[X] Choose Font Here
Showing posts with label မင်္ဂလာနှစ်ပတ်လည်. Show all posts
Showing posts with label မင်္ဂလာနှစ်ပတ်လည်. Show all posts
Tuesday, December 10, 2019
အတူလျှောက်တဲ့လမ်း (၉.၁၂.၂၀၀၄-၉.၁၂.၂၀၁၉ )
လမ်းတစ်ခုကို အတူတူတွဲလျှောက်ခဲ့ကြ
တစ်ယောက်လက်ကို တစ်‌ယောက်ကတွဲလို့
ဆယ့်ငါးနှစ် တိုင်ခဲ့ပြီ ။
လျှောက်ခါစကတော့ ဘယ်လမ်းဖြစ်ရမယ်လို့ မရွေးခဲ့ဘူး
အတူတူလျှောက်ရဖို့ သာ ......
ခြေလှမ်းတွေ မတူကြပေမယ့်
ထပ်တူဖြစ်ဖို့ ကြိုးစားလှမ်းကြတယ် ။
ဒီလိုနဲ့ ခုနစ်နှစ်အကြာ လက်တွဲဖော် တစ်‌ယောက်တိုးလာတယ်
သွားနေတဲ့ လမ်းလေးကို ချဲ့ထွင်ရတာပေါ့ ....
ဒီလိုနဲ့ နေပူလိုက်
မိုးရွာလိုက်
နှင်းကျလိုက်နဲ့ .........
သူက ပန်းတိုင်ကို လှမ်းမြင်တယ်
ပန်းတိုင် မြင်တော့လည်း လူ့သဘာ၀ မြန်မြန်ရောက်ချင်တာပေါ့
သူဟာ လမ်းကိုရွေးတယ်
လမ်းမှန် မမှန် သုတ်သုတ်သွားမျှော်ကြည့်တယ်
ပြီးတော့ ကိုယ့်လက်ကို ပြန်လာဆွဲ ခေါ်တယ်
ကိုယ်ကလည်း ဗျာများတယ်
ပန်းတွေကြွေတာမြင်တော့လည်း ကောက်ချင်တယ်
ရေချမ်းစင် မြင်တော့လည်း သောက်ချင်တယ်
ခရီးဖင့်တော့တာပေါ့ ၊
အမြန်ရောက်ချင်သူမှာလည်း စောင့်ရတာ စိတ်မောတယ်
ဖ၀ါးထပ် အပြေးလိုက်ရတာလည်း မောတယ် ၊
( အာ့ကြောင့် အပုနဲ့ အရှည် တွဲမလျှောက်သင့်ဘူး ဤကားစကားချပ် ဟိ )
ကိုယ့်ကြောင့်တော့ဖြင့် သူ့ပန်းတိုင်ကို မနှောင့်နှေးစေချင်ပါဘူး ၊
အခုတော့ သူ့ကိုခိုတွဲထားတဲ့ လက်ကို ခနလွှတ်လိုက်တယ်
စောင့်ပြီးတွဲခေါ်ဦးမလား
ဖြောင့်‌ဖြောင့်တန်းတန်း နောက်မလှည့်ဘဲ ဆက်လျှောက်သွားမလား
သူ့သဘောပါပဲ ၊
ကိုယ်လည်း နောက်ကနေ ဖြည်းဖြည်း လိုက်လျှောက်တယ်
အခုထိတော့ သူ့ကို မြင်နေရသေးတယ်
ကြာရင် မျက်ခြည် ပြတ်ကျန်ခဲ့မလား
မြင်ကွင်းထဲ သူ ဆက်ရှိနေဦးမလား
ဘာမှ မသေချာဘူး ၊
ကိုယ်ဘာမှ ဆုမတောင်းပါဘူး
ပြုံးပြီး ဖြည်းဖြည်းအေးအေး ဆက်လျှောက်နေမယ် ။ ။
Thursday, December 8, 2016
အပြုံးမပျက် ရှေ့သို့ဆက် မင်္ဂလာ တစ်ဆယ့်နှစ်
Photo credit GOOGLE
ဆယ့်နှစ်နှစ်ဟာ မနေ့ တနေ့ ကလိုပဲ .......။
ကိုယ်တို့ နှစ်ယောက်ဟာ ရန်သတ်ရင်း ၊ အလုပ်ချိန်ပြင်ပအချိန်တွေမှာ တတ်နိုင်သမျှ အတူတူရှိနေကြဖို့ ကြိုးစားရင်း ၊ တယောက် က စားချင်ရာကို နောက်တယောက်က လိုက်ပြီးစားရင်း နဲ့ အတူတူ ဖြတ်ကျော်လာခဲ့ကြ ။
