Saturday, August 13, 2011

မန်လည်ဆရာတော် ( မဃဒေ၀ လင်္ကာသစ်) - သမီးတစ်ကောင် ၊ နွားတစ်ထောင်သို့

မန်လည်ဆရာတော် ( မဃဒေ၀ လင်္ကာသစ်)

"လူ့ရွာအတီး ၊ ဝေါဟာပြီးသား
သမီးတစ်ကောင် ၊ နွားတစ်ထောင်သို့
လုံအောင်အမြဲ ၊စောင့်နိုင်ခဲဟု
မလွဲပမာ ၊နန်းတွင်းမှာလျှင်
ရာဇာမွေးဘ ၊မြဲနိစ္စဖြင့်
နေ့ညမကင်း ၊စောင့်ပါလျဉ်းလည်း
လက်တွင်းကသာ၊ သူ့ဘက်ပါ၏ "

အရွယ်ရောက်လာပြီ ဆိုတာနဲ့ အဖေလုပ်သူက အိမ်ထောင်ပြုတာမကောင်းကြောင်း ၊ အိမ်ထောင်မပြုစေလိုကြောင်း ကို ဟိုလိုတမျိုး ဒီလိုတသွယ်ပြောပါတော့တယ် ။သမီး ကို အိမ်ထောင်ဒုက္ခ မခံရ စေချင်ပါတဲ့ ။

ဒီလိုဆိုတော့  အတွေးထဲ က ရော ပါးစပ်ကပါ (မျက်နှာရိပ် မျက်နှာကဲ ကြည့်ပြီး) အလျဉ်းသင့်သလို ပြန်ပြောတာပေါ့ ။ ဟင်င်င်င် အဖေတို့ က အဖော်ရအောင် ညီမ တယောက်လောက်မွေးထားရင် ဟုတ်ရဲ့ ၊ခုတော့  အသက်ကြီးလို့  နာလာရင် တယောက်ထဲ ဘယ်သူ့ ကို အားကိုးရပါ့  ....လို့ တမျိုး ။ ဒါမှမဟုတ် အမလေး အမေတို့  ဒုက္ခရောက်တယ်ဆိုတာ အဖေကမှ ငွေရှာမကောင်းတာကိုး ။ဒါကြောင့် အလုပ် လုပ်ရ ကလေးထိန်းရ အိမ်အလုပ်လုပ်ရနဲ့ ဆိုတော့  ပင်ပန်းတာပေါ့ ၊သမီးကတော့  သူဌေးရွေးယူလိုက်ရင်ပြီးတာဘဲ....လို့ တဖုံ ပြန်ပြောပြီး အပျိုကြီးလုပ်ရေး ကတိ မခံခဲ့ပေါင်ပါ ။ ဒါတောင် အဲဒီ အချိန်မှာ ချစ်သူထားဘို့ အရေး ပဲများဘို့ အရေး ဘာဆိုဘာမှ မဘာသေးတဲ့ အချိန်၇ှိသေးတယ်။

ဒါတောင် ဆယ်တန်း တုန်းက အင်္ဂလိပ်စာသင်တဲ့ ဆရာမ အပျိုကြီးကို ကြုံတုန်းသွားကန်တော့ တော့ သူကလဲ အပျိုကြီး လုပ် လို့ ပြောလို့  အဲဒီလို ပြန်ပြောမိပါတယ် ..ဆရာမ က စိတ်တွေတိုပြီး ..ဟဲ့ သန္တာလွင်ရဲ့ ထမင်းအသက် ၇ ရက် ၊ရေအသက် တမနက်တဲ့ ..နင် မလုပ်နိုင်မကိုင်နိုင် အိုလို့  နာလို့  ထမင်းမချက်နိုင်မစားနိုင်လို့  ဒုက္ခ ခံရရင် 7 ရက်ဘဲ ။ ယောင်္ကျားယူ တသက်လုံး လေ လို့ ပြန်ငေါက်တော့  ..ပြန်ထပ်မပြောတော့ပေမဲ့ စိတ်ထဲကတော့  ဟင်းးးးးးးးးးဘာဒုက္ခလဲပေါ့ ။

