[X] Choose Font Here

Wednesday, October 2, 2013

အပေး အယူ သူနှင့်ကျမ အစစညီပါလျင် :D

ဒီမနက် အိမ်ကလူ ဂျူရောင်းအိုင်လန်ကို ၇ နာ၇ီအရောက်သွားရမှာမို့ အိမ်ကနေ ခါတိုင်းထွက်နေကျထက် စောထွက်မယ်လို့ ညထဲက ပြောထားပါတယ် ။
၅:၄၀ ထနေကျကို ၅း၁၅ လောက် ထမယ်ဆိုပြီး နှိုးစက်ကိုသံပတ်ပေးထားပါတယ် ။
အိမ်အကူ ညီမလေးကို သူ့အတွက်အိပ်ချင်ပြေအောင် လဘက်ရည်ဖျော်ပြီးတော့ ပလာတာကြော် လို့ မှာထားပါတယ် ။


နှိုးစက်မြည်လို့ သူ အိပ်ယာက ထသွားတော့ ကိုယ်ကတော့ထချိန်မတန်သေးဘူးဆိုပြီး ဆက်အိပ်နေမိတယ် ။
အိပ်ယာက ထလာလို့ မီးဖိုဘက်ထွက်လာတော့ လဘက်ရည်တွေ ဒီအတိုင်း ။ ဟယ် သောက်မသွားဘူးလားဆိုတော့ ပူနေလို့ သောက်မသွားဘူးတဲ့ ။

အော် ကိုယ်သာ သူထွက်လာချိန်အကိုက် နွေးနွေးလေးဖြစ်အောင် မှုတ်သင့်မှုတ်ပေး၊ ပန်းကန်အကူးအပြောင်း လုပ်ပေးခဲ့ရင် သူသောက်သွားရမှာဆိုပြီး စိတ်မကောင်းဖြစ်မိတယ် ။
ဟုတ်တာပဲလေ ညီမ ကတော့ လဘက်ရည်ဖျော်ဆို ဖျော်ထားမှာပဲ သောက်လို့ရမရ ဒါတွေ ဘယ်တွေးပါ့မလဲနော် ။

အိမ်ထောင်သက် ၉ နှစ်ကြာလာပြီဆိုတော့ အချစ်ရေ အသက်ရေ နဲ့ အတူစား ၊ အတူသွား ဆိုတာထက် တစ်ယောက်သဘော တစ်ယောက်နားလည်ပြီး သူ လုပ်သင့်တာ သူလုပ်၊ ကိုယ်လုပ်သင့်တာ ကိုယ်လုပ် အပေးအယူ မျှကြတာ ပိုကောင်းမယ်လို့ ခံစားမိတယ် ။


အိမ်ထောင်ရေးဆိုတဲ့ သစ်ပင်ကြီး အခက်အလက်ဝေဖြာ ၊ အပွင့် အသီးတွေ ဝေဆာဖို့ဆိုတာ က အရင်ဆုံး စိုက်ထဲက သူ့ဗီဇမျိုးစိတ်ဟာ အပင်ကြီးလား အပွင့်အသီးရှိသလား ဆိုတာ ကြည့်ဆုံးဖြတ်ရတာကိုး (လက်မထပ်ခင်ကြည့်ရမယ့်သဘောပေါ့)
စိုက်ပြီးမှဆိုရင်တော့ သူ က ရေလောင်းချိန် ကိုယ်က ပေါင်းသင် သင့်ရင် ပေါင်းသင်ရမယ် ။  နေပူဒဏ်ခံနိုင်ပါ့်မလား ၊ လေတိုက်တဲ့ဒဏ်ခံနိုငမလား ၊ ရေများရင်မကြိုက်ဘူးလား  ..ဒါတွေ ဒါတွေ လေ့လာပြီး သင့်တော်အောင် သူ့အချိန် နဲ့သူ အားဆေးကျွေး ၊ မြေဆီထည့် လုပ်ပေးရမှာပေါ့ ။
 ( သူ ဟာ ပင်ပန်းတဲ့ ဒဏ်မခံနိုင်ဘူးလား ။ပင်ပန်းချင်ပင်ပန်းပါစေ နားမညီးချင်တာလား ၊ကျန်းမာရေးကောင်းရဲ့လား အစားအသောက်ကြိုက်တတ်တာလား၊ အပြင်သွားရတာ ပိုကြိုက်လား ၊ ဘေးပတ်ဝန်းကျင်က အကြံပြုတတ်တာတွေ ကြိုက်ရဲ့လား ၊မကြိုက်ရင် ကိုယ်ဖြစ်တာတွေ ဘေးကိုချမပြမိစေနဲ့ ။ ဆင်းရဲ တဲ့ဒဏ် မခံနိုငတာလား ၊ ချမ်းသာတဲ့ဒဏ်မခံနိုင်တာလား ။ နှစ်ဘက်မိဘ အသိုင်းအ၀ိုင်း ပါဝင်ပတ်သက်မှူ ........အများကြီးပဲနော် ။)



တကယ်တော့ နှစ်တွေကြာလာရင် သူ့အကြိုက် ကိုယ့်အကြိုက် ၊ သူ့အလို ကိုယ့်အလို ဆိုတာ မသိမဖြစ် သိလာကြတာပဲ ။ မေတ္တာ စေတနာ နဲ့ ဖြည့်ဆီးကြမယ်ဆို အကောင်းဆုံးပေါ့ နော် ။ ဒါပေမယ့် တစ်ဘက်သတ်ဆိုတာတော့ ကြာရှည်မှာ မကောင်းဘူးပေါ့ ။  အပေးချည်းပဲလဲ မကောင်း ၊ အယူချည်းပဲလဲ မကောင်း .....


အိမ်ထောင်တစ်ခုမှာ  အိမ်ရှင်မ နေရာဟာ အရေးကြီးဆုံးပဲလို့ ကျမထင်တယ် ။ ၀င်ငွေ ၊ ထွက်ငွေ ၊ ကျန်းမာရေး၊စီးပွားရေး၊ စားဝတ်နေရေး၊ ဟိုဘက် ဒီဘက် အစစအရာရာကို တွေးတောပြီး ရှိတာလေး နဲ့ အကောင်းဆုံးဖြစ်အောင် စီစဉ်ရသူတွေကိုး ။  ယောင်္ကျားဖို့ သားသမီးဖို့ ဦးစားပေးပြီး ကိုယ့်အတွက် ခြိုးခြံရသူတွေမို့   ကျေကျေနပ်နပ် နဲ့ အဝေမတတ် ဆရာငတ် အဖြစ်ခံသူတွေပေါ့  အဟမ်း အဟမ်း :D

အိမ်တစ်အိမ် ရဲ့ ဟန်ချက်ညီ သာယာဖို့ အတွက် အရည်အချင်းရှိ အလိုက်သိ မပျင်းမရိ မျှတ တဲ့  အိမ်ရှင်မ အပေါ်မူတည်ပါမယ်။
ကိုယ့် ကိုကိုယ် ပြန်ကြည့်တော့ ကျမ က အတော့်ကို ပျင်းတဲ့သူပါ ။ မသိဘူးလားမဟုတ် ၉ နှစ်လောက်ကြာလာတော့ သူ့အကြိုက်တွေကို သိတော့ သိလာပါတယ် သို့သော် အပျင်းစိတ်လေးအခြေခံပြီး ပြီးပြီးရောထားလိုက်တာ တွေက မနည်းတော့ဘူး :P

ဒါပေမယ့် ကျမတို့ အိမ်လေးမှာ ၁၀၀% ပြည့်စုံတယ်မဆိုနိုင်ပေမယ့် သာသာယာယာ နဲ့ ဆိုတော့ အိမ်ဦးနတ် ရဲ့ ဖြည့်ဆီးမှူ တွေ အလိုက်သိမှူတွေက ပိုများတယ်လို့ ဆိုနိုင်သပေါ့ရှင် ။ ဟုတ်ဘူးလား ။
တကယ်ပါ သူ့ကြောင့် မျက်ရည်တစ်စက်မကျဘူးပါဘူး ။


သူ့ဆီက အယူများနေတဲ့ ကျမ ပေးတတ်စေ ၊ ယူတတ်စေ ဆိုတဲ့ ထုံး နှလုံးမူရင်း အပေးအယူမျှအောင် အပျင်းစိတ်တွေလျှော့ ကြိုးစားရဦးမယ် လို့ ...............။












ဒါနဲ့စကားမစပ်  အယ်လ်ဗွီ အိတ် ဆိုတာ တစ်ထောင်ကျော်လောက်နဲ့ ရတယ်ဆိုလား ။ ဟိုလူကြီးကိုရန်လေး ဇနီး ဆွဲထားတဲ့ လော့ကက်ကလဲ တဖျပ်ဖျပ်နဲ့ အရည်အတော် ကောင်းမယ်ထင်သယ်တော့ ..:D

3 comments:

  1. Mayflower Poe မမလွင်ခုတလောရေးတဲ့စာတွေ ကောင်းတယ် ဆက်ရေး ဆက်ရေး
    58 minutes ago · Unlike · 3
    Thandar Lwin ဖတ်ရော ဖတ်လိုက်လို့လား ပိုးရယ် အခုမှတင်တာလေ ပါ့ဗလစ်သေးတယ် ကွန်းမန့်တက်လာတော့
    57 minutes ago · Like · 2
    Mayflower Poe စာလုံးပေါင်းတော့ ဘယ်ဖတ်မလဲအေ့ ပြန်ပြောရဦးမလား အဓိကအချက်တွေကို
    56 minutes ago · Like
    Kha Kha Super like sis yay..
    55 minutes ago via mobile · Like
    Mayflower Poe သူတို့ လိုများ အရင်Like သွားတယ်နော်ပီးမှဖတ်မယ်လို့ ပြောတဲ့သူမှတ်နေလား သူသိသိကြီးပျင်းတဲ့အကြောင်းရယ် ၀င်ငွေထွက်ငွေမျှတအောင်စီစဉ်တာရယ်အိမ်ထောင်ရေးဆိုတာ အပေးအယူမျှရမယ်ဆိုတာရယ် အဓိက ကတော့ LV အိတ်ဆိုတာကြီးရယ် လော့ကတ်သီးကြီး တဖျပ်၂ဆိုတာရယ်
    54 minutes ago · Like · 2
    Thandar Lwin ဟီး ချက်( ရှက်) လို့ပြောတာပါအေ
    54 minutes ago · Like · 1
    SuuChit Thu တော်လိုက်တဲ့ မယ်သံလေး... အယ်ဗွီကြီး ဝယ်စေဗျား... တဲ့...
    4 minutes ago · Edited · Unlike · 1
    Lamin Yaung ဗျာ အတွင်းရေးတွေ
    50 minutes ago via mobile · Like · 1
    Kyi Kyi Khin မယ်သံ ဒီလောက် အလိုက်သိ အကုန်လုပ်ပေးနေတာကို အယူများတယ်ဆို ရင် အမတို့သာ ဆို ဟင်းးးး (သက်ပြင်းချ ခေါင်းငိုက်စိုက်နဲ့ အသာလှည့်ပြန်သွားး)
    39 minutes ago · Like · 1
    Zayyar Swe မိုက်တယ်ကွာ မလိမ္မာဘူး သူငယ်ချင်း..
    38 minutes ago via mobile · Like
    SweetPeony Peony ဆိုလိုရင်းက ဒါလား မမသံ ( ဒါနဲ့စကားမစပ် အယ်လ်ဗွီ အိတ် ဆိုတာ တစ်ထောင်ကျော်လောက်နဲ့ ရတယ်ဆိုလား ။ ဟိုလူကြီးကိုရန်လေး ဇနီး ဆွဲထားတဲ့ လော့ကက်ကလဲ တဖျပ်ဖျပ်နဲ့ အရည်အတော် ကောင်းမယ်ထင်သယ်တော့ .. )
    36 minutes ago · Like
    Mayflower Poe အပေါ်က ပိုစ့်ခေါင်းစဉ်ကို ကာရံလိုက်အောင် နောက်ကရေးချင်မိတယ် ခွင့်ပြုမယ်မလား (( အပေး အယူ သူနှင့်ကျမ အစစ ညီပါလျင် -- LV အိတ်ကြီးလက်မှာချိတ်လို့  လော့ကတ်တဖျပ်ဖျပ်အရောင်ထွက်မှာအမှန်ပင် )))
    23 minutes ago · Unlike · 3
    Thandar Lwin ပိုးပိုး
    23 minutes ago · Like · 1
    Tin Min Htet LV အိတ်ကို လော့ကပ်သီးလုပ်ပြီး ဆွဲပေးလိုက်ပါ ကိုဦး။
    22 minutes ago via mobile · Like · 4
    Zin Min Nyein အပေးအယူ သင်ခန်းစာကို ၀င်ရောက် လေ့လာသွားပါတယ်။
    22 minutes ago · Like
    Mayflower Poe LoL to ကတမထက်
    21 minutes ago · Like · 1
    Nayi Thant
    13 minutes ago via mobile · Like
    Thandar Lwin အမ Kyi Kyi Khin သူကအပြင်မှာ ၀ယ်မသောက်ဖြစ် ၊ ရုံးမှာလဲ ဖျော်မသောက်ချင်တဲ့သူမို့ပါ အမရယ် ။
    11 minutes ago · Like
    Thandar Lwin အမ SuuChit Thu ဂယ်လား ဂယ်လား
    Lamin Yaung ဟွန်း
    SweetPeony Peony မဟုတ်ပါဘူး ညီမရယ် လူအထင်ကြီးအောင် ရေးတာပါလေ ။
    Mayflower Poe ရေးတာသိပ်ကြိုက်သွားပီ
    ကို Tin Min Htet ...See More
    7 minutes ago · Like · 2
    Nu Nu Hlaing မယ်သံတို့ကတော့ အရည်အချင်းအပြည့်ဘဲဟေ့။ ကိုယ့်အမ ဒီလောက်တော်မှန်း အစက မသိခဲ့ဘူးတော့။ ဒီလိုမှန်းသိ အတူနေခဲ့ရတုန်းက အဲဒီအရည်အချင်းတွေ ပညာကုန်သင်ပေးခဲ့ပါလို့ ပူဆာခဲ့မိမှာအမှန်ဘဲ။
    6 minutes ago · Like
    Thandar Lwin ငှီးငှီး နု အသိဆုံးပဲဟာ
    ဒါနဲ့ ဘာကိုပြောတာလဲ ဟင်
    5 minutes ago · Edited · Like
    Nayi Thant
    5 minutes ago via mobile · Like

    ReplyDelete
  2. နောက်ဆုံးစာကြောင်းလေး ဖတ်ပြီးတော့ မမယ်သံ အိမ်ကလူကတော့ ပလန်လက်သွားမလား မသိဘူး...း)

    ReplyDelete
  3. ဪ ကိုချစ်မောင် ကြီး ကိုချစ်မောင်ကြီး ပြုံးပြုံး နဲ့ အတော် ချစ်ဘို့ခင်ဘို့ ကောင်း တဲ့ လူကြီးပါလား .... :P

    ReplyDelete