[X] Choose Font Here

Monday, August 6, 2012

Batam သို့ အလည်တခေါက် ( အပိုင်း - ၂)

ထမင်းစား ပြီး ဟို လျှောက် ဒီလျှောက် လမ်းလျှောက်ကြပြီး ဒီ KTM Resort အတွင်းမှာ ရှိတဲ့ ကွမ်ရင် မယ်တော် ဆီ သွားကြပါတယ် ။


ဓါတ်ပုံ စာ က သဲသဲ ကွဲကွဲ မမြင်ရလို့ အကြမ်း ပြောရရင် ဒီ ကွမ်ရင်မယ်တော် ရုပ်တု ကို 2002 ခုနှစ်မှာ စကာင်္ာပူ က စီးပွားရေး လုပ်ငန်းရှင်  Mr. Koh Tit Meng က TanJung Pinggir မှာ ဆောက်ပြီး 2004 မတ်လ ၅ ရက် မှာ ဘာတမ် သို့ ယူလာခဲ့တာပါ ။ အမြင့် 21 ပေ ရှိပြီး 112 တန် ရှိ သံကူ ကွန်ကရစ် နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ် ။

ခန လမ်းလျှောက်ပြီး ဟိုတယ်အခန်း ကိုပြန်နားပါတယ် ။ Spa ကို  ၇ နာ၇ီ သွားရမယ်လေ ။ နာမည် ကြီး လှ  တဲ့ ဘာတမ်စပါး ကို အထူး ဘဲ စိတ်ဝင်စားပါတယ် ။


 Jacuzzi Spa ပါ ။90 min Ocean View Spa ( foot bath, body scrub, hydro bath & full body massage ) ဖြစ်ပါတယ် ။ ၀င်သွားပြီး သူတို့ ရိုးရာပါတိတ်ဝတ်စုံ ၀တ်ထားတဲ့ အမျိုးသမီး ၂ယောက် က ကုလားထိုင်လေးမှာ ထိုင်ခိုင်းပါတယ် ။ နောက် ခြေထောက်တွေ ကို ရေနွေး နဲ့ အဆီ ထည့်ထားတဲ့ အင်တုံလေးထဲ ထည့်ပြီး နှိပ်ပေးပါတယ် ၊ ခြေဖျား ကနေ ဒူးခေါင်းအထိ ခြေသလုံးသားတွေ ကို လက်နဲ့ ဖျစ်တာ တော်တော် ကောင်းပါတယ် ။
 နောက် ရေချိုးခန်းထဲ မှာ ရေချိုး ၊ body scrub လုပ်ပေးပါတယ် ၊ သူတို့ က အားသန်တော့ စပ်ဖျဉ်းဖျဉ်း နဲ့ဗျာ ၊ နောက် သူတို့ပေးတဲ့ ၀တ်စုံ ၀တ်ပြီး ဂျာကူဇီ ထဲ ကို ဆင်းစိမ်ရပါတယ် ။
အခန်းက ပင်လယ်ဘက် ကိုဟင်းလင်းဖွင့်ထားပြီး ဂျာကူစီ ကနေ ရေစိမ်ရင်း ပင်လယ်ကို ငေးကြည့်ရတဲ့ အရသာပါ ။

Hydrotherapy Jacuzzi is a 25 min Zacuzzi Bath Treatment that allows you to pamper yourself to a sensuous bath experience, in a petal-fill Jacuzzi Bath with Essential Oils. ( Google)

