Friday, June 10, 2011

အောင်းမေ့ဘွယ်၇ာ ရွှေတမာ (၂)

အောင်းမေ့ဘွယ်၇ာ ရွှေတမာ (၁) ကိုေ၇းပြီးတော့ ဆက်မယ်အလုပ်မှာ သူငယ်ချင်းတွေ ဓါတ်ပုံထည့်ချင်၇တာနဲ့  ဘယ်သူ့ အကြောင်းဘယ်လိုေ၇းမယ်နဲ့  အတွေးတွေများ အတိတ်ကို သတိ၇တာတွေ များပြီး ရွှေတမာကြောင်းမဟုတ်တော့ဘဲ သူငယ်ချင်းကြောင်းတွေဖြစ်နေ နဲ့ ဆက်မေ၇းဖြစ်ဘူး ။
ခုတော့ ဆ၇ာမ ဒေါ်စိန်စိန် ဆုံးတဲ့ သတင်းသိ၇ပြီးတော့  အဆောင် အကြောင်းပြန်အောင်းမေ့လာပါတယ်။
ဆ၇ာမ က mechanical ဘက်ကဆ၇ာမ ဆိုတော့ စာတော့မသင်ဘူး ဘူး။ ဒါပေမဲ့ ကိုယ်တို့ အဆောင် ၂ က အဆောင်ဆ၇ာမဆိုတော့ ကိုယ်တို့ နဲ့  အမြဲထိတွေ့ နေ၇တာပေါ့ ။ စည်းကမ်းတင်းပုံ ပေါ်ပေမဲ့ ပြုံးပြုံး နဲ့  အတော်အေးပါတယ်။ အမြဲ ပွစိပွစိ နဲ့ ဆူငေါက်မနေဘူး ။
အဆောင် ၃ ဆောင်ရှိပြီး အဆောင် ၁ ကဒေါ်ပြုံးပါ ။ သူကအဆောင်မှူးလဲ ဖြစ်ပါတယ် ။ အဆောင် ၃ ကတော့ ဒေါ်အေးနွဲ့ စံ ပေါ့ ။ နောက်နှစ်မှာတော့ ဒေါ်ပြုံးနဲ့  ဒေါ်စိန်စိန် ပြောင်းသွားလို့ ဒေါ်ဝင်းဝင်းဆင့်ကအဆောင်မှူး၊ အဆောင်၂ ဆ၇ာမ က ဒေါ်ယုယုလှိုင်ဖြစ်လာပါတယ် ။
ကျမတို့  နှစ်က နှစ်တွေအကြာကြီးပိတ်ပြီးမှ စဖွင့်တဲ့နှစ်ဖြစ်သလို မေဂျာပေါင်းစုံ အတွက်မိန်းကလေးတွေစခေါ်တဲ့နှစ်လဲဖြစ်ပါတယ်။
ကျောင်းဖွင့်တော့မှာဖြစ်လို့  အဆောင်အပ်ဘို့ အလာ စကပ်ဝတ်လာခဲ့လို့  ဆ၇ာမဒေါ်ပြုံးက ဒီကျောင်းပြီး၇င် လုပ်ငန်းခွင် တန်းဝင်ကြ၇မှာဖြစ်လို့ အခုထဲကလူကြီးစိတ်အပြုအမူ နေထိုင်သင့်တဲ့အတွက် စကပ် မ၀တ်သင့်တော့ကြောင်းပြောပါတယ်။ ကျမလဲ ဒီအဆောင်မှာနေ ဒီသင်တန်းတက်၇မဲ့အတွက် အတော်စိတ်ကြီးဝင်သွားပါတယ်။း)
အဆောင် ၂ ဘေးမှာတော့ ဘု၇ားဆောင် ရှိပါတယ်။ အဆောင်သူတွေ ညနေ ၆ နာ၇ီ အဆောင် ပိတ်ချိန်မှာပုံမှန် ၀တ်တက်၇ပါတယ်။
TV လဲ ဘု၇ားဆောင်ထဲမှာ ကြည့် ၇ပါတယ်။(အဲ ဒီခေတ်ကတော့ ၇န်အောင်၇ဲ့  ဂျင်းဘောင်းဘီ ခွေ ထုံချိုင်းလို ကဟန်တွေ ခေတ်စားပါတယ်။)
ပုံမှန်ကတော့ ပ၇ိတ် ပဋ္ဌာန်း ၇ွတ်၇ပြီး ၀ါတွင်းအခါသမယ Mess ထဲမှာ သွား၇ွတ်၇ာမှာတော့ ဘု၇ားပင့်ကအစ အမျှဝေအဆုံး သေချာပူဇော်၇တာပါ ။ ကျမ တို့ နှစ်၇ဲ့  ပင်တိုင် ဘု၇ားပင့်ကတော့ ကျောက်ပန်းတောင်းသူ မ၀င်းဝင်းမာပါ ။ တကယ့်ကို အသံချိုပြီး ရွတ်တဲ့အခါ ကြည်လင်ရှင်းလင်းပါတယ်။
အဆောင်သူအများစုကတော့ ကျောက်ပန်းတောင်း ၊ ပခုက္ကူ ၊ေ၇နံချောင်းကပါ ။ အဲဒီခေတ်က ၁၀ တန်းထိ ကလေးလို အိမ်မှာနေခဲ့ကြတာဆိုတော့ တယောက်နဲ့တယောက် ပြိုင်တာဆိုင်တာထက် အိမ်ကိုဘယ်လိုလွမ်းတယ်ဆိုတာကိုဘဲ စကားလုပ်ပြောကြ၇တာပါ ။ ကျောင်းမှာ ၀ပ်ရှော့မှာ ယောကျာင်္းလေးတွေနဲ့  ပေါင်း၇ပေမဲ့ တကဲ့ မောင်နှမလို ၇င်း၇င်းနှီးနှီးပေါငိးကြပါတယ်။ သမီး၇ီးစားဆိုတာ အလွန်ရှားပြီး တကယ်လို့ ဖြစ်သွားခဲ့ကြ၇င် အလွန် နာမယ်ကြီးပါတယ်။
