ခပ်ချောချော ဘလော့ဂ်ဂါ လူပျိုကြိး တစ်ယောက် ကောင်းမှူ နဲ့ မယ်သံတို့ စင်္ကာပူ တိရိ စ္ဆာန်ရုံ ကို အလည်တစ်ခေါက် ရောက်ခဲ့ပါတယ် ။ ( ဟုတ်ကဲ့ ..သူ နဖူးပြောင်တာတော့ ထည့်မပြောတော့ပါဘူး ၊ နောက်တခါ လက်မှတ်အပိုရှိရင် မခေါ်တော့မှာ စိုးလို့ပါ ။ )
ဟုတ်ကဲ့ ...အရင်က တခေါက်မှ မရောက်ဖူးပါဘူး ။ ၀င်ကြေး ဈေးကြီးတယ် ဆိုတာရော ၊ အကောင်တွေကို ကြည့်ရမှာ ပျင်းတာရော ကြောင့်ပါ ။
သွားရင်း တွေ့လာခဲ့ သိလာခဲ့တာတွေ ထဲ က ဓါတ်ပုံ ရိုက်မိတာလေးတွေ ပြန်မျှ လိုက်ပါတယ် ။
မိချောင်းတွေ ခွဲခြားပုံပါ ။
Alligator ကတော့ အရွယ်အစား အကြီးဆုံးပါဘဲ ။
When an alligator's mouth is shut , the fourth tooth an each side of the lower jaw cannot be seen.
ပြီးတော့ Crocodile ပေါ့ ။
The fourth tooth an each side of the lower jaw can be seen when a crocodile's mouth is shut.
လက်စသတ်တော့ အမျိုးအစား ကို သွားပေါ်တာနဲ့ ခွဲခြားတာကိုး ။
Indian Gharial
The Indian gharial has the narrowest and longest snout. It's teeth look like a zipper. Mature males have a bump at the tip of their snout.
False Gavial
The snout of the false gavial is elongated but not as slender as that of the Indian gharial.
Crocodile ရဲ့ ဥ ပါ ။ ဘဲဥ ခပ်ကြီး၂ အရွယ်ပါဘဲ ။ အမှန်က အရွယ်အစား ခန့်မှန်း နိုင်ဖို့ လက်နဲ့ တွဲပြီး ဓါတ်ပုံ ရိုက်ရမှာ ။
Crocodile ရဲ့ အထီး အမ က ဥ ကိုထားတဲ့ အပူချိန်အပေါ်မူတည်ပြီး ကွဲ သွားတာပါတဲ့ ။ ထူးဆန်းတယ်နော် ။ ပုံ မှန် အပူချိန် ဆိုရင် အထီးလေး ပေါက်လာပြီး အပူချိန် နည်းတာ နဲ့ အပူချိန် များတာ မှာ အမ လေး ပေါက်ပါတယ် တဲ့ ။ ထူးဆန်းလို့ အဲဒီစာလေးကို သေချာဓါတ်ပုံရိုက်လာ ခဲ့တာ ပုံတွေ ကူးပြီးပြီဆိုပြီး ဖုန်းထဲက ပုံတွေ ဖျက်ပလိုက်တဲ့ အထဲပါသွားတယ် ..:(
ဒါနဲ့ အင်တာနက်ထဲ ရှာလိုက်တော့ ဒါလေးတွေ့တယ် ။ (http://www.cairnsholiday.com.au/Rainforest/crocodiles.htm)
Nesting
The
female builds a mound shaped nest of leaves, plants and
mud. she will lay between 40 to 60 eggs of which only approximately
1% will survive to adulthood.
|
||
Juveniles
are raised in freshwater areas, but after a few months
venture off on their own.
|
ဒါကတော့ အလေးချိန်ပေါ့ ။
အရွယ်အစားပါ ။
ကဲ ကြောက်စရာ မလိုပါဘူး သားရေကွင်း နဲ့ ပါးစပ်ကို ပိတ်ထားရုံပါဘဲ တဲ့ ။
ကဲ မိချောင်း ကြီး ငိုသလား တဲ့ ကြံကြံဖန်ဖန် ...။
မိချောင်း အများစုက ရေအောက်မှာ တနာ၇ီ ထက် ပိုနေနိုင်ပါသတဲ့ ။ ဒါကြောင့်လဲ မင်းနန္ဒာ ခမျာ ငမိုး၇ိပ် ခံတွင်း မှာ အသက်ဆုံးရတာဘဲ နော် ...။
ရေအောက်ထဲ မှာ မျက်လုံးကို ကာဘို့ မျက်ခွံ ၃ခုတောင် ရှိသတဲ့ ။ ( တစ်ခု က ကက်ဆက်ဖွင့်ဘို့ တစ်ခုက.. အဲ ဟုတ်ပေါင် )
မိချောင်းတွေဟာ ရေ နက်ထဲမှာ သားကောင်ကို အလွယ်တကူ ဖမ်းနိုင်ပါတယ် တဲ့ ။
မိချောင်း အကြောင်း နဲ့ ရပ်လိုက်လို့ တိရိစ္ဆာန် ရုံထဲ မိချောင်းတမျိုး ထဲ သွားကြည့်သလား လို့ မမေး နဲ့ နော် ။ ဆားချက်တာပါ အဲ သိရအောင်လို့ပါ..:D
မိချောင်းသား လို့ ပြောကြလို့ မိချောင်းလျှာ တိုင်းတာ မပါဘူးလား..ငှင်...
ReplyDeleteမယ်သံ ပိုင်သကွာ.. တိရစ္ဆာန်တစ်ကောင် ပို့စ် တစ်ပုဒ် ..အဟိ
အစ်မ..
ReplyDeleteတစ်ကောင်လောက်ပို့ပေးပါလားဟင်
ပျင်းလို့း))
ချစ်ညီမ
မိစံ
တကောင်ကို တပိုစ့်နှုန်းဆို မနည်းပဲ မမလွင်
ReplyDeleteဗဟုသုတရစရာတွေကို ဖတ်ချင်စရာကောင်းအောင်တင်ပေးလို့ ကျေးဇူး
ပိုးပိုး