ရုံးပိတ်ရက်တွေမှာတော့ တပတ်လုံးလုံး အိမ်ထဲမှာ ပျင်းနေမဲ့ မိဘ တွေ နဲ့ သမီးလေး ဟေမာ့ ကို အပြင်ပို့ ပေး ဖြစ်ပါတယ် ။
သွားစရာ နေရာ ရှားပါးလှ တဲ့ စင်္ကာပူ ကျွန်းလေး မှာ စင်တိုဆာ ကျ ဝေးလဲဝေး ပင်လဲပင်ပန်း ဆိုတော့ တခေါက်အပြင် နောက်တခေါက် မသွားချင်ဘူးပေါ့ ။ ရှော့ပင်းမော ကို သွားတော့လဲ ဆူညံနေတဲ့ လူအများကြီး ကြား လူကြီးမိဘ တွေ နဲ့ ကလေး အတွက် က အမြင်ထူးဆန်းပေမဲ့ Relax တော့ မဖြစ်ဘူး ။လူကြီးတွေ ဆိုတော့ ညောင်းလဲ ညောင်းတာပေါ့လေ ။
မယ်သံ တို့ အိမ်က အရှေ့ဘက်ဆိုတော့ East Coast နဲ့ လဲ နီး၊ ရောက်ရင် လူကြီးတွေ လဲ ပင်လယ် ကြီးရော စက်ဘီးစီးတဲ့ သူတွေ ရော စားကြ သောက်ကြတဲ့ လူတွေ ရော ကို အဝေး က လှမ်းငေးလိုက် ၊ အိမ်က သယ်လာတဲ့ လဘက်လေးစားလိုက် ၊ မုန့်လေး စားလိုက် ၊ ကော်ဖီလေးသောက်လိုက် ၊ ဖုန်းထဲ က သိချင်းလေးဖွင့် နားထောင်လိုက် ၊ ညောင်းရင် ပင်လယ်စပ် ဘက် လမ်းလေးလျှောက်လိုက် ၊ ပြီးရင် ခုံလေး တွေ မှာ ပြန်ထိုင်နားလိုက် နဲ့ အဆင်ပြေလှ တဲ့ အပြင် ၊ ဟေမာ လေးကလဲ သဲတွေ နဲ့ဆော့လိုက် ၊ ရေစပ်ကို ဆင်း ပြီး လှိုင်းတွေ က သူ့ကို လာပုတ် ရင် အော်ဟစ် ရယ်မောလိုက် ၊ တခြားကလေးတွေ ဆော့ကစားတဲ့ ဆီ သွားရှူပ်လိုက် နဲ့ အဆင်ပြေ လှ တဲ့ အတွက် ခဏ ခဏ သွား ဖြစ်ပါတယ် ။ ( မယ်သံ့ အတွက် အကုန်အကျ သက်သာ တာလဲ ပါတာပေါ့လေ။)
 |
အိစ်ကုတ် အသွား ဘတ်စ်ကား စီးတော့လဲ သမီး က အပြင် ကို ငေး လို့.. |
|
 |
ဘတ်စ် ကားက ဆင်းပြီး ကမ်းခြေအသွား ရေလွှာ စကိတ်စီးတဲ့ နေရာ ကိုဖြတ်ရတယ်။ |
သမီး လား ဟင့်အင်း တွန်းလှည်းပေါ် မှာ မနေချင်ပါဘူး ။ သမီး လဲ လမ်းလျှောက်မှာပေါ့ ။ ဖေဖေ သမီး ကို စောင့်ခေါ်ပေးပါနော်...:D
 |
လမ်းမှာတွေ့တဲ့ မမ တွေ နဲ့လဲ ဓါတ်ပုံ တွဲရိုက်ချင်သေးတာ ....:D |
 |
ဖေဖေ နဲ့ အတူတူ ကစားမယ်...း))) |
 |
သမီးလေး တယောက်ထဲ လဲ ကစားမယ် ...း)) |
 |
မေမေ့ အလစ် ဟိုဘက်မှာ ကစားနေတဲ့ သူတွေ ဆီ သွားဦးမှ .. |
 |
ရေထဲ ဆင်းရတာ ကိုလဲ သမီးပျော်တယ်.. |
 |
မေမေ က မောပြီ သမီးလေးရေ တဲ့ ။ |
 |
တက်ကြွ တဲ့ သမီး က ရှေ့ဆုံးက ...း))) |
 |
အ၀တ်အစား လဲ ပြီး စက်ဘီးစီး ကြမယ် တဲ့ ။ |
သမီး ရေ ဟိုမှာ ဟိုမှာ ရဟတ်ယာဉ် ကြီး အလံကြီး သယ်လာတယ် တဲ့
 |
ဗိုက်ဆာပြီ ....စားတော့ ၀ါးတော့မယ် ...း) |
|
 |
ကမ်းစပ် က ရဲတိုက်ကြီး..။ |
