[X] Choose Font Here

Thursday, November 8, 2012

နှစ်ကိုယ်တူ ဘ၀ ခရီး အစ (၂)

         အယင်ပို့စ်မှာ ထည့်ဘို့ ကျန်သွားတာက အုပ်တင်အခမ်းအနားပါ ။

         မယ်သံ တို့ နယ်(ကျောက်ပန်းတောင်း ၊ မုံရွာ)တွေမှာ တဘက်နဲ့ တဘက် နားဖောက်ပြီးတဲ့အခါ မှာ အုပ်တင် မင်္ဂလာ ဆိုတာ လုပ်ကြပါတယ် ။

ယောင်္ကျားလေးဘက်က မိန်းကလေးဘက်ကို ဘာနဲ့ တင်တောင်းမယ့် ပစ္စည်းများကို အုပ်နဲ့ထည့်ပြီး ပြတဲ့ အလေ့အထ လို့ထင်ပါတယ် ။ သေချာ မသိပါ ။ ဂူးဂဲလ် ကြည့်တော့လဲ မတွေ့။


          ရုံးက ညီမလေးတယောက် က အညာကမို့ သူများသိမလားမေးတော့ သူတို့ဘက် မြင်းခြံ တောင်သာ နွားထိုး ကျောက်ဆည်  ဘက်မှာတော့ မရှိဘူးလို့ ပြောပြီး သူကြားဖူးတာကို ပြောပြပါတယ်။


အုပ်တင်ချိန်မှာ အုပ်ပွေ့ အုပ်ဖလှယ် စတာတွေ ရှိပါတယ်တဲ့ ။

အုပ်ပွေ့ဆိုတာက သတို့သားဘက်က ယူလာတာပါ တဲ့ ။ အုပ်ထဲမှာ ဆန် စပါး ၊ ကျောက်သံပတ္တမြား စတဲ့ တင်တောင်းမဲ့ ပစ္စည်းတွေ ထည့်လာရပါတယ်တဲ့ ။

အုပ်ဖလှယ် ဆိုတာက သတို့သမီးဘက် က ပြန်ပေးရတာပါ ။ အုပ်ထဲမှာ အချိုသကာထည့်ပြီး အချိုသကာ ပျိုကညာကို ပြန်ပေးပါတယ် ပေါ့လေ ။

မိန်းကလေး အိမ်ဘက်မှာ ကိုယ်ဝန်ဆောင် တစ်ယောက်ယောက် အိမ်မှာ ရှိနေခဲ့ရင်တော့ အုပ်တင်ပွဲ မလုပ်ရဘူးလို့ ပြောပါတယ် ။ 

မုံရွာ ဘက်မှာတော့ အုပ်ပွေ့သူ ၊ အုတ်ဖလှယ်သူတွေဟာ လူပျို ၊ အပျို ဖြစ်ရပါမယ် တဲ့ ။

 တောင်းတဲ့ အချိန်မှာ သတို့သမီးလေးက အပျို စင်လေးဆိုရင် အုပ်ကို အဖုံးပိတ်ပြီး တင်ရပါတယ်တဲ့ ။ တကယ်လို့ သတို့သမီးဟာ လူငယ်တို့ဘာဝ အယင်ခိုးပြေးကြပြီးမှ မိဘတွေက စေ့စပ်ဘို့ သွားတာဆိုရင် တော့ အုပ်ကို အဖုံးဖွင့်ပြီး တင်ရပါတယ်တဲ့ ။

သေချာမသိတဲ့ အကြောင်းတွေကို ပြောပြပေးတဲ့ ညီမလေး ၀တ်ရည်ထွန်း ကို ကျေးဇူးပါနော် <3 p="p">

           မယ်သံ တို့တုန်းက တော့ အုပ် ကို သတို့သားဘက်က အုပ်ထိန်းသူ က ပွေ့လာပြီး ၊ အုတ်ဖလှယ် ကတော့ အိမ်ဘေး အိမ်က အမကြီးပါ ။ နှစ်ဘက်လုံး အိမ်ထောင်သည်တွေပါ ။ နေရာကွာသွားလို့ အလေ့ မတူတာလား မသိပါ။ အဲဒီ ဓါတ်ပုံတွေ လဲ ဘယ်ရောက်နေမှန်း မသိတော့ ၊ နောက်မှ ပြန်တွေ့ရင်  တင်ပေးပါမယ် နော် ။

