[X] Choose Font Here

Monday, August 6, 2012

Batam သို့ အလည်တခေါက် ( အပိုင်း - ၁)

စင်္ကာပူ မှာ ဒီလ 19 ရက်နေ့Hari Raya Puasa အတွက် ပိတ်ရက်က တနင်္ဂနွေ ဆိုတော့ ကပ်ရက် တနလာင်္နေ့ ကို Public Holiday သတ်မှတ်ပါတယ် ။ ဒီတော့ ပိတ်ရက် ဆက်တိုက်လေး ဖြစ်လို့ ခရီးထွက်ချင် သူများ နီးနီးနားနား အလည်အပတ်သွားရအောင် တရုတ်နှစ်ကူးတုန်းက မယ်သံ တို့ သွားဖြစ်ခဲ့တဲ့ Batam အကြောင်းလေး ရေးလိုက်ပါတယ် ။

မယ်သံတို့ သွားခဲ့တာ တညအိပ် ၂ ရက်ခရီးလေးပါ ။  စနေ ပါ ပိတ်တဲ့ သူတွေကတော့ ဒီလို ဆက်တိုက် ပိတ်ရက်တွေ ကို စောင့်စရာမလိုဘဲ ဗီဇာ ကြိုလျှောက်စရာ မလိုတဲ့  အတွက် ဆန္ဒ ရှိရင် တန်းပြီး သွားနိုင်တဲ့ နေရာလေးပါနော် ။

မယ်သံ တို့ က တရုတ် နှစ်ကူး 23.01.2012 က သွားပြီး 24.01.2012 မှာ ပြန်လာခဲ့တာပါ ။
တည အိပ်မှာကို ဟိုတယ် ၊ ခရီးစဉ် ကိုယ့်ဟာကိုယ် မစီစဉ်တော့ဘဲ တိုးရ် နဲ့ သွားခဲ့ပါတယ် ။ အင်တာနက်ထဲ မှာ Batam Tour cheap price လို့ ရိုက်ထည့်ပြီး ရှာတော့ အများကြီးဘဲ ထွက်လာတဲ့ အထဲက Spa Villa Leisure Pte.Ltd. ကို ရွေးခဲ့ပါတယ် ( Spa ကိုစိတ်ဝင်စားတာ ရော ၊ တည်းရမဲ့ KTM Resort က ပင်လယ်ကြီး ဘေး မှာ ရှိတာရော ၊ ရုံးက ညီမလေးတယောက်က အယင်သွားဘူးထားတော့ ကောင်းတယ်လို့ ထောက်ခံတာလဲပါတာပေါ့) ။

spavilla@batamspavilla.com ကို အီးမေး ပို့ပြီး အသေးစိတ် အစီစဉ် ကို သိချင်လို့ မေးလိုက်တဲ့ အခါ

1. Adult c/w                                      :S$108.00
   - 2 way ferry tickets
   - Land Transfer(pier-resort-pier)
   - Accommodation with Breakfast
   - 90 mins Ocean View Spa
   - City tour with a seafood lunch on day 2

2. Terminal Charges (Seaport Taxes)   :S$ 27.00
3. CNY Surcharges                            :S$ 20.00

ဆိုတော့ အထက်ပါ အားလုံးအတွက် တယောက် ကို S$ 155.00 ကျသင့်မှာ ဖြစ်ပါတယ် ။

အသွား အပြန် Ferry ရှိတဲ့ အချိန် ကိုရွေးခိုင်းတော့ ဒီက အသွားကို တတ်နိုင်သမျှ စောစော (9း 30 am) ရွေးပြီး နောက်တနေ့ အပြန်ကိုတော့ နောက်ကျ ပြီး ညနေ ( 7း 30 pm) ရွေးခဲ့ပါတယ် ။

 Ferry Schedule ကို ဒီမှာ http://sindoferry.com.sg/ ကြည့်ျနိုင်ပါတယ် ။

#02-50/51, 2nd Sty Harbour Front မှာ Batam Fast Ferry Service Counter မှာ Boarding pass & return Ferry tickets ကို မနက် 8း 30 မှာ ယူရပါတယ် ။
Batam - Sekupang Ferry Terminal (1st Stop) အထိ ခရီးသွားချိန် ၁ နာရီ ၁၀ မိနစ် ဖြစ်ပါတယ် ။

