[X] Choose Font Here

Showing posts with label မိသားစု. Show all posts
Showing posts with label မိသားစု. Show all posts

Saturday, July 13, 2019

ချစ်ခြင်း၏ အပိုင်းအစများ (၃)

ကိုချစ်မောင် တစ်ယောက် သဲအင်းဂူ တရားစခန်းက ပြန်လာပြီးနောက် ဒေါ်မယ်သံတို့ တရားစခန်းဝင်ရေး သူ့အ ရေး ဖြစ်လာပါတယ် ....

ပထမဆုံး ဆွဲဆောင်တာက LV အိတ်နဲ့ပါ ။ ဒေါ်မယ်သံတို့ သဲအင်းဂူ တရားစခန်းဝင်မယ်ဆိုရင် LV အိတ်ကြီးဝယ်ပေးမှာတဲ့ 😍🤫😝
ကိုယ့်မယ် မိတင်းတွေ တောင် မှ အေဖိုးထည့်လို့ရတဲ့ ဂျပန်ဟုမ်းက ၅.၉၀ တန် တွေ ဒီဇိုင်းအစုံနဲ့ သွား နေတာ သူ မသိရှာဘူး ရယ်၊ မိန်းမ ဘာကြိုက်တတ်မှန်း သူမသိတဲ့ အမှူ နဲ့ တင် ပြသနာ အ တော်ကြီးနေပြီဟာကို တရားစခန်းဝင်စရာလား လို့ ကော လိုက်တော့ LV တစ်ခန်းရပ် သွားပါလေရောလား 😂🤣🤗



ည နေ တွေဆိုလည်း ရုံးကိုအချိန်မှန်လာကြို ပြန်တယ် ။ ခက်တာက ကိုယ်တို့ QS တွေဆိုတာကလည်း ရုံးဆင်းလို့မှ အိမ်ကို ပြန်တတ်ကြတဲ့ သူတွေမဟုတ်ဘူး ။ သူ လာကြိုတော့ လည်း ပြန်ကလည်းပြန်ချင် အလုပ်ကလည်းမပြီးသေး နဲ့ စိတ်ဇောကပ်ပြီး ပြန် ဟော ကားပေါ်လည်းရောက်ရော သဲအင်းဂူ တရားခွေ ဖွင့်တော့တာပဲ ။ သူ့အကြံအစည်က ကားပေါ်မှာ ငြင်းမရ ခုန်ချမရ ဒီတရား နာဖြစ်တယ်၊ တရားနာရင်း က တရားနဲ့ ပိုရင်းနှီးပြီး စိတ်ပါ လာလိမ့်မယ် ထင်ရှာတာ .... အော် ဒုက္ခ ဒုက္ခ ပေါင်းလာတာ ဆယ့်ငါးနှစ်တိုင် ဒီမိန်းမအကြောင်း မသိတာများ 😌😌😇😔


နောက်တမျိုး လာသေးတယ် သူ့ရဲ့ နှစ်နာရီကြာ ပုံမှန်တရားထိုင်ချိန်ကို ဒေါ်မယ်သံက စ နေသမီး မို့ စ နေ နေ့မနက် တိုင်း လေးနာရီကနေ ခြောက်နာရီ သတ်မှတ်ပြီးထိုင်တယ် ။ မင်း လည်းနာရီဝက်လောက်ရလည်း မဆိုးဘူး ငါးနာရီခွဲလောက် တော့ အိပ်ယာထပြီး ခြောက်နာရီလောက် ထိ ထိုင်ပါကွာဆိုပြီးတော့ 🥰 ကိုယ့် မွေးနေ့လေး သူက တကူးတက တရားထိုင်ပေးမယ် ဆိုတော့လည်း ကိုယ်လည်း လိုက် ထိုင်မလို့ ကြံစည်ပါသေးတယ် မယ်ဟေမာလေးက မေ မေ မီးမီး နဲ့ အတူတူ အိပ်ကျန်ခဲ့ဆိုပြီး ဖက် ထားတော့ မခက်ဘူးလား (ဆင်ခြေ တွေ ဆင်ခြေ တွေ)
သူက တော့ စ နေ နေ့တိုင်း မနက် အ စော ထပြီးထိုင်ဖြစ်ပါတယ် ။


အခုတော့ မင်းမ ကြိုက်တဲ့ ဘီယာ အရက် လုံးဝမသောက်တော့ဘူးဆိုပဲ ၊ ဘုရား ဘုရား ကိုယ်က ဘီယာအရက်သာ မကြိုက်တာပါ အမြည်းတော့ ကြိုက်တယ်လေ ဟင့် ၊ အဲလို နဲ့ သူ မ သောက်တာ ဂျူလိုင် ၁၅ ရက်ဆို တစ်လပြည့်တော့မယ် ။ ကိုယ်လည်း ဘူး တစ်လုံးဆောင် တ ဘူး ထဲ ဘူးနေရာက အခုတော့ သဲအင်းဂူ တရားတွေ စပြီး နာနေပါပြီ လို့ ( တခါမှ တော့ တစ်ပုဒ်လုံး သေချာ စိတ်နှစ်ပြီး မနာဖြစ်သေးပါဘူး )


သူက တော့ ဒီနှစ် ဒီဇင်ဘာ မှာ သဲအင်းဂူ အ ချောသပ်တရားစခန်း ၀င်မယ်ဆိုပြီး စာရင်းသွင်းထားတယ် ။
ဆံပင်လေး တထွာလောက်ဖြတ်ရမှာတောင် မဖြတ်ချင်တဲ့ မယ်ဟေမာလည်း သူ့ ဖေ ဖေ အ ပြောကောင်း လို့ နောက်နှစ်သီလရှင် ၀တ်မယ် ဆိုပါလား 👏👏👏


အော် ကချစ်မောင် ကချစ်မောင် ကိုယ် သွားမယ့်လမ်းကို ပေါ့ပေါ့ပါးပါးဖြောင့်ဖြောင့်တန်းတန်း မသွားဘဲ ဘေးတိုက် အီးရောဆွဲနေတဲ့ ဒီ ဒ ရွတ်တိုက်မကြီးကို ဆွဲခေါ်ချင်သေးတာ ၊ အချစ် တွေ အချစ်တွေ 🥰😘😍

Sunday, May 12, 2019

ချစ်ခြင်း၏ အပိုင်းအစများ (၂)

ညက ကိုယ်တို့နှစ်ယောက်အပြင်သွားပြီး အပြန် ညဥ့်နက်တယ် ။ ပြန်ရောက်တော့ သမီးလေးက အိပ်နေပြီ ။ ရေချိုးခန်းဝင်ပြီး အ၀တ်အစားလဲပြီး ကိုချစ်မောင်ကို ကြည့်လိုက်တော့ အိပ်ယာပေါ်မှာ ထိုင်ပြီး သမီး မျက်နှာကို ကိုင်နေတာ တွေ့ တယ် ....🤫🤭
မယ်သန် ။ ။ တော့ ကချစ်မောင် ဘာလုပ်နေတာတုန်း ၊ အ၀တ်အစားမလဲ ဘာမလဲ နဲ့ က လေး မျက်နှာကို သွား ကိုင်နေပြန်ပြီ ၊ က လေး သူ့ဘာသာ အေးအေးဆေးဆေး အိပ်ပါစေ လား .....
ကချစ်မောင် ။ ။ အော်..ဒီမှာ မ တွေ့ဘူးလား သမီးလေး အိပ်နေတာ မျက်ခုံးကြီး ရှုံ့ နေတာ ၊ အဲဒါဆို အိပ်နေရင်း နဲ့ အိပ်မက်တွေ ဘာတွေ မက်နေတာ ဖြစ်နိုင်တယ် ၊ ဒါမှ မဟုတ် အိပ် နေ ရင်း စိတ်ကြီး တင်းထားတာ လည်း ဖြစ်နိုင်တယ် ။ ဒါဆို sound sleep မဟုတ်တော့ဘူး အိပ်နေလည်း relax မဖြစ်ရင် က လေးက မနက်နိုးလာရင်လည်း မကြည်ဘဲ နေမှာစိုးလို့ သူ့မျက်ခုံးလေးတွေကို ဆွဲဖြန့်ပေးနေတာ ..😶
ဒါမျိုး တစ်ခါမှ မစဉ်းစားဖူးတဲ့ ဒေါ်မယ်သန် တို့ speechless ပါပဲ ။ ဂ လောက် အရိပ်ကြည့် ချစ်နိုင်သူတွေ တသက်လုံး ချစ်နိုင်ကြပါစေ တော် 😍😏

Friday, July 22, 2016

သူ့အကြောင်း ကိုယ့်အကြောင်း အချစ်တို့အကြောင်း ( ၂ )

အတိတ်ဆိုတာ ပြန်အောင်းမေ့နေရမယ် မဟုတ်ဘူးဆိုပေမယ့် ဖြတ်သန်းလာခဲ့တဲ့ ဘ၀မှာ ဖြစ်ပျက်ခဲ့သမျှကိုတော့ မေ့မပြစ်ဘဲ သင်ခန်းစာယူစရာရှိ ယူထားရမယ်မဟုတ်လား။ ပြောရရင် အတွေ့အကြုံနဲ့ ၀မ်းစာဖြည့်ထားတဲ့သဘောပေါ့ ။ ဘ၀ ကို ဖြတ်သန်းခဲ့ရာမှာ ကံကောင်းစွာနဲ့ အားလုံးအဆင်ပြေပြေ ချောမွေ့ခဲ့တာမျိုးမဟုတ်ဘူးဆိုတော့ ပြန်သတိရရရင် နာကျင်ရတာတွေလဲ ရှိတာပေါ့လေ ။
 
အသက်လေးဆယ်ကို သုံးပိုင်း ပိုင်းမယ်ဆိုရင် မိဘရဲ့ အရိပ်အောက်မှာနေခဲ့ရတဲ့ ဘ၀ရယ် ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် ကိုယ့်လမ်းကိုယ်ထွင်ခဲ့ရတဲ့ ဘ၀ရယ် ၊ အိမ်ထောင်ကျပြီးနောက် ခရီးတခုကို အဖော်နဲ့ အတူတူဆက်လျှောက်နေရတဲ့ ဘ၀ ရယ် လို့ ပိုင်းခြားပြီး အမှတ်ရစရာတွေ ကို ရေးထားခဲ့ချင်ပါတယ် ။
 သမီးလေး ကြီးလာလို့ သူ့ မေမေ မရှိဘူးဆိုရင်လည်း မေမေ့ ဘ၀ ကို သိစေချင်လို့ပါ ။ သမီးလေးသာ မြန်မာစာ မဖတ်တတ်ဘူးဆိုရင် တော့လည်း မတတ်နိုင်ဘူးပေါ့လေ ။ 
 
အသက်လေးဆယ်မှာ မှန်းထားသလို မဖြစ်တာတွေ ထင်ထားသလိုမဖြစ်တာတွေကို အကြိမ်ကြိမ်ကြုံလာရတဲ့အခါမှာ ဘာကိုမှ အသေတွက်မထားတတ်တော့တာလည်း ဘ၀ ကနေ သင်ယူခဲ့တာတွေပါပဲ .............။ 
 
 
ဒီနေ့ညမှာ ကျမ အမျိုးသားနဲ့ သမီး တို့ရဲ့ အားပြိုင်မှူအကြားမှာ စိတ်မောခဲ့ရတဲ့အတွက် အတိတ်က ကိုယ့်အဖြစ်နဲ့ ပြန်တွေးစဉ်းစားမိတာပါပဲ ။ နှစ်ယောက်လုံးဟာ ကျမ ချစ်တဲ့သူတွေမို့ ဘယ်သူ့ဘက်မှ မလိုက်ပဲ ဘေးကနေ အသာကြည့်နေမိတယ် ။ ဖအေ နဲ့ သမီး သူတို့အချင်းချင်းလဲ ချစ်ကြတဲ့ သူတွေမို့ ဘာမှဝင်မပါပဲ စိတ်အေးသွားအောင် အသီးတပွဲသာပြင်ကျွေးလိုက်ပါတယ် ။
 
 
 
 
 
 
 
 
 
 
 
လမ်းတစ်ခုကို သွားမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန် နဲ့ သက်သက်သာသာသွားချင်တယ်ဆိုရင်တော့ အရင်ဆုံး ပန်းတိုင်ကို အရင်ရွေးချယ်ရမှာဖြစ်သလို ပန်းတိုင်သိပြီဆိုရင်လဲ ဘယ်လိုသွားမယ်ဆိုတာ အရင်ကြည့်ထားတွေးထားရမှာပါ ။ နောက် လမ်းမှာအဆင်ပြေဖို့ လိုအပ်တဲ့ဝမ်းစာလဲ ဖြည့်သွားရပါမယ် ။
 
 ဒါပေမယ့် ဘယ်အရာကမှ မသေချာဘူးဆိုတာကို လဲ မေ့မထားရပါဘူး ။ ဘာကိုမှ ပုံသေပြောလို့မရဘူး မဟုတ်လား ။ 
 
သမီးလေး ကို ဘာဖြစ်စေချင်သလဲ ဆိုရင်တော့ ကျမ အဖြေက ရှင်းပါတယ် ။ သမီးလေး အသက်ရှည်ရှည် ကျန်းကျန်းမာမာနဲ့ ဘ၀ ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားစေချင်တာပါပဲ ။ 
 
အဲဒီအတွက် ကျမ ကလဲ တတ်နိုင်သလောက် ဖြည့်ဆည်းမယ် ။ ဖြည့်ဆည်းမယ် ဆိုတဲ့နေရာမှာ ကျမ အတွက်လဲ ၀န်ထုတ်ဝန်ပိုး လဲ မဖြစ်ချင်ဘူး ။ ဒီနေရာမှာ သူများ အမေ တွေနဲ့ ကွာမှာပါ ။ ကျမ လဲ ကျမရဲ့ ကိုယ်ပိုင်ဘ၀ ကိုတော့ ဒီလူတယောက်ထဲ အတွက်ရယ်သာ အစအဆုံး ဖြည့်ဆည်းဖို့တော့မဖြစ်ချင်ပါဘူး ။ သားလေး ဆုံးသွားတဲ့အခါ ဘယ်လောက်ဝမ်းနည်းနေပေမယ့် သူနဲ့ အတူ လိုက်သေဖို့ တခါမှ မတွေးမိပါဘူး ။ အဲ့ဒါနဲ့တင် လူတွေဟာ ကိုယ့်ဘ၀ နဲ့ကိုယ်၊ သူများကို ချစ်တယ်ဆိုတာ လဲ အကန့်အသတ်ရှိတယ် လို့ သဘောပေါက်ခဲ့ပါတယ် ။ 
 
သမီးဖေဖေ ကိုတော့ စင်္ကာပူမှာ နေတဲ့ကလေး၊ နောက်ပြီးတော့ ကိုယ်တွေနဲ့ ညမှသာတွေ့ရပြီး တနေကုန် စင်္ကာပူ အသိုင်းအ၀န်းမှာ နေရတာ သုံးနှစ်လောက် ရှိနေပြီဖြစ်တဲ့ ကလေးတစ်ယောက်ကို ကိုယ်တသက်လုံး အသားကျနေခဲ့တဲ့အလေ့အထနဲ့ နှိုင်းယှဉ်ပြီး တော့ အားမလိုအားမရ မဖြစ်သင့်ဘူး ဆိုတာာကိုတော့ သတိလေး ထားစေချင်ပါတယ် ။ 
 
 စင်္ကာပူရဲ့ ဓလေ့တွေ အလေ့အထတွေ နဲ့ ရင်းနှီးစေချင်လွန်းလို့ အိမ်မှာ ထိန်းပေးမယ့်သူ ရှိနေပေမယ့် တနေကုန် ကျောင်းမှာ ထားပြီး ဒီက အကျင့်တွေ ကို စကျင့်သုံးလာမှ လက်မခံနိုင်ဘူးရယ်လို့ မိဘဆိုတဲ့ ဗီတိုအာဏာသုံးမယ်ဆိုရင်တော့ ကိုယ်ဖြစ်စေချင်တဲ့ အနေအထား ကနေပိုပြီး ဝေးလာမှာပဲ လို့ လဲ တွေးမိတယ် ။ 
 