         မှတ်မိသလောက်ကတော့ သူတို့ဘက်က အဖွားရယ် ၊ အဖွားက ငှက်ပျောပွဲလားမသိ ရွက်လို့ ( သနားပါတယ် နော် အလေးကြီး) ၊ နောက်က တယောက်က ဖျာ ရွက် ၊ နောက်က တယောက်က အ၀တ်အစား အုပ် ၊ နောက် မုန့်၊လဘက် အုပ် ၊ နောက်တယောက် ဆန်အုပ် ပြီးမှ သူ့မိဘတွေ နဲ့ နောက်ဆုံးက သတို့သား ပါ ။ မယ်သံတို့ကလဲ တအုပ်ကြီး ကြိုကြတာ ၊ သပြေပန်းတွေ ငွေပန်းတွေ နဲ့ သူတို့ပေးတဲ့ အုပ်ကို ယူလိုက် ပန်းပြန်ပေးလိုက်နဲ့ ။

နောက်ဆုံးက မယ်သံ ပေါ့ ။ သူ့ဗိုက်သူ သိပ်ဆာမှာ စိုးရိမ်တဲ့ အငတ်တိုင်းပြည်မှာ သေပြီး လူပြန်ဖြစ်လာတဲ့ သတို့သမီး ဟာ လူတွေစုံလာရင် ဧည့်ခံရတာနဲ့ စားချိန်မရရင် ဆာမှာစိုးလို့ အိမ်ပေါ်မှာ ကြိတ်တွယ်နေတုန်း ဗြုန်းဆို လာပြီ လာပြီ အော်သံကြားလို့ ပြေးဆင်းလာတဲ့ အခါ ခြေထောက်မှာ ဖိနပ်မပါသလို ၊ နှူတ်ခမ်းမှာလဲ ဆီတွေ ကွင်းနေပါသတဲ့ ။

ဘိသိတ် ဆရာ အလွန်အမင်း စကားကြောရှည်နေလို့ ပျင်းစရာ ကောင်းတာကလွဲရင် အဆင်ပြေပြေပါဘဲ ။ ငွေခွက်ထဲ နှစ်ဦးသားလက်နှစ်ပြီး ထားရတာ လက်ကို ကျဉ်နေတာပါဘဲ ။ ပြီးတော့ ဘိသိတ်ရေဖြန်း ၊ ပန်း နဲ့ ဆန်ပန်းပေါက်ပေါက် ကျဲသေးတယ် ခင်ညာ ။

( ဒီနေရာမှာ ကြုံတုန်းပြောရရင် အဲဒီဘိသိတ်ဆရာက လဘက်ရည်ဆိုင် ဖွင့်ထားတာပါ။ နောက်နေ့ မင်္ဂလာဆောင်နေ့မှာ သတို့သမီးမိတ်ကပ်ပြင်တာ ကြာလို့ သတို့သား လဘက်ရည်ဆိုင် ၀င်ထိုငြ့်ပီး လဘက်ရည် နဲ့ ပဲနံပြား မှာ စားတော့   သူ့ကိုကြည့်ပြီး မြင်ဖူးတယ် လို့မေးတော့ သတို့သားပါ ခညာ လို့ ပြန်ပြောတော့ မျက်လုံးပြုးပြီး ပြန်တော့ ပွဲကိုသွားတော့ လို့ဆူလွှတ်သတဲ့။ အဟုတ်ဘဲ မယ်သံတို့ ရောက်သွားချိန် မနက် ၇နာရီ ခွဲ မှာ လူ ၅၀ ကျော် ရောက်နေကြပါပြီ ။ )


ကဲ ရန်ကုန် ပုံတင်မလို့ဟာ စလေ အကြောင်းက မပြတ် ၊  ရန်ကုန်မင်္ဂလာဆောင် အကြောင်း မြန်မြန် ဖြတ်လိုက်မယ် လာလေရော့.............


ဟုတ်ကဲ့ ....
          မင်္ဂလာဆောင် မတိုင်ခင် လာကြတဲ့ အမျိုး ပရိတ်သတ်များနဲ့ အခန့်မသင့် စိတ်မကြည်မလင် မရှိစေချင်းငှာ တနင်္ဂနွေ မင်္ဂလာဆောင်မှာ သောကြာနေ့အထိ ရုံးတက်ပြီး စနေနေ့မှာ မနက်ထဲက အိမ်ကထွက်ပြီး ဗိုလ်ချုပ်ဈေးသွား ၊ စားသောက် ၊ ရုပ်ရှင်ကြည့် ၊ ၀ိုင်ကေကေအို ကြေးအိုးစား  ၊ ၃၈ လမ်း ပန်းဆိုးတန်း ပတ် ၊ ဆံပင်ညှပ်ဆိုင်သွား ခေါင်းလျှော် ၊ အနှိပ်ခံ  မျက်နှာဆေး ပေါင်းတင် အစရှိတာတွေ လုပ်ပြီးတာတောင်မှ ညနေ ၅ နာ၇ီဘဲ ရှိသေးလို့ ၃၈ လမ်း ညဈေး ထပ်ပတ် နဲ့ အိမ်ကို ၉ နာရီ မှ ပြန်ပြီး အိပ်ပါတယ် ။

