[X] Choose Font Here

Tuesday, September 13, 2011

ပြန်ဆုံမဲ့ ညနေ (CGTI GATHERING SINGAPORE 2011)


ခေါင်းစဉ်ယူသုံးခွင့်နှင့် အတွင်းစာသားများမှီငြမ်းခွင့်ပြုခဲ့သော မြူးမြူး

http://zinpwintmyue.blogspot.com/ ကို အထူးကျေးဇူးတင်ရှိပါကြောင်း......



Bloggerသခင်ဘိုးလှကြီး ဦးဆောင်ပြီး ရေနံမြေ ကိုလိုနီ သပိတ် စတင်ခဲ့ရာ ချောက်မြို့လေးရဲ့ အ၀င်မှာ တို့ရဲ့ ကျောင်းတော်ကြီးရှိတယ် ။ကျောင်းဝန်းအ၀င် ကျောင်းသားရေးရာ ရုံးခန်းရှေ့တည့်တည့်မှာ သခင်ဘိုးလှကြီးရဲ့ ခန့်ထည်တဲ့ ရုပ်ထုကြီးနဲ့ပေါ့။

ကျောင်းဝန်းထဲမှာ ကိုလိုနီ ရဲ့အမှတ်တံဆိပ် သူတို့ ရဲ့ စေတနာ ကန္တာရပင်တန်းတွေရှိတယ် ။ကန္တာရပင်ရဲ့ အမြစ်တွေဟာ ရေနံတွေစုပ်ယူလို့ ချောက်ရဲ့ အသွေး ရေနံတွေကို ခြောက်ခန်းသွားစေနိုင်သတဲ့ ။ ထနောင်းပင်အို ကြီးတွေနဲ့ ကျောင်းရှေ့က စာကလေးခြေထောက်ပင်(မလေးရှားပိတောက်)တွေဟာ အပူဒဏ်ကို သူ့ဝန်သူ့အားနဲ့တတ်နိုင်သလောက် ကာကွယ်ပေးဘို့ ကြိုးစားနေလေရဲ့။
ချောက်ဂျီတီအိုင် ရဲ့ ကျောင်းဆောင်တွေ ၀ပ်ရှော့တွေဟာ ယခုခေတ် သိပံ နဲ့ နည်းပညာအောက်က တိုင်လုံးရှည် မှန်ကပ် နှစ်ထပ်ကျောင်းဆောင်ကြီးတွေလို ဟိန်းဟိန်း ဟည်းဟည်း ခန့်ညားမှူမရှိပေမဲ့ သူ့နေရာနဲ့သူ သူ့အခန်းနဲ့သူ ရိုးရိုးရှင်းရှင်း တည်ရှိနေခဲ့တယ် ။ ဒီကျောင်းကြီးကို တည်ခဲ့တာ 1972 ကဆိုတော့ ခုဆို 39 နှစ်တောင်ရှိခဲ့ပြီ။
ခုဆိုရင် မိခင်ကျောင်းတော်ကြီးကထွက်လို့ ဘ၀ဆိုတဲ့လမ်းပေါ်မှာလျှောက်နေတဲ့သားတွေသမီးတွေကလဲ ကမ္ဘာမြေ အနှံ့ပေါ့ ။
ဒီစင်္ကာပူ မှာလဲ တို့တမိထဲပေါက်တွေ မနည်းမနော။
အနေနီးတဲ့ သူတွေအချင်းချင်းဆုံဖြစ်နေကြပေမဲ့ အဆက်အသွယ်ပြတ်နေကြသူတွေကလဲ အများအပြား... လူတိုင်းရဲ့ ရင်ထဲမှာတော့ ကျောင်းကြိးကို လွမ်းနေမယ်..သူငယ်ချင်းတွေကို သတိရနေမယ်လို့ မျှော်လင့်မိပါရဲ့လေ................
ဒီလိုအနေဝေး သူအချင်းချင်းဆုံဘို့ရာ အတွေ့အကြုံဖလှယ်ဘို့ရာ တယောက်အခက်အခဲ ကိုတယောက်က ရင်ဘတ်ကြီးနဲ့ ၀င်ပြီးခံစားနားထောင်ပေးဘို့ရာ ..နုငယ်စဉ်ဖြူစင်ရိုးသားစွာပျော်ခဲ့ရဘူးတဲ့ ကျောင်းသားဘ၀ ကို ပြန်လည်ခံစား စားမြုံ့ပြန်နိုင်စေဘို့ရာ ဒီစလုံးမှာ CGTI GATHERING လုပ်ခဲ့တာ ဒီနှစ်(2011)ဆို သုံးနှစ် ရှိခဲ့ပြီ။
ဒီနှစ် စက်တင်ဘာ 18 ရက် တနင်္ဂနွေမှာ ကျင်းပမဲ့ CGTI GATERING ကိုလဲ စလုံးမှာရောက်နေကြတဲ့ ချောက်ဂျီတီအိုင် ကျောင်းသားဟောင်းတွေအားလုံး ဘယ်နှစ်ကမဆို လာခဲ့ကြဘို့ ဖိတ်ချင်ပါတယ်။
အသေးစိတ်အစီအစဉ်ကိုတော့အောက်က မီတင်မှတ်တမ်းမှာ ကြည့်ပေါ့နော်။ ;P
လက်မှတ်တစောင်ကို S$10.00 ပါ။ ဒါန်ပေါက်လဲစား အအေးသောက်ရင်းနဲ့ ရင်ထဲက ပေါက်ကွဲသံစဉ်တွေကို သီချင်းအဖြစ်ဟစ်လို့လဲရမယ်။
တို့ကျောင်းသားဟောင်းမောင်နှမတွေ အားလုံးဘဲ စက်တင်ဘာ ၁၈ ရက် ညနေလေးမှာ ပြန်လည်ဆုံတွေ့ကြပါစို့လို့။

လက်မှတ်လေးတွေဝယ်ချင်ရင်.....
ကိုဌေးဝင်း (MT) 9636 6560
ကိုစိုးမြင့် 8342 7601
ကိုခင်ဇော် 9367 9761
ကိုမျိုးဝင်း (93 EP) 9022 9457
ကိုကျော်သူရ(96 C) 9001 9738
ကိုဌေးဝင်း(96 EP) 9026 6442
မအေးအေးနှင်း(2000) 9769 2587
တို့ဆီမှာ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အဲ ဟုတ်ပေါင် ၀ယ်ယူနိုင်ပါကြောင်း ......
7 comments

kzyl said...


A night to remember/bond among ex-cgti students. I'll be right there on time.

September 8, 2011 1:59 PM
Delete

Anonymous saw nyunt san said...


တလ ၁၀-ဒေါ်လာ လှူဘို့ ပဲ ရေးထားတယ်။ ဘယ်လို လှူနိုင်တယ်။ ဘယ်ဘဏ်အကောင့်ကို ပို့ ပြီး ဘယ်လို မတ်စေ့ပေးပါ ဆိုတာတွေ မပါဘူး။ လူကိုယ်တိုင် အိမ်တိုင်ရာရောက် လစဉ် လာကောက်မှာမို့ လား။

September 8, 2011 2:03 PM
Delete

Anonymous တောသား said...


Saw Nyunt San said right!
အလှူငွေက ဘယ်လိုထည့်ရမှာလဲ..ထည့်ချင်တဲ့ဆန္ဒရှိရင်.


September 9, 2011 12:47 PM
Delete

Anonymous တောသား said...


မသန္တာလွင်ရေးမှပဲ ဘိုးလှကြီးကို ပိုပိုသတိရတော့တယ်...
ဘိုးလှကြီးအကြောင်းတွေးမိရင် မခံစားနိုင်လွန်းလို့ ဘိုးလှကြီးနဲ့ ပါတ်သက်တဲ့ နေရာတွေကို မလာတော့ဘူး... :P


September 9, 2011 12:54 PM
Delete

Blogger ko htay win said...


တက်ရောက်မည့် လူဦးရေခန့်မှန်းရန်အတွက်သာ ကြိုတင်လက်မှတ် ရောင်းချခြင်း ဖြစ်ပါသည် ။

လက်မှတ်ကအရေးမကြီးပါ ။ချောက် ဂျီတီအိုင် ဆင်းများအားလုံး၏ ပွဲဖြစ်ပါသည်။
မိခင်ကျောင်းတော်ကြီး နှင့် ဆရာ ဆရာမများအပေါ် ထားရှိသော စေတနာ နှင့် သံယောဇဥင်္ကသာ အဓိကဖြစ်ပါသည် ။
ညိအစ်ကို မောင်နှစ်မတစ်တွေ ပျော်ပျော်ပါးပါး တွေ့ဆုံချင်ပါသည် ။


September 10, 2011 1:32 PM
Delete


Blogger Thandar Lwin said...


မ နောက်ပါနဲ့ ကိုတောသားရယ် ။
မောင်နှမ တွေ ဆုံရအောင် အဆင်ပြေရင် လာစေချင်ပါတယ် ။


September 12, 2011 8:51 AM
Delete


Blogger Thandar Lwin said...


Thanks for ur concerning about our CGTI activity , pls read the our meeting decision and everyone can contact the person who will collect the contribution.Will start to collect on that our gathering day 18th, september ,2011 also.
I am glad to say that thanks for ur valuable ideas and suggestion for our teachers.
Hope we can receive more ur valuable advice and cooperation in future.

Thanks , Regards ,

Htay Win.


September 12, 2011 9:00 AM

No comments:

Post a Comment