[X] Choose Font Here

Sunday, February 12, 2012

ချစ်ခြင်းတရားနဲ့ လျှောက်မယ့်လမ်း (တဂ်ပို့စ်)

 လာဟေ့ အတူ လျှောက်ကြမယ် သူ.....

 

ကြည်ဖြူတွဲဖက် လက်ခြင်းယှက်၍

ဘေးစကားနဲ့ အချင်းမများ

အတွေးမပွား ရင်တွင်းမထားဘဲ

စိတ်နှလုံးခြင်း အပ်ကာနှင်း၍

ပန်းခင်းသည့်လမ်း လျှောက်ချင်စမ်းလဲ....

 

နှစ်ဦးအတူ ရွေးချယ်သည့်လမ်း

ခရောင်းကိုမြင်လဲ ပြစ်မတင်ဘဲ

ဖေးမအတူ မငြူစူဘဲ

အတွေးချင်းဖလှယ် တိုင်ပင်ကြမယ်။

အစွမ်းရှိသမျှ တို့ကြိုးပမ်းလို့

အလှူအတန်း တို့စိတ်မှန်းစို့။

ဆွေမျိုးအပြား သွေးမခြားဘဲ 

လိုရာအတူ တို့ဖေးကူစို့။

 

ရှေ့ကိုမကျော နောက်သို့မချန်

ပြိုင်တူလှမ်းမယ်

ချစ်ခြင်းတရား နဲ့ လျှောက်မယ့်လမ်း ။  ။

မယ်သံ တို့ နှစ်ယောက် မလေးမှာ လမ်းလျှောက်နေတုန်း သူငယ်ချင်း အပျိုကြီးတယောက် က အမှတ်တယ ရိုက်ပေးထားတာပါ ။ သူ ဘာစိတ်ကူး နဲ့ ရိုက်တာလဲ မသိဘူးနော်...း)


3 comments:

  1. ဘာစိတ်ကူးနဲ့ရိုက်တယ်မသိပေမယ့်
    ခုတော့အသုံးဝင်ပြီပေါ့အစ်မး)
    အပျိုကြီးစိတ်ကူးလေး..ကောင်းထာ :P
    ချစ်ခြင်းတရားနဲ့လျှောက်မယ့်လမ်း
    သာယာဖြောင့်ဖြူးပါစေရှင်

    ချစ်ခင်လျှက်
    မိစံ

    ReplyDelete
  2. မမမယ်သံတို့ စိတ်ကူးကောင်းချက်ကတော့း))))

    ချစ်တဲ့

    မဒိုးကန်

    ReplyDelete
  3. ညီမရေ သတိတရ ရေးပေးတဲ့အတွက် ကျေးဇူးအထူးပါနော်။ အခုမှနောက်ကျပြီးရောက်လာရတာ ဆောရီးနော်။ ဖဘနဲ့ နဲနဲဝေးသွားရင် နိုတီတွေက အများကြီးဖြစ်ပြီး လူကအားလုံးကို confuse ဖြစ်ကုန်ရော... :D
    ရေးထားတာလေး ကောင်းလိုက်တာ...
    “ရှေ့ကိုမကျော နောက်သို့မချန်
    ပြိုင်တူလှမ်းမယ်
    ချစ်ခြင်းတရား နဲ့ လျှောက်မယ့်လမ်း ။ ။” ဒီနေရာလေးကတော့ အနှစ်ပဲ... အဲဒီအတွေးလေးကော အရေးလေးကော အရမ်းကြိုက်...း))

    ReplyDelete