောင်ချစ် လို့ :)
    November 27, 2014 at 10:54am · Unlike · 2
    Zayyar Swe
    Zayyar Swe တော်တော်လည်တဲ့ သူငယ်ချင်း :-)
    November 27, 2014 at 12:57pm · Like
    Kyaw Swar
    Kyaw Swar ကဲဗျာ ကိုချစ်မောင် ကို ဖုန်းဆက်ပြီး ပေးလိုက်ဘီ
    Kyaw Swar's photo.
    November 27, 2014 at 1:59pm · Unlike · 1
    Thandar Lwin
    Thandar Lwin အညားကြီးပဲတော်
    November 27, 2014 at 1:59pm · Like
    Thandar Lwin
    Thandar Lwin ပြန်လာတာ မြန်ထှာ Kyaw Swar
    November 27, 2014 at 2:00pm · Like
    Kyaw Swar
    Kyaw Swar အားဘု စကားပြောနေဒယ်
    November 27, 2014 at 2:00pm · Like
    Thandar Lwin
    Thandar Lwin Zin Min Nyein ဆရာသမား လာ Like တာ ရေးလို့ထောက်ခံလိုက်တာပဲလား
    November 27, 2014 at 2:01pm · Like
    Zin Min Nyein
    Zin Min Nyein ရေးတတ်တာလေးကိုဖတ်ပြီး ပြုံးမိလို့ပါ။ ပြီးမှဈေးကရောင်းရသေးဘူး၊ ဟိုဟာလေး ငါကြိုက်လို့ ဖယ်ထားလိုက်အုံးနော်ပြောတာကို စိတ်မဆိုးရဘူးနော်။။။ဟဟ :D
    November 27, 2014 at 2:04pm · Unlike · 1
    Nilar Soe
    Nilar Soe တော်ထှာအေ တို့ နဲ့တော့ကွာပါ့
    November 27, 2014 at 10:32pm · Like

    ReplyDelete
  4. စုအေး ဟုတ်ပါ သန်သန်ရယ်
    တို့မလဲ ယောင်းမကြီးလက်မှာကိုင်လို့ ပါးစပ်အဟောင်းသားပါတော်
    November 27, 2014 at 10:01am · Unlike · 6
    Khaing Thazin
    Khaing Thazin မနေ့က ဒုတိယပိုင်းကန်သလိုသာ စကတည်းက ကန်ခဲ့မယ်ဆိုရင် မလေးနဲ့ပွဲမှာ ၁ဂိုးကြော ၂ဂိုးကြောနဲ့နိုင်မှာပဲ၊ စလုံးနဲ့ပွဲလည်း သရေလောက်ထိန်းထားနိုင်မှာပဲ ... အဲ့လိုတွေးမိတာပဲ။ သိပ်တော့ နားမလည်ပါဘူး။
    November 27, 2014 at 10:14am · Like · 2
    Thandar Lwin
    Thandar Lwin ဒုတိယ ပိုင်းအစမှာ ကန်သလိုကန်ဖို့ ကြည်လင်းကို ပထမပိုင်းမှာ နည်းပြက ထည့်မထားခဲ့ဘူးတဲ့ ။ ပွဲက လဲ အစအဆုံး ၃ နာ၇ီကန်ရမှာဆိုတော့ ကြည်လင်းက ၃ နာ၇ီစာကို ကစားဖို့ အင်အားမရှိလို့လား ဘာကြောင့်လဲမသိ ။ အဓိက ကတော့ အားနည်းတာပါပဲ
    November 27, 2014 at 10:17am · Like · 4
    Khaing Thazin
    Khaing Thazin မလေးနဲ့ပွဲမှာတုန်းက ကြည်လင်းနာသွားတယ်လေ
    November 27, 2014 at 10:18am · Unlike · 1
    Thandar Lwin
    Thandar Lwin အခုက ဒုတိယပိုင်း မိနစ်၉၀မှာတောင် ပထမ ဘယ်မှာနေရာချပြီး နောက် ညာဘက် နေရာပြောင်းချတာ ဘာလို့လဲမသိဘူးနော် ။ နည်းပြ ခေါက်ဆွဲစားမစားတော့မသိဘူး ကိုယ်တော့ အိမ်ရောက်တာနဲ့ ခေါက်ဆွဲစားဖြစ်တယ် (ဟမ်)
    November 27, 2014 at 10:19am · Edited · Like · 3
    Yinmon Theint
    Yinmon Theint အစ်မပြောတာ မှန်လိုက်တာ..
