[X] Choose Font Here

Wednesday, November 14, 2012

မာတာပီတု ဥပဌာန မင်္ဂလာ

၂၀၁၂ နိုဝင်ဘာလ ၁၃ ရက် အင်္ဂါနေ့၊
၁၃ရ၄ သီတင်းကျွတ်လကွယ်နေ့  (ဥပုသ်နေ့)








ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့ 
 
 
(၁၁) မာတာပီတု ဥပဌာန မင်္ဂလာ
မိဘ နှစ်ဖြာ လုပ်ကျွေးပါ မှန်စွာ လူလိမ္မာ

          အနန္တကျေးဇူးရှင် မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေထိုင်တာ မာတာပီတု ဥပဌာန မင်္ဂလာပဲ။

         အနန္တ ကျေးဇူးရှင် မိဘနှစ်ပါးရဲ့ ကျေးဇူးကို မသိရင် ခွန်းတုံ့ခွန်းပြန် ပြောဆိုနေရင် မာတာပီတု ဥပဌာန မင်္ဂလာကို ဖျက်ဆီးနေတဲ့ သားမိုက်သမီးမိုက်ပဲ။

          ယခုဘ၀ နောင်ဘ၀ ကောင်းစားရေးလိုလားသူတိုင်း မိဘဆရာသမား ဆုံးမသွန်သင်တဲ့စကားကို ရှေ့မှာရော ကွယ်ရာမှာပါ နားထောင်ကြရမယ် ။ ဒါမှသာ သားလိမ္မာ သမီးလိမ္မာတွေ ဖြစ်ကြမှာပါ ။

         မိခင် ဖခင် တော်တော်များများဟာ သားသမီးတွေကို ကျူရှင်မသွား ကျောင်းမသွားရင်သာ ဆူငေါက်ပြောဆိုဆုံးမနေကြပေမဲ့ ရတနာသုံးပါး ကြည်ညိုတတ်အောင် မိဘကျေးဇူးသိတတ်တဲ့ သားသမီးဖြစ်အောင် ဆူငေါက်ပြောဆိုဆုံးမ သွန်သင်တဲ့ မိဘက နည်းလာပြီ ၊ မိဘတွေက ဆုံးမ သွန်သင်မှူ မပေးရင် မိကောင်းဖကောင်းလက္ခဏာလဲ ပျက်စီးတာပဲ ။ ကိုယ်မွေးတဲ့ သားသမီးတွေလည်း သားလိမ္မာ သမီးလိမ္မာတွေ ဖြစ်လာကြမှာ  မဟုတ်ဘူး။

          သားသမီးများ လိုက်နာရမယ့် မင်္ဂလာဖြစ်ပေမဲ့ မိဘများက ကိုယ့်သားသမီးကို ဆုံးမသွန်သင်မှသာ သားသမီးများ ဒီမင်္ဂလာနဲ့ ညီညွတ်ကြမှာပါ ။

          လူငယ်မောင်မယ်တိုင်း မိဘဆရာသမားတွေ ဆုံးမသွန်သင်တာလည်း လိုက်နာကျင့်သုံးပါ။ မိခင် ဖခင် တို့ရဲ့ ကျေးဇူးတရားကို သိမြင်ပြီး အစားအစာ အသပြာငွေ ထောက်ပံ့ပေးပြီး ကျေးဇူးဆပ်ကြပါ ။ ခြေဆုပ်လက်နယ် ပြုပေးလို့လည်း ကျေးဇူးဆပ်ကြပါ ။ ဆုံးမသွန်သင်တဲ့ စကားအတိုင်း လိုက်နာကျင့်သုံးပြီး အမြတ်ဆုံး ကျေးဇူးဆပ်နည်းဆိုတဲ့ တရားနဲ့လည်း ကျေးဇူးဆပ်ကာ နေထိုင်ကြပါလေ။

No comments:

Post a Comment