စလေမြို့ အတွက် လူနာတင်ယာဉ် ကို အလှူခံခဲ့ရာ
အရှင်သောမ
(ထားဝယ်) မှ လှူပေးမည် ဖြစ်သောကြောင့် ကျမ ကောက်ခံထားသောအလှူငွေများကို
ထမ်းစင် နှင့် ကားပြုပြင်ရေးတွင် အသုံးပြုသွားမည် ဖြစ်ပါသည် ။
ကျမ နှင့်အတူ စလေမြို့ လူနာတင်ယာဉ်အတွက် အတူဒါနပြုသူများကို ကျေးဇူးအထူးတင်ရှိပါကြောင်း နှင့် ၀မ်းမြောက်စွာသာဓုခေါ်ဆိုပါကြောင်း ။
ကျမ ကောက်ခံထားသော အလှူငွေများမှာ
၁) ကိုခင်မောင်ဦး+မသန္တာလွင် မိသားစု = S$200.00
၂) မဇွန် ( စလေတွင်တာဝန်ထမ်းဆောင်ခဲ့သောဆရာမ ဒေါ်ယဉ်ယဉ်ရွှေ၏သမီး) = S$100.00
၃) ဦးစံမာ + ဒေါ်ဒေါင်း မိသားစု (ချောက်)= S$50.00
၎)မခိုင်စုလွင် (စလေ) = S$50.00
၅) ကိုဇေယျာမင်း (စလေ - ကိုကျော်မိုး မ၀င်းပပစိုးတို့မှတဆင့်လှူဒါန်းသည်) =
S$50.00
၆)ကိုအေးကျော် +မလွင်မာနိုင် = S$50.00
စုစုပေါင်း
S$500.00 ကို 2013 ဒီဇင်ဘာလ မကုန်မီ ဦးဌေးလွင် ( စလေကြက်ခြေနီ ) နှင့်
ကိုချစ်ဇောဝေ ( စလေ ကြက်ခြေနီ ) တို့ထံ လွှဲပေးမည် ဖြစ်ပါကြောင်း ။
[X] Choose Font Here
Showing posts with label အလှူခံခြင်း. Show all posts

Sunday, December 15, 2013
Saturday, October 5, 2013
အလှူခံပါဗျို့ အလှူခံ ( စလေမြို့ အတွက် လူနာတင်ယာဉ်)
မကွေးတိုင်း ဒေသကြီး ၊ချောက်မြို့နယ်ထဲက ကျမတို့စလေမြို့လေးမှာ ၁၆ကုတင်ဆန့် တိုက်နယ်ဆေးရုံလေးရှိပါတယ် ။
တိုက်နယ်ဆေးရုံလေးကို စလေမြို့အပါအ၀င်မြို့နီးနားစပ်က လက်ပန်ကျွန်းရွာသစ် ၊ ရွာမ ၊ ကပဲ့ချောင်း ၊ မကျီးကန် စတဲ့ ရွာလေးတွေကလဲ အားကိုးအားထားပြုရပါတယ် ။
ဆေးရုံက တုတ်ကွေးဖျားနာ နဲ့ အရေးပေါ်တွေလောက်သာ အဓိကထားကုနိုင်ပါတယ်။
ခွဲစိတ်ကုသဖို့တွေ ၊ ရောဂါကြီးတွေ အတွက်ကတော့ ညောင်ဦး၊ ကျောက်ပန်းတောင်း ဒါမှမဟုတ် မကွေး ၊ မန္တလေး အထိသွားရတာပေါ့ ။
အခုလက်ရှိစလေမှာ စလေမှာ ကာယကံ လူမှုကူညီရေးအသင်းနဲ့ သံဝေဂ နာရေးကူညီမှုအသင်းဆိုပီး ရှိပါတယ် ။
ကာယကံ မှာ super custom တစ်စီးရှိပီး အခကြေးငွေနဲ့ လူနာပို့ဆောင်တဲ့လုပ်ငန်းကိုအဓိကလုပ်ပါတယ် ။ မန္တလေးကို ၉ သောင်း ။မကွေး ၅ သောင်း ။ ကျောက်ပန်းတောင်း/ ညောင်ဦး ၃ သောင်း နဲ့ ချောက် ၁သောင်းပါ ။မြို့ပေါ်ရပ်ကွက်တွေက ဆေးရုံသွားရင် အခမဲ့ပါ ။
သံဝေဂက တော့super custom တစ်စီးနဲ့ town ace တစ်စီး ရှိပါတယ် ။တခြားကိစ္စတွေမသုံးပါဘူး ။မြို့တွင်းက နာရေးပို့ရုံပါပဲ ။အဝေးမသွားပါဘူး ။
အဓိက ကတော့ အက်ဆီးဒင့် နဲ့ သဘာဝဘေးတွေဖြစ်တဲ့အခါ အရေးပေါ်လူနာသယ်ဖို့ လိုအပ်တာပါပဲ ။
ဆေးရုံကို အချိန်မီမရောက်လို့ မသေသင့်ဘဲသေရတဲ့လူနာတွေရှိလာပါတယ် ။
အက်ဆီးဒင့်ဖြစ်တဲ့လူနာကို ဘယ်ကားမှမသယ်ချင်ကြပါဘူး ။
တစ်ခါက ဆင်ခေါင်းဘုရားနားမှာ အက်ဆီးဒင့်ဖြစ်တော့ကားခေါ်မရတာနဲ့ ကြက်ခြေနီကထမ်းစင်နဲ့ပို့ရတာမျိုးတွေရှိပါတယ် ။
အဲဒီတော့ မတော်တဆကိစ္စရပ်များ ၊ အရေးပေါ်လူနာပို့ဆောင်ရေး အခက်အခဲများအတွက် မြို့လူဦးရေ နဲ့ဆို လူနာတင်ယာဉ်က တစ်စီး နဲ့ မလုံလောက်တော့ပါဘူး ။
ကျမ နဲ့ အဆက်အသွယ်မပြတ်တဲ့ စလေက မောင်လေး(သူ က လူမှူရေး ဆို ကြက်ခြေနီ အသင်းဝင် အဖြစ် နှစ်ပေါင်းများစွာ အားတက်သရော လုပ်တဲ့သူပါ) က လူနာတင်ယာဉ် တစ်စီးလောက် ထပ်ရှိနိုင်မယ်ဆိုရင် ကောင်းမှာပဲလို့ ပြောရာက စပြီး ကျမတို့ မောင်နှမတစ်တွေ အတူတူအလှူခံကြည့်ကြမယ် လို့ ပြောဖြစ်ကြပါတယ် ။
ဟုတ်ပါပြီ ။ အလှူခံပြီးလို့ ကား ရပြီဆို ဘယ်သူက ဒါကိုတာဝန်ခံ ကူညီလုပ်မှာလဲ လို့ ကျမ ကသူ့ကိုမေးတဲ့အခါ ..........
ကျွန်တော်တို့ လုပ်ဖြစ်ခဲ့ရင်တော့ အုပ်ချုပ်စီမံ ကိစ္စရပ်တွေကို ကြက်ခြေနီတပ်ဖွဲ့က ဆောင်ရွက်ပါမယ်။နောက်ဆက်တွဲယာဉ်ထိန်းသိမ်းမှုကိလည်း ကျွန်တော်တို့အစီအစဉ်နဲ့ပဲ ဆောင်ရွက်မှာပါ ။ အက်ဆီးဒင့်ဖြစ်တဲ့လူနာတွေဆေးရုံကိုအချိန်မီရောက်အောင် အသက်မသေသင့်ဘဲဆုံးရှုံးတာမျိုးမဖြစ်အောင် ရဲစခန်း /တိုက်နယ်ဆေးရုံ တို့နဲ့ပူးပေါင်းဆောင်ရွက်သွားမှာပါ ။
ဒီလုပ်ငန်းဖြစ်လာရင် မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ လူနာတင်ယာဉ်ဌာနနဲ့ ချိတ်ဆက်သွားဖို့စီစဉ်ထားပြီး အဲဒီဌာနတာဝန်ခံ နဲ့ အခုဆက်သွယ်ထားပါတယ် ။ ခု လတ်တလောမှာတော့ သွေးလှူရှင်ရှာပေးတာနဲ့ အောက်ဆီဂျင် လှူတာတွေလုပ်နေပါတယ် ။
without licence ၅၀ - ၆၀ လောက်ရှိပါမယ် ။ ဦးသိန်းဟန်က ဒီအစီအစဉ်ဖြစ်ခဲ့ရင် ၁၅ သိန်းလှူမယ်လို့ပြောထားပါတယ်။အဓိက ကတော့ စဖြစ်ဖို့ပါပဲ ။
လို့ သူကပြောပါတယ် ။
ဒီတော့ ကျမ ကလဲ ကိုယ်ကြီးပြင်းခဲ့ရာဒေသလေးမှာ တကယ်လိုအပ်နေတာမို့ ကိုယ်တိုင်လဲ နိုင်သမျှ လှူ မယ် ။ နီးစပ်ခင်မင်သူတွေကိုလဲ အလှူခံပေးပါ့မယ် လို့ ပြောခဲ့ပါတယ် ။
ကျမတို့ရဲ့ စလေမြို့လေးမှာ လူနာတင် ယာဉ်အခက်အခဲကြောင့် ဆေးရုံသို့ နောက်ကျမှရောက်လာခြင်း၊ မလို လားအပ်သော အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေခြင်းကို လျော့နည်း ပပျောက်စေဖို့ လူနာတင်ယာဉ် ကားအလှူမှာ ကျမ နဲ့ အတူ ကုသိုလ်ပါဝင်ကြပါဦး လို့ ။
ဒီနေရာမှာ ပမာဏအများကြီး လှူရမယ်လို့ မဟုတ်ပါဘူး ။ မိုးစက်မိုးပေါက်လေးတွေ စုစည်းမိတဲ့အခါ အိုးပြည့်သလိုပါပဲ ။ နည်းတယ် များတယ် သဘောမထားဘဲ မိတ်ဆွေတို့လဲ မိမိ ကိုယ်လဲ ၀န်မပိစေဘဲ S$10.00 မှ စပြီး ဆန္ဒရှိသလောက် လှူနိုင်ပါတယ် ရှင် ။
မယ်သံ တို့ နှင့် အတူ ပါဝင်ကုသိုလ် ပြုချင်ကြမယ် ဆိုရင် ဖြင့်
NAME : THANDAR LWIN
POSB SAVINGS ACCOUNT : 058-75964-3 ကို ငွေလွှဲပြီး ဖုန်း 9003 2436 ကို လှူဒါန်းသူ ရဲ့အမည် နှင့် လှူဒါန်းငွေပမာဏ ကို Message ပို့ပေးပါလို့ ။
(ဖုန်းကို မပို့ရင်လဲ ဒီပို့စ်အောက်မှာ ကွန်မန့်လေး ရေးပေးလို့လဲ ရပါတယ် )
တခြား နိုင်ငံမှ လှူဒါန်း လိုသူများအတွက် ပေးပဲလ် အကောင့် thandarlwin2006@gmail.com ကို ပေးပို့လှူဒါန်းနိုင်ပါတယ် ။
လှူဒါန်းသူများ အမည် ကို ဒီပို့စ်အောက်မှာ ဖော်ပြပါ့မယ်ရှင် ။
လက်ရှိ ကောက်ခံရရှိထားသော အလှူငွေ
၁) ဦးသိန်းဟန် ( သိန်းဌေးဆီစက် - စလေမြို့ ) - မတည်ငွေ ကျပ်ဆယ့်ငါးသိန်း
၂) ကိုကျော်ကျော်မိုး + မ၀င်းပပစိုး (စလေ / စင်္ကာပူ) - ကျပ်တစ်သိန်းခွဲ
၃)ကိုခင်မောင်ဦး+မသန္တာလွင် (စလေ/စင်္ကာပူ) - S$200.00

Tuesday, December 4, 2012
လက်ပံတောင်းတောင်အရေး ထိခိုက်ဒဏ်ရာရ သံဃာတော်များအတွက် တတပ်တအား ကူကြမယ်

လက်ပန်းတောင်း တောင်အရေး မှာ ထိခိုက်ဒဏ်ရ ရသွားကြသော သံဃာတော် များကို မြင်ရသည်မှာ များစွာ တုန်လှူပ်ဝမ်းနည်းရပါသည် ။
အဝေး မှ မြင်ရသူပင် ဒီလောက် တုန်လှူပ်ခံစား ရရာ ကိုယ်တိုင်ခံစားနေရတဲ့ သံဃာတော် များအနေ နဲ့ ဆို တွေးဘဲ မကြည့်ဝံ့တော့ ။
ဖေ့ဘွတ်မှာ ဖတ်ရသည် မြင်ရသည်တို့က တော့ ၀မ်းနည်းကြေကွဲဖွယ်ကောင်းလှသည် ။
ပုံတွေကို မကြည့် နှင့်ဦး ဒါလေးကိုဘဲ ဖတ်
(ကိုမင်းကိုနိုင် ဒဏ်ရာရ သံဃာတော်တစ်ပါးအား မေးမြန်းစဉ်က ကိုမင်းကိုနိုင် ရင်ထဲ နင့်နေအောင် ထိခိုက်ခံစားသွားရသည့် အဖြေက
ဦးဇင် ဘယ်လိုခံစားနေရလဲ
ကျုပ် ဘယ်လိုခံစားနေရလဲ ဆိုတော့ ဒကာကြီး ကျုပ် အမြန်ဆုံးသေချင်တာပဲ ဆက်မခံစားချင်တော့ဘူး
အေးချမ်းမွန်မှ Aung Nay Myo တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Aung Nay Myo)
ဒါဖတ်ြ့ပီးတော့လဲ မျက်ရည်တွေက ထိန်းမနိုင်အောင် ကျမိသည် ။ ကျမ ဘာလုပ်ပေး နိုင်ပါမည် နည်း ။ ဘာတတ်နိုင်ပါသနည်း ။ နှမ်းတလုံး နဲ့ ဆီမဖြစ်နိုင်တာကို ကျမ သိပါသည် ။
ဒီကြားထဲ ကျမ ၏ ညီမလေး Hnin Ei Ei Cho က အဲဒီသံဃာတော် တွေကို လှူချင်လှသည် ။ အဖွဲ့အစည်းတွေ ရှိပေမဲ့ သူ့အလှူငွေကို ဆရာတော် တွေ လက်ထဲ တိုက်ရိုက် ရောက်စေချင်သည် တဲ့ ။ မမ အဆက်အသွယ် ရှာပါတဲ့ ။ဟုတ်ပါသည် ။ ကျမလဲ ဝေဒနာခံစားရသော ဆရာတော် တွေကို န၀ကမ္မ လှူချင်သည် ။ ဆေးဖိုး ဟူ ၍ မကန့်သတ် လို ၊ ဆရာတော် များ ဘာဘဲ ဆန္ဒ ရှိရှိ ၊ လိုရာသုံး ပေါ့ ( အခုချိန်မှာတော့ ဝေဒနာ သက်သာပျောက်ကင်းဖို့ကလွဲ လို့ ဘာမှ ဆန္ဒ ရှိမှာမဟုတ်ပါ)
တခါ မုံရွာဆေးရုံတွင် မသက်သာ၍ မန္တလေးေ ဆးရုံကြီးသို့ ရောက်လာပြီ တဲ့ ။ ဒီတော့ ဘလော့ဂ်ဂါ အမကြီး မရွှေစင်ဦး ကို အကူ အညီတောင်းကြည့် မည်ဆြို့ပီး အကူအညီတောင်းတော့ အမ ကလဲ ကူညီပါမည် တဲ့ ။
ကျေးဇူး အထူးတင်ပါတယ် အမ ရွှေစင် ။
ဒီကြားထဲ ညီမလေးတချို့ ကလဲ သူတို့လဲ လှူချင်ပါသည် ။ အမ ကူညီ ကောက်ခံပေးပါတဲ့ ။ လှူမဲ့သူက လှူချင်တာကို ကျမ က ဘာကြောင့်မကူညီနိုင်ရမည်နည်း ။ သူတို့ ကုသိုလ်ကို ကျမ ကို အတူပါဝင်ခွင့်ပေးတာကို ၀မ်းသာ ကျေးဇူးတင်ရပေမည် ။
အလှူငွေ ကို ၁၀.၁၂.၂၀၁၂ နေ့လည် ၁၂ နာရီ အထိ ကောက်ခံပြီး အဲဒီနေ့ ညနေတွင် ပင်နဆူလာမှ အမရွှေစင်ထံလွှဲမည် ။ ၁၁.၁၂.၂၀၁၂ ဆိုရင် အမရွှေစင်ထံရောက်ပါမည် ။ အမေ၇ွှစင် ကလဲ ဘုန်းဘုန်း တို့ဆီ တိုက်ရိုက် ရောက်အောင် ဆက်လက် ကူညီပေးပါမည် တဲ့ ။
တခြား မိတ်ဆွေများလဲ ကျမ နှင့်အတူ လှူဘို့ ဆန္ဒရှိခဲ့ပါလျှင် ..( Thandar Lwin - POSB savings account - 058 - 75964-3 ) သို့ ငွေလွှဲပြီး thandarlwin2006@gmail.com ကိုဖြစ်စေ ၊ ဖုန်း 65+ 9003 2436 ကို message ပို့ပြီးဖြစ်စေ အကြောင်းကြား နိုင်ပါသည် ။
ကျမ ကို အလှူ လှူဖြစ်အောင် သူ၏ အလှူကို ကူညီခိုင်းသော ညီမလေး အိချို ၊ အလှူကို ကူညီပေးမည့် အမရွှေစင်ဦး နှင့် ဒီပို့စ်လေးကို ရေးဖြစ်အောင် တိုက်တွန်းခဲ့သော ညီမလေး ဇင်မီ တို့ ကို အထူးကျေးဇူးတင်ပါသည် ။
( လက်ရှိငွေကြေး ခက်ခဲသောအချိန်တွင် ကျမ၏ လူမှူရေး များ ၊ အလှူများတွင် မငြိုငြင်ဘဲ လိုက်လျောပေးသော သဒ္ဒါတရားထက်သန် သည့် ချစ်ခင်ပွန်းအား လဲ ကျေးဇူးတင်ပါသည် )
ဦးထွန်းဝင်း+ဒေါ်ခင်စင်း (မြတ်မေတ္တာမွန်စက်သုံးဆီအေ၇ာင်းဆိုံင်ခွဲဆိပ်ဖြူ) နှင့်ဒေါ်ခင်ဝင်းမြင့်မိသားစု (Hnin Ei Ei Cho) - ကျပ်တစ်သိန်း
ကိုခင်မောင်ဦး+မသန္တာလွင် - ကျပ်ငါးသောင်း ပါ ။

Friday, October 5, 2012
အလှူတစ်ခု ပြီးမြောက်ခြင်း ( သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(စလေမြို့))
2012 June 30 မှာ သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(စလေမြို့) အတွက်အလှူခံခြင်း ဆိုပြီး
ဘလော့မှာရော ဖေ့ဘွတ်မှာပါ တင်ပြီး အလှူခံ ခဲ့ပါတယ် ။ မြန်မာ
တနိုင်ငံလုံးမှာ မိုးရေချိန် ၂၁ လက်မ သာရှိတဲ့ ခြောက်သွေ့တဲ့ အညာဒေသ မှာ
ဖွင့်လှစ်ထားတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း မှ ကလေးများ အတွက်အဓိက
ကျောင်းဝတ်စုံ နှင့် အခြားသော ကျောင်းအတွက် လိုအပ်ချက်များ အတွက်
နိုင်ငံခြားရောက် မြန်မာများထံ မှ အလှူငွေ ကောက်ခံပြီး စုပေါင်း လှူဒါန်း
ရန်ဖြစ်ပါတယ် ။
အလှူငွေ စတင်ကောက်ခံစဉ် က ငါးသိန်းလောက် ရည်မှန်းထားခဲ့သော်လည်း ကိုးသိန်းငါးသောင်း + ထပ်တိုး အလှူ တစ်သိန်းတစ်သောင်း နှင့် စုစုပေါင်း ဆယ်သိန်း ခြောက်သောင်း ရရှိခဲ့တဲ့ အတွက် အလွန်ကျေးဇူးတင် ၀မ်းမြောက်ပီတိ ဖြစ်ရပါတယ် ။
အလှူရှင်များ စာရင်း ပါ ။ သာဓု သာဓု သာဓု ပါရှင် ။
20.8.2012 တွင် အလှူခံ ရရှိထားသော ပဒေသာပင် အတွက် S$ 60.00 နှင့် ၀တ်စုံ အတွက် S$1316.00 စုစုပေါင်း S$1376.00 x 690 = ကျပ် 949,440.00 ကို 20.8.2012 တွင် စလေ သို့ လွှဲပေး ခဲ့ပါတယ် ။ စလေဘက်မှ မအေးမာမာဆွေ ၊ မဇင်မာအေး တို့ မှ ကူညီပေးခဲ့ကြပါတယ် ။