    November 27, 2014 at 10:18am · Like · 1
    Khaing Thazin
    Khaing Thazin နောက် သတင်းဆိုးတစ်ခုကြားတာက ၁ဂိုး သိန်း၃၀၀ ဆိုပဲ :-(
    November 27, 2014 at 10:19am · Like · 1
    Thandar Lwin
    Thandar Lwin အင်းးးးးးးးးးးး ရွှေမန်းတင်မောင်သီချင်းလိုပဲ မင်းတို့ကိုလဲအပစ်မတင် ကိုယ့်ကိုယ်ကိုဘဲ ချစ်ခင် ဟင်ဟင်ဟင် ပေါ့ :P
    November 27, 2014 at 10:20am · Like · 4
    Thandar Lwin
    Thandar Lwin ဂလိုဆိုရင်တော့ သူတို့လိုချင်တဲ့ အောင်မြင်မှူကို သူတို့ယူသွားတာပေါ့နော် ..ကိုယ်လိုချင်တာနဲ့ သူတို့လိုချင်တာ မတူဘူးကိုးးး အိမ်းး Khaing Thazin
    November 27, 2014 at 10:21am · Like · 2
    စု စုအေး
    စု စုအေး
    November 27, 2014 at 10:24am · Like
    စု စုအေး
    စု စုအေး အာ့ဆိုလဲ အချိန်ကုန်လူပန်း သံပြာဖိုးခွေးအဖြစ်ခံ နနိုင်ငံတော်နံနံကြီးကိုသွားရှုမနေတော့နဲ့ပေါ့ကွယ်
    သူ့သဘောသူဆောင်ပစေပေါ့
    တီဗီကကြည့်
    November 27, 2014 at 10:27am · Like · 1
    Thandar Lwin
    Thandar Lwin :'(
    November 27, 2014 at 10:28am · Like
    Khaing Thazin
    Khaing Thazin မတတ်နိုင်ဘူး ... အားပေးမိမှတော့ :-)
    November 27, 2014 at 10:31am · Like · 1
    Kyaw Soe Minn
    Kyaw Soe Minn ပွဲချိန်က ၄၅+၄၅ =၉၀ ဆိုတော့ ၁နာရီခွဲတည်းပါ ။ ပထမပိုင်း ပွဲရှိန်တာနဲ့ ဒုတိယပိုင်း လေးလုံးမြောက်က ကံခေ သွားလို့ပါ ။
    November 27, 2014 at 10:37am · Edited · Unlike · 2
    Linda Tin
    Linda Tin ဘယ်လိုဖြစ်ဖြစ်နိုင်စေချင်တာနော်
    November 27, 2014 at 10:41am · Like
    Khaing Thazin
    Khaing Thazin အဲ့ဒါ ဘာသဘောလဲ ... မသန်တွေ့ခဲ့လား.. ကွင်းထဲမှာ ဗော်လန်တီယာလုပ်တဲ့ သူငယ်ချင်းရိုက်လာတာ ... :-(
    Khaing Thazin's photo.
    November 27, 2014 at 10:45am · Unlike · 1
    Thandar Lwin
    Thandar Lwin မတွေ့ခဲ့ဘူးသဇင်
    November 27, 2014 at 10:47am · Like
    Jittoo Monywa
    Jittoo Monywa အနမ်းတွေဝေပစ်လိုက်စမ်းပါအေ
    November 27, 2014 at 7:36pm · Edited · Like

    ReplyDelete