ဒီလိုဘဲ ..ကျမလို သူငယ်ချင်းနောက်တယောက်ရှိသေးတယ် ။ဘာဘဲ ဖြစ်ဖြစ် ကိုယ့်မှာ ချစ်သူရီးစားလဲ ရှိတာမဟုတ်သေးဘဲနဲ့ လူကြီးမိဘပြောရင် ဟင့်အင်း မလုပ်ဘူး ယူမှာဘဲ ဆိုတဲ့ ချစ်သူငယ်ချင်း သန်းသန်းလွင် ..သူ ခုထိ အပျိုကြီးဘဲ ရှိသေးတယ် ။ ;P

"ခုတော့ ကျမ သိပြီ " ;P တကယ့် ကို သိပါပြီ ။

အိမ်ထောင် တခုမှာ ဘယ်လောက်တောင် မှ ဒုက္ခ များတယ်ဆိုတာကိုလေ ။
ခု အချိန်မှာ ကျမကို ဘယ်သူ ကဘဲ အိမ်ထောင်ပြုဘို့ လာတိုင်ပင် လာတိုင်ပင် ကျမ ကတော့  ဒီဒုက္ခ တွေပြောပြ ပြီး အိမ်ထောင်မပြုဘို့ ကိုဘဲ တရားတွေ ဟောမှာ ..ဟီးးး(ကိုယ်တိုင်ကျပြုပြီးတော့ )

စကားမစပ် ကျမဒီရောက်ခါစ က သူငယ်ချင်းတယောက် သူ့ မင်္ဂလာဆောင်ကို ဖုန်းနဲ့ .. ဟင်းးငါ မယူချင်ပါဘူးဆိုမှ မကြိုက်ပါဘူးဆိုမှ... ဆိုပြီး ညီးပြောလေးနဲ့ ဖိတ်ပါတယ် ။ ဒီတော့ ကျမကလဲ အလန့်တကြား ဟယ် သယ်ရင်း နင်တကယ် မယူချင်ရင် မယူနဲ့လေ ငါတို့ မှာ အရမ်းချစ်လို့  ယူခဲ့တာတောင် တခါတလေ သီးခံချင်တာ မဟုတ်ဘူး ၊သူများ ဘာပြောပြော ဂရုမစိုက်နဲ့ ဘာညာ ပြန်ပြောနေတာ ဖိတ်တဲ့ သူက အင်းအဲ ဆိုပြီး ဖုန်းချသွားလေရဲ့ ။ ယောင်္ကျား က စလုံးမှာ အလုပ် လုပ်နေတာ ဘယ်မိဘ မှ အတင်းအကျပ် ယူခိုင်းလို့ မဟုတ် သူ့ဟာသူ ယူချင်လို့ ယူတာကို အလိုက်မသိ သွားပြော နေသေးတယ်လို့  ဆူပါလေရော ။ မယ်သံ တို့ က အဲဒီလို ....။ ပြီးတော့ လဲ အဲဒီ မင်္ဂလာဆောင်ကိုသွားသေးတာ သတို့ သား က ပြုံးတောင်မပြဘူး .. ဟင်း အပုပ်ကြီး ။

1995 ကထဲကကျောင်းပြီး လို့  ရန်ကုန်မှာ ဆင်းပြီးအလုပ် လုပ်တဲ့သမီးလေး ကို တနှစ်တခါ အိမ်ပြန်လာတဲ့အခါ တွေ့ မတွေ့ အမေတို့ ကမေးပါတယ် ။ သူ့ သမီးက ယူမှာဘဲ ယူမှာဘဲ လို့ပြောထားတာကိုး ။

ဒီလိုနဲ့ ခုနစ်နှစ်အကြာ 2002 မှာတော့  သတင်းထူးပါလာခဲ့ ပါပြီ ။ ၇ှိနေပါပြီပေါ့ ။ အဖေကလဲ ရန်ကုန်ဆင်းဘို့ ရှိတာနဲ့ ရန်ကုန်လာ သတ်သတ်ကြီး မတွေ့ ချင်ဘူး ဆိုတာနဲ့ တခြား သူငယ်ချင်းတွေအပါ ညစာ အတူစားကြတယ် ။ နောက်နေ့ အဖေ့ သဘောထားကိုမေးတဲ့ အခါ NO ပါတဲ့ ။ အကြောင်းပြချက်ကတော့  ရုပ်ဆိုးလို့ ပါတဲ့ ..ဟင့် ။
ဒီကလဲ ဟင် သမီးအသက်ကြီးနေပြီ 27 တောင်ရှိပြီ ဟိုင်းနေပြီ သမီးရှာတာ မကြိုက်ရင် အဖေတို့ ရှာပေးပါလား ဘာလား ရှောက်ပြောတာ .....အဖေတောင် စလေပြန်ရောက်တော့  အမေ့ကို သမီးအတွက် ဘယ်သူ့မြင်လဲ ဘယ်ဝါ့မြင်လဲနဲ့ တဲ့ ။ခုမှ အမေပြန်ပြောပြလို့ သိ၇တာ ။ ဟီး

ဒီလိုနဲ့ အဲဒီတယောက်နဲ့ ကိစ္စပြတ် ပြီး ဒီတယောက်နဲ့ လဲ ကျရော ကိုယ်ကလဲ ထုံးစံအတိုင်း စလေဘုရားပွဲ တနှစ်တခါပြန်တာ ။ကိုယ် ဒိနေ့ပြန် သူကနောက်တနေ့  စလေကို လိုက်လာတာ ဆရာ ။ အသိလဲ ရှိဘဲ နဲ့ စလေများ ရန်ကုန်လို တည်းခိုခန်းတွေဘာတွေ ရှိတယ်ထင်နေလားမသိ ။
ဟော မထင်ဘဲ သူရောက်လာတော့  မျက်ကလဲဆန်ပြာကြောက်ပြီး ထုံးစံ အတိုင်းမောင်လေးကို အယင်ပြောရတော့တာ ။ မောင်လေးကလဲ နင့်ထက် ငယ်တာ သူကယူမှာသေချာလို့ လားဟနဲ့ ..နောက် မောင်နှမ နှစ်ယောက် မျက်နှာသေလေးနဲ့ အဖေနဲ့ အမေ့ ကိုပြော ရတော့တာပေါ့ ။
အဖေ့မှာ ဧည့်သည်ကို ထညက်နဲ့ ဧည့်ခံ ဘို့  အဖုံးဖွင့် တာ ဒီတခါတော့ တကယ်ပေးရတော့မှာလားဆိုပြီး နှမြောနေမှာပေါ့  လက်တုန်ပြီး ဖွင့် မရဘူး ။ သူက ပေး ပေးဦးလေး ကျွန်တော်ဖွင့်ပေးမယ်ဆိုပြီး ယူဖွင့်ပေးတာ အောင်မယ် ခပ်တည်တည်ဘဲ ။ အင်း ရေးမဲ့ဟာတွေ ဘေးရောက်ကုန်ပြီ ။

ဒီလိုနဲ့ 2005 ခုနှစ် နိုဝင်ဘာမှာ အိမ်ထောင်ပြုခဲ့တယ်ဆိုပါတော့ ။
အသက်ကြီးပြီ ဆိုတော့  ကလေးတန်းယူပါတယ်။ 2006 စက်တင်ဘာမှာ သားလေးမွေးပါတယ် ။
အဲဒီ အသက်အရွယ် 29 မှာ ကိုယ်ဝန်ဆောင်တော့ သူများတွေလို အော့အန် မူးဝေ စတဲ့ ဝေဒနာ ခြေလက်ဖောရောင် စတာတွေကို မခံစားရဘဲ တော်တော် ကျန်းမာပါတယ် ။ သွာနိုင်လာနိုင်သလားမမေးနဲ့ နေပြည်တော် ပရောဂျက် အတွက် ရန်ကုန် ပျဉ်းမနား ကူးသန်းနေတာ ကိုယ်ဝန် 7လမှာ လှေကွင်းတောင် ကိုတောင်တက်နိုင်ပါသေးတယ် ။
အဲဒီ အခေါက် ၀န်ကြီးဦးကျော်ဆန်း အိမ်မှာ ပြူတင်းခန်းဆီးအတွက်တက်တိုင်းတာ ခြေချော်ကျလို့  ဒဏ်ရာတွေနဲ့ ရန်ကုန်ပြန်လာမှ အမျိုးသားကစိတ်တွေဆိုးပြီး မန်နေဂျာ ကို နောက်တခါ ပျဉ်းမနားလွှတ်ရင် အလုပ်ထွက်ခိုင်းမယ်ပြောမှ မသွားရတော့တာ ။ ဒါတောင်မှ မွေးတဲ့နေ့အထိ ရုံးတက်နေသေးတယ်။