အမြင်မတူတာတွေ ၊ အတွေးမတူတာတွေ ၊ အကြိုက်မတူတာတွေ ၊ သဘာဝ မတူတာတွေ အများကြီးကို ညှိယူမနေဘဲ တယောက်သဘောထားကို တယောက်က လေးစားရင်း နဲ့ ကိုယ်ကြိုက်ရာ ကိုယ်လုပ်ရင်း လမ်းတခုကို အတူတူ တွဲလျှောက်နေခဲ့ကြ ။
အုတ်နီခဲပေါ် အထပ်သားပြားလေး ခင်းပြီးတော့ အိပ်ယာ လုပ်ခဲ့တုန်းကလဲ ပျော်ပျော်ရွှင်ရွှင်ပဲ ။
ဒန်းလော့ ကို အိပ်ယာ လုပ်တော့လဲ ခံစားချက်ချင်း အတူတူ ။
တယောက်အနားမှာ တယောက် ရှိနေဖို့ ပဲ လိုခဲ့ ။
ကိုယ် ယုံ ကြည် ပါ တယ် ။
တယောက်နဲ့ တယောက်ခွဲခွာပြီး နေကြရမယ်ဆိုရင်လဲ ကိုယ်တို့ နှလုံးသားတွေ နီးနေဦးမယ် ဆိုတာကိုပေါ့ ။        ။
Wednesday, December 9, 2015
နှောင်ဖွဲ့တိုးချစ် တစ်ဆယ့်တစ်
ဒီမယ် ဒီမယ် ကချစ်မောင် <3 :d="" br="" nbsp="">
ကျုပ်အမေ ကို တရားထိုင်ဖြစ်အောင် အားတဲ့ တနင်္ဂနွေလေးတစ်ရက်မှာ တရားစခန်းလိုက်ပို့ အဖော်လုပ် တရားထိုင်ပေးတာနဲ့တင် ကျုပ်က တော့်အတွက်ဆို ဘာမဆိုအဆင်သင့်ပဲလို့ ......:P
အေးအေးဆေးဆေးနေတတ်တဲ့ ကျုပ်အဖေ ကို စိတ်အပြောင်းအလဲဖြစ်အောင်၊ တစ်ဦးထဲသောသမီးလေးကို အကြောက်အလန့်မရှိအောင် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ၀ုန်းဒိုင်းကြဲ သတ်ဖြတ်နေကြတဲ့ ရုပ်ရှင်ကားတွေ၊ သရဲကားတွေ ကို အချိန်ပေး down load ပြီး ညစဉ်ပြပေးနေတဲ့အတွက်လဲ ကျေးဇူးဥပကာရတင်ကြောင်းပြောပါရစေ ။
ညစဉ် အလုပ်ကပြန် စားသောက်ပြီးတိုင်း ရှင် တကူးတက အချိန်ပေးပြီး ပြတဲ့ အဲဒီကားတွေ ကြည့်ရမယ့် ဒဏ်မခံနိုင်လို့ ညတိုင်း အလုပ်မှာ အချိန်ပိုဆင်းတော့ ကျမ အလုပ်တွေ ပြီးတာပေါ့ညော် အဲ့ဒီအတွက် ကျေးဇူးအထပ်ထပ်တင်ပါတယ် :P
လက်ထပ်ခါနီးပြင်ဆင်နေချိန်......(အချစ်ငှက်လေးတွေပေါ့ကွယ်)
ကချစ်မောင်း  ဘာလိုချင်လဲ ချစ်တဲ့သူရေ ကိုယ့်ကိုပြော အပ်ကစပြီး မြင်းမိုရ်ကြီးထိ ကိုယ်ဖန်ဆင်း အဲလေ ယောင်လို့ အာ့ ကြော်ငြာကြီး ( စတာဘာ စတာဘာ)
                  မ ဘာဖြစ်ချင်သေးလဲ ဘာလိုဥင်္ီးမလဲ ....
မယ်သန်း  ဘာမှ မလိုချင်ပါဘူးမောင်ရယ် ( အီကလဲ ရုံးပတေ တရော်သံဖြင့်)
               ပါတိတ်လေး ၀တ်နိုင်ပြီး တနေ့ထမင်းလေးသုံးနပ်စားရ လုံလုံခြုံခြုံနေရာလေး နေရ တော်ပါပြီ ။ အများကြီးမတွေးနဲ့ မောင်လဲ ပင်ပန်းပါတယ် ၊ သူ့ ကံနဲ့ သူပေါ့ ........
 ဆယ့်တစ်နှစ်ကျော် ကြာသော် ........(ဟင်္သာတွေလေ)
 ကချစ်မောင်း မယ်သန်ရေ တို့ လက်ထဲဘယ်လောက် စုမိရင် ပြန်နိုင်မယ်လို့ မင်း ထင်လဲ ....
မယ်သန်း  အမလေး ကချစ်မောင် ၊ တော် ဒီမေးခွန်း မေးနေစရာကို မလိုဘူး ။
               ကျုပ်တစ်ယောက်ထဲဆို ဘာကိုမှ တွေးမနေဘူး တော်အသိပဲ၊  အခုက သမီးလေးကိုကြည့် ဟိုဟာလိုချင် ဒီဟာလိုချင် နဲ့ ကိုယ်ကမဖြည့်ဆည်းပေးနိုင်ရင် ကျုပ်ဘယ်လောက်စိတ်ဆင်းရဲရလဲ တော်မသိဘူး ။ မိန်းမယူထား ကလေးမွေးထားပြီး ဒီထက်ပိုသာမယ့်အခွင့်အလမ်းကိုမရှာချင် ၊ ကျုပ်တို့ကို စေတနာမရှိတဲ့ တော့်ကို ယူမိတဲ့ ကျုပ်ကိုယ်ကျုပ်ပဲ စိတ်နာတယ် ၊ စိတ်နာတယ် ..........
အလကား အလကား စတာဘာ ၊ ကချစ်မောင် ကျုပ်တို့ အပေါ် ဂလောက်ကောင်းတာ အဲလိုပြောစရာလား ၊ တကယ် မထင်နဲ့နော် စတာဘာဆို အာဘွား :P  
Tuesday, December 9, 2014
သက်တမ်းများကို ဆန်းစစ်ခြင်း - အိမ်ရှင်မ သက်တမ်း ၁၀ နှစ် တိတိ
ကျမ အသက်က ၄၀ တန်းရောက်လာပြီ ဆိုတော့ သက်တမ်းကို ကြည့်ရင် သုံးပုံ နှစ်ပုံ လောက်က ကုန်ခဲ့ပြီ လို့ဆိုရမှာပါ ။ ဒီသက်တမ်းမှာ ကျမရဲ့ စိတ်ဖိစီးမှူတွေ ခန္ဓာကိုယ်အင်အားကို အသုံးချခဲ့တာတွေက သိပ်များတော့ ကျန်တဲ့ တစ်ပုံ ဟာအပြည့်နေရလိမ့်မယ်တော့ မျှော်လင့်မထားပါဘူး ။ တစ်ခုပဲ ..ကျမ သမီးလေးက အခုမှ အသက် လေးနှစ်တောင်မပြည့်တတ်သေးဘူးဆိုတော့ အဲဒီအချိန် နောက်အနှစ် ၂၀ မှာ သူဟာ ၂၄ နှစ်ပဲရှိနေဦးမှာ ။ ထားပါတော့လေ...
အသက် ၄၀ တန်းကို ခွဲခြမ်းလိုက်ရင်
မိဘ အရိပ်အာဝါသအောက်မှာနေခဲ့တဲ့ သံယောဇဉ်သက်တမ်းက အနှစ် ၂၀ ။
အဲဒီအနှစ် ၂၀ ကာလမှာ ကျမရဲ့ ကံကျေးဇူးကြောင့် အေးချမ်းသာယာပြီး ပြည့်စုံတဲ့ အရိပ်အောက်မှာနေခဲ့ရတာပါ ။
ကိုယ့်အားကိုယ်ကိုး မိဘကပေးလိုက်တဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ ပညာလေးကို အမှီပြု နေခဲ့ရတာ ၁၀ နှစ် နဲ့ ...
