[X] Choose Font Here

Wednesday, October 13, 2010

ကောင်းကောင်း

ကောင်းကောင်းတစ်နှစ်ပြည့်မွေးနေ့အတွက်ဝတ်စုံဝယ်ပေးဘို့ ဒဂုံစင်တာကိုသွားတော့ ကလေးစီးဂျစ်ကားကိုလက်နဲ့ဆုပ်ကိုင်ြပီး မေမေ့မျက်နှာကိုကြည့် လိုချင်တယ်ဆိုတဲ့ ပုံစံနဲ့ ။ မေမေဆွဲခေါ်လို့မ၇ ၊ချီခေါ်လဲမ၇၊ တတ်ကလဲမတတ်နိုင် (နှစ်သိန်းခြောက်သောင်း)။ အင်း............................
အဲဒီနေ့မှာဘဲ မေမေဟာသားကြီးလာလို့ လိုချင်တာမတတ်နိုင်တဲ့မိဘ ဖြစ်မှာအ၇မ်းစိုး၇ိမ်တယ်။ သားလေးလိုချင်တာမှန်သမျှဖြည့်ဆည်းပေးချင်လို့ကြိုးစားမယ်။ သားဖေဖေနောက်ကိုလိုက်ပြီး ပိုက်ဆံရှာမယ်။ သားကိုတော့ ဖိုးဖိုး ဖွားဖွားနဲ့ ခနထားခဲ့မယ်လို့ဆုံးဖြတ်ခဲ့တယ်။
အလုပ်တဘက်နဲ့ ရုံးအပြန် ညနေတွေမှာ သင်တန်းတွေတက်လို့ အိမ်အပြန်မိုးချုပ်တယ်။ သားဟာမအေကိုမတွေ့ ၇တော့အ၇မ်းမျှော်တယ်။ မအေအိမ်ပြန်ေ၇ာက်လို့  အသံကြားတယ်ဆို၇င်အိပ်ယာကထလာပြီး မအေ ၇င်ခွင်ထဲဝင်ပြီးပြန်အိပ်ပျော်သွားတယ်။ ယူနီဖောင်းတောင်မလဲနိုင်ဘဲ သားကို၇င်ခွင်မှာပွေ့ ပြီးညစာ စားခဲ့၇တယ်။
ကောင်းကောင်းဟာ ကလေးနဲ့မလိုက်အ၇မ်းသိတတ်တယ်။ တခါက ဖေဖေ့ဆီက ပိုက်ဆံလာလို့ ခုတင်ပေါ်မှာ ထားပြီး မသိမ်းသေးဘဲ အဝတ်သွားလဲတယ်။ ဖိုးဖိုးနဲ့ဖွားဖွားက ဧည့်သည်နဲ့စကားပြောနေတယ်။ သားအော်လို့ဖွား၂ သွားကြည့်တော့ ဘွတ်ဘွတ်တဲ့ ။ ဘွတ်၂ သွားချင်၇င် ဆင်းသွားပါလားဆိုတော့ ပိုက်ဆံကိုလက်ညျှိးလေးထိုးပြီး ဆပ်ဆပ် တဲ့။

2 comments:

  1. အဲ့ဒီ အရွယ်လေးနဲ့ သိတတ်လိုက်တာ...ခု သူ့ အကြောင်းလေးတွေ ပြန်ဖတ် ပြန်ကြည့်ပြီး စိတ်မကောင်းဘူး အမရယ်။

    နောင့်

    ReplyDelete
    Replies
    1. ဟုတ်တယ် နောင့် ကောင်းကောင်း က ငယ်ပေမဲ့ နားလည်လွယ်တယ် ၊ သိတတ်တယ် ။

      Delete