[X] Choose Font Here

Saturday, February 18, 2012

သမီးလေး ၁၁ လပြည့် 

သမီးလေး ဟေမာ ၁၁ လ ပြည့်ပြီ ။
ဒီနေ့ ၁၈ ရက်နေ့ ဆိုတာ မေ့နေလို့ မနက် က ဘုရားဆွမ်းတော် ကပ်တာတောင် ပုံမှန်ဘဲ ကပ်ဖြစ်တယ်။ သစ်သီးဆွမ်း ၊ ပန်းအသစ်လဲကပ်တာတောင် မကပ်ဖြစ်ခဲ့ဘူး  ။ သမီးလေး ရဲ့ ၁၁ လပြည့်မှာ ဓမ္မဒါန အဖြစ် သောကြာ သားသမီး များအတွက် သောကြာနေ့ဖွား ဘုရား လေးဆူ ကို ပူဇော်ရှိခိုးသော ဂါထာတော် အား မျှဝေ ပါတယ်ရှင် ။


• သောကြာ နေ့ဖွား ဘုရားရှိခိုး ဂါထာတော်

မနော သုမေဓော ဗုဒ္ဓေါ ၊

ဖုေဿာဇိနော စ ဂေါတမော ။

သုက္ကဝါ ရေ အဘိဇာတာ ၊

တေ နမဿာမိ သာဒရံ ။

နဝေနာနေန ကမ္မေန ၊

ပေါရာဏကံ ဝိနဿတု။

စတုန္နံ ဗုဒ္ဓ တေဇေန ၊

သဒါ သုခီ ဘဝန္တုမေ ။   ။

သမီးလေး ဟေမာလွင်ဦး နှင့် သောကြာနေ့ဖွား ကလေးများ ၊ အားလုံးသော ကလေးများ ကျန်းမာပျော်ရွှင်ကြပါစေရှင်။



TV မှာကြော်ငြာ လာရင် ဒီလို စိတ်ဝင်တစားကြည့်ပါတယ် တဲ့ ။
 
 
သမီးလေး ကြော်ငြာ ကြည့်နေတုန်း ရှေ့က လာကွယ်ရင် မကြိုက်ပါဘူးတဲ့ ။
 

ဟော ဟေမာရေ ကလေးလေးရေ တဲ့ ..ဘေးအိမ်က ကိုကို မမတွေ က ကစားကြမယ်တဲ့ လှမ်းခေါ်နေတယ်။



တီတီ က ကိုကို မမ တို့ ကစားတာ ကို ထိုင်ပြီးကြည့်ခိုင်းတယ် ။ သမီးလေး ကို ပေးမဆော့ဘူးတဲ့ ။

ရန်ကုန် က သမီးလေး ဓါတ်ပုံတွေ ပို့ပေးလို့ ကြည့်လိုက်တော့ ၁၁လ သမီး မဟေမာ နဲ့ သူ့ရဲ့ အန်တီ က အရွယ်အစား ခြင်း သိပ်မကွာလှဘူး ။ အန်တီ ခမျာ ကိုယ်တွေ လက်တွေ နာနေမှာဘဲ ။ သမီးလေး က အစားပုပ်တယ်တဲ့ ။

အသားပေါင်း ၊ လိမ္မော်သီး အရမ်းကြိုက်တယ်တဲ့ ။ ဟေမာ ကို စလုံးပြန်လာဘို့ခေါ်တော့ သူ့ အဖွား က မလာချင်ဘူး ။ ဟေမာ ဟိုမှာ အရမ်းပျော်နေတော့ စလုံးမှာဆို အဖော်မရှိတော့ မပျော်မှာစိုးလို့တဲ့ ။
အပေါ်သွား ၂ချောင်းက ကြီးကြီး ကျဲကျဲ ဖြစ်နေပြီး အောက်သွား ၂ချောင်းက ပေါက်တဲ့ပုံ မလှ ဘူးတဲ့ ။
ဘာဘဲဖြစ်ဖြစ် ဟေမာ တို့ လာဘို့ အားလုံးစီစဉ်ပြီးနေပြီဆိုတော့ နောက်လ ဆို သမီးလေး နဲ့ ဖေဖေ မေမေ တို့ အတူနေရတော့မယ် လို့ တွေးပြီး ပျော်ရွှင်မိပါတယ်။


သမီးလေး အကြောင်း လာဖတ်တာ ကို ကျေးဇူးတင်ပါတယ် ရှင်။ သမီး ကလဲ မေမေ့ မိတ်ဆွေ တွေ ကို ချစ်ခင်ပါတယ် ..အာဘွားစ်..............း)

6 comments:

  1. I don't know where gone my motivation to feel and write about my daughter like u does.....

    ReplyDelete
  2. တော်တော်ထွားတယ်။ညှစ်ချင်စရာ။

    ReplyDelete
  3. ၁၁လ သမီး မဟေမာ နဲ့ သူ့အန်တီ က အရွယ်အစား သိပ်မကွာလှဘူး ဆိုတာ အဟုတ်ပဲတော့...း)

    ReplyDelete
  4. ဟေမာ ဝတုတ်လေး...
    သူ့ရှေ့လာကွယ်နေလို့ မျက်မှောင်ကုတ်ထားသေးတာ...
    နာဖြင့် ဒီနေ့ ၁၈ လပြည့်နေ့ဆိုတာ မယ်သံပြောမှ သတိရတာပါအေ....

    ReplyDelete
  5. သမီးလေးက ထွားလာလိုက်တာ..ချစ်စရာကြီး..မမယ်သံရေ..

    ReplyDelete
  6. လာရင်တော့ တွေ့ကြပြီပေါ့ ဟေမာရေ .. :D ဖြစ်ညှစ်ဖို့ စောင့်နေသည် .. :P

    ReplyDelete