ဒီလို ferry နဲ့ သွားခဲ့ရတာပါ ။ အလွန်မြန်ပါတယ် ....:D

Sekupang Ferry Terminal ကိုရောက်လို့ အင်ဒို အင်မီဂရေးရှင်း ကိုဖြတ် အပြီး အပြင်ထွက်လိုက်တော့ KTM Resort က ကြိုတဲ့ ကားလေး ကို အသင့်တွေ့ရပါတယ် ။ ၈ မိနစ်လောက် ကြာတော့ KTM Resort ကိုရောက်ပါတယ် ။ ၁၁ နာရီ ၀န်းကျင်လောက် ရောက်သွားပြီး Hotel Reception မှာ စာရင်း သွားပေးတော့ ကျမတို့ က နေ့လည် ၂ နာရီ မှ အခန်းထဲ ၀င်ရမှာမို့ ဧည့်ခန်းမှာ ထိုင်စောင့် ရပါမယ် လို့ပြောပါတယ် ။ မယ်သံတို့ သူငယ်ချင်းတဖွဲ့ တရက်စောသွားတာ သတိရလို့Reception ကို မေးလိုက်တော့ သူတို့ ရှိနေသေးတယ် ဆိုတာကြောင့် အဲဒီကို လိုက်ပို့ခိုင်းပြီး သွားနားပါတယ် ။ (တကယ်တော့ ပင်လဲမပင်ပန်းသေးပါဘူးနော်)

စုံတွဲတွေ ဓါတ်ပုံ ရိုက်လို့ ကောင်းတဲ့နေရာပါ ။



ဟိုတယ် Reception အ၀င်...



ပင်လယ် ကြီး ရဲ့ ဘေး...




တည်းခိုရာ နှစ်ယောက်ခန်းလေးတွေ...



ဟိုတယ်အတွင်း အပြင်အဆင် 


နှစ်ယောက်သား အိုင်ဖုန်း နဲ့  အင်တာနက်မသုံးရ လို့ သဘောတူညီချက် ယူထားလို့  အေးအေးဆေးဆေး ဖတ်စရာ စာအုပ်လေးတွေ ယူလာခဲ့ပါတယ် ။


စာဖတ်ရတာ ညောင်းလာတော့ ၀ရံတာ ကနေ ပင်လယ်ကြီးကို လှမ်းမျှော် ငေး ရင်း လွမ်း ရ ဆွေးရတယ် ..:D




ဗိုက်ဆာ လာတော့ စားသောက်ခန်းမ ကိုချီတက်လာခဲ့ကြပါတယ် ...


စားခဲ့ကြတာလေးတွေပါ...:D




ပင်လယ်စာ တွေ စားရင် ကန်စွန်းရွက်ကြော်  တော့ စားဖြစ်အောင် စားပါတယ် ။


ဟင်း ချည်းဘဲ မတင်းတိမ် တတ်တော့ ထမင်းကတော့ စားဖြစ်အောင် စားပါတယ် ။


အုန်းရည် ရဲ့ အရသာ က စင်္ကာပူ ထိုင်းဆိုင်တွေ ကလို မချိုဘဲ ချဉ်ချဉ် စူးစူး ကြောင့် ထောပတ်သီးဖျော်ရည်ကို ထပ်မှာပြီး သောက်ခဲ့ပါတယ် ။ သံပုရာ ရည် က ပင်လယ်စာနဲ့ မတည့်ဘူးတဲ့ ...:P


ပို့စ် ကို တခု ထဲ အပြီးရေးချင်တာ ဓါတ်ပုံတွေ များပြီး ရှည်သွားလို့ နောက်တပိုင်း ခွဲပြီး ရေးပါမယ် ။
ဆက်ပြီး အားပေး ကြပါဦး နော် ...:D

4 comments:

  1. အားပေးနေတယ် များများသွား များများစား

    ပိုးပိုး

    ReplyDelete
    Replies
    1. လာ လေ ပိုးပိုး အတူတူ သွားကြမယ် ...း)

      Delete
  2. ကိုယ်တိုင်ရောက်သွားသလိုပဲ သန္တာရေ။ အဲဒီလို ရှုခင်းလေးတွေမြင်ရင် ခရီးသွားချင်စိတ်ပေါ်လာပြန်တယ်း)
    စားစရာတွေလည်းစုံစုံလင်လင်။ အင်တာနက် အိုင်ဖုန်းမသုံးကြေး ဆိုတော့ အပြည့်အဝနားရတာပေါ့ ကောင်းတယ်။
    အဆက်လေးဖတ်ဘို့ မျှော်နေမယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ကျေးဇူးပါ တီတင့် ရေ ။ အတူတူသွားကြရအောင်လေ ။
      တီတင့် လဲ ကျန်းမာ ပျော်ရွှင်ပါစေ ရှင် ။

      Delete