သားလေးကို ရိုးရိုးဘဲ မွေးပါတယ် ။ တကယ်နာချိန် က တနာရီခွဲပါ ။ ညကြီး 2နာရိလောက်မှာ ဗိုက်နာသလို ၀မိးသွားချင်သလိုဖြစ်တော့ အစက ၇ုံးမှာစားခဲ့တဲ့ အသုပ်ကြောင့်လားရယ်လို့ တွေးမိသေးတယ် နောက်မှ အိုဂျီပြောတဲ့ ဂျူးဒိတ်ဖြစ်နေတာ နဲ့ လန့် သွားတယ် ။ အမေ့ကို နှိုးပြောတော့  စနေ နေ့ကြီး မမွေးနဲ့ဦး အောင့် ထားဆိုပြီးစိတ်ပြောင်းဘို့  ဟိုဟို ဒီဒီ လျှောက်ပြောနေတယ် ။စိုးရိမ်တတ်တဲ့သူ ကတော့  ဆေးရုံပို့ဘို့ ကားခေါ်လာပါတယ် ။ ဆေးရုံရောက်လို့  ၃နာရီ တွန်းလှည်းပေါ်တက်မှ နာလိုက်တာ စအော်တော့တာဘဲ ။ ၄ နာရီ ခွဲမှာမွေးပါတယ် ။စနေသား နေတက် ပါ ။

ဂန္ဒီဆေးရုံ အစိုးရဆေးရုံ ဆိုတော့  ဆရာဝန်လေးတွေ ဆေးကျောင်းသားတွေ အတွေ့ အကြုံ ရအောင်ဆိုပြီးတယောက်ပြီးတယောက် စမ်းလိုက်ကြတာ အောင်မလေး အရှက်ကုန် ဆိုတာဒါဘဲ လို့ ..။

မွေးရတာလွယ်ပေမဲ့ နို့ ကမထွက် ။ နပ်စ် ငှားထားပေမဲ့ ဘယ်လိုနေသေးလဲ ဘယ်လိုမှမနေဘူးဆို စားစရာရှိတာစား အပြင်ထွက် စကားပြောနေတော့တာကိုး ။ မိခင်နို့ တိုက်ရမဲ့စီမံချက်ပေမဲ့ နို့ ထွက်အောင်ကတော့  အရပ် ပါးစပ်နဲ့ဘဲ နွားမြီးသောက် ဘာသောက်ပေါ့ လေ။
ကလေးတခါမွေး အရပ်ပါးစပ်နဲ့ ရိုးရာတွေကအများသား။ ဒါတောင် ဟိုးအရင်က အုတ်ခဲ ဖင်ခုထိုင် တာတွေ ဘာတွေ ရှိသေးတာ ။

ဒီလိုနဲ့ဆေးရုံကဆင်း နို့ ကလဲ မထွက် တချက် ထွက်တချက် နဲ့ 45 ရက်မှာ အလုပ်ပြန်ဆင်း၇ရော ။
ကလေး ငယ်ငယ် အလုပ်တဘက်နဲ့ ပင်ပန်းတော့  နောက်ထပ်မမွေးတော့ပါဘူးရယ်လို့တွေးထားတာ ။

သားလေး ကတိမ်းကပါးဖြစ်သွားတော့ ...ရင်နဲ့ အမျှလေ ။

ဒါပေမဲ့ ကလေးမလိုချင်တော့ဘူး ။ မိဘ ဆွေမျိုး ယောင်္ကျားကတော့ မွေးပါ မွေးပါနဲ့ ။
မွေးမယ် ဆိုပြီး စလုံး က အလုပ် စိတ်ဖိစီးမှူကြောင့်ထင့်  မ၇နိုင် ။ အလုပ် အသစ်ပြောင်း ပြီးမှ ရတယ် ။ အလုပ် ကညီမလေးတယောက်က အမ အမူးပြေပြီ ဆိုပြီး ထန်းပင်မော့ကြည့်ပြန်ပြီလားတဲ့ ..။
ဒီတခါ အသက်က 34 -35 ၀န်းကျင် ဆိုတော့  အသက်ပဲကြီးလို့ လား ။ စလုံးမှာ အလုပ်တဘက် နဲ့ ဖြစ်လို့ လားမသိ ။တော်တော် ပင်ပန်းပါတယ်။
ဒါတောင် ပေါ့ပေါ့ပါးပါးနေတတ်တဲ့သူဆိုတော့  ရုံးကလူတွေကတောင် နင်ကိုယ်ဝန်၇ှိတာ ဘာမှလဲ မဖြစ်ပါလားနဲ့ ။
ဒါပေမဲ့လေ ညဘက်ဆို ကိုယ့်အသွေးအသားတွေ စုပ်ထုတ်ယူသွားသလို ခြေကုန်လက်ပန်း ကျနေတတ်တယ် ။

PS: ရုံးဆင်းချိန်ရောက်ပြီမို့ နောက်မှဆက်ပါဦးမယ် ။

Wednesday, August 3, 2011

ထိခိုက် ခံစား ကဗျာများ

ဒီနေ့  Forward Email ထဲကို ရောက်လာတဲ့
ဧရာဝတီ ကို ကာကွယ်ကြစို့ (အောင်ဒင်) ဆိုတဲ့ဆောင်းပါး ကိုဖတ်ပြီး ဒါဟာတကယ်များဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ထိတ်လန့်တုန်လှူပ်မိသလို
အဲဒီအထဲက ဆရာမောင်စိန်ဝင်းရဲ့ ကဗျာနဲ့ ရှင်းလင်းချက် ကို ပါ ဖတ်ပြီး ထိခိုက် ခံစားမိပါတယ်။
ဒီလိုသာဆိုရင် ကျမတို့ငယ်ငယ်က သင်ခဲ့ရတဲ့ ပထ၀ီထဲက ဧရာဝတီ မြစ်အကြောင်းတွေ လက်ရှိမြန်မာပြည်မြေပုံမှာရှိနေဆဲဖြစ်တဲ့ ဧရာဝတီ ရဲ့ ပုံတွေ နဲ့ ကျမတို့  ငယ်စဉ် က ဆော့ကစားခဲ့တဲ့ စလေမြို့ရဲ့ ဧရာဝတီ ပုံရိပ်တွေကို သမီးလေးကြီးလာရင်ပြောပြဘို့  ကူးယူသိမ်းထား၇တော့မယ်ထင်ပါရဲ့ ။


လောလောဆယ်တော့ ဧရာဝတီ ကို ကာကွယ်ကြစို့ (အောင်ဒင်) ဆိုတဲ့ဆောင်းပါး ထဲက တစိတ်တပိုင်းဖြစ်တဲ့ ဆရာမောင်စိန်ဝင်းရဲ့ ကဗျာနဲ့ ရှင်းလင်းချက် ကို ကူးယူထားလိုက်ပါတယ်။

ဆရာမောင်စိန်ဝင်း က ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံဒေသကို လွန်ခဲ့တဲ့ ၁၅နှစ် (၁၉၉၆ ထင်ပါတယ်) လောက်က ရောက်ဘူးခဲ့တယ်လို့ ဆိုပါတယ်၊ အဲဒီမှာ မြစ်ဆုံရဲ့အလှအပကို သူခံစားကြည်နူးပြီး သူ့အကိုရဲ့ တိုက်တွန်းမှုနဲ့ ကဗျာတပုဒ်ကို တထိုင်ထဲ စပ်မိပါသတဲ့၊ အဲဒီ ကဗျာရဲ့ ခေါင်းစဉ်က "အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ" တဲ့၊ အင်ခိုင်မွန် ဆိုတာက မေခ နဲ့ မလိခ ဆုံတဲ့နေရာမှာ မားမားကြီးတည်ရှိနေတဲ့ တောင်တန်းကြီးရဲ့ အမည်ပါ၊ သူ့ကဗျာ ကို ဆရာမောင်စိန်ဝင်းက ဒီလို ရွတ်ပြပါတယ်၊

"အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ"
မေခ နဲ့ မလိခ
ဆုံမိကြ ဒီမှာ။
သံယောဇဉ် မြစ်ဆုံဖြစ်
ချစ်ကြသောအခါ၊
သမုဒယ မြစ်နှစ်စင်းရဲ့
ချစ်ခြင်းဖွဲ့အလင်္ကာ
ဧရာဝတီ ရယ်လို့ဖြစ်၊
ကမ္ဘာတည်သ၍
မြန်မာပြည်ဟေ့ ရယ်လို့ ကြွေးကြော်ပြီး
စီးနေမည့် မြစ်။။။

ကဗျာဆရာက ဧရာဝတီမြစ်ကြီးကို "ကမာတည်သ၍ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်" လို့ ရဲရဲဝင့်ဝင့် တင်စားခဲ့ပါတယ်၊ လွန်ခဲ့တဲ့ ၁၅နှစ်ကပါ၊ ကဗျာဆရာက ဆက်ပြောပြပါတယ်၊ ရသစာပေ တခုရဲ့ တန်ဘိုးကို အချိန်ကာလ နဲ့ ဒေသ ပေါ်မှာယှဉ်ပြီး အချိန်တိုင်းမှာ၊ ဒေသတိုင်းမှာ မှန်မှ ကောင်းတယ်လို့ ဆုံးဖြတ်ရတယ်လို့ဆိုပါတယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်က ရေးထားတဲ့ စာတပုဒ်၊ ကဗျာတပုဒ် ဟာ ဒီနေ့ခေတ်နဲ့ မကိုက်ညီတော့ဘူးဆိုရင် အဲဒီ စာဟာ ကောင်းတယ်လို့ မခေါ်နိုင်ဘူး တဲ့၊ အဲဒီလို ပြောပြီး ကဗျာဆရာက ဝမ်းနည်းကြေကွဲစွာ ညီးတွားပါတယ်၊ "ကျနော့် ကဗျာဟာ မကောင်းတော့ပါဘူး" တဲ့။ မနှစ်က (၂၀၁၀ ခုနှစ်) မြစ်ဆုံကို သူ တခေါက်ထပ်ရောက်ပါသတဲ့။ အဲဒီအချိန်မှာတော့ သူ့ရဲ့ "ကမ္ဘာတည်သ၍ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်" ကြီးဟာ နောက်တနှစ်တောင်မှ ခံပါဦးမလား လို့သူ သံသယဖြစ်မိရပါတယ်… တဲ့၊
ကဗျာဆရာက ဆက်ပြောပါတယ်၊ ဧရာဝတီမြစ်ကြီးဟာ မြန်မာပြည်ရဲ့ အသက်သွေးကြောပါ တဲ့၊ ပြီးတော့ မေးခွန်းထုတ်ပါတယ်၊ အဲဒီ အသက်သွေးကြောကြီး မရှိတော့ရင် ကျနော်တို့ ရှိနိုင်ပါဦးမလား၊ မြန်မာပြည်ကြီး ဆက်လက်ရှင်သန်နိုင်ပါဦးမလား၊ အဲဒီ နာကျင်ကြေကွဲစိတ်နဲ့ ကဗျာဆရာက နောက်ထပ်ကဗျာတပုဒ် ကို ရေးပြီး ရွတ်ဖတ်ပြပါတယ်၊ ကဗျာရဲ့ ခေါင်းစဉ်က "မြစ်ကော" တဲ့။

"မြစ်ကော"

မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းလမ်းရပေမည်၊
ရေဝေတောတွေ ဆိုင်းစို့စို့
မှိုင်းညို့ညို့မှုံရီ၊
ချင်းတွင်း နဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့၊
တတောလုံးပြောင်၊ တတောင်လုံးလင်း
မြစ်ကျဉ်းမှာ သောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ်အပျက်သဘောနဲ့
မြစ်ကောမည့် နေ့။။။

Tuesday, August 2, 2011

ဝိသာခါ သီလရှင်သင် အမျိုးသမီးပညာရေးကျောင်း

မိဘမဲ့ မိန်းကလေးတွေ သို့  မိဘကမတတ်နိုင်တဲ့ ကလေးတွေ ကို စောင့်ရှောက်ပြီး သင်ကြားပေးနေတဲ့ သီလရှင်ကျောင်းပါ။



နေရပ်လိပ်စာပါ ။


အုတ် တထပ်တိုက်လေးပါ ။


ရပ်ကွက်ထဲက နီးစပ်ရာ စုပေါင်းပြီးလှူကြတာပါ ။ လှူတဲ့ ပစ်စီးလေးတွေပါ ။


လှူတဲ့သူတွေရှိရာဧည့်ခန်းကို လက်အုပ်လေးတွေချီလို့  ညီညီညာညာ တန်းစီပြီးလာကြတယ်။


လှူတဲ့သူတွေဘက် မျက်နှာလေးတွေမူလို့  ကျေးဇူးတင်စွာနဲ့ ဆုတောင်းမေတ္တာပို့ သကြပါတယ် ။



ပြီးတော့ သေသေသပ်သပ် စားကြရတယ်။




ကျေးဇူး ဥပကာရတင်ရှိပါကြောင်း