ဂျာကူဇီ ထဲ မှာ Temperature control နဲ့ Timer ပေးပြီး ရေ က ထည့်ထားတဲ့ အဆီကြောင့် အမြှုပ်တွေ နဲ့ တပွက်ပွက် ဖြစ်နေတာ ၊ သူ့ရဲ့ ပွက်တဲ့ ပရက်ရှာ နဲ့ နှိပ်တဲ့သဘောပါ ။ ခက်တာ က မယ်သံက အရပ်ပုတော့ ဒီဘက်မှာ နံရံမှာ မှီ ပြီး ဟိုဘက်နံရံကို ခြေကန်ဘို့ မမှီတာပါဘဲ ။ ဒီတော့ လူက ငြိမ်မနေဘဲ လျှော လျှော ကျနေတော့ မနည်းထိန်းနေရပါတယ် ။ ဟိုဘက် က ကိုချစ်မောင်ကြီး ကြည့်လိုက်တော့ မျက်စိ မှိတ်ပြီး ဇိမ်ကျနေတာဗျာ ၊ မနာလိုစရာ ။ ညဆိုတော့ မှောင်နေတော့ ပင်လယ် ဘက်လဲ ဘာမှ ကြည့်စရာမရှိဘူး ကိုး။ အံ့သြောစရာ ကောင်းတာက ပင်လယ်ဘက် ဟင်းလင်းဖွင့်ထားပေမဲ့ လေမတိုက်တာပါဘဲ ။

Jacuzzi ထဲက ထွက်လာတော့ ရေနွေးကြမ်းတခွက်ပေးပါတယ် ၊ ဂျင်း ထည့်ပြုတ်ထားလို့ ပူပူရှိန်းရှိန်း နဲ့ မွှေးမွှေးလေး ၊ ဘယ်လို အရသာရှိ မှန်းမသိဘူး (ကောင်းတယ် လို့ပြောချင်တာပါ) ။ နောက်ပြီးတော့ တကိုယ်လုံး နှိပ်ပါတော့တယ် ။
ကိုချစ်မောင် ကိုတော့ ဗလကောင်းတဲ့ တယောက်က နှိပ်ပါတယ် ၊ ယောင်္ကျားလေး မို့ ပိုပြီးခံနိုငရည် ရှိမယ် ထင်လို့လားမသိ ၊ ခက်တာက သူက အနှိပ်ခံကျင့်မရှိတာပါဘဲ ။မယ်သံ အတွက်တော့ အနေတော်ပါဘဲ ၊ အညောင်းကို ပြေနေတာပါဘဲ ။ တဆင့်ချင်း နှိပ်တာ ခေါင်း နဲ့ နားထင် လည်ပင်း ကို နှိပ်တာ သဘောအကျဆုံးပါဘဲ ။
မိနစ် ၉၀ ကြာမယ်လို့ရေးထားတာ ၂နာရီ နီးပါးကြာသွားပါတယ် ။
ည ၉နာရီ ကျော် စောသေးပေမဲ့ အနှိပ်ခံထားလို့ လေစိမ်းအတိုက်မခံချင်တာနဲ့ ဟိုတယ်အခန်းကို ဘဲတန်းပြန်လာပြီး စာအုပ်ဖတ် ရင်း ညကို ကုန်ဆုံးစေခဲ့ပါတယ် ။

မနက် ရှူခင်း ပါ ။







 ရေကူးကန်ထဲ ရေသွားချိုးပါတယ် ။





နောက်တနေ့မနက် ဘရိတ်ဖတ်စ် ကို ဟိုတယ်မှာဘဲ စားပြီး  ဘာတမ် မြို့ထဲ လိုက်ပို့မဲ့ ကား ကို စောင့်နေရင်း ဟိုတယ် ကိုတခါထဲ Check out လုပ်ခဲ့ပါတယ် ။

ပထမ ဆုံး သွားတာ က Happy Buddha temple ဘဲ ဖြစ်ပါတယ် ။


နောက် တော့ ရှော့ပင်း ပို့ပြီး နေ့လည်စာ ကိုတော့ Golden Prawn Restaurant မှာ ကျွေးပါတယ် ။ ပက်ကေ့ ထဲ ပါပြီးသားမို့ တော်ရိ လျော်ရိ ကျွေးတာ မဟုတ်ဘဲ စီးဖုဒ် တွေ ကို စပယ်ရှယ် စားမကုန် အောင် အများကြီးကျွေးပါတယ် ။ အရသာ လဲ ရှိပါတယ် ။ ဒါပေမဲ့ အကောင် အရှင်တွေ ကို မှာ မှ ဖမ်းကျွေးတာဆိုတော့ ....