အလှူ အတွက်စာရင်းပိတ် ငွေလွှဲပြီးသော်လည်း မလေးရှားရောက် ကိုသိန်းဇော်မြင့်မှ ဖေ့ဘွတ်တွင် ဖတ်မိပြီး ထပ်မံ အလှူငွေ ကောက်ခံ လှူဒါန်းပေးပါရန် ဆက်သွယ်လာလို့ ကျောင်းအထွေထွေ ရန်ပုံငွေ အဖြစ် တစ်သိန်းကျပ် တိတိ နှင့် ဒေါ်စုမိမိုး မိသားစု မှ တစ်သောင်းကျပ် တိတိ ကို ထပ်မံ လွှဲပေးခဲ့ပါတယ် ။
9.9.2012 တွင် ကျောင်းကော်မတီ ဥက္ကဌ ဘုန်းဘုန်း မှ အလှူအတွက် ကျေးဇူးတင်လွှာ၊ အသုံးပြုပုံ စာရင်းဇယား နှင့် ဓါတ်ပုံများကို စင်္ကာပူ လူကြုံ ဖြင့် ပေးပို့ခဲ့ပါတယ် ။
အလှူရှင်များ မိမိ တို့ အလှူအားပြန်ပြောင်း သတိရ စေရန်နှင့် အခြားမိတ်ဆွေ များ မုဒိတာပွား သာဓု ခေါ်ဆို နိုင်ရန်အတွက် အလှူ မှ ဓါတ်ပုံများ ၊ ဘုန်းတော်ကြီးမှ အဝေးရောက်မြန်မာများအတွက် ရေးပေးသော စာ ၊ လှူဒါန်းငွေများကို မည်သို့ အသုံးပြုထားပါကြောင်း စာ နှင့် တကွ အလှူငွေ လက်ခံ ဖြတ်ပိုင်းများ ကို အောက်မှာ ဖော်ပြလိုက်ပါတယ်ရှင် ။
အားလုံး ကိုယ် စိတ် နှစ်ပါး ကျန်းမာ ရွှင်လန်းကြပါစေ ရှင် ။

Monday, July 30, 2012
သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(စလေမြို့) အတွက်အလှူခံခြင်း
မကွေးတိုင်း ဒေသကြီး ၊ချောက်မြို့နယ် ၊စလေ မြို့ မှာ ရှိတဲ့ သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ မှီခို ပညာသင်ကြားနေကြတဲ့ ကလေးတွေဟာ လက်လုပ်လက်စား ခေါင်းရွက်ဈေးသည် နဲ့ ဇီးသီးကောက်ပြီး အသက်မွေးတဲ့ မိဘတွေ ရဲ့ သားသမီးတွေ ဇြစ်ပါတယ် ။ အစိုးရ မူလတန်းကျောင်း ရှိပေမဲ့ ကျောင်းနေစားရိတ် ၊ပညာသင်ကြားရေးစားရိတ် သလေးကိုတောင် မတတ်နိုင်လို့ ဆရာတော် ဘုရား ဘဒ္ဒ န္တကုဏ္ဍလမဟာထေရ် က စာခေါ်သင်ပေးရာကနေ ကလေးအရေအတွက် များလာတဲ့အတွက် ၂၀၀၁ ခုနှစ်မှ စတင်ပြီး သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အမှန် (၅) ကို ဖွင့်လှစ်ခဲ့ပါတယ် ။
လက်ရှိသင်ကြားနေသော ကျောင်းသား ကျောင်းသူများမှာ
သူငယ်တန်း - (၂၀)ယောက်
ပထမတန်း - (၁၄) ယောက်
ဒုတိယတန်း - (၁၄)ယာက်
တတိယတန်း- (၁၄)ယောက်
စတုတ္ထတန်း - ( ၉)ယောက် စုစုပေါင်း (၇၁)ယောက် ရှိပါတယ် ။
စလေ က မောင်လေးတယောက် (သူ က လူမှူရေး ဆို ကြက်ခြေနီ အသင်းဝင် အဖြစ် နှစ်ပေါင်းများစွာ အားတက်သရော လုပ်တဲ့သူပါ) နေပြည်တော် ရောက်ပြီး အင်တာနက်နဲ့ ဆက်သွယ်ဖြစ်တော့ ကျောင်းအတွက် လိုအပ်တာတွေ ကို တတ်နိုင်သမျှ လေး လှူပေးကြရင် ကောင်းမှာဘဲ လို့ ပြောဖြစ်ပါတယ် ။