          ပုံမှန် အချိန်အတိုင်းဘဲ အိပ်ယာက ထပြီးတော့ ခါတိုင်းလို ဘရိတ်ဖတ်စ် အတွက် ပျာနေအောင်မပြင်ရဘဲ အေးဆေး နေရပါတယ် ။ ခနနေတော့ မိတ်ကပ်ပြင်မဲ့အကူတယောက်လာပါတယ် ၊ ကိုမာက နောက်ကလိုက်လာပါမယ်တဲ့ ။  သူကလဲ အောက်ခံလေးကို ရွှတ် ဆို လိမ်းပေးပြီး ဆံပင်ကို အပေါ်မှာ စုပြီး ကြက်တောင်စည်းပေးထားပါတယ် ။ မတင်းကျပ်ပါဘူး သက်သက်သာသာလေးပါဘဲ ။

          ခန နေ ကိုမာရောက်လာ အပေါ်မှာ မိတ်ကပ် အရောင်တင် ၊ ဆံပင် ကို ပုံဖော် ပန်းကပ်ပန်ပေြး့ပီး ပြီးသွားပါတယ် ၊စိတ်အထင် နာ၇ီဝက်မကြာပါဘူး ။ ဘာလိုသေးလဲ မေးလို့ မှန်ကြည့်လိုက်တဲ့အခါ စိတ်တိုင်းကျ ကျေနပ်ပါတယ် ။ မနက်အစောကြီးထပြီး ၂နာရီကျော်ကြာအောင်ပြင်ရတဲ့ စလေ က မိတ်ကပ်သမားကို သတိရမိပါတယ် ။ ထွက်လာတော့ မိတ်ကပ်ထူလပျစ် နဲ့ အညာနေပူပူမှာ နေရခက်လှပါတယ် ။


ရန်ကုန် က ပုံလေးတွေပါ ။




































          မယ်သံ တို့ နှစ်ယောက်ရဲ့ မင်္ဂလာဆောင်လေးဟာ  နှစ်ဖက်မိဘ ဆွေမျိုး မိတ်ဆွေ တွေ ရဲ့ ကျေနပ်ခြင်း ၊ ကိုယ်တိုင် နှစ်ဦး ကျေနပ်ခြင်း ၊ ကိုယ့်ဝန် ကိုယ့်အား နဲ့ တတ်နိုင်သလောက်လေးဘဲ  လုပ်ခဲ့တာမို့ Stress မများဘဲ သာသာယာယာ ပြီးဆုံးသွားခဲ့ပါတယ် ။

သူများတွေ လို တသက်မှာ တခါ ဆောင်ရတာမို့ ဟိုလို လုပ်မယ် ဒီလို လုပ်မယ် ဆိုပြီး အားတက်သရော တွေးတော စဉ်းစားပြီး မလုပ်ခဲ့တာမို့ ရိုမန်းမတစ်ဘူး ဆိုချင်ဆို ဒီလို နှစ်ကိုယ်ဘ၀ အစပြုချိန်မှာ တဘက် နဲ့ တဘက် စိတ်မကွက် စိတ်မထင့်ဘဲ အေးအေးဆေးဆေး သာယာ ပြီးဆုံးသွားခဲ့တာဟာ ကျေနပ်စရာဘဲ မဟုတ်ပါလားရှင် ။


ရေရှည် လက်တွဲပြီး အကောင်း အဆိုး မှန်သမျှ  အတူရင်ဆိုင်ရမဲ့ အကြောင်းတွေ အများကြီး ရှိနေသေးတာမို့ နှစ်ကိုယ်တူ ဘ၀ စကြတော့မဲ့ မောင်မယ်များ စ လုံးရေ စ ကြမဲ့ ဒီကာလ မှာ Energy တွေ အများကြီး မဖြုန်းမိစေဘဲ နှစ်ဦး နှစ်ဖက် ကျေနပ် သာယာ အေးချမ်း ပျော်ရွှင်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါတယ် ရှင် ။

20 comments:

  1. ဟင် အခုမှ တင်တာလေ..ဖတ်လိုက်သေးလား ငှင် ....:P

    ReplyDelete
  2. really nice writing n marriage style,

    u r so beautiful make up n dress

    ReplyDelete
    Replies
    1. ဘယ်သူမှန်း မသိရေ ကျေးဇူး...:D

      Delete
  3. ပေးတဲ့ဆုနဲ့ ပြည့်ပါရစေရှင် :P :P

    ပိုးပိုး

    ReplyDelete
    Replies
    1. ပြည့်ပါစေ..ပြည့်ပါစေ မယ်ပိုးရေ..

