[X] Choose Font Here

Friday, August 31, 2012

လွမ်းတယ် ဟေမာ




ဆက်ရက်သံလေး စီစီစာ
သမီးလေး တီတာတာ၊

နေခြည်ဖြာတဲ့ နံနက်နွေး
သမီးလေး အပြင်ကိုငေး၊

အပြင်သွားချင်လား သမီးငယ်
မန်မန် အရင်စား ကွယ်၊

ဥနီနီ နဲ့ ဆန်ကိုပြုတ်
သမီး ကြိုက်တယ်ဟုတ်၊
ကြက်သားလေးလဲ ထည့်ထားတယ်
စားကြပါစို့ကွယ်၊

စားပြီးရင်တော့ သန့်ရှင်းပေး
သနပ်ခါးလေးနဲ့ မွှေး ၊






 ပြီးရင်တော့လဲ အပြင်ထွက်မယ်
မေမေ က ဈေးဝယ်
ဈေးဆိုင်ဘေး က မြင်းရုပ်လေး
သမီးစီးဘို့ပြေး၊





ပျော်ရွှင် ပြုံးချို  မျက်နှာလေး
မေမေ့ ရင်မှာအေး ။      ။

9 comments:

  1. ရင်ကိုအေးစေတဲ့သမီးလေး ဟေမာ... မေမေ အလွမ်းပြေစေဖို့ မကြာခင် ပြန်ရောက်လာမှာ မဟုတ်လား...း)

    ReplyDelete
    Replies
    1. ဟုတ် အမသက် ..နိုဝင်ဘာ လောက် ပြန်ခေါ်ဘို့ ကြိုးစားနေတာ ....

      Delete
  2. ဟေမာလေး... ပုံတိုင်းပြုံး နေတာပဲ.... သနပ်ခါးတွေဖွေးလို့.. ပါးလေးကို မွှေးလိုက်ရင်..မွှေး နေမှာပဲ

    ReplyDelete
    Replies
    1. ဟုတ်ပ ဟုတ်ပ မှုံလေးလိုဘဲ

      Delete
  3. ဟုတ်ပ ပြုံး နေတာပဲ...နှစ်ကူးပြန်လာမှာဟုတ်။

    ReplyDelete
    Replies
    1. ကျော့ရေ နိုဝင်ဘာ ကို ပြန်ခေါ်နိုင်အောင် ကြိုးစားနေတယ်..

      Delete
  4. မွေးတတ်လိုက်တာ မသန်တာရယ် ကိုချစ်မောင်ကြီးနဲ့ တပုံစံထဲပါလား...ဟန်စုမား))

    ReplyDelete
    Replies
    1. ဟန်စုမာ ..ကိချစ်မောင်ကြီးကို သိပ်ချစ်ရာများ ကျသွားလား ဟင်..:P

      Delete
  5. ခွဲခွာခြင်းရဲ့တစ်ဖက်မှာ ဆုံဆည်းခြင်းပေါ့ သန္တာရေ။
    အခိုက်အတန့်ခွဲခွာနေချိန်တွေအမြန်ဆုံးကုန်လွန်ပါစေနော်။
    အလွမ်းပြေဓာတ်ပုံလေးတွေစုစည်းထားတာချစ်စရာ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete