ဒီနေ့ သမီးလေး ၆လ ပြည့်ပြီကွဲ့ ။
တကယ်ဆို စလုံးရောက် ကတဲက သမီးလေးအတွက် ဆွမ်းကျွေးအလှူ လုပ်မလို့ မေမေ တွေးထားတာပါ ။
ဘုန်းကြီးတွေကို လှူချင်တာတင်မဟုတ်ဘဲ ဖေဖေ မေမေ တို့ရဲ့ မိတ်ဆွေတွေရော သမီးဖွားဖွားရဲ့ တပြည့်တွေရော ကို ပါ သမီးလေး ဘယ်လောက် ချစ်စရာ ကောင်းတယ် ဆိုတာကိုကြွားချင် အတူတူ စားချင်လို့ရောပေါ့။ဒီတခါ 18.9.2011 ဆိုရင် သမီးလေး ၆လပြည့်သလို တနင်္ဂနွေ နေ့လဲ ဖြစ်တော့ လုပ်မယ်ဆိုပြီးမေမေ တိုပိုင်းရိုး ဘုန်းတော်ကြီးဆီ သွားလျှောက်တော့မလို့။ ဖိုးဖိုးဖွားဖွားတို့ရဲ့ နေထိုင်ခွင့်က ရနိုးရနိုးနဲ့ စိတ်အနှောင့်အယှက်ဖြစ်ရသလို တိုက်တိုက်ဆိုင်ဆိုင် မနက်ဖြန် ဗီဇာ ကုန်လို့ မလေးရှားကို ရှောင်ရမယ်ကွဲ့ ။ ဖွား၂ တို့က ဟိုမှာတပတ်လောက်နေမှာ မေမေ တို့ အလုပ်တဘက်နဲ့ကသီမှာစိုးလို့ သမီးကိုခေါ်သွားချင်တာ ...သမီးအဖေ ကမထည့်ဘူး။ ဖေဖေ ၃ ရက် မေမေ ၂ရက်ခွဲ ခွင့်ယူပြီး သမီးနဲ့ အတူနေကြမယ်လေ။ ဖွားဖွားတို့တော့လွမ်းနေရတော့မှာပေါ့ကွယ် ။
သမီးလေးကလဲ တကယ့်ကို ချစ်စရာ ဖျစ်ချင်ညှစ်ချင်စရာကောင်းနေပြီလေ။
ခါတိုင်းကမှ ဖားအောက်ကျောင်းကို ဆွမ်းကပ်ဖြစ်သေးတယ် ။ဒီနေ့တော့ စလုံးမှာ ဘာမှ မလုပ်ဖြစ်ဘူး ။
ဖေဖေ ကလဲ ဖိုး၂ဖွား၂ကို မလေးရှား လိုက်ပို့မှာ ။ အိမ်မှာ မေမေ နဲ့ သမီး ၂ယောက်ထဲပေါ့ကွယ်။
မေမေ တယောက်ထဲ သမီးလေး ကို ပျော်အောင်ထားနိုင်ပါ့မလားစိတ်ပူမိတယ် ။ ဖွား၂ကတော့ ဘာမှ မပူနဲ့ အပြင်သာ ထွက်ပေးလိုက် လုံးဝ မဂျီစေရဘူးလို့ အားပေးတယ်။း)
မေမေ လဲ ညနေတော့ CGTI gathering ကို သမီးနဲ့ အတူသွားမယ်လို့ စိတ်ကူးထားတယ်။ အိမ်က MRT နဲ့ ဝေးလို့ ကားတဆင့်စီးရမှာ သမီးရော လှည်းရောဆို မေမေမနိုင်လို့ MRT ထိခြေလျှင်သွားရမလား စိတ်ကူးနေတာ မေမေ့ သူငယ်ချင်းက သူလာခေါ်ပေးမယ်ဆိုတော့ အဆင်ပြေသွားတာပေါ့ကွယ်။
သမီးအတွက် ဘုန်းကြီးကျောင်းမှာ လှူဘို့ပါ ။ လ၀က်အထွန်းခံတယ်လို့ပြောပါတယ်။ တကယ်ဆို ကြာဖူးထက် ကြာပွင့် ကပို လှတာ ။ကြာပွင့်က ၁၈ နာရီဘဲ ခံတယ်ဆိုလို့ ။
ကြာဖူးအလင်းရောင် လှူဒါန်းရလို့ သမီးလေး အသိဥာဏ်ပညာနဲ့ ပြည့်စုံပါစေ လို့ မေမေ ကဆုတောင်းပေးပါတယ်။ န၀ ကမ္မ ငွေ လဲ လှူမှာဖြစ်ပါတယ် ။

သမီးလေးက မျက်လုံးလေးတွေ မျက်ခုံးလေးတွေ ပေါ်လာလိုက်တာ... အတော်ကို ချစ်စရာကောင်းနေပြီကော... ကလေးလေးတွေဟာ ၆ လကနေ တနှစ်ခွဲအရွယ်အထိ အရမ်းချစ်စရာကောင်းတဲ့ အရွယ်လို့ ပြောကြတယ်... တကယ်ကိုလည်း တယောက်တမျိုးစီ တရက်ထက် တရက် ပိုပိုပြီး ချစ်စရာကောင်းကြပါတယ်...
ReplyDeleteကျန်းမာ ချမ်းသာစွာနဲ့ ထူးချွန် အောင်မြင်တဲ့ သမီးလေးတယောက် ဖြစ်ပါစေလို့ သမီးလေးရဲ့ ၆ လပြည့် မွေးနေ့မှာ ဆုတောင်းပေးသွားတယ်နော်...း))
Happy Birthday to your princess.
ReplyDeleteအဓိပ္ပါယ် ပြည့်ဝတဲ့ ဆုတောင်းအတွက် ကျေးဇူးပါ မမသက်ဝေ ။
ReplyDeleteဇမင ရေ ကျေးဇူးပါ ။
သမီးလေးကချစ်စရာလေးပဲနော်အစ်မ
ReplyDeleteမျက်ခုံးကလည်းကောင်းမှကောင်းး))
ခြောက်လပြည့်မှ.သည်.နှစ်ပေါင်းများစွာ
သက်ရှည်ကျန်းမာစွာနဲ့မိဘကျေးဇူးအထူးနားလည်တဲ့
သမီးအလိမ္မာလေးဖြစ်ပါစေရှင်.။
ငယ်ကသမီးကြီးတော့ထီးတဲ့.အားကိုးရအုံးမှာမပူနဲ့အစ်မး)
လောလောဆယ်တော့ သမီးလေးမွေးထားတော့
ယောက္ခမတော်လို့မရသေးဘူးပေါ့။
ဒါဆိုလည်း နောက်မွေးလာမယ့်သားလေးအတွက်
ကျောက်ပြင်ရွက်ပြီးစောင့်နေပါ့မယ်ရှင် :P
ပျော်ရွှင်ချမ်းမြေ့ပါစေ
ချစ်ခင်စွာဖြင့်
အော် အဲဒီနေ့ က ၆-လ ပြည့်လား။
ReplyDelete