ကိုယ်ကဖြစ်စေချင်တာကို ကိုယ်ဖြစ်စေချင်တဲ့ပုံစံမျိုး ကို ကိုယ်တိုင်ကျင့်သုံးပြပြီး မေတ္တာသက်သက်နဲ့သာ ဆက်ဆံစေချင်တာပါပဲ ။ အဆိုး အကောင်းကိုတော့ သူတို့ကိုယ်တိုင်သာ ဆုံးဖြတ်ရွေးချယ် ကျင့်သုံးသွားကြရမှာပဲ ဖြစ်ပါတယ် ။

Sunday, October 27, 2013

နေ့ဆွမ်းအလှူ ( ၂၀.၁၀.၂၀၁၃ )

သူများအိမ်က ဘုန်းကြီးဆွမ်းကပ်အလှူကို သွားပြီးတော့ အိမ်ကလောင်တော်မင်က ချဉ်ခြင်းတပ်ပါတယ် ။ တို့လဲ နေ့ဆွမ်းကပ်ချင်တယ်ကွာ တဲ့ ။ ကျမတို့အိမ်မှာ ခနခနဆွမ်းကပ်ဖြစ်ပေမယ့် အာရုံဆွမ်းပဲ ကပ်ဖြစ်ပါတယ် ။ အာရုံကို ကပ်တော့ ထမင်း မဟုတ်ပဲ မုန့်ဟင်းခါး ၊ မုန့်တီ ၊ကြာဇံဟင်းခါး စတာတွေကို ကပ်ရတော့ နေ့ဆွမ်းလို ဟင်းအတွဲအစပ်တွေအများကြီး စဉ်းစားစရာမလိုတဲ့အပြင် အာရုံဆို မိတ်ဆွေတွေလဲ မလာနိုင်တာများတော့ ဘုန်းကြီးစာ နဲ့ အိမ်ကလူတွေအတွက်တင် တပိုင်တနိုင်စီစဉ်ရတာ ဆိုတော့ မပင်ပန်းဘူးပေါ့ ။
ဒီတစ်ခါတော့ နေ့ဆွမ်းအလှူဆိုတော့ အိမ်နီးနားချင်းတွေရယ် မိတ်ဆွေတွေရယ် ကို တရားနာဖိတ်မယ်ဆိုတော့ သူတို့အတွက်အကျွေးအမွေးကိုပါ စီစဉ်ရပါတယ် ။

ဘုန်းကြီးကိုတော့ ပင့်နေကျ တိုပိုင်းရိုးကျောင်း ကိုပဲ ဖုန်းဆက်ပြီးပင့်လိုက်ပါတယ် ။ ၂၀ ရက်နေ့ က ကျမ အလုပ်မှာ ကလိန်းတင်တဲ့ရက်မို့ ၂၇ ရက်နေ့ကိုလုပ်မယ်ဆိုပြီး ဘုန်းဘုန်းကို လျှောက်လိုက်တဲ့အခါမှာ ၂၇ ရက်နေ့က တိုပိုင်းရိုးကျောင်းကထိန်မို့ ၂၀ ရက်နေ့ကပ်ပါလားလို့ ဘုန်းဘုန်းက မိန့်တော့ ကဲလေ အဲဒီရက်ပဲ ကပ်လိုက်မယ်ပေါ့ ။ နည်းနည်းပင်ပန်းလဲ ပင်ပန်းပါစေ ဆိုပြီး ၂၀ ရက်နေ့ကို အတည်ပြုလိုက်ပါတယ် ။

ချဉ်ခြင်းတပ်တဲ့ အိမ်ကကိုယ်တော်က အဲဒီရက်တွေ ဂျူရောင်းအိုင်လန်မှာ နားရက်ပါ အလုပ်လုပ်ရမယ်ဆိုတော့ အလှူအတွက်ဈေးဝယ်ဖို့ကအစ သူ့ဆီက အကူအညီမရနိုင်တော့ဘူးလို့ နားလည်ပြီး အိမ်က ညီမလေးနဲ့ ကိုယ်နဲ့ နှစ်ယောက်ပဲ လုပ်ရတော့မယ်လို့ အားမွေးထားပါတယ် ။
အရင်ဆုံး ဆွမ်းကပ်မှာနဲ့ လူတွေကျွေးဖို့ကို စာရင်းချရေးပါတယ် ။

ဘုန်းကြီး(၃) ပါး ဆွမ်းပွဲအတွက်

၁) သီးစုံချဉ်ရေ
၂) ငါးဖယ်သုတ်
၃) ခရမ်းချဉ်သီးချက်
၎)တို့စရာ
၅) ပုစွန်ဆိတ် နဲ့ ကညွတ်ကြော်

၆) ၀က်သားနီချက်
၇) ကြက်သားကုန်းဘောင်
၈) ပုဇွတ်ထုတ် ဆီပြန်

အချိုပွဲအတွက်
လဘက်
ငှက်ပျောစနွင်းမကင်း ၊ ပူတင်း
ကိတ်မုန့်
နဂါးမောက်သီးအနီ ၊ သခွားမွှေး ၊ နာနတ်သီး ၊ စတော်ဘယ်ရီ

ကော်ဖီ သို့ လဘက်ရည် ၊ ရေနွေး ။

နောက် မိတ်ဆွေများအတွက်တော့ မုန့်ဟင်းခါးပေါ့  ။ ဒါတောင် အိမ်ကလူက လူတွေကို ထောပတ်ထမင်း သို့ ဒန်ပေါက်စီစဉ်ပါလားကွာ နဲ့ ကဇွန်းပလိန်းတွေ ဘာတွေ လာပါသေးတယ် ။
ကိုယ်ကလဲ မုန့်ဟင်းခါးဆိုတော့ ရေရောလို့ ရတာပေါ့တော့ ဆိုပြီး ဗီတိုအာဏာ နဲ့ ပယ်ချပါတယ် ။

ဟုတ်ကဲ့ အခုမှ ဇာတ်လမ်းက စမှာပါ။
၁၅.၁၀.၂၁၀၃ က ဟောလီးဒေးပါ ။ မနက် ချက်ပြုတ် ဈေးဝယ်ပြီးတော့  မိဘတွေဆီကို ဖုန်းဆက်တော့ ၂၀.၁၀.၂၀၁၃ မှာ အလှူလုပ်မယ့်အကြောင်း ၊ မိတ်ဆွေတွေပါ ဖိတ်ကျွေးမယ့်အကြောင်း ပြောလိုက်ပါတယ် ။
အဲတော့ အမေ က သူများတွေတော့ ဖိတ်ပြီး သူတို့ကိုတော့ မဖိတ်ဘူးလားလို့ မေးပါတယ် ။
အမေ တကယ်လာချင်တာလားဆိုတော့ တကယ်လာချင်တာပေါ့ တဲ့ ။ ဒါဆိုလဲ ကြိုးစားကြည့်မယ်လို့ပြောပြီး သူတို့ ပတ်စ်ပို့တွေ နဲ့ ဓါတ်ပုံပို့ပေးဖို့ ပြောလိုက်ပါတယ် ။ အရေးထဲ အိမ်က ကိုယ်တော်က ဟောလီးဒေးမပိတ်ဘဲ ဂျူရောင်းအိုင်လန်ရောက်နေတာမို့ ဖုန်းခေါ်မရ ဘာမရ နဲ့ မို့ ခင်ရာမင်ရာ သူငယ်ချင်းကြီးကို အပူကပ်ပြီး လေယာဉ်လက်မှတ်ဝယ်ပါတယ် ။ နေ့လည် ၂ နာရီ ကနေ ၆ နာရီလောက်အထိ သူ့ခမျာလဲ မနားရတော့ပါဘူး ။
နောက်တော့ ဗီဇာ ရဖို့က အရေးကြီးတယ် ဗီဇာရမှ ၀ယ်ကြမယ်ဆိုပြီး လေယာဉ်လက်မှတ်ဝယ်တာကို ၇ပ်ထားလိုက်ပါတယ် ။
အိမ်ကလူပြန်လာတော့ အကျိုးအကြောင်းပြော ဗီဇာလျှောက်ခိုင်းပါတယ် ။ သူကလဲ ၀မ်းသာလို့ ကိုယ့်မိဘတွေလာမှာကို သမီးအရင်းထက် သူကပိုဝမ်းသာပါတယ် ။ ( ကျမရဲ့ ပွစိဗျစ်တောက်အသံတွေကို ပိတ်ပင်တားဆီးမယ့်သူတွေ လာတော့မှာကိုး )

အင်္ဂါနေ့ ညက လျှောက်တဲ့ဗီဇာဟာ ၄၂ နာရီအကြာ ကြာသာပတေးနေ့ ညနေ ၃နာရီခွဲမှာ ရပါတယ်။ ညနေ ၅နာရီ ရုံးဆင်းမှာ လေယာဉ်လက်မှတ်ဝယ်ပြီးပါတယ် ။ သောကြာနေ့ညနေ ထွက်ပြီးစင်္ကာပူကို ည ၁၁း၃၇ ရောက်မယ့် လေယာဉ်ပါ ။
ဒီလိုနဲ့ ဗြုန်းဗြုန်းဗျင်းဗျင်း နဲ့ သူတို့ရောက်လာပါတော့တယ် ။
ဒီရောက်မှ စကားပြောကြရင်း အမေ က သူတို့ ပင်စင်ယူပြီးထဲက ဒီလို အိမ်မှာ မိတ်ဆွေတွေ ဖိတ်ကျွေးပြီးမလှူဖြစ်တာမို့ ကျမ က လှူမယ် ဆိုတော့ လာချင်ကြောင်းကို ပြောပါတယ် ။
အဲတော့ မှ ဟုတ်တာပဲဆိုပြီး စိတ်မကောင်းဖြစ်သွားပါတယ် ။

တကယ်တော့ စလေမှာတုန်းကဆို တစ်နှစ်ကို အနည်းလေး ၃ ခါလောက်တော့ သူတို့ အလှူလုပ်ခဲ့တာပါ ။ နယ်ထုံးစံမို့ အလှူလုပ်တယ်ဆို ကိုယ့်အိမ်နဲ့တင်မပြီးပါဘူး နီးစပ်ရာ မိတ်ဆွေတွေ အဖေ့ စက်ရုံအသိုင်းအ၀ိုင်း အမေ့ ဆရာမအသိုင်းအ၀ိုင်းတွေ နဲ့ အိမ်မှာ အိုးကြီးအိုးငယ် ချက်ပြုတ်ပြီး လှူခဲ့ကြတာကိုး ။
ပင်စင်ယူပြီး ကျမဆီရောက်လာတော့ ငွေရေးကြေးရေး အခက်အခဲရယ် ၊ နောက် မိတ်ဆွေတွေကလဲ ဝေး ၊ရန်ကုန်ထုံးစံ အလှူလုပ်လဲ လာရသွားရခက်တာတွေကြောင့်မို့ အလှူလုပ်ချင်ပြီဆို ဘုန်းကြီးကျောင်းကိုသာ သွားလှူလိုက်တော့တာ ကိုး ။

ကျမ က မုန့်လုပ်တာဝါသနာပါတာမို့ အလှူနေ့မတိုင်ခင် စနေနေ့က မုန့်တွေ တစ်ဗန်းပြီး တစ်ဗန်း ဖုတ်နေတော့ အမေ့မှာ အံ့သြသဘောကျနေပါတယ် ။ ဘုန်းကြီးအတွက်က ဒါတွေ ဒါတွေ င်္စီစဉ်တယ်ဆိုတော့ သူ့မှာ ဟယ် အများကြီးပဲ ဆိုပြီး ကျေနပ်နေတာ ။ နယ်မှာ အလှူပေမယ့် ဟင်းအမယ်မယ် အများကြီးကို အလှူ့ရှင်ချည်းပဲ စီစဉ်စရာမလိုပဲ အိမ်နီးနားချင်းတွေရော တစ်ယောက်တစ်လက် လုပ်ကြ ၊ ဆွမ်းဟင်း တစ်အိမ်တစ်ပန်းကန် ပို့ကြဆိုရင်ကို အများကြီးဖြစ်လာတာကိုး ။
သူ့လက်ထက်မှာ မချက်ရ မပြုတ်ခဲ့ရတဲ့ သူ့သမီး ဟာ ဒီလို အများကြီးကို စီစဉ်ပြီး အဆက်မပြတ်လုပ်နေတာကိုပဲ သူ့မှာသဘောတွေကျနေတယ် ။

အလှူနေ့မှာတော့ ဘုန်းဘုန်း တို့က ဘာ့အတွက်လှူတာလဲ လို့ မေးတော့ ဘာကြောင့်မှ မဟုတ်ပါဘူး ၊ လှူချင်လို့ လှူတာပါဘုရားလို့ လျှောက်တော့ အဖေ ရော အမေရော သဘောတွေကျနေပါတယ် ။ တရားနာပြီးတော့ အဖေ နဲ့ အမေ့ကိုပဲ ရေစက်ချ ခိုင်းပါတယ် ။ ဒီအတွက် ကျမ မိဘတွေကို သူ့မိဘလိုပဲ ကျေကျေနပ်နပ်သဘောထားနိုင်တဲ့ ကျမရဲ့ အိမ်ဦးနတ်ကိုလဲ ကျေးဇူးတင်ပါတယ် ။ နောက် အိမ်နီးနားချင်းမိတ်ဆွေများကလဲ စုံစုံညီညီ လာရောက်ကြတာမို့ ဘုန်းဘုန်းတို့ကတောင် ဟာ ဒီတစ်ခါတော့ လူတွေအများကြီပါလားလို့ မိန့်ပါသေးတယ် ။
တရားနာပြီး ရေစက်ချ အမျှဝေ သာဓု ခေါ်ချိန်မှာ လူအများစု သံပြိုင်မို့ ကျယ်ကျယ်လောင်လောင် သာသာယာယာ နဲ့ ကျမ မှာ ကြက်သီးမွေးညင်းတောင် ထမိပါတယ်  ။

မေမေ က ကျမကို သမီး က မလှူခင်တုန်းကလဲ အားလုံးကို ကောင်းကောင်းစားစေချင်တဲ့စေတနာနဲ့ မမောမပန်းချက်ပြုတ်နေတယ် ။ ကုန်သွားမှာ ကိုမပူပင်မကြောင့်ကြပဲ ဘာလေးတော့ လုပ်လိုက်ဦးမယ် ၊ ဘယ်လိုလေးဆို ပိုစားကောင်းမယ်ဆိုတဲ့ စေတနာလဲ ရှိနေတယ် ။ လှူနေစဉ်မှာလဲ အဆင်ပြေရဲ့လား နောက်တစ်ခါဆို ဘာလေးတော့ထည့်လိုက်ဦးမယ်ဆိုတဲ့ စေတနာလဲရှိနေတယ် ၊ အားလုံးပြီးသွားတဲ့ အချိန်မှာလဲ ဟယ် ကုန်တယ်တော့ ၊ စားကြတယ်တော့ ဆိုပြီး ကျေနပ်ပီတိဖြစ်တဲ့ စေတနာရှိတယ် ။ ဒီစေတနာကြောင့် ဖြစ်တဲ့ပီတိ ကတင် အကျိုးကြီးပါတယ်လို့ ချီးမွမ်းပါတယ် ။ မေမေ့ ရဲ့ ဒီစကားနဲ့တင် ကျမ မောပန်းသမျှအတွက် ပြေပျောက်သွားပါတယ်။

မမျှော်လင့်ပဲ ဖြစ်မြောက်သွားတဲ့ ဒီအလှူမှာ မိတ်ဆွေဧည့်သည် များ လူ ၆၀ ထက်မနည်း လာရောက်ကြတာမို့ ကျမ တို့အပေါ်ခင်မင် အချိန်ပေးကြတာကို တကယ့်ကို ကျေနပ်ဝမ်းသာမိပါတယ် ။
ကျမ မှာ အိုးအကြီးမရှိလို့ မုန့်ဟင်းခါးဟင်းရည်ကို ကျအောင်မတည်နိုင်ခဲ့ပါဘူး ။ သည်းခံစားသောက်အားပေးကြတာကိုပဲ အားနာမဆုံးဖြစ်ရပါတယ် ။
(ဒါပေမယ့် အလှူပြီးချိန်မှာ မုန့်ဟင်းခါးရော ၊ ထမင်းဟင်းတွေရော အချိုမုန့်တွေရော လုံလုံလောက်လောက်နဲ့ အားလုံးကုန်သွားခဲ့ပါတယ် ။ )

