[X] Choose Font Here
Showing posts with label ခရီးသွားခြင်း. Show all posts
Showing posts with label ခရီးသွားခြင်း. Show all posts
Sunday, December 30, 2012
ဖူးခက် က ထိုင်းမာဆတ်
ဖူးခက်မှာ မာဆတ်တွေ ပေါချက်ကတော့ လမ်းထွက်လိုက်ရင် တန်းစီနေရော ။ မာဆတ်ပြီး ဆီးဖုဒ် ၊ ဆီးဖုဒ်ပြီး မာဆတ် နဲ့ ဒီဆိုင်တွေချည်း ရှိတယ်မှတ်ရတယ် ။
မာဆတ် က သက်သက်သာသာ နဲ့ ပိုက်ဆံ ရလွယ်တဲ့ အလုပ်မို့ မြန်မာနိုင်ငံသားတွေ အဲဒီမှာ လုပ်ခွင့် မရှိပါဘူးတဲ့ ။ သူကနိုင်ငံသားတွေ သက်သာ ရာ လုပ်ကြ ၊ တခြားက တရားမ၀င်လာတဲ့သူတွေက ပင်ပန်းတာ လုပ်ကြ ဆိုတဲ့သဘောပေါ့လေ ။
စိတ်မကောင်းစရာ ပြောရရင် ဖူးခက်မှာ အိမ်အစုတ် တွေ တန်းလျားတွေ ဆိုတာ မြန်မာတွေ နေကြတာပါတဲ့ ။ သူ့တို့ နိုင်ငံသားတွေ ဘယ်လောက်ဆင်းရဲ ဆင်းရဲ အိမ်အစုတ်မှာောတ့ ဖြင့် မနေကြဘူးဆိုပဲ ။ အဲ လိုပြောရလောက်အောင် ကို အိမ်ကောင်းကောင်းတွေ ပေါပါတယ် ။ အိမ်အစုတ်တော့ မတွေ့ဘူး ။ သွပ်မိုး သွပ်ကာ တန်းလျားတွေ တော့ တွေ့တာဘဲ ။ နေကြတာလဲ ကိုယ်တွေ့သလောက်က မြန်မာတွေဘဲ ။ ကလေးတွေရော ၊ ဒီကလေးလေး တွေ ဟာဘယ်လိုမှ ပညာသင်ဖြစ်မှာမဟုတ်ဘူးလို့ တွေးပြီး ၀မ်းနည်း၇တယ် ။
အဲ စကားပြန်ကောက်ရရင် တွေ့လေရာရာ ဘော်ဒီမာဆတ် ဆိုတဲ့ တကိုယ်လုံး နှိပ်တာမှာ တနာ၇ီကို ဘတ်၂၀၀ ဆိုတော့ စင်္ကာပူဒေါ်လာ ၁၀ ထက်တောင် နည်းနေလေတော့ စိတ်ဝင်စားတာပေါ့ ။
ကိုယ်ကတော့ မိန်းမချင်းဆိုတော့ တွေ့တဲ့ဆိုင်မှာ ၀င်အနှိပ်ခံတာဘဲ ။ သူတို့ ယောင်္ကျားလေးတွေကတော့ လှတ ပတ လေးတွေ နှိပ်တာ ပို စိတ်ဝင်စားမှာပေါ့လေ ။
စစချင်း ၀င်လိုက်တဲ့ဆိုင်မှာ ကိုယ့်ကို နှိပ်ပေးမဲ့သူက အားကောင်းမောင်းသန်ဘဲ ။ ကိုယ်ကလဲ ခပ်၀၀ မို့ အားကောင်းမောင်းသန် ရွေးလွှတ်သလားမသိ ။ ဒါပေသိ သူ့လက်ကလေးတွေက နူးညံတယ် ။ ဇက်ကြောတွေ မျက်ခုံးကြောတွေ ခေါင်းတွေ လက်ပြင်တွေကို နှိပ်တာ ရှယ်ဘဲ ။ ကောင်းမှကောင်း ။ နေ့စဉ်ရက်ဆက် ကွန်ပျူတာ ကိုင်ပြီး မျက်ရိုးကိုက်သလိုလို ညောင်းချိသလိုလို နေရာက ပေါ့ပါး သွားတော့ ထိုင်းမာဆတ် ကို အတော်ကြိုက်သွားတယ် ။
ရယ်စရာပြောရရင် ကိုယ်အနှိပ်ခံနေတုန်း အဖြူကောင် တယောက် တက်လာတာ သူ့ကို နှိပ်မဲ့ သူကိုကြည့်ပြီး ပြန် ပြေးဆင်းသွားတာ ။ ဟုတ်တယ်လေ ဒီဆိုင် က လှတ ပတ ရုပ်ပြစားတာ မဟုတ်ဘဲ တကယ် နှိပ်တတ်သူတွေ ထင်ပါရဲ့ ။
အမျိုးသားက အဲဒီနေ့ ကိုယ်အနှိပ်ခံတဲ့ ဆီမှာဘဲ သူပါဝင်အနှိပ်ခံပြီး နောက်နေ့တွေတော့ လှတပတ လေးတွေ ဆီ သွားကြရအောင်ပါဟ နဲ့ ပြောရော ။ ကိုယ်လဲ အေး အေး ပေါ့ ။ သွားရင်း လာရင်း ဘယ်ဆိုင်လေး သားနားလဲ ၊ ရှေ့မှာ ထိုင်နေသူတွေ လှလဲ ကြည့်ထားပေါ့ လို့ ပြောရတယ် ။
နောက်တရက် မာဆတ် သွားမယ်ဆိုတော့ ကိုယ်လဲ သူ့အလိုလိုက် သူရွေးတဲ့ဆိုင်ဘဲ လှတ ပတ လေး ရှိတဲ့ဆီ သွားကြတာ ။ အားလုံး ၆ ယောက်အဖွဲ့ ၊ သုံးတွဲပေါ့လေ ။ ရောက်၂ချင်း လူရွေးလို့ ရလား မေးပြီး ရတယ်ဆိုရော အလှဆုံးထင်တဲ့သူ ရွေးပြီး ကဲ ယောကျား သူနဲ့ သွားအနှိပ်ခံချေ ပြောလိုက်တာ အင်း ဆိုပြီး သုတ်ခနဲ ထွက်သွားတာ မြန်လိုက်တာ ဗျာ။ ကျန်တဲ့သူတွေ က ထိုင်မာဆတ် လား ၊ ဆီ နဲ့လား ၊ ခြေထောက်တင်ဘဲလား နဲ့ ရွေးပြီးလို့ အနှိပ်ခံမယ်လဲဆိုရော သူတို့ကို မတွေ့တော့ဘူး ။