ဒါ က အဲဒီ ဆိုင် ကဟင်းတွေ မဟုတ်ပါဘူး ။ ကိုယ်နှစ်ယောက်ထဲမဟုတ်ဘဲ အများနဲ့ ၁၀ ယောက် တ၀ိုင်းစားခဲ့ရတာ ဆိုတော့  ဓါတ်ပုံမရိုက်ဖြစ်ခဲ့ပါဘူး ။ ဒါက ဘာတမ် တခြားဆိုင် က စားလို့ကောင်းတဲ့ ဟင်းတွေပါ ။

ငါးခြောက်ကြော် ၊ ဂုံးကြော် ။



ဒညင်းသီး ကိုပြားပြီး ငါးနီတူခြောက်လေး နဲ့ ကြော်ထားတာ ။




အင်ဒိုနီးရှား ရိုးရာ ငရုတ်သီးစပ်စပ် ငပိချက် ၊ ပုံတင်ရင်းတောင် သွားရေ ကျတယ် ၊ ရှလွတ်...း)


စားအပြီး မှာ သူတို့ ဆီက ရှော့ပင်းမောတွေ ၊ ရိုးရာ အက ၊ တိုင်းရင်းသား အိမ်ယာပုံ အသေးလေးတွေ ဆီ လိုက်ပို့ပေးပေမဲ့ သိပ်တော့ စိတ်မ၀င်စား လို့ ဓါတ်ပုံရိုက်မလာပါဘူး ။
သွက်လက်ချောမော တဲ့ တိုးရ်ဂိုက်မ လေး ကို တစ်ပ် စလုံး ၂ ဒေါ်လာ ပေးရပါတယ် ။ မပေး လဲ ရပေမဲ့ ထုံးစံပါတဲ့ ။   မနက်ထဲက ပြန်မယ့် အချိန် ကို ပြောထားတာမို့  အဲဒီအချိန်အမှီ Ferry Terminal ကို လိုက်ပို့ပေးပါတယ် ။


 ညစာ ကိုတော့ စင်္ကာပူ Vivo မှာဘဲ စားလိုက်ပါတယ် ။

မယ်သံကတော့ နောက်တခါ ဆို နောက်နေ့ လျှောက်လည်တဲ့ ခရီးစဉ် ကို မလိုက်ဘဲ ဟိုတယ်မှာဘဲ အေးအေးဆေးဆေး နားနေဘို့ စိတ်ကူးပါတယ် ။ နေ့လည်ဘက် ကိုယ့်အစီအစဉ် နဲ့ ကိုယ် မြို့ထဲသွား ဒေသ စာလေးတွေ မြည်း စမ်း ကြည့်ချင်ပါတယ်  ။

ဈေးလဲ သိပ်မကြီးလှ ဘဲ နားနေလို့ ကောင်း ၊ Spa ကလဲ ကောင်းပါတယ် လို့....။

ဒါကတော့ ကြွားချင်လို့ တင်လိုက်တာပါနော့ ( လန့်သွားဦးမယ် ကလူ လူ လူ....)


4 comments:

  1. တစ်ဆက်တည်းဖတ်လိုက်ရလို့ ကျေးဇူးပါ သန္တာရေ။ ရိုက်ချက်တွေနဲ့ စာအရေးအသားလေးက တီတင့်ကို သွားချင်အောင် ဆွဲဆောင်နေမှတော့ အလည်တစ်ခေါက်တော့ ရောက်အောင်သွားဘို့ ဆုံးဖြတ်လိုက်ပြီး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ တီတင့် သွားကြတာပေါ့ နော...း)

      Delete
  2. ဘယ်မှမရောက်ဖူးဘူးကွယ်။အားကျသူတဦး

    ReplyDelete
    Replies
    1. ကျော့ ရေ တမိသားစု လုံး သွားပါလား ညမအိပ်ချင် ရင် နေ့ချင်းပြန်လဲသွားလို့ရတယ် ။

      Delete