ကျမ မိဘတွေ၊ မိတ်ဆွေတွေ နဲ့ စုံစုံညီညီ အလှူတစ်ခု ပြီးမြောက်ခဲ့တာမို့ ကြည်နူးပီတိ နှင့်အတူ ကျမ ရဲ့ အလှူကို ၀မ်းမြောက်စွာသာဓု ခေါ်နိုင်ကြဖို့ မျှဝေလိုက်ပါတယ် ရှင် ။

၃၁ ဘုံမှာ ကျင်လည်ကြကုန်သော သတ္တ၀ါအပေါင်းတို့ အယုတ် အလတ် အမြတ် မရွေး ကျမ ရဲ့ အလှူ မှ ကုသိုလ်များကို ထပ်တူ ထပ်မျှ ရကြပါစေလို့ ။
























Thursday, July 12, 2012

ကျန်းမာ ပါစေ ချစ်သော အမေ

ငှက်ကလေးတွေ စိုးစီစီ နေခြည်မိုးသောက်ပြီ

အိပ်ယာထက် မှ ကလေးများ ထကြပါတော့လား ။

စာကျက် စားသောက် ပြင်ဆင်ကွယ်
ကျောင်းကိုသွားရမယ်
စာရေး စာဖတ် စာသင်မယ်
ကြိုးစားကြရမယ် ။

သမီးတို့သားတို့ အတွက် ရယ်
မေမေ မနားရတယ်
ချက်ပြုတ် သိမ်းထုတ် အိမ်အလုပ်
နေ့စဉ် တော်တော် ရှူပ် ။
သို့ပါသော်လည်း မေမေ့မယ်
မမောအား ပေါင် ကွယ် ။

အဆင်သင့်ပြင် စားစရာများ
ကလေးတွေ စားဘို့ထား
သားတို့ သမီးတို့ စားကြတယ်
မေမေ ပီတိကြွယ်
ကလေးတို့ ရဲ့ အပြုံးများ
မေမေ့ အတွက် အား ။    ။

မနက်ဖြန် ဂျူလိုင် ၁၃ မှာ အမေ့ အသက် ၆၇ နှစ်ပြည့်ပြီ ။


ညနေ ရုံးဆင်းလို့ အိမ်ပြန်ပြီဆို ဒီနေ့ အိမ်မှာ ဘာတွေ ဖြစ်လို့ အမေ ကဘာတွေ ပြောမှာပါလိမ့် လို့ တွေးမိသည် ။ အိမ်ရောက် သည် နှင့် တနေ့တာ ရဲ့ အဖြစ်အပျက်တွေ ကို ခရားရေသွန် အဆက်မပြတ် ပြောတာ ကို နားထောင်ရမည် ။ အိမ်မှာက အဖေ နဲ့ သမီးလေး ဘဲ ရှိတာဆိုတော့ အဓိက ဒီနှစ်ယောက်အကြောင်းဘဲပေါ့ ။

 အဖေ နှင့်အမေ က တကျက်ကျက် ၊ အိုးရွဲ့ ကို စလောင်းရွဲ့ နဲ့ ဖုံး ရင်တောင် ဒီအရွဲ့ အစောင်း နှစ်ခု အံဝင် ဂွင်ကျ မှူ ကို ကျမ တို့ ကျေးဇူးတင်ရပါမည် ။ ဒီအံဝင် ဂွင်ကျ မှူကြောင့် အဖေ တို့ အမေ တို့ အိမ်ထောင်သက် ၃၉ နှစ် တိုင် ခဲ့ပြီး ကျမတို့ မောင်နှမ လဲ မိစုံဖစုံ ရှိနေခဲ့တာ မဟုတ်လား ။
တခါ တလေေ တာ့လဲ သူတို့ နှစ်ယောက် ကျမ ကို ပုဏ္ဏားတိုင်ထားကာ တယောက်အကြောင်းတယောက်  ပြောကြတော့ ဒီလောက်မကျေနပ်ကြ ဘဲ ဒီလောက်နှစ်တွေ ကြာအောင် အတူတူ နေနိုင်ကြတာ ကို ကျမ အံ့သြပြီး ပြောတော့ သား သမီးတွေ မျက်နှာထောက်လို့ ပေါ့ ဟု ဖြေသည် ။ ဒါလဲ ဟုတ်တာဘဲ ။
(ဒါပမဲ့ ကျမမီးဖွားတာ ကို စောင့်ရှောက်ဘို့ ရန်ကုန်လာ တုန်းက အဖေ က အမေ့ကို ကျမတို့ နဲ့ အတူနေခဲ့ ၊ သူက တော့ မကွေးအိမ် မှာ ပြန်သွားနေမည် ပြောတုန်းက အမေ က လှတင့်ရှိရင် ကိုလွင်ရှိရမယ် ၊ ကိုလွင်ရှိရာ လှတင့် နေမယ် ဟု ပြတ်ပြတ်သားသား ပြောတဲ့ စကားက ကျမတို့ကြား ရေပန်းစား ဖူး သည်။)



တကယ်တော့ အမေ က အဖေ့ ကိုရော သားသမီး မြေးတွေ ကိုရော သူ မချစ်တာ မဟုတ် ။ ချစ်သည် ။ ချစ်တာမှ အပင်ပန်းခံ ပြီး ကို ချစ်သည် ။ ဘာမဆို အဖေ နှင့် ကျမတို့ ကြိုက်သည် ထင်လျှင် မဖြစ်မနေ စီစဉ်ပေးသည် ။ သို့သော် အထင် သည် အထင်သာဖြစ်သည် မသေချာ ။ အမေ က အထင်တလုံး နှင့် ပင်ပင်ပန်းပန်းစီစဉ်ပြီးသောအခါ ကျမတို့ က မကြိုက်ဘူးဆို ဒေါသ ထွက်တော့သည် ။ အမေ ဒေါသ အိုးကွဲ ပြီး စကားလုံးတွေ နှင့် ပစ်ပေါက်ရင်း ကြိုးအစထွက်သလို ဆွဲပြီး ရှေးဖြစ်နှောင်းဟောင်းတွေ ပါ ထွက်လာသောအခါ အဖေရယ် ကျမတို့ မောင်နှမရယ် အားလုံး စက်ကွင်း ကနေ မလွတ်တော့ ။ အားလုံးတန်းစီ ပြောပြီးလို့ အမေ ကျေနပ်သွားချိန်မှာ ခံစားပြီး ကျန်ခဲ့ရသူ တွေက ကျမတို့ သုံးယောက်သာဖြစ်သည် ။ အမေ ကတော့ သူမကျေနပ်တာ သာ သူသိပြီး သူများတွေ ဘယ်လို ခံစားရမည် ကို မတွေးမိသူသာ ဖြစ်သည် ။

တကယ်တော့ ကျမတို့ မိသားစု မှာ အပင်ပန်းဆုံး နှင့် အပင်ပန်းအခံနိုင်ဆုံး က အမေ သာဖြစ်သည် ။ အခု အသက် အရွယ်မှာ ပင် သမီးဖြစ်သူ ကျမထက် ပို အပင်ပန်းခံချင် သူဖြစ်သည် ။  အမေ က သမီးဖြစ်သူ ကျမ ကို ညှာ လို့ ကျမအလုပ်သွားချိန်တွေမှာ အိမ်အလုပ်တွေ ပြီးအောင် လုပ်ထားသည် ။ စိတ်ဆောင်လို့သာ လုပ်ထားသည် တကယ်က ခန္ဓာ က မလိုက်နိုင်တော့ ။ သွေးတိုး ဆီးချို ရှိနေသည့်အတွက် အစားလဲ ဆင်ခြင်ရသည် ။ အမေ က အစားမက် တဲ့သူ ၊ အချို အငံ အစပ် ကြိုက်တတ်သူ ဇြစ်ရာ ခုလို ဟိုဟာ မစားရ ဒီဟာ မစားရ ဆို ကျမလဲ စိတ်အတော်မကောင်း ။ တကယ်ဆို ခုလို ကျမ တတ်နိုင်နေချိန် မှာ အမေ ဆန္ဒရှိ ရာ စားချင်ရာ ကို ကျွေးချင်သည် ။

သားသမီးများ မိဘ ကိုကျေးဇူး ဆပ်ချင်လျှင် မိဘ များ တရားဓမ္မ အေးရိပ်မှာ  ၀ိပဿနာ အားထုတ် ဘို့ အားထုတ်ခွင့် ရဘို့စီစဉ်ပေး ခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်သည် ဟု ဆိုကြသည် ။