 |
ဒါ က နောက်တမျိုး လိပ်ကြီးလဲပါ တယ်။ |
မိဘ တွေ ကလဲ အေးအေးလူလူ လဘက်လေးစားလိုက် ၊ စကားလေး ပြောလိုက် ။ သမီးလေး ကလဲ ပျော်လိုက်တာ၊ ပင်လယ်ရေ တွေ ထိတော့ အသားတွေ စပ်ဖျဉ်းဖျဉ်း နဲ့ ဟေမာ ရေဆော့ပြီး ခန နေရင် ယားတော့ စပ်တော့ မှာဘဲ လို့ စိတ်ပူနေခဲ့ ပေမဲ့ သူကတော့ ဘာမှ မဖြစ် အေးအေးဆေးဆေး ပျော်လို့ ဆော့လို့ပါဘဲ ။
မမမယ်သံ ... နောင့် လဲ အိကုတ်မှာ ပျော်တယ်။ ခေါက်ဖျာလေး တစ်ချပ်သယ်ပြီး နေကြာစေ့ ရေဗူး စားစရာတွေ ထည့်ပြီး ခဏခဏ ကို သွားချင်တာ ဒါပေမယ် အရှေ့နဲ့အနောက်ဆိုတော့ စိတ်သွားတိုင်း ကိုယ် မပါ။ စနေနေ့က နောင့် တို့လဲ အဲ့ဒီ သဲပုံကြီးကို ကာထားတဲ့ နားမှာပဲ....စားတဲ့ နေရာလဲ တူတယ်။ ခု ပုံတွေကြည့်မှ ဟေမာ လေးနဲ့ ဆော့ချင်လိုက်တာ။ နောက်တစ်ခါဆို ဖုန်းဆက်မယ်း)
ReplyDeleteသမီးတစ်ယောက်ရဲ့ တာဝန် မိခင်ရဲ့တာဝန် မိသားစုတာဝန် ကျေပွန်ပါဘိနော်။ ဓာတ်ပုံလေးတွေကြည့်ပြီး ပို့စ်လေးဖတ်ရတာ ကြည်နူးစရာပါ သန္တာရေ။
ReplyDeleteတီတင့်လည်းနောက်တစ်ခေါက် အလည်ရောက်ရင် East Coast ဘက်ကို အလည်သွားအုံးမှ တစ်ခါမှ မရောက်ဖူးသေးဘူးး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကွန်မန့်လေးပျောက်သွားလို့ ပြန်ရေးလိုက်တယ်း)
ReplyDeleteမိသားစုတာဝန်ကျေတဲ့ သန္တာ့ကို ချီးကျူးပါတယ်။ ဓာတ်ပုံလေးတွေကြည့်ပြီး ပို့စ်လေးကိုဖတ်ရတာ ကြည်နူးစရာပဲ။
တီတင့်လည်းနောက်တစ်ခေါက် အလည်ရောက်ရင် East Coast ကိုသွားလည်မယ် မရောက်ဖူးသေးဘူး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မိသားစု ၃ ယောက်ရေထဲက တက်လာတဲ့ပုံ အရမ်းကောင်းတယ် မယ်သံ
ReplyDeleteဟေမာလေး ထွားလာလိုက်တာ..
သဲတွေနဲ့ ဆော့နေတာ အေးဆေးပဲ
ညီမရေ...
ReplyDeleteပျော်စရာမိသားစုရဲ့ တန်ဘိုးရှိတဲ့ ပိတ်ရက်လေး။
သမီးလေးက အမေတူလေးဆိုတော့ ဖေဖေတော့ သိပ်ချစ်မှာ သေချာတယ်။
သမီးလေးကို ဆံပင်ရှည်လေး ထားပေးနော်..။
သမီးလေးက ချစ်စရာလေး..
ReplyDeleteပုံတွေ လာကြည့်သွားပါတယ်..
မမ နေကောင်းလာ မောင်းလေးက စလေမြို့ကပါ တွေးရတာဝမ်းသာပါတယ့် မမ ကလေးလေကချစ်စရာလေနော် မမတိုမိသားစု ထာဝရပျော်ရွှင်ချမ်မြေကြပါစေလို့ မောင်းလေး ဆုတောင်ပေးပါတယ့် မမ စလေသာ လေ...............
ReplyDeleteဟေမာလေးက ချစ်ဖို့ကောင်းလိုက်တာ. ပျော်စရာကြီးနော်...
ReplyDelete