အိမ်မှာ ကလေးလိုနေလာကြတာဆိုတော့ ကျောင်းမှာပင်ပန်းတာ အဆောင်မှာ ကိုယ်တိုင်ေ၀၇ာဝတ်စ လုပ်၇တာ အိမ်ကိုလွမ်း၇တာတွေ ၇ဲ့  ဖြေပျောက်မှူကတော့ အဆောင့် ဆည်းလည်း ခလောက် မောင်းကွဲတွေ ၇ဲ့  ပျော်ရွှင်ဖွယ်စနောက်မှူတွေပါဘဲ။ သူတို့ ၇ဲ့  အိပ်နေ၇င် နှူတ်ခမ်းမွှေးဆွဲတာ ၊စောင်ဖွက် ပစ်စီးဖွက်တာ ၊ ဧည့်သည်လာ၇င် နောက်လွှတ်တာတွေဟာ ကိုက်တိုင်ဆိုဒေါသထွက် ဘေးလူဆို ၇ယ်မောနဲ့ 
ကျောင်းမှာပင်ပန်းတာ အိမ်လွမ်းလို့ စိတ်ပင်ပန်းတာတွေကိုဖြေပျောက်စေတာအမှန်ပါ။
မှတ်မှတ်၇၇ စာမေးပွဲတခုမှာေ၇စကြိုက သူငယ်ချင်းတယောက်က ယတြာအတွက် ငှက်ပျောသီးတဖီးကို ဘု၇ားကိုကပ်တယ် ။မနက်ဆို ကပ်ပါတယ်ဘု၇ား ဆို ပြီးတော့ ဆုတောင်းပေါ့။နောက်နေ့လဲ ကပ်ပါတယ်ဘု၇ား ဆိုတော့ စချင်တာနဲ့  ငှက်ပျောဖီး၇ဲ့  အတွင်းဘက်ကနေ ဖဲ့စားကြတယ် ။
အောက်ကနေ ဘု၇ားစင်ကိုမော့ကြည့်ကပ်၇တာဆိုတော့ သတိမထားမိဘူးပေါ့ ။ စာမေးပွဲနောက်ဆုံးနေ့မှ စွန့်  လိုက်တော့ လားလား အတွင်းတလွှာ မရှိတော့ဘူးလေ ။ ဒေါသတွေထွက် ငိုလိုက်တာ အဆောင်မှူး ဒေါ်ဝင်းဆင့် ကို တ၇ားခံ ရှာ၇င်ရှာပေး ၊မပေး၇ငိ ကျောင်းအုပ်ကြီးကို သွားတိုင် မယ်ဆိုလို့  ဆ၇ာမမှာ ဦးနှောက်ခြောက်၇သေး ။ တကယ်ဆို ဘယ်သူ့  လက်ချက်ဆိုတာ အားလုံးသိပြီးသားပါနော်း))))))))
အဆောင့်  အမောပြေတွေကတော့ ကျောက်ပန်းတောင်းက မမချို ၊မိကွိုင် ၊ အေးသီတာ ၊ ၀မ်းတွင်းက ၀ါဟိုက် ၊ေ၇စကြိုက ဂီဂီ ၊ေ၇နံချောင်းက မြိုင်ကြီး.............စတာတွေကနာမည်ကြီးပါတယ်။ ခုတော့ ဆ၇ာမဖြစ်သူဖြစ် အ၇ာရှိဖြစ်သူကဖြစ် ပေါ့ ။
တယောက်နဲ့ တယောက် ဘယ်လောက်ဘဲ ၇င်းနှီးသံယောဇဉ်ရှိရှိ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် ၊ ကိုယ့်ဘ၀နဲ့ကိုယ် ၊ လုပ်ငန်းချင်းမှ ဆက်စပ်မနေသေး၇င် အဆက်အစပ်ရှိဘို့ ကမလွယ်လှဘူး ။ လူချင်းသံယောဇဉ်တောင် အဆက်ပြတ်သေးတာ ကိုယ်တက်ခဲ့တဲ့ကျောင်းကြီး နဲ့ ဆို သူငယ်ချင်းတွေလဲမရှိတော့  ဆ၇ာဆ၇ာမတွေေ၇ာ ရှိမရှိမသေချာနဲ့  စိတ်ေ၇ာက်ပေမဲ့ လူမေ၇ာက် တဖြည်းဖြည်း စိတ်ပါမေ၇ာက်တော့ဘဲ အားလုံးနဲ့  အဆက်ပြတ်ကြတော့မှာ ........။
ဒီကျောင်းကပေးတဲ့ ပညာနဲ့  ဘဲ အသက်မွေးမွေး တခြား ပညာနဲ့  ဘဲ အသက်မွေးမွေး ကိုယ်တက်ခဲ့တဲ့ကျောင်း ကိုယ့်ကို သင်ပေးခဲ့တဲ့ ဆ၇ာ သူတို့၇ဲ့  ရှေ့ ဆက်၇ပ်တည်မှူတွေ ကို စိတ်အားနဲ့ တတ်နိုင်နိုင် လူအားနဲ့ တတ်နိုင်နိုင် တချက်လောက်တော့ စောင်းငဲ့ ကြည့်စေဘို့  ဆန္ဒပြု၇င်း ချစ်သော သခင်ဘိုးလှကြီး ၊ ဆ၇ာဆ၇ာမ များနှင့် သူငယ်ချင်းမိတ်ဆွေ အပေါင်း ကို အဆင့်ဆင့် ဖွံ့ ဖြိုးတိုးတက်ပြီး ကောင်းသောလိုအင်ဆန္ဒများနဲ့  ပြည့် ဝကျပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်၇ပါတယ်။

6 comments:

  1. kzyl said...

    Nice pose that can able to draw our campus-life memories.......Thanks for sharing and looking forward to read follow up pose..
    June 10, 2011 4:46 PM
    koyinchanmin said...

    thanks for bringing memories of CGTI
    June 11, 2011 9:59 AM
    တောသားလေး said...

    မသန္တာလွင်... Good Articles and Thanks for sharing your posts.
    You are welcome!
    June 11, 2011 12:44 PM

    ReplyDelete
  2. Hi ama, you wrote about some events of our academic years. You have a lot of events remaining to write. I love the poems those were composed by one of my friend and classmate. Whatever we become fresh and miss our Technical student hood in Chauk, while reading your articles or essays those will decide professionals of literature. I will be waiting for yours to read.
    Regards,
    Myat Min

    ReplyDelete
  3. စာဖတ်ရင်း သမီးလေးပုံတွေ ကြည့်သွားတယ်...
    ချစ်မဝလေးပေါ့...း))

    ကောင်းသော နားရက် ဖြစ်ပါစေ ညီမရေ...

    ReplyDelete
  4. ကျောင်းတက်ရတုံးက ငိုရ၊ ပျော်ရ တာတွေကို သတိရတယ်။
    အဲဒီတုံးက မြို့ ထဲကသူတွေ ကျောင်းမှန်လွန်းလို့  အဆောင်သူတွေက မကြည်ဘူး။ မတက်ရင် စာတွေလွတ်ကုန်မှာကို။

    ReplyDelete
  5. လွမ်းစရာလေးတွေပေါ့။ ဒီပို့စ်လေးဖတ်ပြီး ကျောင်းတုံးကသူငယ်ချင်းတွေကိုတောင် သတိရသွားတယ်။ အဆောင်နေတုံးက အမှတ်တရလေးတွေ ရေးချင်သေးတယ်။

    ReplyDelete
  6. ရေး ပါ မမ ။ မမ ဘာရေးရေးကို ကြိုက်နေတာ ။ တကယ်ပြောတာ ။

    ReplyDelete