[X] Choose Font Here

Sunday, July 17, 2011

သမီးလေး လေးလ

မွေးတုန်းက 3.5 kg ရှိတဲ့သမီးလေး ဒီနေ့  9 kg ရှိနေပြီ ။ တကယ်ဆို 6.1 kg ဘဲ ရှိရမှာလေ။ over weight ပေါ့ ။
အရပ်က ရှည်လို့ တော်သေး ။ အရပ်တော့  တိတိကျကျ တိုင်းမကြည့်သေးဘူး ။သူ့ အဘွားကတိုင်းတာမကြိုက်ဘူးလေ ။


ခုဆို သေချာမှောက်တတ်နေပြီ ။ လက်ဆွဲထုတ်ပေးစရာမလိုတော့ဘူး ။
မွေ့ ယာကြိုက်ပြီး ဖျာပေါ်မှာ မအိပ်ချင်ဘူး ။ မွေ့ ယာမကြိုက် ၊ ထိုင်တာတောင်မှ အိလို့  ပြန်ထဘို့၇ာခက်တယ်ဆိုတဲ့ အဘွားနဲ့ တော့  ဟုတ်နေပြီ ။ :P
ဝမ်းစိမ်းစိမ်းတွေ သွားလို့  အရမ်းစိုးရိမ်နေတဲ့ အိမ်သားတွေအတွက် ဆရာဝန်ရဲ့မှတ်ချက်ကတော့ အစာချေ အင်ဇိုင်းတွေ ထွက်လို့ ပါတဲ့ ။ အစာ ပျော့ပျော့ လေး စကျွေးလို့ ရပြီတဲ့ ။ ၆ လ ထိစောင့် စရာမလို တော့ဘူးတဲ့လေ ။
ခုတောင် သူ့ သမီး ၀နေလို့  မလှမှာစိုးတဲ့ သူ့ အဖေကတော့ ၆ လမှကျွေးချင်တယ်လို့  ဈေးဆစ်နေလေရဲ့ ။
အယင်ညဘက် ၂ကြိမ် မအေနို့ နဲ့ အိုကေနေတဲ့ သမီးဟာ မ၀တော့လို့  အော်တယ်။ မအေနို့ ကလဲ သိပ်မလိုက်တာပါမယ်ထင်ရဲ့ ။
နို့ ဘူးလို လွယ်လွယ်နဲ့ မျိုချ ဗိုက်ဝတဲ့သမီးလေးဟာ အမေနို့ ကို မစို့ ချင်တာ့ဘူး ။ခုမှ လေးလရှိသေး ။ အနည်းဆုံးတနှစ်အထိတော့ တိုက်ချင်သေးတယ် ။နို့ ဘူးအသစ်က နို့သီးခေါင်းတောင် အထွက်နဲလို့ အော်တယ် ။
အယင် ကလေးရှိတဲ့အိမ်ရယ်လို့ အသံ မကြားရတဲ့အိမ်မှာ အသံလေးတွေ စပြီးဝေစည်လာတယ် ။
သောကြာသမီးလေး စကားကလဲ များမှများ ။ ဖအေမျက်နှာများကြည့် ပြီးရင်ဘာတွေ ပြောမှန်းမသိ ပြောနေတာများ ၊ ဖအေကလဲ သမီးအကြောင်းပြ ကလေးနားနေပြီး မေမေ့ ကိုဘာမှ မကူတော့ဘူး ။

( ဟင်းးးးးးးးးနော် ဒီသားအဖတော့ ။ ရိုက်ခံရတော့မယ် ။ <3<3<3 )

သမီးလေး ကိုကို ကမျက်နှာချိုသလောက် သမီးလေးက မျက်နှာတင်းတယ် ။ ဖားအောက် ဆရာတော်ကြီးကတောင် ဒေါသကြီးမဲ့ ပုံကြီးပါလားဟ တဲ့ ။
သူ့ အဖေကတော့ မိန်းကလေးမျက်နှာတင်းတာကောင်းတာပေါ့တဲ့ ။ မြှူလို့ ရီရင်တောင်လှစ်ခနဲဘဲ ။
ဒီပုံကတော့ သူ့အဖေ မြှူနေတုန်း ရိုက်ထားတဲ့ပုံလေးပေါ့ ။




မှတ်မှတ်ရရ 16.07.2011 ညနဲ့ ဒီနေ့မနက် 17.07.2011 မှာ သမီးလေးက မအေနို့ ကိုတိုက်တဲ့ အခါ မျက်လုံးပြူး မျက်ဆံပြူးနဲ့ ကလန်ကျောက်ပြီးငိုပါတယ် ။ စိတ်ညစ် ၀မ်းနဲပြီး နို့ ကလဲ တင်းတာ ညှစ်ပစ်ရတော့ နာတယ် ။
ဘာများဖြစ်လို့ ပါလိမ့်ဆိုပြီးနို့ ကို ပရိတ်ရွတ် ရေနဲ့သပ်ချ ၊ပြီးမှ နို့ က ချဉ်နေတာ ။း(
ညှစ်လိုက် ရေဆေးလိုက် ရေနွေးဖတ်တိုက်လိုက်နဲ့  ဒီနေ့ညတိုက်တော့စို့ ပြီး ခုနမှ အိပ်သွားလေရဲ့ ။

သမီးလေး တသက်လုံး ပူပင်ကြောင့် ကြမရှိ ဒီလိုဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်ပါစေ ကွယ် ။

7 comments:

  1. ကလေးက အချည် မကြိုက်ပဲကိုး။
    ဟီးဟီး
    ပြောင်တာနော်

    ReplyDelete
  2. မြူးရေ နမ်းသာနမ်း။ မိုးသံစဉ် လေးနဲ့ ဖုန်းပြောတဲ့အကြောင်းရေးပါဦး ။
    မယ်စော ၊ ဟုတ်ပ ။ အရသာခံတာထက် ဗိုက်ပြည့်အောင် စားမဲ့သဘောရှိတယ် ။း)

    ReplyDelete
  3. ချစ်စရာလေး...း)
    ကလေးတွေ ချစ်တတ်လို့ ကလေးအကြောင်းရေးတဲ့ ဆိုဒ်တော်တော်များများ ရောက်ဖြစ်တယ်။ အမြဲလာဖတ်ဖြစ်ပါတယ်း)

    ReplyDelete
  4. မေဇင်ရေ ကျေးဇူးနော်။
    နောင့် လား မေဇင်လား ...

    ReplyDelete
  5. သမီးလေးက ချစ်စရာလေး။ ဂျူဂျူးမွေးတုံးကလဲ 3.5kg ပဲ။ ဂျူဂျူးငယ်ငယ်ကလဲ သူ့အဖေမျက်နှာကို တစိမ့်စိမ့်ကြည့်ပြီး ဘာတွေပြောမှန်းမသိဘူး။ အဖေလုပ်သူတွေကတော့ ကျေနပ်လို့ပေါ့။

    ReplyDelete
  6. ဟုတ်တယ်နော် မမ ။ သမီးကလေ သူ့အဖေမှသူ့အဖေဘဲ ။

    ReplyDelete