ခုလောလောဆယ် ဆရာတော်ကြီးဆန္ဒရှိနေတာ က သူ့ကျောင်းက ကလေးတွေ အတွက် ကျောင်းဝတ်စုံ တစ်စုံ စီလောက်တော့ ရှိစေချင်တာပါတဲ့ ။
မယ်သံ လဲ ခုလက်ရှိ စင်္ကာပူ မှာရောက်နေတဲ့ ကိုယ့်စလေ သူစလေသားတွေ ကို ဦးစားပေး အလှူခံပြီး တခြားစေတနာ ရှိတဲ့ မိတ်ဆွေ များဆီ လဲ အလှူခံမယ်တွေးပါတယ် ။
ဝတ်စုံ တစုံ ကို အကြမ်းဖျင်း ၇၀၀၀.၀၀ကျပ် နှူန်း နဲ့ ၇၁ ယောက်စာ ဆိုတော့ ငါးသိန်းလောက် လိုမှာဖြစ်ပါတယ် ။ အခု က စပြီး သြဂုတ်လ တတိယပတ်လောက်မှာ အလှူခံ ပိတ်ပြီး ရတာကို ပေးပို့လှူဒါန်းမယ် လို့ စိတ်ကူးထားပါတယ် ။တယောက် ကို S$10.00 လှူမယ် ဆိုရင်တောင် ၀တ်စုံ တစုံစာတော့ ရပြီး ဖြစ်ပါတယ် ။ နည်းတယ် များတယ် သဘောမထားဘဲ မိမိ ကိုယ်လဲ ၀န်မပိစေဘဲ S$10.00 မှ စပြီး ဆန္ဒရှိသလောက် လှူနိုင်ပါတယ် ရှင် ။
မယ်သံ တို့ နှင့် အတူ ပါဝင်ကုသိုလ် ပြုချင်ကြမယ် ဆိုရင် ဖြင့်
NAME : THANDAR LWIN
POSB SAVINGS ACCOUNT : 058-75964-3 ကို ငွေလွှဲပြီး ဖုန်း 9003 2436 ကို လှူဒါန်းသူ ရဲ့အမည် နှင့် လှူဒါန်းငွေပမာဏ ကို Message ပို့ပေးပါလို့ ။
(ဖုန်းကို မပို့ရင်လဲ ဒီပို့စ်အောက်မှာ ကွန်မန့်လေး ရေးပေးလို့လဲ ရပါတယ် )
လှူဒါန်းသူများ အမည် ကို ဒီပို့စ်အောက်မှာ ဖော်ပြပါ့မယ်ရှင် ။
တခြား နိုင်ငံမှ လှူဒါန်း လိုသူများအတွက် ပေးပဲလ် အကောင့် thandarlwin2006@gmail.com ကို ပေးပို့လှူဒါန်းနိုင်ပါတယ် ။
ဝတ်စုံ မလှူဘဲ တခြား လှူချင်တာ ရှိရင် လဲ လှူပေးပါ့မယ် ။
တခြားလှူလို့ ရတာတွေ ကတော့
စေတနာဒါန ထာဝရ ပဒေသာပင် စိုက်ထူလိုလျှင်
၁)ဆွမ်းပဒေသာပင် တပင်လျှင် ...၁၀၀၀၀.၀၀ ကျပ်
၂)ဆေးပဒေသာပင် တပင်လျှင်...၁၀၀၀၀.၀၀ကျပ်
၃)ပညာရေးပဒေသာပင် တပင်လျှင် ...၁၀၀၀၀.၀၀ကျပ်
၎)ထူးချွန်ပဒေသာပင် တပင်လျှင်...၁၀၀၀၀.၀၀ကျပ်
၅)ဘက်စုံပဒေသာပင် တပင်လျှင်...၁၀၀၀၀.၀၀ကျပ် စသည်ဖြင့် လှူဒါန်းနိုင်ပါတယ်။
"စာနာမှူနှင့် . . . သာသနာပြုကာ လှူဒါန်းကြပါစို့ . . ."

| စေတနာ့ဝန်ထမ်း ဆရာမလေး များနှင့် ကျောင်းသားလေးများ |
| Add caption |
Subscribe to:
Posts (Atom)