[X] Choose Font Here

Saturday, February 2, 2013

မင်္ဂလာပါ 2013

     မင်္ဂလာပါရှင် ။

 ဖေဖော်ဝါရီလ ကို တောင် ရောက်နေပြီဆိုတော့ 2013 ကို ကြိုဆိုတာ အတော်ကို နောက်ကျနေပါပြီ ။

ကျမကတော့ နှစ်တွေဟာ တစ်မိနစ်ပြီး တစ်မိနစ် ၊ တစ်နာရီပြီး တစ်နာရီ၊ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားတဲ့ အချိန်တွေနဲ့အတူ လိုက်ပါပြောင်းလဲသွားတာမို့ နှစ်သစ်ရယ်လို့ အထူးတလည် ကြိုဆိုနေစရာမလိုဘူး လို့လည်း တွေးမိပါတယ် ။

2013 ဇန်န၀ါရီလ မှာ ကျမ ဘလော့လေးမှာ ပို့စ်တစ်ပုဒ် မှ မတင်နိုင်ခဲ့ပေမဲ့ လာရောက် ဖတ်ရှူသူတွေ ရှိနေကြသေးလို့ ၀မ်းလဲသာ အချိန်ပေးကြတာကိုလည်း ကျေးဇူးတင်ရပါတယ် ။

တကယ်တော့ ရေးစရာ အကြောင်းတွေက အများကြီးရှိနေတာပါ ။

2012 ခုနှစ်မှာ လုပ်စရာရှိတဲ့ အလုပ်တွေ အတော်များများ လုပ်ဖြစ်ခဲ့ တာတွေ ၊ အပြောင်းအလဲလေးတွေ ၊ အဲ့ဒီအပြောင်းအလဲလေးတွေ အတွက် အကျပ်အတည်းတွေနဲ့ ကြိုးစားခဲ့ရတာတွေ ။
ကိုယ်တိုင် အစားအသောက် ၊ အနေအထိုင် ၊ကျန်းမာရေး ၊ မိသားစု စတဲ့ အမြဲထိတွေ့နေရတဲ့ အကြောင်းအရာအပေါ်မှာ အမြင် သဘောထားလေးတွေ ပြောင်းလဲခဲ့တာတွေ ။
ဖေ့ဘွတ်ကို အချိန်ပေးသုံးခဲ့လို့ အကျိုးရှိခဲ့တာ အဆင်မပြေခဲ့တာ တွေ ။
ခရီးသွားဖြစ်ခဲ့တာတွေ။
နောက်ဆုံး စင်္ကာပူမှာ ဆေးရုံတက် ခွဲစိတ် ခဲ့တာတွေ ...စသဖြင့် ရေးစရာတွေ ကတော့ ရှိနေတာပါဘဲ ။

ရေးစရာရှိတာတွေ ကို ကျမ ကြိုးစားပြီး စာစီတဲ့ အခါ ကျမရဲ့ အမြင် ၊ အတွေး၊ သဘောထားတွေ မှာ အမှားအယွင်းရှိခဲ့ရင် ထောက်ပြဝေဖန်ပေးကြပါ လို့ လေးစားစွာ တောင်းဆိုချင်ပါတယ် ။

အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း တို့ နှင့် ပြည့်စုံကြပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ် ရှင် ။

မိတ်ဆွေများကို ကျမတို့အိမ်မှာ နှစ်ကူး ချက်စားဖြစ်တာလေးတွေ နဲ့ ဧည့်ခံလိုက်ပါတယ် ။








ကြာဆံကြော်




အီ မှာစိုးလို့ အချဉ်သုပ် နဲ့



ငါး ကို အာဗန် နဲ့ ကင်တာ အေ၇ာင်လဲမလှ ၊ အရသာတော့ ရှိပါတယ် ။




ဆိတ်သား နဲ့ ပုဇွန် ကို လဲ ကင် ထားသေးတယ် ။




ရုံးပတီသီး လဲ တင်စားတာဘဲ ..:P




ညီမငယ် မဒိုးကန် လာလုပ်ပေးတဲ့ ငုံးဥကြော်





ဒါလဲ မဒိုးကန် လုပ်ပေးတဲ့ မုန့်လင်မယား




အကြော်စုံ



5 comments:

  1. လုပ်ရက်လိုက်ထှာ..မယ်သံ :(

    ReplyDelete
  2. aဟမာ့ပုံများလားလို့ ပြေးလာကြည့်တာ .. ဟင့်

    ReplyDelete
  3. ဟုတ်ပ အသစ်ဆိုလို့  ဟေမာ ပုံလားလို့ ..

    ReplyDelete
  4. နှစ်ကူးတုန်းက စလုံးမှာသာရှိခဲ့ရင်
    စားရမှာအသေအချာပဲး)
    အခုတော့ အာရုံနဲ့ပဲစိတ်ဖြေလိုက်တော့မယ် သန္တာရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ကူးကူးလှိုင်February 4, 2013 at 3:19 PM

    အကြော်စုံတွေ စားသွားတယ်နော် အစ်မ...း)))

    ReplyDelete