[X] Choose Font Here

Monday, July 30, 2012

သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(စလေမြို့) အတွက်အလှူခံခြင်း

မကွေးတိုင်း ဒေသကြီး ၊ချောက်မြို့နယ် ၊စလေ မြို့ မှာ ရှိတဲ့ သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ မှီခို ပညာသင်ကြားနေကြတဲ့ ကလေးတွေဟာ လက်လုပ်လက်စား ခေါင်းရွက်ဈေးသည် နဲ့ ဇီးသီးကောက်ပြီး အသက်မွေးတဲ့ မိဘတွေ ရဲ့ သားသမီးတွေ ဇြစ်ပါတယ် ။ အစိုးရ မူလတန်းကျောင်း ရှိပေမဲ့ ကျောင်းနေစားရိတ် ၊ပညာသင်ကြားရေးစားရိတ် သလေးကိုတောင် မတတ်နိုင်လို့ ဆရာတော် ဘုရား  ဘဒ္ဒ န္တကုဏ္ဍလမဟာထေရ် က စာခေါ်သင်ပေးရာကနေ ကလေးအရေအတွက် များလာတဲ့အတွက်  ၂၀၀၁ ခုနှစ်မှ စတင်ပြီး သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အမှန် (၅) ကို ဖွင့်လှစ်ခဲ့ပါတယ် ။

လက်ရှိသင်ကြားနေသော ကျောင်းသား ကျောင်းသူများမှာ
သူငယ်တန်း - (၂၀)ယောက်
ပထမတန်း  - (၁၄) ယောက်
ဒုတိယတန်း - (၁၄)ယာက်
တတိယတန်း- (၁၄)ယောက်
စတုတ္ထတန်း - ( ၉)ယောက် စုစုပေါင်း (၇၁)ယောက် ရှိပါတယ် ။

စလေ က မောင်လေးတယောက် (သူ က လူမှူရေး ဆို ကြက်ခြေနီ အသင်းဝင် အဖြစ် နှစ်ပေါင်းများစွာ အားတက်သရော လုပ်တဲ့သူပါ) နေပြည်တော် ရောက်ပြီး အင်တာနက်နဲ့ ဆက်သွယ်ဖြစ်တော့ ကျောင်းအတွက် လိုအပ်တာတွေ ကို တတ်နိုင်သမျှ လေး လှူပေးကြရင် ကောင်းမှာဘဲ လို့ ပြောဖြစ်ပါတယ် ။

ခုလောလောဆယ် ဆရာတော်ကြီးဆန္ဒရှိနေတာ က သူ့ကျောင်းက ကလေးတွေ အတွက် ကျောင်းဝတ်စုံ တစ်စုံ စီလောက်တော့ ရှိစေချင်တာပါတဲ့ ။ 

မယ်သံ လဲ ခုလက်ရှိ စင်္ကာပူ မှာရောက်နေတဲ့ ကိုယ့်စလေ သူစလေသားတွေ ကို ဦးစားပေး အလှူခံပြီး တခြားစေတနာ ရှိတဲ့ မိတ်ဆွေ များဆီ လဲ အလှူခံမယ်တွေးပါတယ်  ။
ဝတ်စုံ တစုံ ကို အကြမ်းဖျင်း ၇၀၀၀.၀၀ကျပ် နှူန်း နဲ့ ၇၁ ယောက်စာ ဆိုတော့ ငါးသိန်းလောက် လိုမှာဖြစ်ပါတယ် ။ အခု က စပြီး  သြဂုတ်လ တတိယပတ်လောက်မှာ အလှူခံ ပိတ်ပြီး ရတာကို ပေးပို့လှူဒါန်းမယ် လို့ စိတ်ကူးထားပါတယ် ။တယောက် ကို S$10.00 လှူမယ် ဆိုရင်တောင် ၀တ်စုံ တစုံစာတော့ ရပြီး ဖြစ်ပါတယ် ။ နည်းတယ် များတယ် သဘောမထားဘဲ မိမိ ကိုယ်လဲ ၀န်မပိစေဘဲ S$10.00 မှ စပြီး ဆန္ဒရှိသလောက် လှူနိုင်ပါတယ်  ရှင် ။

မယ်သံ တို့ နှင့် အတူ ပါဝင်ကုသိုလ် ပြုချင်ကြမယ် ဆိုရင် ဖြင့်

 NAME : THANDAR LWIN
POSB SAVINGS ACCOUNT : 058-75964-3 ကို ငွေလွှဲပြီး ဖုန်း 9003 2436 ကို လှူဒါန်းသူ ရဲ့အမည် နှင့် လှူဒါန်းငွေပမာဏ ကို Message ပို့ပေးပါလို့ ။ 


(ဖုန်းကို မပို့ရင်လဲ ဒီပို့စ်အောက်မှာ ကွန်မန့်လေး ရေးပေးလို့လဲ ရပါတယ် )

လှူဒါန်းသူများ အမည် ကို ဒီပို့စ်အောက်မှာ ဖော်ပြပါ့မယ်ရှင် ။


တခြား နိုင်ငံမှ လှူဒါန်း လိုသူများအတွက် ပေးပဲလ် အကောင့် thandarlwin2006@gmail.com ကို ပေးပို့လှူဒါန်းနိုင်ပါတယ် ။

ဝတ်စုံ မလှူဘဲ တခြား လှူချင်တာ ရှိရင် လဲ လှူပေးပါ့မယ် ။

တခြားလှူလို့ ရတာတွေ ကတော့
စေတနာဒါန ထာဝရ ပဒေသာပင် စိုက်ထူလိုလျှင်
၁)ဆွမ်းပဒေသာပင် တပင်လျှင် ...၁၀၀၀၀.၀၀ ကျပ်
၂)ဆေးပဒေသာပင် တပင်လျှင်...၁၀၀၀၀.၀၀ကျပ်
၃)ပညာရေးပဒေသာပင် တပင်လျှင် ...၁၀၀၀၀.၀၀ကျပ်
၎)ထူးချွန်ပဒေသာပင် တပင်လျှင်...၁၀၀၀၀.၀၀ကျပ်
၅)ဘက်စုံပဒေသာပင် တပင်လျှင်...၁၀၀၀၀.၀၀ကျပ် စသည်ဖြင့် လှူဒါန်းနိုင်ပါတယ်။

"စာနာမှူနှင့် . . . သာသနာပြုကာ လှူဒါန်းကြပါစို့ . . ."

စေတနာ့ဝန်ထမ်း ဆရာမလေး များနှင့် ကျောင်းသားလေးများ


Add caption

9 comments:

  1. a nice community service post....I'll try to pursue our chairman to donate our group firm. Hope he will agree with me.

    ReplyDelete
  2. sis,

    i just sent sms u

    ReplyDelete
  3. မုဒိတာ ပွားနိုင်ရန် ..ယနေ့ (2.8.2012) အထိ အလှူခံ ရရှိထားသော စာရင်း
    ကိုဌေးအောင် (ဒိန်းမတ်) - S$75.00
    ကိုခင်မောင်ဦး+ မသန္တာလွင် - S$50.00
    မချစ်ကြည်အေး - S$50.00
    ဦးဌေးဝင်း (စလေ) - S$50.00
    ကွယ်လွန်သူ ဒေါ်ကြည်ကြည်ဆွေ အားရည်စူးပြီး ဦးတင်ထွန်း မိသားစု - S$30.00
    ကိုမြင့်ဇော် - S$30.00
    ပိုးပိုး - S$30.00
    ကိုလင်းအောင်ကို နှင့် မိသားစု S$30.00
    မ၀င်းဝင်းမြင့် - S$20.00
    ကိုမျိုးထွန်း+မ၀တ်ရည်ဝင်း S$20.00
    ကိုမင်းထွတ်ဝင်း+မဝေသီစိုင်း S$20.00
    ဦးထွန်းဇော်+ဒေါ်နုနုဝင်း S$10.00
    ကိုဇော်လတ် (စလေ) S$10.00

    စုစုပေါင်း S$ 425.00 ပြီး

    ပဒေသာပင် အလှူရှင်များမှာ
    ဦးထွန်းဇော် ဒေါ်နုနုဝင်း ဘက်စုံပဒေသာပင်တပင် အတွက် -S$15.00
    မယဉ်ယဉ်ပြုံး ဆေးပဒေသာပင် -S$15.00
    ကိုဇေယျာဦး ပညာရေးပဒေသာပင် -S$15.00 တို့ ဖြစ်ပါတယ် ရှင် ။
    ကလေးများကိုယ်စား ကျေးဇူးတင်စွာဖြင့် သာဓု သုံးကြိမ် ခေါ်ဆိုရပါတယ် ရှင် ။

    ReplyDelete
  4. မုဒိတာ ပွားနိုင်ရန် ..ယနေ့ (12.8.2012) အထိ အလှူခံ ရရှိထားသော စာရင်း
    သာသနာ့ရောင်ခြည်အဖွဲ့ (စကာင်္ပူ) - S$150.00
    ကိုဌေးအောင် (ဒိန်းမတ်) - S$75.00
    ကိုခင်မောင်ဦး+ မသန္တာလွင် - S$50.00
    မချစ်ကြည်အေး - S$50.00
    ဦးဌေးဝင်း (စလေ) - S$50.00
    ကွယ်လွန်သူ ဒေါ်ကြည်ကြည်ဆွေ အားရည်စူးပြီး ဦးတင်ထွန်း မိသားစု - S$30.00
    ကိုမြင့်ဇော် - S$30.00
    ပိုးပိုး - S$30.00
    ကိုလင်းအောင်ကို နှင့် မိသားစု S$30.00
    ဘလော့ဂါ ဂျွန်ဝမ်းမင်း မိသားစု - S$30.00
    ကိုကြည်မင်းနိုင်+မခိုင်စပယ် မိသားစုS$30.00
    မူလလက်ဟောင်းကလူသစ် မိသားစု S$30.00
    မ၀င်းဝင်းမြင့် - S$20.00
    ကိုမျိုးထွန်း+မ၀တ်ရည်ထွန်း S$20.00
    ကိုမင်းထွတ်ဝင်း+မဝေသီစိုင်း S$20.00
    ဦးထွန်းဇော်+ဒေါ်နုနုဝင်း S$10.00
    ကိုဇော်လတ် (စလေ) S$10.00
    မချိုမာအေး(စလေ)- S$50.00
    ကိုသန်းဇော်ထွန်း(စလေ)- S$20.00
    ဦးလှမင်း+ဒေါ်ယမင်းဝင်းသန့်မိသားစု - S$370.00
    မအိခိုင် - S$50.00
    ကိုလှဝင်းရှိန်+မ၀င်းခိုင် - S$10.00
    ကိုသန်းဇော်ဦး+မဇင်ဇင်မြင့် - S$10.00
    ဒေါ်အေးအေး(ရန်ကုန်) - S$20.00

    စုစုပေါင်း S$ 1195.00 ရရှိပြီး ဖြစ်ပါတယ်ရှင် ။

    ReplyDelete
  5. ပဒေသာပင် အလှူရှင်များမှာ
    ဦးထွန်းဇော် ဒေါ်နုနုဝင်း ဘက်စုံပဒေသာပင်တပင် အတွက် -S$15.00
    မယဉ်ယဉ်ပြုံး ဆေးပဒေသာပင် -S$15.00
    ကိုဇေယျာဦး ပညာရေးပဒေသာပင် -S$15.00 တို့ ဖြစ်ပါတယ် ရှင် ။
    ကလေးများကိုယ်စား ကျေးဇူးတင်စွာဖြင့် သာဓု သုံးကြိမ် ခေါ်ဆိုရပါတယ် ရှင်

    ReplyDelete
  6. ကလေး ကျောင်းဝတ်စုံ အတွက် S$ 1195.00 နှင့် ပဒေသာပင် အတွက် S$ 60.00 စုစုပေါင်း S$ 1255.00 ရရှိပြီး ဖြစ်ပါတယ်ရှင်။

    ReplyDelete
  7. ကူးကူးလှိုင်November 13, 2012 at 6:50 PM

    သာဓု သာဓု သာဓု ခေါ်သွားပါတယ်ရှင်...

    ReplyDelete