[X] Choose Font Here

Tuesday, October 12, 2010

ကောင်းကောင်း

၂၀၁၀ ခုနှစ်စက်တင်ဘာလ ၃၀ ၇က်ကောင်းကောင်းေ၇သားရှိနေသေး၇င် ဒီနေ့ဟာ ၄ နှစ်မြောက်မွေးနေ့လုပ်ပေး၇မဲ့နေ့ပါ။ ရွှေပုဇွန် အ၇မ်းကြိုက်တဲ့ သားအတွက် ရွှေပုဇွန်ကိတ်ကြီးမှာပြီးတော့ပေါ့။
ခုမေမေ့မှာသား၇ဲ့ညီလေးလား ညီမလေးလားရှိနေပြီကွဲ့ ။
သားကြီးရှိနေသေး၇င်မေမေ့အတွက်အ၇မ်းအဖော်၇ပြီးအားကိုး၇မှာ။
မေမေအန်တဲ့အခါပလုတ်ကျင်းဘို့ေ၇ခပ်ပေးမှာ။ ညောင်းနေတဲ့မေမေကိုမင်းလေးနင်းပေး၇င်အတော်ဘဲ ။ အနည်းဆုံးတော့ မင်းပြောနေကြအတိုင်း မေမေ့မျက်နှာကိုမင်းလက်ကလေးနဲ့ ပင့်ပြီး မေမေသနားပါတယ် လို့ ပြောမှာနော်။
ကောင်းကောင်းဟာ မေမေ့ဘိုက်ထဲမှာရှိချိန်ကေ၇ာ၊အပြင်ကိုထွက်လာတဲ့အချိန်မှာပါ မပင်မပန်းနဲ့ သက်တောင့်သက်သာရှိခဲ့လို့ သားလေးမျက်နှာကိုမြင်မြင်ချင်းကောင်းကောင်းလို့ခေါ်ခဲ့တာ။နေ့နံနဲ့ဒီနာမည်ပေးမယ်ဆိုပြီးခေါ်ခဲ့တာမဟုတ်ပေါင်ကွယ်။

တဖြည်းဖြည်းကြီးလာတော့ သားလေး၇ဲ့ မေမေ့အပေါ်ချစ်ခင်မှူတွေ၊သိတတ်မှူတွေဟာ သိသာလာခဲ့တယ်။ သား၇ဲ့ ဖွားဖွားကတောင် မအေနဲ့သား သားကပိုချစ်တယ်လို့ ပြောတယ်။

No comments:

Post a Comment