[X] Choose Font Here

Friday, July 20, 2012

ဖားအောက်တောရ (စင်္ကာပူ) တရားပွဲ ဖိတ်ကြားလွှာ

ဓမ္မမိတ်ဆွေ အပေါင်းတို့ ရှင်...

ယခုလာမည့် စနေနေ့ (၂၁-၇-၂၀၁၂) ညနေ (၇)နာရီ အချိန်တွင် ဖားအောက်တောရ (စင်္ကာပူ) (PAMC) ၌  " အပ္ပမာဒ (သေသူရှင်သူ) တရားတော်ကို ဖားအောက်တောရ (သန်လျင်) ကမ္မဌာနာ စရိယဆရာတော် ဘဒ္ဒန္တ ဓမ္မသာရ (ဓမ္မာစရိယ ဘီအေ) က တရားရေအေး တိုက်ကျွေးမည့်ဖြစ်ပါသဖြင့် တရားချစ်ခင်သူတော်စင် အပေါင်းတို့အား တရားနာကြွရောက်တော်မူကြပါရန် နိဗ္ဗာန် အကျိုးမျှော်ကိုးလျှက် တိုက်တွန်းနှိုးဆော်လိုက်ရပါသည် ရှင့်။

" အပ္ပမာဒ - မမေ့မလျော့ခြင်းဆိုတာ သတိရှိခြင်းကို ဆိုလိုပါတယ်။
 လောကမှာ ကိုယ့်အလုပ်ကိုစိတ်မဝင်စားပဲ အပျော်အပါးလိုက်စားပြီး အချိန်ကုန်နေသူ အလုပ်လုပ်ရမှာပျင်းတဲ့သူ လုံ့လမရှိသူဟာ မေ့နေတဲ့သူတွေဖြစ်ကြပါတယ်။ ကိုယ့်အလုပ်ကိုစိတ်ဝင်စားပြီး ကြိုးစားနေသူဟာ မမေ့မလျော့သူ သတိရှိသူတွေဖြစ်ကြပါတယ်။"
         ပညာရေး ကျန်းမာရေး စီးပွားရေး စတဲ့လောကအရေးမှန်သမျှမှာ ကြီးပွားတိုးတက်နေသူတွေဟာ သတိရှိသူ သတိမလစ်သူတွေ ဖြစ်ကြပြီး ဆုတ်ယုတ်ပျက်စီးနေသူတွေဟာ မေ့လျော့နေသူတွေဖြစ်တယ်ဆိုတာ တွေ့နိုင်ပါတယ်။ တိုးတက်မှု မတိုးတက်မှုကို အစွဲပြုပြီး " မမေ့သူမှာ မသေ၊ ရှင်နေသူ ဖြစ်၍ မေ့သူမှာ သူသေနှင့်မခြား " လို့ ဓမ္မပဒ မှာ ဘုရားရှင်ဟောထားပါတယ်။ တရားအားထုတ်မှုမှာလည်း အပ္ပမာဒ သတိတရား ပိုပြီးလိုအပ်ပါတယ်။ 
အပ္ပမာဒ တရားအရေးကြီးလို့ ဘုရားရှင်က အပ္ပမာဒ တရားကို နေ့တိုင်းနေ့တိုင်း ဟောကြားသလို နောက်ဆုံး ပရိနိဗ္ဗာန်စံခါနီးမှာလည်း ဟောကြားဆုံးမခဲ့ပါတယ်။

အပ္ပမာဒေန သမ္ပာဒေထ
ဘဒ္ဒန္တ ဓမ္မသာရ (ဓမ္မစရိယ ဘီအေ)
ကမ္မဌာနာ စရိယ ဆရာတော်
ဖားအောက်တောရ (သန်လျင်)

1 comment:

  1. တရားတော်အတွက် စွမ်းဆောင်ချက်လေးကို သာဓု သာဓု သာဓု သုံးကြိမ်ခေါ်ဆိုသွားပါတယ် သန္တာရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete