ထမင်းစား ပြီး ဟို လျှောက် ဒီလျှောက် လမ်းလျှောက်ကြပြီး ဒီ KTM Resort အတွင်းမှာ ရှိတဲ့ ကွမ်ရင် မယ်တော် ဆီ သွားကြပါတယ် ။
ဓါတ်ပုံ စာ က သဲသဲ ကွဲကွဲ မမြင်ရလို့ အကြမ်း ပြောရရင် ဒီ ကွမ်ရင်မယ်တော် ရုပ်တု ကို 2002 ခုနှစ်မှာ စကာင်္ာပူ က စီးပွားရေး လုပ်ငန်းရှင် Mr. Koh Tit Meng က TanJung Pinggir မှာ ဆောက်ပြီး 2004 မတ်လ ၅ ရက် မှာ ဘာတမ် သို့ ယူလာခဲ့တာပါ ။ အမြင့် 21 ပေ ရှိပြီး 112 တန် ရှိ သံကူ ကွန်ကရစ် နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ် ။
ခန လမ်းလျှောက်ပြီး ဟိုတယ်အခန်း ကိုပြန်နားပါတယ် ။ Spa ကို ၇ နာ၇ီ သွားရမယ်လေ ။ နာမည် ကြီး လှ တဲ့ ဘာတမ်စပါး ကို အထူး ဘဲ စိတ်ဝင်စားပါတယ် ။
Jacuzzi Spa ပါ ။90 min Ocean View Spa ( foot bath, body scrub, hydro bath & full body massage ) ဖြစ်ပါတယ် ။ ၀င်သွားပြီး သူတို့ ရိုးရာပါတိတ်ဝတ်စုံ ၀တ်ထားတဲ့ အမျိုးသမီး ၂ယောက် က ကုလားထိုင်လေးမှာ ထိုင်ခိုင်းပါတယ် ။ နောက် ခြေထောက်တွေ ကို ရေနွေး နဲ့ အဆီ ထည့်ထားတဲ့ အင်တုံလေးထဲ ထည့်ပြီး နှိပ်ပေးပါတယ် ၊ ခြေဖျား ကနေ ဒူးခေါင်းအထိ ခြေသလုံးသားတွေ ကို လက်နဲ့ ဖျစ်တာ တော်တော် ကောင်းပါတယ် ။
နောက် ရေချိုးခန်းထဲ မှာ ရေချိုး ၊ body scrub လုပ်ပေးပါတယ် ၊ သူတို့ က အားသန်တော့ စပ်ဖျဉ်းဖျဉ်း နဲ့ဗျာ ၊ နောက် သူတို့ပေးတဲ့ ၀တ်စုံ ၀တ်ပြီး ဂျာကူဇီ ထဲ ကို ဆင်းစိမ်ရပါတယ် ။
အခန်းက ပင်လယ်ဘက် ကိုဟင်းလင်းဖွင့်ထားပြီး ဂျာကူစီ ကနေ ရေစိမ်ရင်း ပင်လယ်ကို ငေးကြည့်ရတဲ့ အရသာပါ ။
Hydrotherapy Jacuzzi is a 25 min Zacuzzi Bath Treatment that allows you to pamper yourself to a sensuous bath experience, in a petal-fill Jacuzzi Bath with Essential Oils. ( Google)
ဂျာကူဇီ ထဲ မှာ Temperature control နဲ့ Timer ပေးပြီး ရေ က ထည့်ထားတဲ့ အဆီကြောင့် အမြှုပ်တွေ နဲ့ တပွက်ပွက် ဖြစ်နေတာ ၊ သူ့ရဲ့ ပွက်တဲ့ ပရက်ရှာ နဲ့ နှိပ်တဲ့သဘောပါ ။ ခက်တာ က မယ်သံက အရပ်ပုတော့ ဒီဘက်မှာ နံရံမှာ မှီ ပြီး ဟိုဘက်နံရံကို ခြေကန်ဘို့ မမှီတာပါဘဲ ။ ဒီတော့ လူက ငြိမ်မနေဘဲ လျှော လျှော ကျနေတော့ မနည်းထိန်းနေရပါတယ် ။ ဟိုဘက် က ကိုချစ်မောင်ကြီး ကြည့်လိုက်တော့ မျက်စိ မှိတ်ပြီး ဇိမ်ကျနေတာဗျာ ၊ မနာလိုစရာ ။ ညဆိုတော့ မှောင်နေတော့ ပင်လယ် ဘက်လဲ ဘာမှ ကြည့်စရာမရှိဘူး ကိုး။ အံ့သြောစရာ ကောင်းတာက ပင်လယ်ဘက် ဟင်းလင်းဖွင့်ထားပေမဲ့ လေမတိုက်တာပါဘဲ ။
Jacuzzi ထဲက ထွက်လာတော့ ရေနွေးကြမ်းတခွက်ပေးပါတယ် ၊ ဂျင်း ထည့်ပြုတ်ထားလို့ ပူပူရှိန်းရှိန်း နဲ့ မွှေးမွှေးလေး ၊ ဘယ်လို အရသာရှိ မှန်းမသိဘူး (ကောင်းတယ် လို့ပြောချင်တာပါ) ။ နောက်ပြီးတော့ တကိုယ်လုံး နှိပ်ပါတော့တယ် ။
ကိုချစ်မောင် ကိုတော့ ဗလကောင်းတဲ့ တယောက်က နှိပ်ပါတယ် ၊ ယောင်္ကျားလေး မို့ ပိုပြီးခံနိုငရည် ရှိမယ် ထင်လို့လားမသိ ၊ ခက်တာက သူက အနှိပ်ခံကျင့်မရှိတာပါဘဲ ။မယ်သံ အတွက်တော့ အနေတော်ပါဘဲ ၊ အညောင်းကို ပြေနေတာပါဘဲ ။ တဆင့်ချင်း နှိပ်တာ ခေါင်း နဲ့ နားထင် လည်ပင်း ကို နှိပ်တာ သဘောအကျဆုံးပါဘဲ ။
မိနစ် ၉၀ ကြာမယ်လို့ရေးထားတာ ၂နာရီ နီးပါးကြာသွားပါတယ် ။
ည ၉နာရီ ကျော် စောသေးပေမဲ့ အနှိပ်ခံထားလို့ လေစိမ်းအတိုက်မခံချင်တာနဲ့ ဟိုတယ်အခန်းကို ဘဲတန်းပြန်လာပြီး စာအုပ်ဖတ် ရင်း ညကို ကုန်ဆုံးစေခဲ့ပါတယ် ။
မနက် ရှူခင်း ပါ ။
ရေကူးကန်ထဲ ရေသွားချိုးပါတယ် ။
နောက်တနေ့မနက် ဘရိတ်ဖတ်စ် ကို ဟိုတယ်မှာဘဲ စားပြီး ဘာတမ် မြို့ထဲ လိုက်ပို့မဲ့ ကား ကို စောင့်နေရင်း ဟိုတယ် ကိုတခါထဲ Check out လုပ်ခဲ့ပါတယ် ။
ပထမ ဆုံး သွားတာ က Happy Buddha temple ဘဲ ဖြစ်ပါတယ် ။
နောက် တော့ ရှော့ပင်း ပို့ပြီး နေ့လည်စာ ကိုတော့ Golden Prawn Restaurant မှာ ကျွေးပါတယ် ။ ပက်ကေ့ ထဲ ပါပြီးသားမို့ တော်ရိ လျော်ရိ ကျွေးတာ မဟုတ်ဘဲ စီးဖုဒ် တွေ ကို စပယ်ရှယ် စားမကုန် အောင် အများကြီးကျွေးပါတယ် ။ အရသာ လဲ ရှိပါတယ် ။ ဒါပေမဲ့ အကောင် အရှင်တွေ ကို မှာ မှ ဖမ်းကျွေးတာဆိုတော့ ....
ဒါ က အဲဒီ ဆိုင် ကဟင်းတွေ မဟုတ်ပါဘူး ။ ကိုယ်နှစ်ယောက်ထဲမဟုတ်ဘဲ အများနဲ့ ၁၀ ယောက် တ၀ိုင်းစားခဲ့ရတာ ဆိုတော့ ဓါတ်ပုံမရိုက်ဖြစ်ခဲ့ပါဘူး ။ ဒါက ဘာတမ် တခြားဆိုင် က စားလို့ကောင်းတဲ့ ဟင်းတွေပါ ။
ငါးခြောက်ကြော် ၊ ဂုံးကြော် ။
ဒညင်းသီး ကိုပြားပြီး ငါးနီတူခြောက်လေး နဲ့ ကြော်ထားတာ ။
အင်ဒိုနီးရှား ရိုးရာ ငရုတ်သီးစပ်စပ် ငပိချက် ၊ ပုံတင်ရင်းတောင် သွားရေ ကျတယ် ၊ ရှလွတ်...း)
စားအပြီး မှာ သူတို့ ဆီက ရှော့ပင်းမောတွေ ၊ ရိုးရာ အက ၊ တိုင်းရင်းသား အိမ်ယာပုံ အသေးလေးတွေ ဆီ လိုက်ပို့ပေးပေမဲ့ သိပ်တော့ စိတ်မ၀င်စား လို့ ဓါတ်ပုံရိုက်မလာပါဘူး ။
သွက်လက်ချောမော တဲ့ တိုးရ်ဂိုက်မ လေး ကို တစ်ပ် စလုံး ၂ ဒေါ်လာ ပေးရပါတယ် ။ မပေး လဲ ရပေမဲ့ ထုံးစံပါတဲ့ ။ မနက်ထဲက ပြန်မယ့် အချိန် ကို ပြောထားတာမို့ အဲဒီအချိန်အမှီ Ferry Terminal ကို လိုက်ပို့ပေးပါတယ် ။
ညစာ ကိုတော့ စင်္ကာပူ Vivo မှာဘဲ စားလိုက်ပါတယ် ။
မယ်သံကတော့ နောက်တခါ ဆို နောက်နေ့ လျှောက်လည်တဲ့ ခရီးစဉ် ကို မလိုက်ဘဲ ဟိုတယ်မှာဘဲ အေးအေးဆေးဆေး နားနေဘို့ စိတ်ကူးပါတယ် ။ နေ့လည်ဘက် ကိုယ့်အစီအစဉ် နဲ့ ကိုယ် မြို့ထဲသွား ဒေသ စာလေးတွေ မြည်း စမ်း ကြည့်ချင်ပါတယ် ။
ဈေးလဲ သိပ်မကြီးလှ ဘဲ နားနေလို့ ကောင်း ၊ Spa ကလဲ ကောင်းပါတယ် လို့....။
ဒါကတော့ ကြွားချင်လို့ တင်လိုက်တာပါနော့ ( လန့်သွားဦးမယ် ကလူ လူ လူ....)