ကျန်တဲ့ ငါးယောက်မှာ တယောက်က အနှိပ်မခံတော့ လေးယောက်ပေါ့ တဖွဲ့ အနှိပ်ခံမဲ့ နေရာကို ၀င် စကားတပြောပြောနဲ့လေ ။ လေးယောက်က အတူတူ ၊ ကိုယ့်ယောကျားကို မမြင်လို့ တို့အဖွဲ့ထဲက ပထမဆုံးဝင်သွားတဲ့ တယောက်ရော ဆိုတော့ သူက ဒီအထပ်မှာမဟုတ်ဘူး တခြားအထပ်မှာတဲ့လေ ။
အမလေး ..လူလေးကသာ လှတ ပတ နုနယ်တာ ဆွဲချက်တွေကတော့ ပြင်းသဗျာ ။ နှိပ်တာကလဲ အသားကုန်ဗျင်းတယ်လို့ ပြောရင်တောင် နည်းမလားဘဲ ။ ကျောကို များ ဒူးနဲ့ထောက်ပြီး လက်နဲ့ ဆွဲတော့ အဆစ်တွေကဆို တဂျွတ်၈ျွတ်နဲ့ အဲ့ဒိအချိန်မှာတော့ ကောင်းနေတာပေါ့ ။ နောက်မှ ဘာကြောင့်လဲမသိ ကိုယ်တွေလက်တွေ နာနေတာ အခုထိဘဲ ။
နှိပ်ရင်း နင်းရင်း စကားတွေ ပြောကြတော့ ဘေးက ညီမကို နှိပ်တဲ့သူက ကောင်းလား တဲ့ ။ အဲတော့ ဟယ် နင်ဗမာ စကားတတ်လားဆိုတော့ နည်းနည်း တဲ့ ။ အဲတော့ ဆက်ဗျူးကြတာ .....ဘာလူမျိုးလဲဆိုတော့ မှတ်ပုံတင်အရ ထိုင်းလူမျိုးတဲ့ တကယ်တော့ မိဘတွေက နှစ်ယောက်လုံး မွန်တွေ ။ အဖေ က မော်လမြိုင်မှာ တဲ့ ဒီဘက်ကို မလိုက်ဘူး တဲ့ ။ သူ့အမေ နဲ့ ညီမ ကတော့ ဘန်ကောက်နားမှာတဲ့လေ ။ ထိုင်းမှာဘဲမွေး ၊ နာမည် ကလဲ ထိုင်းနာမည် ဘဲယူတာ မွန်နာမည် ကတော့ မိအေးနိုင်တဲ့လေ ။ သူက ထိုင်းမှာ အလယ်တန်းထိ ကျောင်းနေဖူးတော့ အီး လိုလဲ အတော် ပြောတတ်တယ် ။ ကိုယ့်ကို နှိပ်တဲ့ ထိုင်းမ ဆို အီးလို လဲ သိပ်မရဘူးရယ် ။ ဖူးခက်ကို ရောက်တာ နှစ်လလောက်ဘဲ ရှိသေးတာတဲ့ ။ တယောက်ကို ဘတ်၁၀၀ နှုန်း၇တယ်တဲ့ ။ ဆိုင် နဲ့ တ၀က်ဆီပေါ့ ၊ တနေ့ကို သုံးယောက်ကနေ ကိုးယောက် အထိ နှိပ်ရတယ်တဲ့ ။ နေစားရိတ် စားစရိတ် ကိုယ့်ဟာကိုယ် ပေးရပါတယ် တဲ့ ။ မြန်မာပြည်ကို တခါမျ မရောက်ဖူးဘူး သူ့အဖေ ကို တွေ့ရအောင် တခေါက်လောက်တော့ သွားချင်တယ်တဲ့လေ ။
ဖူးခက် ကို တရားမ၀င်လာကြတဲ့ မြန်မာ အများစုက မော်လမြိုင်ကပါတဲ့ ။ နီးတာကိုးလေ ။
စာရေးဆရာမ မစန္ဒာရဲ့ ပန်းပွင့်ခရေ ၀တ္ထု ထဲကလို ( သူပြောသည့် နိုင်ငံခြားကို တရားဝင်ရောက်ရှိနေခြင်းမဟုတ်ဘဲ စက်လှေ နှင့် ခိုးဝင်ခဲ့ရခြင်းဖြစ်သည်။ သူများနိုင်ငံ ၊ သူများတိုင်းပြည်၊ သူများဧ။် ဥပဒေအောက်သို့ တရားမ၀င်ခိုးဝှက်ပြီး ရောက်ရှိနေကြခြင်းသည် မည်မျှ မျက်နှာငယ်ပြီး မည်မျှ အန္တရာယ်ကြီးကြောင်းကို လည်း သူမသိပေ။ ) ဆိုသလို တကယ်ဘဲ မသိကြလို့လား ၊ သိပေမဲ့ တရားဝင် ထွက်ဖို့ အရင်းအနှီး မရှိကြတာလား ။ ဘာဘဲ ဖြစ်ဖြစ် ကိုယ့်သွေးသားတွေကတော့ ........။
သူများ နိုင်ငံမှာ ကိုယ်လုပ်နိုင်မှ ကိုယ်စားရ ။ နေမကောင်းတောင် ကိုယ့်ရှိမှ ကုနိုင် ။ တစ်ခုခု ဆို ကိုယ့်ကို ကာကွယ်ပေးမည့် သူမရှိ ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နေကြရတဲ့ ကိုယ့်လူမျိုးတွေ အားလုံး ဘေးဒုက္ခ အန္ထရာယ် ကင်းပြီး အဆင်ပြေကြပါစေလို့ ဆုတောင်းရုံမှတပါး ....။
Khai Island

Khai Island ဟာ Phuket Island ကနေ သုံးလုံးထိုး Speedboat နဲ့ သွားရင် မိနစ် ၅၀ အကွာအဝေး မှာ ရှိပါတယ်။
၂၀၀၄ ဒီဇင်ဘာ ၂၆ ရက် မှာ ဆူနာမီကြောင့် ကျွန်းရဲ့ ၉၉% မြုပ်သွားခဲ့ပါတယ် ။
ပင်လယ်လှိုင်းလုံးတွေ မီတာ ၂၀ ကျော် မြင့်တက်လာခဲ့ပြီး ကျွန်းပေါ်က သက်ရှိသက်မဲ့ အားလုံးကို ဆွဲချသွားခဲ့တာပါ ။
၂၀၀၄ မတိုင်မီ အဲဒီကျွန်းက လူတွေဟာ တံငါရွာအဖြစ်အသက်မွေးကြပါတယ် ။
အခုတော့ ကျွန်းမှာမနေကြတော့ဘူးလို့သိရပါတယ်။
အခုလက်ရှိ ရေချို လုံးဝ မရှိပါ ။ မီးလုံးဝ မရှိပါ ။
ကျွန်းကိုလာလည်တဲ့ ဧည့်သည်တွေ ကို ထီးတချောင်း ၊ ဒရင်းဘက် ၂ လုံးဆို ဘတ်၃၀၀ နဲ့ ငှားပါတယ် ။
အအေး ရေခဲမုန့်တို့ အတွက် မီးကို ဂျင်နရေတာ ကိုအသုံးပြုရပါတယ် တဲ့ ။
Friday, November 23, 2012
စင်္ကာပူ တိရိစ္ဆာန် ရုံ သို့အလည်သွားခြင်း
ခပ်ချောချော ဘလော့ဂ်ဂါ လူပျိုကြိး တစ်ယောက် ကောင်းမှူ နဲ့ မယ်သံတို့ စင်္ကာပူ တိရိ စ္ဆာန်ရုံ ကို အလည်တစ်ခေါက် ရောက်ခဲ့ပါတယ် ။ ( ဟုတ်ကဲ့ ..သူ နဖူးပြောင်တာတော့ ထည့်မပြောတော့ပါဘူး ၊ နောက်တခါ လက်မှတ်အပိုရှိရင် မခေါ်တော့မှာ စိုးလို့ပါ ။ )
ဟုတ်ကဲ့ ...အရင်က တခေါက်မှ မရောက်ဖူးပါဘူး ။ ၀င်ကြေး ဈေးကြီးတယ် ဆိုတာရော ၊ အကောင်တွေကို ကြည့်ရမှာ ပျင်းတာရော ကြောင့်ပါ ။
သွားရင်း တွေ့လာခဲ့ သိလာခဲ့တာတွေ ထဲ က ဓါတ်ပုံ ရိုက်မိတာလေးတွေ ပြန်မျှ လိုက်ပါတယ် ။
မိချောင်းတွေ ခွဲခြားပုံပါ ။
Alligator ကတော့ အရွယ်အစား အကြီးဆုံးပါဘဲ ။
When an alligator's mouth is shut , the fourth tooth an each side of the lower jaw cannot be seen.
ပြီးတော့ Crocodile ပေါ့ ။
The fourth tooth an each side of the lower jaw can be seen when a crocodile's mouth is shut.
လက်စသတ်တော့ အမျိုးအစား ကို သွားပေါ်တာနဲ့ ခွဲခြားတာကိုး ။
Indian Gharial
The Indian gharial has the narrowest and longest snout. It's teeth look like a zipper. Mature males have a bump at the tip of their snout.
False Gavial
The snout of the false gavial is elongated but not as slender as that of the Indian gharial.
Crocodile ရဲ့ ဥ ပါ ။ ဘဲဥ ခပ်ကြီး၂ အရွယ်ပါဘဲ ။ အမှန်က အရွယ်အစား ခန့်မှန်း နိုင်ဖို့ လက်နဲ့ တွဲပြီး ဓါတ်ပုံ ရိုက်ရမှာ ။
Crocodile ရဲ့ အထီး အမ က ဥ ကိုထားတဲ့ အပူချိန်အပေါ်မူတည်ပြီး ကွဲ သွားတာပါတဲ့ ။ ထူးဆန်းတယ်နော် ။ ပုံ မှန် အပူချိန် ဆိုရင် အထီးလေး ပေါက်လာပြီး အပူချိန် နည်းတာ နဲ့ အပူချိန် များတာ မှာ အမ လေး ပေါက်ပါတယ် တဲ့ ။ ထူးဆန်းလို့ အဲဒီစာလေးကို သေချာဓါတ်ပုံရိုက်လာ ခဲ့တာ ပုံတွေ ကူးပြီးပြီဆိုပြီး ဖုန်းထဲက ပုံတွေ ဖျက်ပလိုက်တဲ့ အထဲပါသွားတယ် ..:(
ဒါနဲ့ အင်တာနက်ထဲ ရှာလိုက်တော့ ဒါလေးတွေ့တယ် ။ (http://www.cairnsholiday.com.au/Rainforest/crocodiles.htm)
Nesting
The
female builds a mound shaped nest of leaves, plants and
mud. she will lay between 40 to 60 eggs of which only approximately
1% will survive to adulthood.
|
|
|
Juveniles
are raised in freshwater areas, but after a few months
venture off on their own.
|
ဒါကတော့ အလေးချိန်ပေါ့ ။
အရွယ်အစားပါ ။
ကဲ ကြောက်စရာ မလိုပါဘူး သားရေကွင်း နဲ့ ပါးစပ်ကို ပိတ်ထားရုံပါဘဲ တဲ့ ။
ကဲ မိချောင်း ကြီး ငိုသလား တဲ့ ကြံကြံဖန်ဖန် ...။
မိချောင်း အများစုက ရေအောက်မှာ တနာ၇ီ ထက် ပိုနေနိုင်ပါသတဲ့ ။ ဒါကြောင့်လဲ မင်းနန္ဒာ ခမျာ ငမိုး၇ိပ် ခံတွင်း မှာ အသက်ဆုံးရတာဘဲ နော် ...။
ရေအောက်ထဲ မှာ မျက်လုံးကို ကာဘို့ မျက်ခွံ ၃ခုတောင် ရှိသတဲ့ ။ ( တစ်ခု က ကက်ဆက်ဖွင့်ဘို့ တစ်ခုက.. အဲ ဟုတ်ပေါင် )
မိချောင်းတွေဟာ ရေ နက်ထဲမှာ သားကောင်ကို အလွယ်တကူ ဖမ်းနိုင်ပါတယ် တဲ့ ။
မိချောင်း အကြောင်း နဲ့ ရပ်လိုက်လို့ တိရိစ္ဆာန် ရုံထဲ မိချောင်းတမျိုး ထဲ သွားကြည့်သလား လို့ မမေး နဲ့ နော် ။ ဆားချက်တာပါ အဲ သိရအောင်လို့ပါ..:D
Monday, August 6, 2012
Batam သို့ အလည်တခေါက် ( အပိုင်း - ၂)
ထမင်းစား ပြီး ဟို လျှောက် ဒီလျှောက် လမ်းလျှောက်ကြပြီး ဒီ KTM Resort အတွင်းမှာ ရှိတဲ့ ကွမ်ရင် မယ်တော် ဆီ သွားကြပါတယ် ။
ဓါတ်ပုံ စာ က သဲသဲ ကွဲကွဲ မမြင်ရလို့ အကြမ်း ပြောရရင် ဒီ ကွမ်ရင်မယ်တော် ရုပ်တု ကို 2002 ခုနှစ်မှာ စကာင်္ာပူ က စီးပွားရေး လုပ်ငန်းရှင် Mr. Koh Tit Meng က TanJung Pinggir မှာ ဆောက်ပြီး 2004 မတ်လ ၅ ရက် မှာ ဘာတမ် သို့ ယူလာခဲ့တာပါ ။ အမြင့် 21 ပေ ရှိပြီး 112 တန် ရှိ သံကူ ကွန်ကရစ် နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ် ။
ခန လမ်းလျှောက်ပြီး ဟိုတယ်အခန်း ကိုပြန်နားပါတယ် ။ Spa ကို ၇ နာ၇ီ သွားရမယ်လေ ။ နာမည် ကြီး လှ တဲ့ ဘာတမ်စပါး ကို အထူး ဘဲ စိတ်ဝင်စားပါတယ် ။
Jacuzzi Spa ပါ ။90 min Ocean View Spa ( foot bath, body scrub, hydro bath & full body massage ) ဖြစ်ပါတယ် ။ ၀င်သွားပြီး သူတို့ ရိုးရာပါတိတ်ဝတ်စုံ ၀တ်ထားတဲ့ အမျိုးသမီး ၂ယောက် က ကုလားထိုင်လေးမှာ ထိုင်ခိုင်းပါတယ် ။ နောက် ခြေထောက်တွေ ကို ရေနွေး နဲ့ အဆီ ထည့်ထားတဲ့ အင်တုံလေးထဲ ထည့်ပြီး နှိပ်ပေးပါတယ် ၊ ခြေဖျား ကနေ ဒူးခေါင်းအထိ ခြေသလုံးသားတွေ ကို လက်နဲ့ ဖျစ်တာ တော်တော် ကောင်းပါတယ် ။
နောက် ရေချိုးခန်းထဲ မှာ ရေချိုး ၊ body scrub လုပ်ပေးပါတယ် ၊ သူတို့ က အားသန်တော့ စပ်ဖျဉ်းဖျဉ်း နဲ့ဗျာ ၊ နောက် သူတို့ပေးတဲ့ ၀တ်စုံ ၀တ်ပြီး ဂျာကူဇီ ထဲ ကို ဆင်းစိမ်ရပါတယ် ။
အခန်းက ပင်လယ်ဘက် ကိုဟင်းလင်းဖွင့်ထားပြီး ဂျာကူစီ ကနေ ရေစိမ်ရင်း ပင်လယ်ကို ငေးကြည့်ရတဲ့ အရသာပါ ။
Hydrotherapy Jacuzzi is a 25 min Zacuzzi Bath Treatment that allows you to pamper yourself to a sensuous bath experience, in a petal-fill Jacuzzi Bath with Essential Oils. ( Google)
ဂျာကူဇီ ထဲ မှာ Temperature control နဲ့ Timer ပေးပြီး ရေ က ထည့်ထားတဲ့ အဆီကြောင့် အမြှုပ်တွေ နဲ့ တပွက်ပွက် ဖြစ်နေတာ ၊ သူ့ရဲ့ ပွက်တဲ့ ပရက်ရှာ နဲ့ နှိပ်တဲ့သဘောပါ ။ ခက်တာ က မယ်သံက အရပ်ပုတော့ ဒီဘက်မှာ နံရံမှာ မှီ ပြီး ဟိုဘက်နံရံကို ခြေကန်ဘို့ မမှီတာပါဘဲ ။ ဒီတော့ လူက ငြိမ်မနေဘဲ လျှော လျှော ကျနေတော့ မနည်းထိန်းနေရပါတယ် ။ ဟိုဘက် က ကိုချစ်မောင်ကြီး ကြည့်လိုက်တော့ မျက်စိ မှိတ်ပြီး ဇိမ်ကျနေတာဗျာ ၊ မနာလိုစရာ ။ ညဆိုတော့ မှောင်နေတော့ ပင်လယ် ဘက်လဲ ဘာမှ ကြည့်စရာမရှိဘူး ကိုး။ အံ့သြောစရာ ကောင်းတာက ပင်လယ်ဘက် ဟင်းလင်းဖွင့်ထားပေမဲ့ လေမတိုက်တာပါဘဲ ။
Jacuzzi ထဲက ထွက်လာတော့ ရေနွေးကြမ်းတခွက်ပေးပါတယ် ၊ ဂျင်း ထည့်ပြုတ်ထားလို့ ပူပူရှိန်းရှိန်း နဲ့ မွှေးမွှေးလေး ၊ ဘယ်လို အရသာရှိ မှန်းမသိဘူး (ကောင်းတယ် လို့ပြောချင်တာပါ) ။ နောက်ပြီးတော့ တကိုယ်လုံး နှိပ်ပါတော့တယ် ။
ကိုချစ်မောင် ကိုတော့ ဗလကောင်းတဲ့ တယောက်က နှိပ်ပါတယ် ၊ ယောင်္ကျားလေး မို့ ပိုပြီးခံနိုငရည် ရှိမယ် ထင်လို့လားမသိ ၊ ခက်တာက သူက အနှိပ်ခံကျင့်မရှိတာပါဘဲ ။မယ်သံ အတွက်တော့ အနေတော်ပါဘဲ ၊ အညောင်းကို ပြေနေတာပါဘဲ ။ တဆင့်ချင်း နှိပ်တာ ခေါင်း နဲ့ နားထင် လည်ပင်း ကို နှိပ်တာ သဘောအကျဆုံးပါဘဲ ။
မိနစ် ၉၀ ကြာမယ်လို့ရေးထားတာ ၂နာရီ နီးပါးကြာသွားပါတယ် ။
ည ၉နာရီ ကျော် စောသေးပေမဲ့ အနှိပ်ခံထားလို့ လေစိမ်းအတိုက်မခံချင်တာနဲ့ ဟိုတယ်အခန်းကို ဘဲတန်းပြန်လာပြီး စာအုပ်ဖတ် ရင်း ညကို ကုန်ဆုံးစေခဲ့ပါတယ် ။
မနက် ရှူခင်း ပါ ။
ရေကူးကန်ထဲ ရေသွားချိုးပါတယ် ။
နောက်တနေ့မနက် ဘရိတ်ဖတ်စ် ကို ဟိုတယ်မှာဘဲ စားပြီး ဘာတမ် မြို့ထဲ လိုက်ပို့မဲ့ ကား ကို စောင့်နေရင်း ဟိုတယ် ကိုတခါထဲ Check out လုပ်ခဲ့ပါတယ် ။
ပထမ ဆုံး သွားတာ က Happy Buddha temple ဘဲ ဖြစ်ပါတယ် ။
နောက် တော့ ရှော့ပင်း ပို့ပြီး နေ့လည်စာ ကိုတော့ Golden Prawn Restaurant မှာ ကျွေးပါတယ် ။ ပက်ကေ့ ထဲ ပါပြီးသားမို့ တော်ရိ လျော်ရိ ကျွေးတာ မဟုတ်ဘဲ စီးဖုဒ် တွေ ကို စပယ်ရှယ် စားမကုန် အောင် အများကြီးကျွေးပါတယ် ။ အရသာ လဲ ရှိပါတယ် ။ ဒါပေမဲ့ အကောင် အရှင်တွေ ကို မှာ မှ ဖမ်းကျွေးတာဆိုတော့ ....
ဒါ က အဲဒီ ဆိုင် ကဟင်းတွေ မဟုတ်ပါဘူး ။ ကိုယ်နှစ်ယောက်ထဲမဟုတ်ဘဲ အများနဲ့ ၁၀ ယောက် တ၀ိုင်းစားခဲ့ရတာ ဆိုတော့ ဓါတ်ပုံမရိုက်ဖြစ်ခဲ့ပါဘူး ။ ဒါက ဘာတမ် တခြားဆိုင် က စားလို့ကောင်းတဲ့ ဟင်းတွေပါ ။
ငါးခြောက်ကြော် ၊ ဂုံးကြော် ။
ဒညင်းသီး ကိုပြားပြီး ငါးနီတူခြောက်လေး နဲ့ ကြော်ထားတာ ။
စားအပြီး မှာ သူတို့ ဆီက ရှော့ပင်းမောတွေ ၊ ရိုးရာ အက ၊ တိုင်းရင်းသား အိမ်ယာပုံ အသေးလေးတွေ ဆီ လိုက်ပို့ပေးပေမဲ့ သိပ်တော့ စိတ်မ၀င်စား လို့ ဓါတ်ပုံရိုက်မလာပါဘူး ။
ညစာ ကိုတော့ စင်္ကာပူ Vivo မှာဘဲ စားလိုက်ပါတယ် ။
မယ်သံကတော့ နောက်တခါ ဆို နောက်နေ့ လျှောက်လည်တဲ့ ခရီးစဉ် ကို မလိုက်ဘဲ ဟိုတယ်မှာဘဲ အေးအေးဆေးဆေး နားနေဘို့ စိတ်ကူးပါတယ် ။ နေ့လည်ဘက် ကိုယ့်အစီအစဉ် နဲ့ ကိုယ် မြို့ထဲသွား ဒေသ စာလေးတွေ မြည်း စမ်း ကြည့်ချင်ပါတယ် ။
ဈေးလဲ သိပ်မကြီးလှ ဘဲ နားနေလို့ ကောင်း ၊ Spa ကလဲ ကောင်းပါတယ် လို့....။
ဒါကတော့ ကြွားချင်လို့ တင်လိုက်တာပါနော့ ( လန့်သွားဦးမယ် ကလူ လူ လူ....)

အင်ဒိုနီးရှား ရိုးရာ ငရုတ်သီးစပ်စပ် ငပိချက် ၊ ပုံတင်ရင်းတောင် သွားရေ ကျတယ် ၊ ရှလွတ်...း)
စားအပြီး မှာ သူတို့ ဆီက ရှော့ပင်းမောတွေ ၊ ရိုးရာ အက ၊ တိုင်းရင်းသား အိမ်ယာပုံ အသေးလေးတွေ ဆီ လိုက်ပို့ပေးပေမဲ့ သိပ်တော့ စိတ်မ၀င်စား လို့ ဓါတ်ပုံရိုက်မလာပါဘူး ။
သွက်လက်ချောမော တဲ့ တိုးရ်ဂိုက်မ လေး ကို တစ်ပ် စလုံး ၂ ဒေါ်လာ ပေးရပါတယ် ။ မပေး လဲ ရပေမဲ့ ထုံးစံပါတဲ့ ။ မနက်ထဲက ပြန်မယ့် အချိန် ကို ပြောထားတာမို့ အဲဒီအချိန်အမှီ Ferry Terminal ကို လိုက်ပို့ပေးပါတယ် ။
ညစာ ကိုတော့ စင်္ကာပူ Vivo မှာဘဲ စားလိုက်ပါတယ် ။
မယ်သံကတော့ နောက်တခါ ဆို နောက်နေ့ လျှောက်လည်တဲ့ ခရီးစဉ် ကို မလိုက်ဘဲ ဟိုတယ်မှာဘဲ အေးအေးဆေးဆေး နားနေဘို့ စိတ်ကူးပါတယ် ။ နေ့လည်ဘက် ကိုယ့်အစီအစဉ် နဲ့ ကိုယ် မြို့ထဲသွား ဒေသ စာလေးတွေ မြည်း စမ်း ကြည့်ချင်ပါတယ် ။
ဈေးလဲ သိပ်မကြီးလှ ဘဲ နားနေလို့ ကောင်း ၊ Spa ကလဲ ကောင်းပါတယ် လို့....။
ဒါကတော့ ကြွားချင်လို့ တင်လိုက်တာပါနော့ ( လန့်သွားဦးမယ် ကလူ လူ လူ....)
Batam သို့ အလည်တခေါက် ( အပိုင်း - ၁)
စင်္ကာပူ မှာ ဒီလ 19 ရက်နေ့Hari Raya Puasa အတွက် ပိတ်ရက်က တနင်္ဂနွေ ဆိုတော့ ကပ်ရက် တနလာင်္နေ့ ကို Public Holiday သတ်မှတ်ပါတယ် ။ ဒီတော့ ပိတ်ရက် ဆက်တိုက်လေး ဖြစ်လို့ ခရီးထွက်ချင် သူများ နီးနီးနားနား အလည်အပတ်သွားရအောင် တရုတ်နှစ်ကူးတုန်းက မယ်သံ တို့ သွားဖြစ်ခဲ့တဲ့ Batam အကြောင်းလေး ရေးလိုက်ပါတယ် ။
မယ်သံတို့ သွားခဲ့တာ တညအိပ် ၂ ရက်ခရီးလေးပါ ။ စနေ ပါ ပိတ်တဲ့ သူတွေကတော့ ဒီလို ဆက်တိုက် ပိတ်ရက်တွေ ကို စောင့်စရာမလိုဘဲ ဗီဇာ ကြိုလျှောက်စရာ မလိုတဲ့ အတွက် ဆန္ဒ ရှိရင် တန်းပြီး သွားနိုင်တဲ့ နေရာလေးပါနော် ။
မယ်သံ တို့ က တရုတ် နှစ်ကူး 23.01.2012 က သွားပြီး 24.01.2012 မှာ ပြန်လာခဲ့တာပါ ။
တည အိပ်မှာကို ဟိုတယ် ၊ ခရီးစဉ် ကိုယ့်ဟာကိုယ် မစီစဉ်တော့ဘဲ တိုးရ် နဲ့ သွားခဲ့ပါတယ် ။ အင်တာနက်ထဲ မှာ Batam Tour cheap price လို့ ရိုက်ထည့်ပြီး ရှာတော့ အများကြီးဘဲ ထွက်လာတဲ့ အထဲက Spa Villa Leisure Pte.Ltd. ကို ရွေးခဲ့ပါတယ် ( Spa ကိုစိတ်ဝင်စားတာ ရော ၊ တည်းရမဲ့ KTM Resort က ပင်လယ်ကြီး ဘေး မှာ ရှိတာရော ၊ ရုံးက ညီမလေးတယောက်က အယင်သွားဘူးထားတော့ ကောင်းတယ်လို့ ထောက်ခံတာလဲပါတာပေါ့) ။
spavilla@batamspavilla.com ကို အီးမေး ပို့ပြီး အသေးစိတ် အစီစဉ် ကို သိချင်လို့ မေးလိုက်တဲ့ အခါ
1. Adult c/w :S$108.00
- 2 way ferry tickets
- Land Transfer(pier-resort-pier)
- Accommodation with Breakfast
- 90 mins Ocean View Spa
- City tour with a seafood lunch on day 2
2. Terminal Charges (Seaport Taxes) :S$ 27.00
3. CNY Surcharges :S$ 20.00
ဆိုတော့ အထက်ပါ အားလုံးအတွက် တယောက် ကို S$ 155.00 ကျသင့်မှာ ဖြစ်ပါတယ် ။
အသွား အပြန် Ferry ရှိတဲ့ အချိန် ကိုရွေးခိုင်းတော့ ဒီက အသွားကို တတ်နိုင်သမျှ စောစော (9း 30 am) ရွေးပြီး နောက်တနေ့ အပြန်ကိုတော့ နောက်ကျ ပြီး ညနေ ( 7း 30 pm) ရွေးခဲ့ပါတယ် ။
Ferry Schedule ကို ဒီမှာ http://sindoferry.com.sg/ ကြည့်ျနိုင်ပါတယ် ။
#02-50/51, 2nd Sty Harbour Front မှာ Batam Fast Ferry Service Counter မှာ Boarding pass & return Ferry tickets ကို မနက် 8း 30 မှာ ယူရပါတယ် ။
Batam - Sekupang Ferry Terminal (1st Stop) အထိ ခရီးသွားချိန် ၁ နာရီ ၁၀ မိနစ် ဖြစ်ပါတယ် ။
ဒီလို ferry နဲ့ သွားခဲ့ရတာပါ ။ အလွန်မြန်ပါတယ် ....:D
Sekupang Ferry Terminal ကိုရောက်လို့ အင်ဒို အင်မီဂရေးရှင်း ကိုဖြတ် အပြီး အပြင်ထွက်လိုက်တော့ KTM Resort က ကြိုတဲ့ ကားလေး ကို အသင့်တွေ့ရပါတယ် ။ ၈ မိနစ်လောက် ကြာတော့ KTM Resort ကိုရောက်ပါတယ် ။ ၁၁ နာရီ ၀န်းကျင်လောက် ရောက်သွားပြီး Hotel Reception မှာ စာရင်း သွားပေးတော့ ကျမတို့ က နေ့လည် ၂ နာရီ မှ အခန်းထဲ ၀င်ရမှာမို့ ဧည့်ခန်းမှာ ထိုင်စောင့် ရပါမယ် လို့ပြောပါတယ် ။ မယ်သံတို့ သူငယ်ချင်းတဖွဲ့ တရက်စောသွားတာ သတိရလို့Reception ကို မေးလိုက်တော့ သူတို့ ရှိနေသေးတယ် ဆိုတာကြောင့် အဲဒီကို လိုက်ပို့ခိုင်းပြီး သွားနားပါတယ် ။ (တကယ်တော့ ပင်လဲမပင်ပန်းသေးပါဘူးနော်)
စုံတွဲတွေ ဓါတ်ပုံ ရိုက်လို့ ကောင်းတဲ့နေရာပါ ။
ဟိုတယ် Reception အ၀င်...
ပင်လယ် ကြီး ရဲ့ ဘေး...
ဗိုက်ဆာ လာတော့ စားသောက်ခန်းမ ကိုချီတက်လာခဲ့ကြပါတယ် ...
စားခဲ့ကြတာလေးတွေပါ...:D
အုန်းရည် ရဲ့ အရသာ က စင်္ကာပူ ထိုင်းဆိုင်တွေ ကလို မချိုဘဲ ချဉ်ချဉ် စူးစူး ကြောင့် ထောပတ်သီးဖျော်ရည်ကို ထပ်မှာပြီး သောက်ခဲ့ပါတယ် ။ သံပုရာ ရည် က ပင်လယ်စာနဲ့ မတည့်ဘူးတဲ့ ...:P
ပို့စ် ကို တခု ထဲ အပြီးရေးချင်တာ ဓါတ်ပုံတွေ များပြီး ရှည်သွားလို့ နောက်တပိုင်း ခွဲပြီး ရေးပါမယ် ။
ဆက်ပြီး အားပေး ကြပါဦး နော် ...:D

ဟိုတယ်အတွင်း အပြင်အဆင်
နှစ်ယောက်သား အိုင်ဖုန်း နဲ့ အင်တာနက်မသုံးရ လို့ သဘောတူညီချက် ယူထားလို့ အေးအေးဆေးဆေး ဖတ်စရာ စာအုပ်လေးတွေ ယူလာခဲ့ပါတယ် ။
စာဖတ်ရတာ ညောင်းလာတော့ ၀ရံတာ ကနေ ပင်လယ်ကြီးကို လှမ်းမျှော် ငေး ရင်း လွမ်း ရ ဆွေးရတယ် ..:D
ဗိုက်ဆာ လာတော့ စားသောက်ခန်းမ ကိုချီတက်လာခဲ့ကြပါတယ် ...
စားခဲ့ကြတာလေးတွေပါ...:D
ပင်လယ်စာ တွေ စားရင် ကန်စွန်းရွက်ကြော် တော့ စားဖြစ်အောင် စားပါတယ် ။
ဟင်း ချည်းဘဲ မတင်းတိမ် တတ်တော့ ထမင်းကတော့ စားဖြစ်အောင် စားပါတယ် ။
အုန်းရည် ရဲ့ အရသာ က စင်္ကာပူ ထိုင်းဆိုင်တွေ ကလို မချိုဘဲ ချဉ်ချဉ် စူးစူး ကြောင့် ထောပတ်သီးဖျော်ရည်ကို ထပ်မှာပြီး သောက်ခဲ့ပါတယ် ။ သံပုရာ ရည် က ပင်လယ်စာနဲ့ မတည့်ဘူးတဲ့ ...:P
ပို့စ် ကို တခု ထဲ အပြီးရေးချင်တာ ဓါတ်ပုံတွေ များပြီး ရှည်သွားလို့ နောက်တပိုင်း ခွဲပြီး ရေးပါမယ် ။
ဆက်ပြီး အားပေး ကြပါဦး နော် ...:D
Friday, February 3, 2012
ဟောင်ကောင် ခရီး ( 25.12.2011) - Day 3
ခရစ်စမတ် နေ့ ဟောင်ကောင် နာမည်ကျော် ဒစ်စနေးလန်းမှာ အထူးအစီအစဉ်တွေ ရှိပါသတဲ့ ။ ဟောင်ကောင်မလာခင် ရုံးမှာ ထဲ က Day 3 ကို တော့ ဒစ်စနေး ကိုသွားဘို့ တဖွဲ့လုံးညီပီးသားပါ ။
ဒုတိယနေ့မှာ တိုး အစီအစဉ်နဲ့ မလိုက်ခဲ့တဲ့ အတွက် ဒီနေ့ခရီးစဉ်အတွက် S$30+ ပေးရမှာကို မပေးရတော့ပါဘူး ။ ၀င်ကြေးက အစ တိုးရ် ကဘဲ စီစဉ်သွားတာပါ ။
ဟောင်ကောင်ကျွန်းမှာမဟုတ်ဘဲ လန်တောက်ကျွန်းမှာမို့ မနက် 73း0 ထဲက ထွက်ရပါတယ်။ ဟိုနေ့ က ဂိုက်ကတော့ ရှင်းပြတာထက် သူ့ကိုယ်သူ ကော်ဖီ (သူ့နာမည်) ကလေ နဲ့ ပြောလွန်းလို့ ဒီနေ့ ဂိုက်ကတော့ မျက်နှာခပ်တင်းတင်းဆိုတော့ ဟော့တီးလို့ အမည်ပြောင်ပေးလိုက်ပါတယ် ။သူ့အကြောင်းပြောစရာရှိ ပြောလို့ရတာပေါ့ ။ ဒစ်စနေးကတော့ ဘာမှ ထွေထွေထူးထူးရေးနေစရာမလိုပါဘူးနော် .......း)
ဒစ်စနေး အ၀င်မုဒ်ဦး နှင့် အတု အဖွဲ့သားတွေ အမှတ်တယ ...း)
Hong Kong Disneyland (Chinese: 香港迪士尼樂園) is located on reclaimed land in Penny's Bay, Lantau Island. It is the first theme park located inside the Hong Kong Disneyland Resort and is owned and managed by the Hong Kong International Theme Parks. The park opened to visitors on 12 September 2005. Disney attempted to avoid problems of cultural backlash by attempting to incorporate Chinese culture, customs, and traditions when designing and building the resort, including adherence to the rules of Feng Shui. For instance, a bend was put in a walkway near the Hong Kong Disneyland Resort entrance so good "qi" (chi) energy wouldn't flow into the South China Sea.[1]
Hong Kong Disneyland currently occupies 22.4 hectares (55 acres), it will be expanded to 27.4 hectares (68 acres)[7]
The land is located to the west side of Hong Kong Disneyland, behind Fantasyland.
တွိုင်း မှာ လဲ သူနဲ့ သက်ဆိုင်တဲ့ ဇတ်ဝင်ခန်း ရိုက်တဲ့နေရာတွေ အများကြီးပါ ။ သူ့ ကိုတော့ သိပ်မကြိုက်လို့ အများကြီးမတင်တော့ပါဘူး ။
ပြီးတော့ ၀ါးတီး အစီအစဉ်ပေါ့ ။ အမယ် ပီဇာတောင် မှ မစ်ကီ ပုံလေးဗျ။
ဒုတိယနေ့မှာ တိုး အစီအစဉ်နဲ့ မလိုက်ခဲ့တဲ့ အတွက် ဒီနေ့ခရီးစဉ်အတွက် S$30+ ပေးရမှာကို မပေးရတော့ပါဘူး ။ ၀င်ကြေးက အစ တိုးရ် ကဘဲ စီစဉ်သွားတာပါ ။
ဟောင်ကောင်ကျွန်းမှာမဟုတ်ဘဲ လန်တောက်ကျွန်းမှာမို့ မနက် 73း0 ထဲက ထွက်ရပါတယ်။ ဟိုနေ့ က ဂိုက်ကတော့ ရှင်းပြတာထက် သူ့ကိုယ်သူ ကော်ဖီ (သူ့နာမည်) ကလေ နဲ့ ပြောလွန်းလို့ ဒီနေ့ ဂိုက်ကတော့ မျက်နှာခပ်တင်းတင်းဆိုတော့ ဟော့တီးလို့ အမည်ပြောင်ပေးလိုက်ပါတယ် ။သူ့အကြောင်းပြောစရာရှိ ပြောလို့ရတာပေါ့ ။ ဒစ်စနေးကတော့ ဘာမှ ထွေထွေထူးထူးရေးနေစရာမလိုပါဘူးနော် .......း)
ဒစ်စနေး အ၀င်မုဒ်ဦး နှင့် အတု အဖွဲ့သားတွေ အမှတ်တယ ...း)
Hong Kong Disneyland currently occupies 22.4 hectares (55 acres), it will be expanded to 27.4 hectares (68 acres)[7]
မုဒ်ဦး ကနေ ၀င်လာတော့ နာမည်ကျော် မစ်ကီ ရေပန်းပေါ်မှာ လျှောစီး နေတာတွေ့ရပါတယ် ။
ဒစ်စနေးလန်း ကို ပတ်ကြည့်ဘို့ မီးရထား စတေရှင် ပါ ။
ဖန်တက်စီလန်း တဲ့ ဘာတွေ ရှိပါလိမ့် ။
Fantasyland
Main article: Fantasyland
Fantasyland features Sleeping Beauty Castle, as well as the Fantasy Gardens where costumed Disney characters can be met.
ဒစ်စနေး ဇာတ်ကောင်တွေ ၉ နာရီ မှာ စပြီး လမ်းမကြီးတလျှောက် ကကြမယ်ဆိုတော့ အဖွဲ့ သားတွေ နေရာယူစောင့်မျှော် နေကြပါတယ် ။ နေပူပေမဲ့ အေးဆေးဘဲ ။
ဟော ခေါင်းဆောင်ကြီး မစ်ကီ က ဦးဆောင်ပြီးထွက်လာပါပြီ ။
သူ့ အဖွဲ့ဝင်တွေ နဲ့သူ အပြိုင်အဆိုင် ကကြပါတယ် ။ ဘေး ကနေ ကြည့်နေတဲ့ ကလေးတွေ ကိုလဲ ဆွဲခေါ် ကကြပါတယ် ။
သူတို့ ကကြတာကိုတော့ ဓါတ်ပုံ ရိုက်တာထက် ဗွီဒီယို ရိုက်လာခဲ့ပါတယ် ။ တင်ချင်ပေမဲ့ File Load ကြီးလို့လားမသိဘူး တညလုံးတင်တာတောင် အဲရာတက်နေတာပါ ။ ချစ်စရာကောင်းတဲ့ဇာတ်လိုက်ကျော်တွေ က ကြတာ မြူးကြွ ပေမဲ့ သိမ်မွေ့ယဉ်ကျေးကြပါတယ် ။ မယ်ထုံ ကတော့ ဘာဘီမ လေးတွေ ဟာ ဒစ်စနေးထွက်မှန်း အဲဒီတော့မှ သိတာပါ ။ သူတို့တွေ ဖလိုင်းကစ်ပေးတာ ကတာတွေ ဟာ လက်အမူ အရာ ကိုယ်အမူအရာ အတော်နွဲ့ ပြီး ယဉ်ကျေး လွန်းလို့ အံ့သြောခဲ့ရပါတယ် ။ သူတို့တွေ ကတာ ကို ကြည့်ရင်း ကလေးတွေ ပါ ပျော်ပျော်ပါးပါး သင် ကကြတာ ကြည့်ရင်း သမီးလေး ကို လွမ်းလို့ မျက်ရည်ကျရပါတယ် ။ နောင် ၅ နှစ်လောက် သမီးလေး သေချာ ကြည့်တတ် ပျော်တတ်ရင် မိသားစု ခရစ်စမတ် ကို တခေါက် သွားချင်ပါသေးတယ် ။
သူတို့တွေ ကတာ အချိန် အတော်ကြာ ပါတယ် ။ ဒစ်စနေး ဇတ်ကောင်တွေ က အများကြီးလေ ။ ပြီးတော့ တွိုင်းစတိုရီ လန်း ကို ဆက်သွားကြပါတယ် ။
[edit] Toy Story Land
Main article: Toy Story Land
Opened November 18, 2011. Toy Story Land at Hong Kong Disneyland is themed using bamboo to act as giant blades of grass surrounding the area. The themed land will make use of characters from the Toy Story movies, such as an enlarged Woody, Rex, an oversized paper plane, and Luxo Jr.The land is located to the west side of Hong Kong Disneyland, behind Fantasyland.
တွိုင်း မှာ လဲ သူနဲ့ သက်ဆိုင်တဲ့ ဇတ်ဝင်ခန်း ရိုက်တဲ့နေရာတွေ အများကြီးပါ ။ သူ့ ကိုတော့ သိပ်မကြိုက်လို့ အများကြီးမတင်တော့ပါဘူး ။
ပြီးတော့ ၀ါးတီး အစီအစဉ်ပေါ့ ။ အမယ် ပီဇာတောင် မှ မစ်ကီ ပုံလေးဗျ။
ဒစ်စနေး အမှတ်တယ ပစ္စည်းတွေ ရောင်းတဲ့ ဆိုင် ကို သွားကြပါတယ် ။ ဆိုင်ထဲ က အရုပ်တွေ နဲ့ အမှတ်တယ ဓါတ်ပုံ ရိုက်လာပါတယ် ။
ပြီးတော့ သရီးဒီ ကြည့်ဘို့သွားကြပါတယ် ။ ဒဏ်စနေး ရဲ့ နာမည်ကျော် Donald Duck ဇတ်လမ်းတိုလေးပါ ။ ချစ်စရာ လဲကောင်း ရီလဲရီရပါတယ် ။
ပြီးတော့ လျှောက်လည် ကစားကွင်းထဲသွား ရထားစီးပေါ့ ။
ပုံတွေ အများကြီးဖြစ်နေလို့ မတင်တော့ဘူးနော် ။ ည ၉ နာရီမှာ မီးပန်းဖောက်တာတွေ အစီအစဉ်တွှေရိနေသေးပေမဲ့ အဖွဲ့သားတွေ ခရစ်စမတ် ဒင်နာ အစီအစဉ် လဲ ရှိလို့ တိုးရ် က လာခေါ်မဲ့ ကား ကို မစောင့်ဘဲ ပြန်လာကြပါတယ် ။ သဌေး ကတော် ကို အားနာလို့ မန်နေဂျာ က တက်ဆီ စီးချင်ပေမဲ့ အားလုံးက အမ်တီအာ စီးကြဘို့ ၀ိုင်းပြောကြတာ မို့ သဌေးကတော် လဲ ကားလေး နဲ့ စမတ်မဂွမ်ဘဲ အမ်တီအာ လူကြပ်ကြပ် မှာ မတ်တပ်လေး စီးရင်း ပြန်လာကြပါတော့တယ် ။
ဟောင်ကောင် ခရီး ကို ဒီမှာ ဘဲ ရပ်လိုက်ပါတော့မယ် ။ နောက်မှ အိုးရှင်းပတ် ကို သွားတဲ့သူတွေ ရိုက်လာတဲ့ ဓါတ်ပုံရော လင်းပိုင်လေးတွေ က တဲ့ ဗီဒီယို ရော အဆင်ပြေရင် တင်ပါဦးမယ် ။
Subscribe to:
Posts (Atom)