အမေ့ မှာ သူမ ရဲ့ နုပျိုစဉ် အရွယ်ကောင်း ကိုလဲ ကျမ တို့ အတွက်ပေးဆပ် ခဲ့ရသည် ။ ခု အချိန် ထိ လဲ ကျမ အတွက် လုပ်ပေးနေရတာ ကို ကျမ စိတ်မကောင်း ။ အမေ့မေတ္တာကို အမှီပြု ၍ ကျမ ရယူနေသည် က မနည်းတော့ ။ ကျမ ဒိထက် အခွင့်အရေး မယူသင့်တော့ ။သား သမီး မြေး များ အတွက် အမေ့ ကို ဒီထက် စိတ်မပူစေချင်တော့ ။ အမေ့ အတွက် ကျမ စဉ်းစားရဦးမည် ။ အခု ဆို အမေ အိုလာပြီ ။ ခန္ဓာ နာလာချိန် မှာ တရား ကို သိပြီး သည်းခံနိုင်တဲ့ အလေ့အကျင့် ရှိဘို့ လိုပါသည် ။ အမေ့ ရဲ့ ကိုယ်ပိုင် ဘ၀ အတွက် ကိုယ်တိုင်ကြိုးစားဘို့ အခွင့်အရေး ကျမတို့ ပေးရမည် ။ အခုတောင် အတော် နောက်ကျနေပြီ ၊ အမေ့ ကို ဒီထက် ပိုနောက်မကျစေချင်တော့  ။
ကျမ အတွက် အမေ အချိန်ပေးစရာမလိုအောင် စီစဉ် တဲ့အခါ ကျမ က အမေ့ ကို မလိုအပ်တော့ဘူး လို့ တွေးပြီး စိတ်ငယ် ၀မ်းမနည်းဘဲ အမေ့ ကိုယ်တိုင် အတွက် အချိန်ရပြီ ဟု ၀မ်းသာ စေချင်ပါသည်။

သြော် တကယ်တော့ အမေ့ အတွက် ကိုယ်ပိုင် အချိန် များများ ကျန်အောင် ၊ ကျန်သော အချိန် မှာလဲ စိတ်သွားတိုင်း ကိုယ်ပါ နိုင်ပါစေ ရန် အမေ့ကို ကျန်းမာ အသက်ရှည်စေ လို လှသည် ။

(စား ၀တ် နေရေး အမေ မကြောင့်ကြ ရ စေရန် ကျမ ကြိုးစားပါမည် ။ အမေ့ အတွက် ကြောင့်ကြခြင်း အနှောင်အဖွဲ့ ကင်း၍  လက်ကျန်အချိန်တွေ မှာ တရားဓမ္မ နှလုံးသွင်း ငြိမ်းချမ်းပါစေ ၊ ကျန်းမာ အသက်ရှည်ပါစေ ချစ်သော အမေ။)

Friday, June 1, 2012

ဘွားဘွား ရယ် မေမေ ရယ် သမီးလေး ရယ်


ဘွားဘွား က ဆရာမ ဆိုတော့ ပုံပြောကောင်းတယ် ။ မေမေ ငယ်ငယ်တုန်းက ဆိုရင် ပုံပြင်တွေ ရော မေမေ့ ငယ်တုန်းက အကြောင်းတွေ ရော ပြောပြော ပြတာ မှတ်မိသေးတယ် ။ ဘွားဘွား ရင်ခွင်ထဲ မှာ ပြောပြသမျှ နားထောင် ရတာ တကယ် ဇိမ်ဘဲ ။

မေမေ ကတော့ ပုံပြောချင်ပေမဲ့ အကြောင်းအရာ တခုခု ကို ထပ်တလဲလဲ ပြောရမှာ နားထောင်ရမှာ ပျင်းတယ် ။ သမီးလေး ပုံစာအုပ် ကို လက်ညှိးထိုး လို့ တခါ ကနေ နှစ်ခါ ထပ်လာရင် မေမေ မပြောချင်တော့ဘူး ။ ဖေဖေ ကလဲ တပတ် ၃ ရက် ညဘက် သင်တန်းတက်တော့ သမီးက ည ဆို မေမေ နဲ့ မအေ မျက်နှာ ကိုကြည့်ပြီး စကားတွေ ပြောစေချင်တာ ပုံစာအုပ် လက်ညှိးထိုးပြ ပြီး မေမေ့ ကို အထပ်ထပ် ပြောစေချင်တာ ..မေမေ က အပြောပျင်းတော့ ကွန်ပျူတာ နဲ့ သီချင်းဖွင့်ပြရော ။ ည ၈ ညနာရီ လောက်ကနေ ၁၀ နာရီ ခွဲထိ ၂ နာရီ ခွဲလေး သမီးလေးကို မေမေ ပြောပြရမှာ ဘာလို့ ပျင်းပါလိမ့် တကယ်ဆို ကြည်ကြည်နူးနူး ပြောပြ ရမှာ မဟုတ်လား ။

ငယ်ငယ်တုန်းက အကြောင်းတွေ  ဘွားဘွား က အထပ်ထပ် ပြောပြခဲ့တာ နှစ်သက်ပျော်ရွှင်ခဲ့ပေမဲ့ ခု ဘွားဘွား အထပ်ထပ် ပြောပြတာတွေ လဲ နားထောင်ရတာ ညီးလာတယ် ။ မေမေ က အိမ်အလုပ် ဆိုရင် ဘာလုပ်မယ် ဘာချက်မယ် ဆိုတာ စိတ်ထဲတွေးထားပြီး တောက်လျှောက် တန်းလုပ်တတ်တာမို့ တခါတလေ စကားတွေ နားထောင် ရင်း နဲ့ အတွေးပျက်ပီး ဘာလုပ် ရမှန်းမသိတော့ရင် စိတ်က တိုတတ်သေးတာ ။ သမီးလေး နဲ့ ဘိုးဘိုး ဘွားဘွား ခမျာ နေ့လည် လဲ အိမ်ထဲမှာ နေရ လို့ ပျင်းကြမှာ စကားပြောဘို့ အဖော် လိုကြမှာ..ပြန်တွေး ကြည့်တော့လဲ သမီးလေး ကို ဒီထက် စကားပြော အဖော် လုပ်ပေးဘို့ ဘွားဘွား နဲ့ ဘိုးဘိုး ကို ဒီထက်ပို ပြီး သူတို့ ပြောသမျှ အချိန်ပေး နားထောင်ပေး သင့်တယ် ဆိုတာ သိပါရဲ့ လေ ။

ဘွားဘွား ကတော့ သမီးလေး ခုထိ စကားမပြောသေးတာ ကို မေမေ စကားပြောပျင်းလို့ ကလေးက နားရည်မ၀တာ လို့ ပြောတယ်။
ဘွားဘွား အသက် ၃၀ မှာ မေမေ့ ကိုမွေးခဲ့ပြီး မေမေ့ အသက် ၃၅ မှာ သမီးကို မွေးခဲ့တာ ဆိုတော့ အခု သမီးလေး တနှစ် မှာ ဘွားဘွား က ၆၆ နှစ် ။ ဘွားဘွား ဟာ မနှစ်က နဲ့ မတူ ကျန်းမာ ရေး ချူချာလာတယ် ။ ဆီးချို ရှိတာကြောင့် အစားမက်တဲ့ ဘွားဘွားဟာ ဆင်ခြင် ရတာတွေ များလာတယ် ။ ၆၆ နှစ် ဘွားဘွားဟာ ၁ နှစ်သမီးလေး တောက်တောက် တောက်တောက် ပြေးသမျှ လိုက်ရတာ မောပြီပေါ့ ကွယ် ။ တော်သေးတာ က ဘိုးဘိုး က စင်္ကာပူ ကိုရောက်မှ ပြန် ကျန်းမာလာလို့ တော်သေးတယ် ။

