[X] Choose Font Here

Wednesday, June 26, 2013

ထင်လာတဲ့ အက်ကြောင်း

                     ဒေါသထွက်ထွက်နဲ့ ထမင်းကိုနယ်နေတော့ ထမင်းက စိစိမွမွကြေနေပြီ ။ဆက်ပြီး စားချင်စိတ်မရှိတော့ ။ ဒါနဲ့ လက်ကိုထပြီးဆေးလိုက်သည် ။

ညကျရင်တော့ ၀မ်းဟာတာနဲ့ အိပ်ပျော်ပါ့မလားတွေးမိပြန်သည် ။

ကိစ္စမရှိ ။ အိပ်ယာဝင်ခါနီးမှ မိုင်လိုတစ်ခွက်သောက်လိုက်မည် ။


စိတ်မပါ လက်မပါ ရှိပေမယ့် စားပွဲပေါ်မှ ဟင်းများကို ဘူးထဲထည့်တန်တာထည့် ရေခဲသေတ္တာထဲထည့် စားပွဲရှင်းရင်း ပန်းကန်တွေဆေးရပေဦးမည်။
                    အိမ်ထောင်သည်ဘ၀ ဒေါသထွက်တော့လဲ မိန်းမတွေသာ ပင်ပန်းတာပါပဲလား လို့ တွေးမိပြန်တော့ လုပ်ကိုင်နေရင်းကို ဒေါသက ထပ်ထွက်လာပြန်သည် ။


                                     တကယ်ဆို လူတိုင်း လူမှူရေးရှိကြတာ နားလည်သည်။
ညနေစာ အိမ်မှာမစားဖြစ်ဆိုစောစောပြောပါတော့လား ။ ဒါဆို ကိုယ်လဲ ရုံးက အိမ်ပြန်ရောက် ကသောကမျောချက်စရာမလိုတော့ ။ ကိုယ့်အတွက်သက်သက်ဆို အသုတ်လေးပဲ သုတ်စားစား လွယ်တာလေးသာ လုပ်ဖြစ်မည်ပေါ့ ။

                                     အခုတော့ အိမ်မှာ ကြက်သားချည်းပဲရှိတော့ အသားချည်းဆို သူမကြိုက်တတ်တာမို့ ဘူးသီးနဲ့ ရောဖို့ လမ်းမှာ ဘူးသီးကို ရှာဝယ်လာရသေးသည်။
                          ကြက်သားနဲ့ ဘူးသီးကိုအရေစပ်စပ်လေးချက်ပြီး ငါးပိမီးဖုတ်သုတ်မယ်ဆိုပြီး ဟင်းအိုးတည် ကြက်သွန်လှီး နောက်မှ သံပုရာသီးကိုရေခဲသေတ္တာထဲ ကုန်းကွ ရှာနေတုန်း ဒီညနေ သူငယ်ချင်းကလှမ်းချိန်းလို့ အိမ်ပြန်မစားဘူးဆိုပြီးဖုန်းဆက်တော့ ဒေါသက ထွက်ထွက်နဲ့ ဘုတော မိလိုက်တော့သည် ။
ဘုတောမိလိုက်တော့ သေချာတာက စောစောပြန်လာရင် နာညီးချိန်ပိုကြာမည် မို့ နောက်ကျမှ ကုပ်ချောင်းချောင်းနဲ့ပြန်လာတော့မည် ။


                        အိမ်မှာမျှော်မယ့် မိန်းမ မရှိတိုင်း ရုံးတက်ရက် ကြားရက်မချန် စိတ်ကူးရရင် ရသလို ဂတီးဂတီးချိန်းတတ်သော သူငယ်ချင်းများကို အပြစ်တင် လွှဲချစရာအကြောင်းမရှိ ။ သူတို့ကတော့ စိတ်အား လူအားတာရော စိတ် ဟာ တာ ရောနဲ့ လှမ်းခေါ်ကြမည်သာ ၊ နောက်ငဲ့ကြည့်စရာမှ မရှိဘဲ ။ ကိုယ့်မှာက ကိုယ့်အခြေအနေ နဲ့ ကိုယ်။ ငြင်းရမှာ အားနာတယ်ဆို အိမ်ကလူကိုတော့ အားမနာသည့် သဘော ။

                        တွေးရင်း တွေးရင်း နဲ့ အိမ်ထောင်သည်ဘ၀ မှာ သူကိုယ့်ကို ထည့်မစဉ်းစားဘဲ လုပ်ချင်ရာလုပ်တတ်သည့်အကြောင်းများ အထူးသဖြင့် အပေါင်းအသင်း ကိုအားနာပြီး ကိုယ့်ကိုအားမနာသည့် အကြောင်းများကို ပြန်စဉ်းစားစရာမလိုပဲ တရေးရေးပေါ်လာ စိတ်နာနေမိသည် ။


                    ဒီလို ဒီအကြောင်းတွေကြောင့်ပဲ အိမ်ထောင်သည်တွေဟာ ချစ်လို့ယူယူ ဘာကြောင့်ယူယူ ကြာလာတဲ့အခါ စိတ်ကသိကအောင့်တွေဖြစ်လာ ၊ နောက်တဖြည်းဖြည်းနဲ့ တစ်အိမ်ထဲနေပေမယ့် စိတ်ရော ကိုယ်ပါ ဝေးကွာလာကြတာဖြစ်မည်။

                           ဒီတလော  http://www.burmeseclassic.com/ က စာအုပ်စင်မှာလဲ ကိုယ်တို့ငယ်နုစဉ် ကနာမည်ကြီးစာအုပ်ဆရာနွမ်ဂျာသိုင်းရဲ့ ဒေါင်းယဉ်ပျံဘုံနဘေးမှာ ကိုတင်ထားတာတွေ့ရသည် ။
အိမ်ထောင်သည်ဘ၀ ကြာလာသောအခါ ငြီးငွေ့လာတဲ့ယောကျားက ပြင်ပမှာအသစ်အသစ်လေးတွေကိုခံစားချင်တဲ့သဘောကို ရေးထားတဲ့စာအုပ်ဖြစ်သည်။


                            တိုက်တိုက်ဆိုင်ဆိုင် အမစုချစ်ကလဲ ( https://www.facebook.com/notes/suuchit-thu/%E1%80%A1%E1%80%B1%E1%80%90%E1%80%BC%E1%82%95/673609409322771 ) ဒီညနေပဲ အတွေ့ဆိုသော နုတ်စ်လေးရေးသေးသည်။
သူတို့ယောကျားတွေမှာသာ အတွေ့တွေ အငွေ့တွေ ခံစားချင်ခံစားမည် ၊ ကိုယ်တွေမှာတော့ အလုပ်အပူ ၊ သားသမီးအပူ၊ မိဘဆွေမျိုးအပူ  အို နောက်ဆုံး အစားပူအသောက်ပူမီးဖိုချောင်အပူနဲ့ ပူလွန်းလို့ ဘာအတွေ့မှကို မလိုချင်တော့ပြီ ။


အတွေ့ နုတ်စ်လေးအောက်မှာ အဲလို အိမ်ထောင်ရေးတွေဖြစ်ကြ ပျက်ကြ အက်ကြောင်းထင်ကြတဲ့ အကြောင်းတွေ ခုတလော ခဏခဏကြုံရတာကို ကိုယ်က ကွန်မန့်ရေးမိတော့ တခြားတစ်ယောက်က ဒီအရွယ် ဒီအသက်တန်းရောက်လာတာမို့ ဒီသတင်းတွေကြားရချိန်တန်လာပြီ လို့  ပြန်ရေးတော့ ဟုတ်ပေသား လို့ ကိုယ့်အရွယ် ကိုယ့်အသက်ကို ပြန်ဆန်းစစ်ရသည်။


အို အက်တာ ကွဲတာ ကတော့ အသုံးများအကိုင်ကြာ ဖြစ်တော့ဖြစ်မည်သာ။ ဆက်သုံးလို့ ရမည် မရမည်တော့ အတူကိုင်ကြသူတွေရဲ့ တန်ဖိုးထား ရိုသေမှူအပေါ်မူတည်ပါလိမ့်မည်။

10 comments:

  1. သများလဲ အဲ့လို့ပဲ ချက်ပြီး လို့ အပြင်မှာ သူချိန်းထားတာရှိရင် ဒေါသထွက်တယ်။ဒါပေမယ့် အိမ်ကလူကတော့ အပြင်မှာ စားရင် စတိပဲ စားလေ့ရှိတယ်။အိမ်ရောက်ရင် အမြဲ မိန်းမ ချက်တာကို အားပေးလေ့ ရှိတယ်။စားမှာ ချန်ထားနော်လို့ပြောတတ်တယ်။တို့က ၈ နာရီကျော်လို့ ပြန်မလာသေးရင် အကုန် ရေခဲသေတ္တာထဲ ထည့်ပလိုကါကော..အဲ့တော့လဲ အပြင်မှာရှိတဲ့ ထမင်းနဲ့ ငပိရည် နယ်စားတာပဲတော့

    ReplyDelete
    Replies
    1. ဟီးဟီး မြန်လိုက်တဲ့ကျော့ ဒီမှာ အောက်မှာ ကွန်မန့်ရေးတုန်းရှိသေး ။ တကယ်က ကိုဦးလဲ အပြင်စာ လဲမစား ၊ အပြင်အပေါင်းအသင်းလဲနည်းသူပါ ကိုယ်သာ အပေါင်းအသင်းများတာရယ် ။

      ကိုချစ်မောင် တို့ဘာတို့ဆိုတာ ကိုယ့်အောကာင်းမဟုတ်ောတင် မြင်တာကြားတာလေးနာမည်တပ်ရေးရအောင် ပေးထားတဲ့နာမည်ပါ ဟီးဟီး

      Delete
  2. ဟိုလေ အထုတလော အွန်လိုင်းမှာတွေ့လာတဲ့သယ်ရင်းတွေက နင့်ယောကျားအကြောင်း ကောင်းတာတွေ ရေးတာများတယ် ။ ငါတို့အပျိုကြီးတွေ မှာ အားကျပီး ရဲစားထရှရြမလိုဖြစ်နေတယ် မကောင်းတဲ့အကြောင်းလဲ ရေးစမ်းပါဦးဆိုလို့ ရေးရတာ သိလား ဟီးဟီး

    ReplyDelete
    Replies
    1. ဟုတ်လဲ ဟုတ်တဲ့ .. သံ နဲ့ သီး.... လိုက်ဖက်ပါပေတယ်ကွယ်...

      စင်စင်

      Delete
  3. ရေးရတဲ့ ရည်ရွယ်ချက် သိပ်ကောင်းပါလား မယ်သံရယ်။ ဟားဟား

    ReplyDelete
    Replies
    1. ဟီးဟီး အမခင် အဲလို အဲလို နို့မို့ သူတို့အတွက် ရှာပေးရမလိုဖြစ်နေလို့ ခက်ချေသေးရဲ့ဆိုပီး :P

      Delete
  4. ဖတ်ရင်းနဲ့က်ြသားနဲ့ဗးသီးချက်စားချင်တယ်။ ငါးပိဖုတ်သုတ်ဦးဆိုတေယပြေမနေနဲတော့။စားချင်စိတ်များမြိုသိပ်ရင်းဆုံးအောင်ဖတ်သွား

    ReplyDelete
    Replies
    1. စားချင်ရင် ကျွေးချင်ပါ့ကွယ်

      Delete
  5. အစုတ်လေး မယ်သံ... တခါ တလေလေး နောက်ကျတာကို ပြဿနာ ထုတ်နေတယ်... :D

    ReplyDelete
  6. ဗူးသီးနဲ့ကြက်သားပဲစားချင်မိတယ်..ငါးပိသုတ်လေးနဲ့ဆိုရှယ်ပဲပေါ့..း) ဟီးးးးး အမမယ်သံစိတ်တိုတာကိုမမြင်ဘဲ သွားရည်ကျသွားပါတယ်..။

    ချစ်ခင်လျက်
    ဆုမြတ်

    ReplyDelete