နောက်တော့ ၉.၁၂.၂၀၀၄ ကနေ ဒီနေ့အထိ အိမ်ရှင်မသက်တမ်း ၁၀ နှစ်တိတိ ။
              ဒီ ၁၀ နှစ်မှာ ကျမကို ဒီရာထူး ( ရာထူးဆိုတာ ရူးတာပါတဲ့ :P) ကို ခန့်အပ်ပြီး  လုပ်ပိုင်ခွင့် အာဏာအပြည့်အ၀ ပေးခဲ့တဲ့ အိမ်ဦးနတ်ကို ဒီနေရာကနေ Appreciate လုပ်လိုက်ပါတယ် ။
သူဟာ ကျမအတွက် ၊ ကျမရဲ့ အိမ်ရှင်မ ဘ၀ဖြစ်တည်စေမှူအတွက်တစ်ဦးတည်းသော မြတ်နိုးရာ၊ ကိုးကွယ်ရာ ဟီးရိုးတစ်ယောက်ပါ ။
ဒါဟာ စကားအဖြစ် ပေါ့ပေါ့တန်တန်ပြောလိုက်တာမျိုး မဟုတ်ပါ ။ ဒီ ၁၀ နှစ်အတွင်းမှာ အမျိုးမျိုးကြုံလာခဲ့ရပြီ ။  အခက်အခဲတွေ ပြသနာတွေ ကြုံလာရတိုင်းမှာ သူဘယ်လိုဖြေရှင်းပေးတာ ၊ ပျော်ရွှင်စရာကြုံတွေ့လာရချိန်မှာ သူ ဘယ်လို မျှဝေပေးခဲ့တာ ဆိုတဲ့ အရာများစွာအတွက်၊ ကျမ ရဲ့ ဘ၀ရယ် အချိန်ရယ် ဒီ ၁၀ နှစ်တာ ကာလမှာ ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသမျှ တွေကြောင့် ယုံကြည်စွာနဲ့ ပြောရတာပါ ။
ကျမ တို့ Physics သဘောတရားမှာတော့ အရွေ့ ဆိုတာမရှိခဲ့ရင် ဘယ်လောက်ပဲ လုပ်ခဲ့လုပ်ခဲ့ work done ကတော့ zero ပါပဲ တဲ့ ။ ဒီ ၁၀ နှစ်မှာ ကျမ တို့နှစ်ယောက်ရဲ့ work done ဟာ zero ရော minus ပါ မဟုတ်ခဲ့ပါဘူး ။ ဒါက သေချာပါတယ် ။
ကျမ ကတော့ ဒီအိမ်ရှင်မ ရာထူးကို ရခဲ့ချိန်မှာ ကျမရဲ့ဘ၀မှာ အရင်က မိဘရယ် မောင်လေးရယ် ရှိခဲ့တယ် ။   သူက ကိုယ့်အိမ်တွင်း ကို ၀င်လာခဲ့တဲ့ နောက်ထပ်အိမ်သားတစ်ယောက်ပဲ လို့ အဲလိုပဲသဘောထားခဲ့တယ် ။  အရင်ရှိပြီးသားမိသားစုထဲက ခွဲထွက်လာ နောက်ထပ်မိသားစု တစ်ခုသတ်သတ်လို့ ခွဲထွက်ခဲ့တာမျိုးမဟုတ်ဘူး ။
    ချစ်ကြသူချင်း ဘ၀တစ်ခုကို အတူတူ ထူထောင်လိုက်တာအကြောင်းမဟုတ်ပေမယ့် ချစ်သူရဲ့ မျက်နှာတစ်ခုထဲနဲ့ လေးလေးစားစားနေရာတခုပေး၇မယ့် မိဘနဲ့ ဆက်ဆံရတဲ့အခါ အမှားအယွင်း ဖြစ်မှာကို စိုးရိမ်ရတဲ့ စိတ်ဖိအားကို သူ မဖြစ်မနေရင်ဆိုင်ရတော့မယ် ။
ဒီနေရာမှာ ကျမ ရဲ့နေရာက အဓိက ကျပါတယ် ။
နှစ်ဘက်လုံးဟာ ကျမကို ချစ်တဲ့သူချည်းပဲ ။
ချစ်ကြလို့ ဖြစ်လာတဲ့ စေတနာကို အကောင်အထည်ဖော်ရာမှာ မတူညီကြတော့ စိတ်အခန့် မသင့်စ ရာလေးတွေ   တွေ့ရမှာပါပဲ ။
  နှစ်ဘက်လုံး သံသယမရှိ တသားထဲ ဖြစ်သွားစေဖို့က တော့ ကျမအပေါ်မှာ မူတည်ပါတယ် ။ ဒီအချိန်မှာတော့ ကျမ အဲဒါကို လုပ်နိုင်ခဲ့တယ်ပဲ ပြောပါရစေတော့။
မှတ်မိပါသေးတယ် ...
          ကျမတို့ အိမ်ထောင်ဦးကာလ တစ်ရက်မှာ အမျိုးသားက သူ့အလုပ်မှာ စိတ်ဖိစီးတာတွေများနေချိန် ကျမကို အော်လိုက်ပါတယ် ။
အမေ ဟာ တခါထဲ အခန်းထဲကနေ ပြေးထွက်လာပါတယ် ။
နောက် ကျမကို သူ့ရှေ့မှာမေးပါတယ်  " သမီး  ညီးမှာဘာတွေအားနည်းချက်ရှိနေလို့ သူက အော်ရတာလဲ"  တဲ့ ။
အဲဒီအချိန်သူ့မျက်နှာကို ကြည့်လိုက်တော့ သူလဲ အမေ အဲလိုထွက်လာပြီး ဒေါသနဲ့ မေးတာကို စိတ်ကသိကအောက် ဖြစ်နေပုံ နဲ့ ။
ကျမ အမေ့ကို သူ သမီးကို အော်တာမဟုတ်ပါဘူး။ သူအော်အောင် သမီးမှ ဘာမှ လုပ်မထားတာ သူ့ဟာသူစိတ်ညစ်လို့အော်တာပါအမေရယ် ။ သနားပါတယ် ကာရာအိုကေဆိုင်တောင် သွားမအော်နိုင်ရှာဘူး ။ ကိုဦး ရှင် ပိုက်ဆံများများရှာ သိလား ဒါမှ ကာရာအိုကေဆိုင်ကိုသွားအော်နိုင်မှာ အခုတော့ ရေသွားသောက်လိုက်ဦး အမေ့ကိုပါ ရေတစ်ခွက်ခပ်ပေးလိုက် လို့ ခပ်သောသောလေးပြောလိုက်ပါတယ် ။
        သူကလဲ အဲတော့မှ စိတ်သက်သာရာ ရ သွားတဲ့ပုံနဲ့ ရေသွားခပ် အမေ့ကိုပေးပြီး ဒေါ်လေး ကျနော်တောင်းပန်ပါတယ်။ စိတ်ရှုပ်လွန်းလို့ စိတ်လွတ်သွားတယ်လို့ ပြောလိုက်ရော ။
အမေ လဲ သူ အဲလို ဒေါသနဲ့ ထွက်လာမေးမိတာကို  စိတ်မကောင်းဖြစ်သွားသလား ။ သူ့သားမက် အဲလောက်စိတ်ရှုပ်တာကိုပဲ သနားသွားသလား ဒါမှမဟုတ် သူ့သားမက် ငွေပိုရှာနိုင်လာချိန်မှာ သူကသမီးကို အိမ်မှာထားခဲ့ပြီး ကာရာအိုကေဆိုင် သွားအော်မှာစိုး၇ိမ်သလား မသိပါဘူး ။ နောက်ဆို ကျမတို့ လင်မယား အော်ဟစ်နေလဲ တော်ရုံဆို ၀င်မပါတော့ပါဘူး ။
         အိမ်ထောင်ဦး အဆင်မပြေချိန်မှာတော့ နှစ်ယောက်သား ဂျိမ်နောင်ချတာ အဆက်မပြတ်ပါပဲ ။ တော်သေးတာက နှစ်ယောက်သားက စိတ်မကောက်တတ်တာပဲ ။       ဂျိမ်နောင်ချပြီးရင် မောမောနဲ့ ဗိုက်ဆာရင်  အိမ်မှာ  ဘာရှိလဲ ရှိတာအတူစားကြ မရှိလဲ အပြင်ထွက်စားကြနဲ့ ..ကြားထဲ ၀င်ဖြန်ဖြေ တဲ့သူတွေ အရူးဖြစ်ကိန်းပါ ။ ဒါကြောင့်လဲ ကြားသုံးကြား ၀င်မပါနဲ့ လို့ ဆိုကြတာနေမှာပါ ။
ဆယ်နှစ်ကာလကို ကျော်လာတဲ့အခါမှာတော့ အားလုံးက အသားကျနေပြီလို့ ဆိုရပါမယ် ။  အခက်အခဲတွေ တွေ့လာတိုင်း ယုံကြည်မှုနဲ့ ကျော်ဖြတ်ကြတယ် ။ သူ့ဘက် ကိုယ့်ဘက် မျှတ တယ်။ ရလာတဲ့ အသီးအပွင့်တွေကို ( အသီးအပွင့် တိုင်းကတော့ ချိုမြိန်နေတာမျိုးမဟုတ်ပါဘူး ) အတူမျှဝေစားသုံးကြတယ် ။
ဆယ်နှစ်က ဟိုဘက်လွန်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်ဦးမယ် မပြောတတ်ပါဘူး ။ လောကကြီးမှာ ဘာမှကြိုတင်ခန့်မှန်းမထားတာတွေလဲဖြစ်တတ်လို့ ဘာကိုမှ ကံသေ ကံမ တွက်မထားပါဘူး ။ အခုချိန်မှာ ကျမကိုယ်တိုင်က စိတ်သွားတိုင်းကိုယ်ပါပေမယ့် ခန္ဓာ အလိုကို စိတ်မလိုက်နိုင်တဲ့ အချိန်ကို ကြုံရဦးမှာပါ ။
ဘာပဲ ဖြစ်ဖြစ် ဒီ ဆယ်နှစ်ဆိုတဲ့ မှတ်တိုင်ကို ကောင်းကောင်းစိုက်ထူနိုင်ခဲ့တယ် လို့တော့ ကိုယ့်ကိုကိုယ် President of the Home အဖြစ် မာန်တက်ပါရစေလားရှင် ။
Monday, December 9, 2013
ကိုယ့်ရဲ့ ၀မ်းသာပျော်ရွှင်တဲ့ရယ်သံတွေ မှာ သူ့အရွက်တွေလှုပ်ခတ်တဲ့အသံတွေပါ ရောပြီး ညိုးညိုးညံညံထွက်လာတာပေါ့ ။
အကောင်းနဲ့အဆိုးတွဲနေမယ့်လောကကြီးမှာ ဒီိလို ခံစားရမှာတွေ တွေးကြောက်ပြီး  ဒီအပင်ကြီးဟာ ပိုပြီး အရိပ်ဖြာ စိမ်းလန်း လာမှာကို ကြောင့်ကြပူပင်လို့ဖြင့် မနေပါဘူး ။
9th Anniversary KMO + TDL
မေတ္တာဖြန့်မိုး ရတု ကိုး ဒီရင်ခွင်ရိပ် မှာ နားခိုခဲ့တာ ကိုးနှစ်တိုင်ခဲ့ပြီ ။ ဒီအရိပ်ကိုစဝင်ခဲ့တုန်းကတော့ ချစ်ခြင်းသက်သက်နဲ့သာ ... သစ်ကိုင်းကျဲကျဲ နဲ့ အားယူတက်စ အပင်လေးဟာ အကိုင်းအခက်ဖြာပြီး စိမ်းလန်းလာမယ်ဆိုတာ မသေချာခဲ့ဘူး ။ အရိပ်လေးမှာ နားခိုရင်း အပင်ခြေ မြေပြင်ကိုရှင်းလို့ ၊ ရေလောင်းပေါင်းသင် မြေဆီကျွေး ကိုယ်တတ်နိုင်သမျှ လုပ်ခဲ့တာပေါ့ ။ ကိုယ်ကလဲ မေတ္တာရေအေး လောင်းခဲ့သလို သူ့ရဲ့ဗီဇမျိုးစေ့ကလဲ မှန်ခဲ့လို့ဖြစ်မယ် ။ တစ်နေ့တစ်ခြားရှင်သန်ကြီးထွားပြီး အကိုင်းလေးအခက်လေးတွေနဲ့ဖြစ်လာတယ် ။ နေပူပြင်းတဲ့ နေရာမို့ထင်တယ် အရမ်းကြီးတော့ စိမ်းလန်းမနေသေးဘူး ။ အခုတော့ ကိုယ်လဲ ဒီရင်ခွင်အေးရိပ်မှာ စိတ်ဒုံးဒုံးချ နားနေခဲ့ပြီ ။ အရိပ်အောက်ဝင်ပြီးမကြာခင် စပြီးသီးတဲ့ အသီးလေးဟာ နုနုလေးမှာကြွေကျသွားခဲ့တယ် ။ ကိုယ့်ရဲ့ ဝမ်းနည်းမျက်ရည်တွေ ဟာ ဒီအပင်ရိပ်မှာပဲ ကြွေကျခဲ့ရတာမို့ သူ့ရဲ့ ရှင်သန်ခြင်းတွေထဲမှာ ကိုယ့်မျက်ရည်တွေပါ အတူတူစီးမျောခဲ့တာ .....။ အခုတော့ လဲ နောက်ထပ် ပန်းလေးတစ်ပွင့် ပွင့်လာခဲ့ပြီ ။ ကိုယ့်ရဲ့ ဝမ်းသာပျော်ရွှင်တဲ့ရယ်သံတွေ မှာ သူ့အရွက်တွေလှုုပ်ခတ်တဲ့အသံတွေပါ ရောပြီး ညိုးညိုးညံညံထွက်လာတာပေါ့ ။ လေပြည်ညှင်းလေးတွေနဲ့အတူ ပန်းကလေးရဲ့ရနံ့မွှေးပျံ့လာဖို့ ကြိုးစား ဆုတောင်းနေမိတယ်။ ကိုယ်နဲ့ ပန်းလေးအတွက် ဒီရင်ခွင်ရိပ်ကြီး တစ်နေ့တစ်ခြားအေးမြလာဖို့ အပင်လေးဟာ နှစ်ပေါင်းများစွာရှင်သန်ပြီး ကြီးမားစိမ်းလန်းလာပါစေလို့သာ ဆုတောင်းရတာပဲ။ သစ်ပင်ကြီး ကြီးမား အရိပ်အာဝါသ အေးလာတာနဲ့အတူ အရိပ်ခိုချင်တဲ့သူတွေ တစ်စတစ်စ နဲ့ ဝင်လာကြမှာလဲ သဘာဝပါ ။ အဲဒီအချိန်ကျရင်သာ သူတို့ကို နေရာပေးရင်း နဲ့ ကိုယ်တွေဟာ ဘေးမရောက်သွားပါစေနဲ့သာ ဆုတောင်းရမှာပဲ ။ ဒီလိုပဲ သူ့အကိုင်းအခက်တွေကို လာနားကြမယ့် ငှက်တွေ ဒဏ်ကြောင့် သူ့မှာလေးလံပင်ပန်းတာတွေ ရှိလာမှာပဲ နော်။ အပင်မြင့်လာတာနဲ့ အမျှ လေပြင်း နေပြင်းဒဏ် ကိုသူပိုခံရတော့မယ် ။ အကောင်းနဲ့အဆိုးတွဲနေမယ့်လောကကြီးမှာ ဒီလို ခံစားရမှာတွေ တွေးကြောက်ပြီး ဒီအပင်ကြီးဟာ ပိုပြီး အရိပ်ဖြာ စိမ်းလန်း လာမှာကို ကြောင့်ကြပူပင်လို့ဖြင့် မနေပါဘူး ။ သူ့ရဲ့ ဗီဇမျိုးစေ့ ရှိသလောက် ကြီးမား ရှင်သန် စိမ်းလန်းနေဖို့ ကိုယ်ကတော့ ကိုယ်တတ်နိုင်သမျှ ရေလောင်း ပေါင်းသင်ပေးနေဦးမှာပါ ။ ကိုယ်တို့ကို ၉ နှစ်တာလုံး သူတတ်နိုင်သမျှ အေးမြအောင် မေတ္တာရိပ်မိုးပေးခဲ့ သလို ကိုယ်နဲ့ အတူ ပန်းကလေး လန်းစွင့် လှပ မွှေးပျံ့စေဖို့ အေးရိပ် နဲ့ အားအင်တွေအသက်ထက်ဆုံးတိုင်ပေးနိုင်ပါစေ လို့ သာ ။ ။
Saturday, December 8, 2012
ကြေးဝါရတု တိုင် ဒီခရီး
              နှစ်ဦးအတူ လျှောက်လှမ်းခဲ့ကြတဲ့ ရှစ်နှစ်တာ ဒီခရီး ကိုပြန်လှည့်ကြည့်ရင် ပန်းခင်းတဲ့ လမ်းချည်းဘဲ မဟုတ်ခဲ့ပါဘူး ။ ဆူးခင်းလမ်း လို့ဆိုရအောင် မကြမ်းခဲ့ပေမဲ့ ကျောက်စရစ်ခဲတွေ ခင်းထားသလို အဖုအထစ်တွေကိုတော့ အများကြီး လျှောက်ခဲ့ကြရတယ် ။
ပင်ပန်းခဲ့ရတဲ့ စိတ်ကြေကွဲဝမ်းနည်းခဲ့ရတဲ့ အတိတ်ကို ပြန်မတွေးချင်ပေမဲ့ နှစ်ယောက်အတူတွဲပြီး ရင်ဆိုင်ခဲ့တဲ့ အင်အားတွေကို တော့ တွေးတော အားတက်မိတယ်မောင် ။
ဘယ်လို အခက်အခဲ တွေကိုဘဲ ရှိခဲ့ ရှိခဲ့ နှစ်ဦးအတူ ခိုင်ခိုင်မြဲမြဲ တွဲပြီး ရင်ဆိုင်ခဲ့ကြတယ် ။
 မှောင်မိုက်တဲ့ ညတွေမှာ ကြယ်ရောင် ကိုအားကိုးပြီး စမ်းတ၀ါးဝါး လျှောက်ခဲ့ရာက အခုတော့ အာရုဏ်လာ ပြီ လို့ဆိုရမယ် ။ ဘာဘဲဖြစ်ဖြစ် ခေါင်းမော့မော့ လည်မော့မော့ မလျှောက်ဘဲ သတိလေးနဲ့ လျှောက်ရမယ် မောင် ၊ ဒါမှ ခလုတ် မတိုက်မှာပေါ့ နော် ။
♫ ♫ မောင်ရေ အချစ်ရေ ♫ မောင်ရေ တကယ်ချစ်ရဲ့လား ♫♫ လို့ တ တတ မေးနေစရာမလိုခဲ့ပါဘူး ၊ မောင့်ဆီက ကြင်နာခြင်း၊ မျှတခြင်းတွေကို ကိုယ်တိုင် ခံစား သိခဲ့ရပါတယ် ။
အဆိုးအကောင်းမှန်သမျှ ကို အတူလက်တွဲ ပြီးရင်ဆိုင်ခဲ့ကြတာမို့ တို့နှစ်ယောက်ဟာ လက်တွဲဖော် အစစ် ပါ မောင် ။ အရာရာ ကို နားလည်ပြီး လက်တွဲဖေးကူ ခဲ့တဲ့ အတွက် ကျေးဇူး ပါ ဆိုရင် ခေါင်းညိတ်ပြီး မဲ့ပြုံး ပြုံးလေမလား မောင် ။
              အခုတော့ တို့ နှစ်ယောက်ဘ၀ မှာ ချစ်မ၀ စရာ သမီးလေး ရှိလာပြီ ။ သူ့အတွက် တို့တွေ ပိုကြိုးစားကြမယ် ။
တို့နှစ်ယောက် လက်ကို  သက်ဆုံးတိုင် မြဲမြဲခိုင်ခိုင် တွဲကြမယ် ။
မလွဲမသေ တွေ့ကြုံ ရမဲ့ အိုခြင်း နာခြင်း သေခြင်း တရားတွေကို ရင်ဆိုင်ဘို့ သတိ နဲ့ အမြဲနေ ပြင်ဆင်ကြရမယ် ။
တွဲလက်များ
♫ ဘ၀ အချိန်ခနလေး..ရှင်သန်ခွင့်ရ ..တို့ဘ၀တသက်တာ......
အပေါင်းအသင်းတွေကြား မင်းအတွက် တို့ဟာ ကြင်နာစွာ.....
မင်း..လိုအင်တိုင်း လိုအပ်တိုင်းပေါ့ မင်းနားရှိမယ်....
မငြင်းရက်ခဲ့ဘူး..ပေးဆပ်ခြင်းမှာပျော်ရွှင်ရင်းပေါ့....
အားငယ်ချိန်တိုင်း အနားမှာ အစဉ်အားပေးခဲ့တာ ...
မင်းရဲ့ အပြုံးတွေဘဲ မမေ့နိုင်ခဲ့ဘူးလေ ....
ဒီအပြုံးလေးများနဲ့ တို့ဘ၀ ကို ဖန်တီးဆေးခြယ် ....
ရင်ဆိုင်မယ် အဆိုးဆုံးကြုံလည်း...
အကောင်းဆုံးတွေများ မျှဝေလို့ တို့ခံစားကြမယ် ...
ယုံကြည်ထားတယ် ခိုင်မာသော တွဲလက်များရယ် ...♫
♫  ဟေးးး ဒီရင်ထဲ အခိုင်အမာရှိခဲ့ကြတဲ့ မေတ္တာ ...
မပြောင်းလဲပါဘူး မဟောင်းနွမ်းဘူးလေ ဖြူစင်စွာ...
ဟေး..ဘယ်လိုလဲ တကယ်ကို အိုမင်းသွားတဲ့ တနေ့တိုင်...
မပြောင်းလဲပါဘူး မင်းအတွက်တို့ဟာ အမြဲရှိနေမှာ ....
အားငယ်ချိန်တိုင်း အနားမှာအစဉ်အားပေးခဲ့တာ...
မင်းရဲ့အပြုံးတွေဘဲ ချစ်စရာ အချစ်ဆုံးလေးး..
♫ ဒီအပြုံးလေးများနဲ့ တို့ဘ၀ ကို ဖန်တီးဆေးခြယ် ....
ရင်ဆိုင်မယ် အဆိုးဆုံးကြုံလည်း...
အကောင်းဆုံးနေ့များ မျှဝေလို့ တို့ခံစားကြမယ် ...
ယုံကြည်ထားတယ် ခိုင်မာသော တွဲလက်များရယ် ...♫
Monday, November 7, 2011
7th Years !
ကိုဦး ..........
တို့ရဲ့ မင်္ဂလာ သက်တမ်း ခုနှစ်နှစ်မြောက်ခဲ့ပြီ နော် ။
ခုနှစ်နှစ် ဆိုတာ လက်ချိုးရေ ရင် လက်နှစ်ဘက်မပြည့်တတ်သေးပေမဲ့ တွေ့ကြုံခဲ့ရတဲ့ ဘ၀ ရဲ့ ဒဏ်တွေကတော့ အချိန် နဲ့ မလိုက်အောင်ပါဘဲ ။
ဘယ်လိုဘဲ မုန်တိုင်းထန်ထန် တို့ ကတော့ လက်ကိုတွဲ ခိုင်ခိုင်ဆုပ်ပြီး ရပ်တည်ခဲ့ကြတယ် ။
ခုတော့ လေပြည်လေးတွေ သာစပြုလာပါပြီ ကိုဦးရေ ။
အာရုံ တက်ပြီး နေခြည်ဖြာ လာချိန်မှာ တို့ နှင့်အတူ ချစ်စရာ သမီးလေး တယောက်လဲ ရှိနေပြီ ။
ပူအမျှ ခဲ့ သလို အေးလဲ အတူရှိကြမယ်လေ။
လောကဓံ က ဘယ်လိုဘဲ ထန်ထန် အနားမှာ မားမားမတ်မတ် ရပ်ပေးခဲ့ တဲ့ အတွက် ကျေးဇူးပါ လို့ ဆိုရင် တစိမ်း ဆန် တယ်လို့များ ပြောဦးမှာ လား ။