[X] Choose Font Here

Tuesday, August 27, 2013

အိတ်မှောက် ဖာသွန် နှစ်ဆယ့် ခွန် (တဂ်ပို့စ်)

ဒီနေ့ နှစ်ဆယ့်ခွန်မှာ အမသက်ဝေ သက်ဝေ က မင်းတို့ အိတ်တွေ လေထဲကို မှောက်ချလိုက်... လို့ ဆော်သြတယ် ။
လာ အတူတူ မှောက်ချစို့  အဲလေ ကိုယ်သွားလေရာအတူတူပါတဲ့ အိတ်ထဲက ပစ္စည်းလေးတွေကို ပြန်စီစစ်ပြီး မလိုတာရှင်းလင်းကြပါစို့ လို့   :D

စင်္ကာပူမှာ အပြင်သွားရင် လွယ်သွားမယ့်အိတ်ထဲ အခြေခံအားဖြင့် ထီး ၊ ဘာကတ်ညာကတ်တွေနဲ့ ငွေစက္ကူရွက် နည်းနည်းပါမယ့် ဝေါလက်တစ်ခုရယ်၊ ငွေအကြွေစေ့လေးတွေ ထည့်ဖို့အိတ်သေးလေးရယ် တစ်ရှူးတစ်ထုတ်၊ အိမ်သော့ နဲ့ ဖုန်းတစ်လုံး ပါကြမယ် ။

ကိုယ့် အိတ်ကို ဖွင့်သွန်လိုက်တော့( ရုံးမှာမို့ မှောက်ချလို့မရ)
အဲဒါတွေအပြင် ခဲတံ ဘောပင် နဲ့ ကပ်ခွာစာရွက်လေးတွေပါ ထွက်လာတယ် ။
ဘီးတစ်ချောင်း နဲ့ ခံတွင်းငုံဆေးတစ်ဘူးလဲပါသေးတယ် ။
ဆံပင်ချရင် အိုက်တတ်တော့ အလွယ်စည်းနှောင်ဖို့ ခေါင်းစီးကြိုးက နှစ်ခု။
လမ်းမှာဝေတဲ့ ကြော်ငြာစာရွက်တွေ ၊ နောက်အမှိုက်အလွယ်တစ်ကူ ပစ်ချလို့မရတော့ တစ်ရှူးအဟောင်းတွေ ..........ချက်ချင်းပဲ အမှိုက်ပုံးထဲလှမ်းပစ်လိုက်တယ် ။
ကလေးကလား ချိုချဉ်အခွံလေး နှစ်ခုကိုတွေ့တော့ ပြုံးရမလို မဲ့ရမလို ။

အရင်ကဆို အိတ်ထဲမှာ လမ်းသွားရင်း ကား၊ရထားစောင့်ရင်းဖတ်ဖို့ စာအုပ်ရယ် ၊ ရေဘူးသေးလေးရယ် ထည့်ထားတတ်သေးတယ်။ လွယ်ရတာ လေးပြီး ဇက်ကြောတက်တာနဲ့ လေးတတ်တဲ့ မရှိမဖြစ်မဟုတ်တဲ့ နှစ်ခုကို မထည့်ဖြစ်တော့တာ ။

ခုတလောတော့ အကြွေစေ့အိတ်လေးက ပိန်ကပ်ကပ်နဲ့ ။ ဟေမာ နှိုက်တာနဲ့ အကြွေစေ့လေးတွေလဲအလျဉ်မမှီတော့  ။
နေ့စဉ်မပါမဖြစ်တွေကို အိတ်ရဲ့ အတွင်းဇစ်ထဲ ထည့်ပိတ်ထားရတယ် ။ နို့မို့ သူက မအေ အိတ်ကို နှိုက်ရ ၊ ကတ်တွေ ထုတ်ပြိး တစ်ကတ်ချင်းပစ်ချ ၊ တစ်ရှူးလေးတွေ တစ်ရွက်ချင်း ဆွဲထုတ်ပစ်ချ တာကို သိပ်သဘောကျတာ ။

ဘာပဲဖြစ်ဖြစ် အခုတော့ အိတ်ထဲက အမှိုက်တွေ ရှင်းသွားပြန်ပေါ့ ။
အိတ်ရှင်းဖို့ လောဆော်တဲ့အတွက် ကျေးဇူးပါ အမသက်ဝေ <3 br="">

12 comments:

  1. စ,စချင်း ပထမဦးဆုံး စာကြောင်းမှာပဲ “မင်းတို့အိတ်တွေ လေထဲကို မှောက်ချလိုက်..” ဆိုလို့ သဘောကျပြီး ရယ်ရသေးတယ်..၊း)) ဦးထုပ် နောက်ပြန်ဆောင်း၊ တီရှပ်အပွ၊ ဘောင်းဘီအပွကြီးတွေ ဝတ်ပြီးမှ ဒီပို့စ်ကို ဖတ်ရမလား လို့တောင် ဖြစ်သွားတယ်...၊းP

    လမ်းမှာဝေတဲ့ ကြော်ငြာစာရွက်တွေ၊ ချိုချဉ်ခွံတွေ၊ မဟေမာကို ကြောက်နေရှာတဲ့ အကြွေစေ့လေးတွေနဲ့ မသန္တာရဲ့ အိတ်ကလေးက စိတ်ဝင်စားဖို့ ကောင်းလှတယ်...။း)

    ReplyDelete
    Replies
    1. ၀ှားးး
      ကိုညီလင်းသစ် နဲ့ ဦးထုပ်နောက်ပြန်ဆောင်း ၊ တီရှပ်အပွ ဘောင်းဘီ အပွဝတ်ထားတဲ့ ဒီဇိုင်း ကို မြင်ယောင်သဘောကျမိတယ်...
      ရို့ ရို့

      Delete
  2. ချိုချဉ်ခွံလေး နှစ်ခုအကြောင်း အကျယ်ရှင်းပါ... ခွိခွိ...

    Tag ပိုစ့်လေး ရေးပေးလို့ ချစ်တယ်နော်... ညီမ... <3

    ReplyDelete
    Replies
    1. ချိုချဉ် ခွံလေးတွေလား
      အခုတော့ အချစ်ငှက်ကနေ လဒတွေ ဖြစ်သွားပါပေါ့ အဲဟုတ်ပေါင် အမှိုက်တွေ ဖြစ်သွားပါပေါ့ အမသက်ရယ်
      ဒီကလဲ ချစ် မွမွ

      Delete
  3. ပထမဆုံး စာပိုဒ်လေးကြောင့်ကို လိုက်မှောက်မိတာ :)

    ReplyDelete
    Replies
    1. ညိုလေး
      လာ အတူတူမှောက်ကြစို့ :D

      Delete
  4. ရေးထားတာ ချစ်စရာလေး..
    ချိုချဉ်အခွံလေး နှစ်ခုကိုတောါ အတော်စိတ်ဝင်စားတယ်.. ရို့.....ရို့...
    ဒီလို tag postလေးတွေကြောင့် စာဖတ်ဖြစ် ပြန်ရေးဖြစ်ကြတယ်..
    ကောင်းလေစွနော်...။

    ReplyDelete
    Replies
    1. အမမြ
      ဟုတ်ပါရဲ့ တဂ်ပို့စ်လေးက ဟန်ကျသား

      Delete
  5. အကြွေစေ့လေးတွေတောင်ဟေမာ့လက်ချက်မိသတဲ့ ဟိဟိ သဘောကျတယ်

    ReplyDelete
    Replies
    1. မဒိုးရေ သူက အကြွေစေ့ နဲ့ မြင်းစီးနေကျ ။
      ကျောင်းအပြန် မုန့် machine မှာ မုန့်ဝယ်နေကျဆိုတော့ အကြွေစေ့ သိပ်မက်တာ

      Delete
  6. မင်းတို့ အိတ်တွေ လေထဲကို မှောက်ချလိုက်...း)..မမယ်သံ ဓာတ်ပုံလေးရိုက်ပြီး တင်ပါဗျို့ ...

    ReplyDelete
  7. ကူးကူးလှိုင်September 7, 2013 at 1:58 PM

    အိတ်တွေကို ရှင်းဖို့ များသောအားဖြင့် မေ့နေတတ်တာ..ခုလိုဆိုတော့ ရှင်းဖြစ်သွားတာပေါ့နော် ...

    ReplyDelete