ညဘက် အဲကွန်းကြောင့် သမီးလေး ညောင်းမှာ အေး မှာ စိတ်ပူပြီး အိပ်ရာဝင် သမီးကို သန့်စင် အ၀တ်စားလဲပေး  ခြေထောက် ကလေး တွေ ကွေးနေရင် ဆန့်ပေး အိပ်လို့ သမီး စောင်လွတ်ရင် ခြုံပေး နဲ့ ညလုံးပေါက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော် ဘဲ ထကြည့် မိတဲ့ မေမေ ဟာ ဘွားဘွား ကြွက်တက်တယ် ဆိုတော့ လဲ ကယ်ဆီယမ်သောက်နော် စောင်ခြုံအိပ်နော် လို့ ပြောခဲ့တာ ကလွဲလို့ ဘွား၂ ခြေထောက် ကို ဆေးပူလိမ်းပေးတာ နှိပ်ပေးတာ မျိုး လုပ်မပေးမိဘူးရယ် ။ ဘယ်လောက် မသိတတ်တဲ့ မေမေ လဲနော် ။
သမီးလေး ဆန်ပြုတ် ကြက်သားနဲ့ ပြုတ်ဘို့ ပိတ်ရက်တွေ စောစောထပြီး Wet Market မှာ တောကြက်သွားဝယ်ပေးတဲ့ မေမေ ဟာ အရင်တခေါက် လာတုန်းက ဘွား၂ က ရေခဲရိုက်သား မစားချင်ဘူးဆိုတာ ကို ဒါဘဲရှိတယ် ဆိုပြိး ရှော့အင်ဆေ့ ကဘဲ ၀ယ်ပေးခဲ့မိတယ် ။ သမီးကလေး ပန်းသီးပြုတ် ကြိုက်လို့ အိမ်မှာ ပန်းသီး မပြတ်စေဘို့ အာရုံ စိုက်တဲ့မေမေ ဟာ ဘွားဘွား ၀မ်းချုပ်လို့ သဘောင်္သီးမပြတ် ၀ယ်ထားပေးဘို့ မေ့နေတတ်တယ် ။ သမီးလေး ကို ထမင်း ခွံ့ လို့ လေးငါးလုတ် ဆို ရေတိုက်ပေးဘို့ သတိရတဲ့ မေမေဟာ ဘွားဘွား ထမင်းစားရင် ရေခပ်ပေးထားဘို့ မေ့နေတတ်တယ် ။ဘယ်လောက် ဆိုးတဲ့ မေမေလဲ  နော် ။

သမီးလေး ရေချိုး ပြီးရင် တကိုယ်လုံး လိမ်းဘို့ သနပ်ခါး ကို အများကြီး သွေးထားတတ်တဲ့ မေမေ ဟာ ဘွားဘွား ဘို့ သနပ်ခါး သွေးမပေး မိဘူး ။ သမီးလေး လမ်းလျှောက်ရင် လဲကျမှာ ရေချိုးရင် ရာသီ အပူ အအေး ကြည့်ပြီး ရေ ကို အနေတော် စပ်ပေးတာ ၊ ဘွတ်၂ သွားရင် အရောင် ကြည့်ရတာ စသဖြင့် အသေးစိတ် ပူပန် တတ် တဲ့ မေမေ ဟာ ဘွားဘွားကို ဘာမှ အသေးစိတ် ဂရု မစိုက်မိဘူး ။ တကယ် ဆို မေမေ့ ကို လဲ ဘွားဘွား ဒီလို အသေးစိတ် ပြုစု  စောင့်ရှောက်ခဲ့ ရတာ ။ မေမေ ဟာ သမီးလေး ကိုချစ်သလို ဂရု စိုက် သလို ဘွားဘွား ကိုလဲ ချစ်ရ ဂရု စိုက် ရ မှာ လေ နော် ။

ဟိုနေ့ က ဘွား၂ က သမီးလေး ကို  သမီးလေး ကြီးလာရင် ဘွား၂ ကို ရေခပ်ပေးမှာလား  မေးတော့ ခေါင်းညိတ်တယ် ။ နှိပ်ပေး မှာလား မေးတော့လဲ ခေါင်းညိတ်တယ် ။ ချစ်လား မေးတော့ ခေါင်းကို ခါလိုက်တာ ။ မေမေ တို့ ၀ိုင်း ရယ် တဲ့ အချိန်မှာ ဘွား၂ က မ ချစ် ဘူးဆိုပေမဲ့ လုပ် ကိုင် ပေးမယ် ဆိုတော့ တော် သေးတာပေါ့ လို့ ပြောမှ ဘွားဘွား တို့ ကို လဲ ဂရု တစိုက်လုပ် ကိုင်ပေး ဘို့ လို တယ် ဆိုတာ သိသွားတယ် ။

ပန်းကလေး တွေ ကို အရိပ်ကြည့် ပြုစု ပေးရသလို သမီးလေး နဲ့ ဘိုးဘိုး ဘွားဘွား ကို ဂရုစိုက် ပြုစု တတ်ဘို့ မေမေ အများကြီး ကြိုးစားရဦးမယ်ကွယ် ။...။

ဘွားဘွား ပြောတာ တွေ နားထောင်ပြီး သဘောကျ ရယ်နေတဲ့ သမီးလေး

Tuesday, March 27, 2012

အလှူတစ်ခု ပြီးမြောက်ခြင်း နှင့် သမီးလေးတစ်နှစ်ပြည့်

မယ်သံတို့ လင်မယား ရန်ကုန်တိုင်းတရားရုံး မှာသွားလက်မှတ်ထိုးပြီးတော့ အမှတ်တယအနေနဲ့ ဇီဝိတဒါန သံဃာ့ဆေးရုံကြီးမှာ အလှူပဒေသာပင် (ဆွမ်း၊ဆေး၊သီလရှင်အတွက်ဆွမ်း နှင့် မျက်စိခွဲစိတ်) လှူဒါန်းတော့ အဲဒီက ဆရာတော်ကြီးက မင်္ဂလာဦးအလှူအတွက် သေချာ တရားဟော ဆုပေးပြီး ရေစက်ချ ရတာအလွန်ကြည်နူးပီတိ ဖြစ်ခဲ့ရပါတယ် ။ ဂီလာန ဆရာတော်တွေ ၊ ဂီလာန စောင့်ရှောက်တဲ့ဆရာတော်တွေကို ဆွမ်း ကိုယ်တိုင် လက်ထိလက်ရောက် ကန်တော့ ရတာလဲ အင်မတန်ကြည်နူးစရာ ကောင်းပါတယ် ။
ခုလဲ မိသားစု စုံလင်တုန်း အလှူဒါန လေးတခု လုပ်ချင်တယ် ဆိုတော့ ကိုရွှေဦးကလဲ အားတက်သရော သဘောတူတာမို့ ဒီလထဲ(မတ်လ ၂၀၁၂) မှာ တိုပိုင်းရိုး ဘုန်းကြီးကျောင်းမှာ အာရုံဆွမ်း နေ့ဆွမ်းကပ်မယ်လို့ စီစဉ်ခဲ့ပါတယ် ။ တလက်စထဲ မိတ်ဆွေ အပေါင်းအသင်း များကို ပါ ဧည့်ခံ မယ်လို့စီစဉ်တော့ အလှူရက်ကို စနေ တနင်္ဂနွေ ရွေးရပါတယ်။ တနင်္ဂနွေ က သူများဦးသွားတော့ စနေ နေ့မှာ လုပ် ရပါတယ်။ မိတ်ဆွေများက စနေ မှာ အလုပ်ဆင်းရမဲ့သူများတာမို့ လာမှ လာနိုင်ကြပါ့မလား လို့ စိတ်ပူ ခဲ့ရပါသေးတယ်။
မတ်လ ဟာ မယ်သံ ရဲ့သားသမီး တွေ နဲ့ ပတ်သက်ပြီး အမှတ်တယ ရက်တွေရှိပါတယ် ။
သားလေးဟာ ၂၀၀၉ မတ်လ ၂၀ ရက် မှာ ဆုံးသွားခဲ့တာပါ ။
သမီးလေး ကိုတော့ ၂၀၁၁ မတ်လ ၁၈ ရက်မှာမွေးခဲ့ ပါတယ် ။






တိုပိုင်းရိုး ဘုန်းကြီးကျောင်း ပထမထပ် ရှိ ၀င်ဝင်ခြင်း တန်းပြီး ဖူးနိုင်သော ထိုင် ရုပ်ပွားတော် ဘုရား။