      Delete
  4. တကယ်ကိုပဲပြီးပြည့်စုံတဲ့ဘ၀လေးပါမမရေ ..
    ပျော်စရာလေး..

    ဂျာရစ်

    ReplyDelete
    Replies
    1. ပြီးပြည့်စုံ တဲ့ ဘ၀ ဆိုတာ မရှိပါဘူး ဂျာရစ် ရယ် ..ကျေးဇူးပါနော်..

      Delete
  5. မမမယ်သံ...:D

    ဖတ်လို့ကောင်းတယ်...ရိုးရှင်းသော မင်္ဂလာပွဲလေး အကြောင်းကို သဘောကျပြီး တစ်ပြုံးပြုံးနဲ့ဖတ်သွားတယ်။

    သာယာပျော်ရွှင်သော အိမ်ထောင်သုခ ကို သားသမီး မြေးမြစ်တွေနဲ့သက်ဆုံးတိုင် ခံစားနိုင်ပါစေ အမ။

    နောင့်

    ReplyDelete
    Replies
    1. ကျေးဇူးပါ နောင့် ...:D

      Delete
  6. သတို့သမီးလေးက မင်းသမီးလေးလိုပဲ ချစ်စဖွယ်.... <3

    ReplyDelete
    Replies
    1. တဂယ် လားဟင် အမသက်ဝေ ..
      ကြာခဲ့ပါပြီလေ...:D
      ကျေးဇူးပါ အမ။

      Delete
  7. ကျက်သေ၇ မင်္ဂလာအပေါင်း နဲ့ ပြည့် စုံတဲ့...စုံတွဲလေး ပါဘဲ..
    Theint

    ReplyDelete
    Replies
    1. သိမ့် ဂယ်ကြီးလားဟင် ..ဘာစားမလဲ ကျွေးဦးမှာ..:D

      Delete
  8. အဲဂလို ပျော်စရာ အကြောင်းလေးတွေကို အမြဲတွေး အမြဲရေး စေချင်ပါတယ် မမယ်သန်ခင်ဗျား၊ FB မှာရော ပြောတာပါ။

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
    Replies
    1. ရေးချင်တာပေါ့ ကိုသီဟသစ်ရယ် ..အမြဲပျော်အောင်ထားဘို့ ကိုချစ်မောင်ကြီးကို ပြောပေးပါဗျာ..:D

      Delete
  9. ကူးကူးလှိုင်November 13, 2012 at 3:34 PM

    နှစ်ဦးနှစ်ဘက် ကျနပ်စွာနဲ့ပြီးမြောက်သွားတဲ့ ရိုးရှင်းတဲ့ မင်္ဂလာပွဲလေးကို အားကျသွားရပါတယ်...

    ReplyDelete
    Replies
    1. တို့လည်း အားကျသွားတယ်.. တို့အလှည့်ကျလည်းအဲ့လိုလေး ဆောင်မယ်...((ဟမ်))
      ဟိဟိ
      ရန်ကုန်ကပုံမှာ ပိုလှတယ်..မယ်သန်....။ အရောင်ကလည်း နာကြိုက်တဲ့အရောင်ပဲ


      pifpif

      Delete
    2. စင်စင် နဲ့ တို့နဲ့ အကြိုက်ချင်းတူတယ် ။ အဲလို ဆောင်ရင် ဖိတ်အုံးနော်..:D

      Delete
    3. ကူးကူး ရေ လာဖတ်တာ ကျေးဇူးနော်..:D

      Delete
  10. မင်္ဂလာဆောင်တဲ့အခါ သူ့ဓလေ့ထုံးစံနဲ့သူ လုပ်ကြပုံလေးတွေ ဖတ်ရတာ မှတ်သားစရာလေးတွေပါလား သန္တာရေ။
    မြေလတ်သားကိုရည်စားထားပြီး လက်ထပ်ခဲ့တုန်းက အိမ်ဦးသခင်က တီတင့်ကိုမေးတယ် 'ဘယ်လောက်တင်တောင်းရမလဲ' တဲ့။
    အဲဒါကိုနားမလည်လို့ ပြန်မေးခဲ့ဘူးတယ်။ သတို့သမီးလေးချစ်စရာ သတိုးသားက အခုပိုချောတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete