သမီးလေးရေ ... ဒီနေ့  သမီးလေး ရက် ၁၀၀ ပြည့် တဲ့ နေ့ ကွဲ့ ။
သမီးလေးက ချစ်စရာတော်တော် ကောင်းနေပြီ ။ ချီလို့ လဲကောင်းနေပြီ ။ မှောက်လဲ မှောက်ချင်နေပြီ။
လက်လဲတော်တော်ရွေးတယ် ။ အဘွားနဲ့ ဖေဖေ ကို တော်တော် ကပ်တယ်။ မနေ့ ကများ မေမေ ခေါ်တာကို မလိုက်ချင်တော့  ဖေဖေ့ လက်ပေါ်ကနေ မျက်နှာကို ဟိုဘက်လှည့် သွားတယ် ။ မေမေ့  မှာ စိတ်တောင်မကောင်းဘူး ..း(((((
ရက် ၁၀၀ ပြည့်  ဓါတ်ပုံ မရိုက်ရသေးလို့  အယင်တုန်းက ပုံတွေဘဲ တင်လိုက်တယ် ။ သမီးလေးကြီးလာရင် ငယ်ငယ်တုန်းကပုံလေးတွေ ပြန်ကြည့် ရတာပေါ့ နော် ။<3 <3 <3

သမီးလေး ၁၃ ရက်ကပုံပေါ့  ။ ကြို့ ထိုးလို့  အနှီးစလေး နဖူးမှာကပ်ထားရတယ် ။ ၀မ်းခေါင်းချဲ့ တာပေါ့  ။ သမီးလေး က ၀မ်းခေါင်းချဲ့ သလားမမေးနဲ့  ။ တချိန်လုံး ကြို့ ထိုး နေလို့  မေမေ့ မှာ သမီးမောမှာ စိုးနေရတယ် ။




OG ကဘယ်သူနဲ့  တူလဲ မေးတာ ဘယ်သူ နဲ့ မှ မတူဘူးပြောလို့  မွေးတဲ့ အချိန်မှာ တယောက်ထဲမို့  ကလေးမှားတာတော့ မဟုတ်ဘူးလို့ နောက်တယ်။
သမီးလေးမွေးခါနီးရက်တွေမှာ နွေရာသီကြီး မိုးတွေစွေပြီး အရမ်းအေးတယ်။ မွေးတဲ့နေ့ မနက်မှ မိုးတိတ်ပြီး ရာသီဥတု စသာယာတယ် ။ ဒါပေမဲ့ အေးတုန်းဘဲ ။ ဒါကြောင့်  OG က သမီးကို မမိုးအေး ရယ်လို့  အမှတ်တယ နာမည်ပေးခဲ့တယ် ။
သမီးလေး ရက် ၁၀၀ မှ နှစ်ပေါင်းများစွာတိုင် ဒီမိ ဒီဘ နဲ့ မခွဲမခွာ ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်ပြီး ရတနာသုံးပါး ကို အထူးရိုသေ ကိုင်းရှိုင်းပြီး ကောင်းသောလိုအင်ဆန္ဒ များပြည့် စုံပါစေ။
အင်း ပုပ်ပါး ကြည့်တဲ့၊
ReplyDeleteကလေးတွေ ဇာတ်တွေ တိုတယ်ထင်ရင် လူကြီးတွေက နားနေရာကို လက်နဲ့ အုပ်ပြီး အပေါ်ကို မြောက်ရင်း ကလေးလေ ချီဆင်း ချီဆင်းဆိုပြီ လည်တံရှည်အောင် လုပ်ပေးတာ။ မေ့တောင်နေပြီ။ ကိုယ့်တုံးကလည်း လူကြီးတွေ ပုပ်ပါးတောင် ကြည့်မယ်ဆိုပြီ လုပ်ပေးခဲ့တာပဲလေ။
သမီးကကြီးရင်ချောမယ်နဲ့တူတယ်။ ချစ်စရာလေး။ အမေတော့မမြင်ရဘူးတော့။
ReplyDeleteအမေ က ၀ နေတော့ အဒေါ်ကြီးပုံး(
ReplyDeleteငယ်ငယ်က ဘေးအိမ်က ဘကြီးက သူ့ရှေ့မှာ ရပ်နေတုန်း ခေါင်းကနေ မြှောက်ပြီး ပုပ်ပါးတောင်ကြီးမြင်ပြီလားဟေ့ ဆိုပြီး ဆွဲမြှောက်လိုက်တာ သတိရမိသွားတယ်အစ်မရေ...
ReplyDeleteဟုတ်တယ် နော် ပုပါးမျှော်ခိုငးတာကတော့ ထုံးစံထင်ပါရဲ့..:D
Delete