ပိုင်းရိုး ဘုန်းကြီးကျောင်း ဒုတိယ ထပ်ရှိ မတ်ရပ် ရုပ်ပွားတော် ဘုရား။

ကျောင်းရှိ သံဃာကုန် အာရုံဆွမ်း နေ့ဆွမ်း ကပ် တာဖြစ်ပါတယ် ။ ဒီရက်ပိုင်းကျောင်းက သံဃာ အရေအတွက်နည်းပါတယ် ။

 အာရုံဆွမ်း က နို့စိမ်းခေါက်ဆွဲပါ ။


ကျောင်းထိုင်ဆရာတော် အား ဆွမ်းကပ်လှူစဉ် ။


ဆရာတော်များ ဘုန်းပေးစဉ်။


ဆရာတော် အချိုပွဲ ဘုန်းပေးစဉ် ။


သမီးလေး က ဘုရား ၊ ဘုန်းကြီး တွေ့ရင် ပြောစရာမလို တန်းပြီး ဦးချတတ်တဲ့ အတွက် သေချာ ပြုစုစောင့်ရှောက် ပေးတဲ့ အမေ့ ကို ကျေးဇူးတင်ရပါတယ် ။

အစ က မနက် ၁၀ နာရီ နဲ့ ၁၁နာရီ ကြား မှာတရားနာ ရေစက်ချမယ် ဆိုပေမဲ့ မနက် အာရုံဆွမ်းအပြီး မှာဘဲ ဘုန်းဘုန်းက တရားချီးမြှင့်ခဲ့ပါတယ် ။ မနက် ရ နာရီခွဲ အေးအေးချမ်းချမ်း ရှိလှပါတယ် ။ ဆရာတော် ကို သင်္ကန်း နှင့် သမီးလေး ကို သူများမုန့်ဘိုးပေးသမျှ အကုန် လှူ ခဲ့ပါတယ်။


တရား အနှစ်ချုပ်ကတော့ ဒါန ကုသိုလ် သီလ ကုသိုလ် နဲ့ ဘာဝနာ ကုသိုလ် တို့ အဆက်အစပ် ရှိကြောင်းပါ ။

နေ့ဆွမ်းကတော့ ဒါန်ပေါက်ဆွမ်း အပြင် ဒါန်ပေါက်မဘုန်းတဲ့ ဆရာတော်တွေ အတွက် ရိုးရိုးဆွမ်း နဲ့ ဆွမ်းဟင်းတွေလဲ စီစဉ်ထားပါတယ် ။

နေ့လည်ဆွမ်း နှင့်ဆွမ်းဟင်းများ ။ ဒါန်ပေါက် ကို ရနံ့သစ် က အော်ဒါမှာပြီး နေ့လည်ဆွမ်းဟင်း ကိုတော့ ဘုန်းကြီးကျောင်း အဖွဲ့ က ချက်ပေးခဲ့တာပါ ။ အဆင်ပြေ အရသာရှိတဲ့အတွက် ကျောင်းမှ ဝေယျာဝစ္စ အဖွဲ့ ကိုရော ၊ ရနံ့သစ် ကိုပါ ကျေးဇူးတင် ပါတယ် ။


အချိုပွဲပါ ။


ဆရာတော် ကို လက်အုပ်ချီ နေတဲ့ သမီးလေး  ။ ဒီပုံလေး ကိုကြည့်ပြီး ကိုယ့်သမီးလေး လိမ္မာတာ တကယ့်ကို ၀မ်းသာမိပါတယ် ။

ဆရာတော် တွေ ကို ဆွမ်းကပ်အပြီး မှာတော့ မိတ်ဆွေ တွေအတွက် ပြင်ဆင် ရပါတယ် ။


ဒါန်ပေါက် ပုံတော့ မရိုက်မိဘူး ။


ကိုယ့်အဖွဲ့ နဲ့ ကိုယ် စကားပြောရင်း စားကြပါတယ် ။ မယ်သံ က စားပွဲထိုး လုပ်နေတဲ့ အတွက် သေသေချာချာ ဧည့်မခံနိုင်ပါဘူး ။ လိုအပ်ချက်တွေ အတွက် ဒီနေရာ ကဘဲ တောင်းပန်ပါတယ် ။

စနေ နေ့ ဆိုတော့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ကို အကူ အညီတောင်းဘို့ ရာ စနေ နေ့တ၀က်ရုံးတက်ကြသူတွေချည်း မို့ ကိုယ်တိုင်ဘဲ ကြဲခဲ့ရပါတယ် ။ သူ့ဘက် က မိတ်ဆွေ ၂၅ လောက် ကိုယ့်ဘက် က ၂၅ လောက် ခန့်မှန်းဖိတ်ပြီး အမေ့ ရဲ့ မိတ်ဆွေ များ ကို စာရင်းထဲထည့်မထားမိဘူး  ။ အမေ ကလဲ ဆရာမ ဆိုတော့ ဒီမှာ တပည့်တွေ အတော်များများ ရှိတာ စိတ်ထဲရှိ တိုင်း လှမ်းဖိတ်ခဲ့တာ အကုန်လောက်လာပါတယ်။ ဓါတ်ပုံထဲမှာ လာတဲ့ သူတွေ ကို ရေတော့ ၈၃ ယောက်ရှိပါတယ် ။ စနေ လို တချို့ ရုံးမအားသူတွေတောင် နေ့ဝက် ရုံးအပြီး လာခဲ့ကြတာမို့ ခင်မင်မှူ အလေးထားမှူ အတွက် အထူးကျေးဇူးတင်ပါတယ် ။
(မယ်သံလဲ ဒါန်ပေါက် ကိုမြည်းတောင်မကြည့်မိဘူး ။ ကောင်းတယ်လို့တော့ပြောကြပါတယ် ။ ဒီလိုသာ နေ့တိုင်း တလလောက်ဆက်လှူရမယ်ဆို ၀ိတ်ချစရာမလို လို့ တွေးမိပါတယ် ။ နောက်ပြီး ကိုယ် အတော် အလုပ် လုပ်နိုင်သေးပါလား လို့တွေးပြီး ကျေနပ်မိပါတယ် ။ )

မှတ်ချက် ။   ။


အားလုံးသော လာရောက်ကြသူများ ကို ကျမ ကိုယ်စား စားပွဲဝိုင်းတိုင်း မပင်မပန်း ဧည့်ခံပေးသော သမီးလေး ဟေမာ ...။


သောကြာ ညထဲက အချိုပွဲ အတွက် ကျောက်ကျော ၊ လဘက်များ ကို လာရောက် ကူညီ ပေးခဲ့တဲ့ ညီမငယ် ခိုင်စု ။


နေ့တ၀က် ခွင့်ယူပြီး ကူညီ ပေးခဲ့သော  အောင်နိုင်ထူး  ။


ရုံးမှ စောဆင်းပြီး ကူညီပေးခဲ့သော ဦးလေးမြင့် ။


အချိုပွဲ ကူပြင်ပေးကြတဲ့ ငယ်သူငယ်ချင်း ချိုမာအေး နှင့် ညီမလေး မေသင်းအေး...။ အားလုံးသော ခင်မင်စွာ လာခဲ့ကြသူများ ၊ ကူညီပေးကြသူ များကို အထူးကျေးဇူးတင်ပါတယ် ။

 ဒီပွဲ မှာ သမီးလေး အတွက် လက်ဆောင်တွေ ယူလာကြတာ အရမ်းဘဲ အားနာ ရပါတယ် ။ ဘာဘဲဖြစ်ဖြစ် သမီးလေး ကတော့ အလွန်ပျော် ပါတယ် ။



နောက်နေ့ ၁၈.၃.၂၀၁၂ ကတော့ သမီးလေး တနှစ်ပြည့်မွေးနေ့ပါ ။

သမီးလေး ကျန်းမာ ပျော်ရွှင်စွာဖြင့် အသက်တရာ့နှစ်ဆယ်ကျော် ရှည်ပါစေသောဝ် ။   ။

Monday, July 18, 2011

ကြည်ကြည်နူးနူး သားအဖနှစ်ဦး

သမီးလေး ၂ ရက် SSC Women Centre မှာ


၃ ရက်သမီးလေး

သမီး ၅ ရက်



စလုံး အလာ လေယာဉ်ပေါ်မှာ


ဧည့် သည်လာလို့  နှိုးလိုက်တာ အိပ်ရေးမ၀လို့ မျက်မှောင်ကြုတ်နေတဲ့သမီးလေး


အပြင်သွားရမယ်ဆို ပျော်လို