စစ်မြေကိုခင်း
အို ဒီ စစ်တလင်းမှာဖြင့်
ညှောင့်ခလုတ် ခရာဆူးတွေနဲ့
တဘက်လူမှာ နာကာစူးပါ့မယ်
အီဖေမှာ ကြိုကာရှင်းရတယ် ...
ရန်တခါ ကိုယ်သာမောရတယ်
ပွဲတွေ့မအား။ ။
[X] Choose Font Here
Showing posts with label မျှဝေခြင်း - ကဗျာ. Show all posts
Showing posts with label မျှဝေခြင်း - ကဗျာ. Show all posts
Wednesday, March 9, 2016
အချစ်နဲ့ စစ်ပွဲထိုးခြင်း
စစ်ပွဲတွေ ဆက်တိုက်
စကားချင်း ဖိုက်တဲ့အခါ
မျက်မာန်ကိုတင်း
ချစ်ခြင်းကခွာ
ရေစက်ရယ် တကယ်ကုန်လေပြီလားကွဲ့
အချစ်နဲ့အမုန်းရယ်က ကျောခြင်းကပ်ပါ
ဒီဘက်ကိုကွယ် ဟိုဘက်ကို လည်ကာလှည့်မယ်လို့
သွေဖယ်ကွာ သစ္စာပျက်စေရော့
မြန်မကြာ တွယ်ကာနှက်လိုက်မယ်
အိမ်မက်တွေကြား ။ ။

ဘ၀ ထဲက ကဗျာ
ကမ္ဘာ့အရေး ဘ၀အရေး
အကျယ်ချဲ့မတွေး
ကဗျာလေးသာ ရေးကြစို့...
ပန်းရနံ့မှ ကဗျာလား
ငှက်ဆိုတေးမှ ကဗျာလား
တိမ်ပြာပြီး တောက်ပ မှ ကဗျာလား
ရယ်သံတွေ ညိုးညံနေတဲ့ အပြုံးတွေမှ ကဗျာတဲ့လား ကွယ်၊
အကျယ်ချဲ့မတွေး
ကဗျာလေးသာ ရေးကြစို့...
ပန်းရနံ့မှ ကဗျာလား
ငှက်ဆိုတေးမှ ကဗျာလား
တိမ်ပြာပြီး တောက်ပ မှ ကဗျာလား
ရယ်သံတွေ ညိုးညံနေတဲ့ အပြုံးတွေမှ ကဗျာတဲ့လား ကွယ်၊
ဖုန်နံ့မီးခိုးမွှန်နေလဲ ကဗျာပါ
အမေ့ရဲ့ စိုးရိမ်တဲ့ ဆူပူသံ
မိုးမည်းမည်း သည်းတဲ့အသံ
ကြေကွဲရှိုက်သံ ဒါတွေဟာလဲ ကဗျာပါပဲ၊
ဘ၀ ထဲမှာ ကဗျာ
တနေ့တာအရေးတွေထဲမှာ ကဗျာ
ကဗျာတွေဟာ ကဗျာတွေပါပဲ ။ ။
အမေ့ရဲ့ စိုးရိမ်တဲ့ ဆူပူသံ
မိုးမည်းမည်း သည်းတဲ့အသံ
ကြေကွဲရှိုက်သံ ဒါတွေဟာလဲ ကဗျာပါပဲ၊
ဘ၀ ထဲမှာ ကဗျာ
တနေ့တာအရေးတွေထဲမှာ ကဗျာ
ကဗျာတွေဟာ ကဗျာတွေပါပဲ ။ ။
Wednesday, April 15, 2015
ရန်မီးဆက်ဆက်ငြိမ်းစေသတည်း
ပြောမှား ဆိုမှား စကားမှားများ
ရင်ထဲသည်းကြား
နာကျည်းထိခိုက်
ဆူးလိုစိုက်၍
အမုန်းလမ်းခင်း
မီးကျီးနင်းသို့...။
ရင်ထဲသည်းကြား
နာကျည်းထိခိုက်
ဆူးလိုစိုက်၍
အမုန်းလမ်းခင်း
မီးကျီးနင်းသို့...။
နှူတ်ထွက်စကား သတိထား၍
ရင်တွင်းရှိသမျှ ကြိတ်မျိုချလည်း
မခံစားနိုင် နှလုံးယိုင်၍
ရင်ထဲရှိသမျှ ပြောသင့်လှလည်း ...။
မိခင်မျက်နှာ လှမ်းကာမြင်သည်
စကားကြမ်းဆိုတိုင်း မိခင်ရိုင်းဟု
ဘေးက၀ိုင်း၍ ဝေဖန်ကြသော်...။
ဖိသိပ်မျိုချ မာန်မာနကို
သတိချွန်းအုပ် စိတ်ကိုချုပ်လို့
ကြည်စေ အေးစေ နှလုံးသွင်းမည်
ရန်မီးဆက်ဆက်ငြိမ်းစေသတည်း ...။ ။
ရင်တွင်းရှိသမျှ ကြိတ်မျိုချလည်း
မခံစားနိုင် နှလုံးယိုင်၍
ရင်ထဲရှိသမျှ ပြောသင့်လှလည်း ...။
မိခင်မျက်နှာ လှမ်းကာမြင်သည်
စကားကြမ်းဆိုတိုင်း မိခင်ရိုင်းဟု
ဘေးက၀ိုင်း၍ ဝေဖန်ကြသော်...။
ဖိသိပ်မျိုချ မာန်မာနကို
သတိချွန်းအုပ် စိတ်ကိုချုပ်လို့
ကြည်စေ အေးစေ နှလုံးသွင်းမည်
ရန်မီးဆက်ဆက်ငြိမ်းစေသတည်း ...။ ။
Saturday, December 10, 2011
ချစ်တဲ့ကဗျာလေးများ (၃)
ကြည့်ပါဦးတော့ အမေ ငွေတာရီနှယ် ချစ်စရာကောင်းတဲ့ စာကြောင်းလေးတွေ ထွက်တတ်လိုက်တာ ။
သူ့ ကဗျာလေးတွေ ဖတ်ပြီးတော့ သူ့ရဲ့အမြင်အတွေးတွေဟာ ဘယ်လောက်တောင် ဖြူစင် ကြည်လင်သလဲ ဆိုတာတွေးနေမိတယ် ။ သူနဲ့ ဆက်စပ်တဲ့ ၀န်းကျင်ကိုလဲ ဘယ်လောက်တောင် အားပေးတတ်သလဲ ။
ဖြစ်နိုင်မယ်ဆို ရင် ငွေတာရီ နဲ့ တညလောက် အတူ အိပ်ပြီး သူဘာတွေ ပြောမလဲ လို့ နားထောင်ချင်လိုက်တာ ........
ဖတ်ကြည့်ပါဦး..ဘယ်လောက် လှ သလဲ လို့ ။
ဘ၀ကွေ့ ဝယ်
ဘ၀ကွေ့ ဝယ်
သိကျွမ်းခင်မင် ၊ တွေ့ မြင်ဆုံစည်း
ရင်းနှီးချစ်ကြည် ၊ သွားမည်လက်တွဲ
တူတူပဲလျှင် ၊ စိတ်ထဲရည်စူး
ကြည်ရွှင်မြူးလျှက် ၊ ခေါ်ထူးမေးပြော
ရယ်တမောတည့် ၊ ဘယ်သောခါမှ
စခန်းလှသို့  ရောက်ရမည်နော်
မသိသော်လည်း ၊ ရွှင်ပျော်စိတ်ဝမ်း
တူလျှင်လှမ်းသည်
သည်လမ်း ဘ၀ ဆီမှာတည်း ။
ဘ၀ကွေ့ ဝယ်
ပျော်မွေ့ ကြည်သာ ၊ သွားလေရာက
နှစ်ဖြာလမ်းခွဲ ရောက်မလွဲတည့်
သူလဲ ဟိုဆီ ၊ တပ်ဦးချီ၍
သည်ဆီငါလှမ်း ၊ ဆက်၍မြန်းသော်
စိတ်ဝမ်းကြေကွဲ ၊ တစ်ကိုယ်ထဲလျှင်
လှိုက်လှဲပူတွေ့  ၊ ချိမမြေ့ သည်
အကွေ့  ဘ၀ ဆီမှာတည်း။ ။
သို့ ဖြစ်သည်ကြောင့်
ချစ်ကြည်မြတ်လေး ၊ ဆွေအတွေးဝယ်
မဝေးလှသည့် ဘ၀ ထိုထို
လမ်းတခို၌
လျှပ်လိုခဏ ၊ တွေ့ ကြရခိုက်
မေတ္တာမဏ္ဍိုင် ၊ တူစိုက်ပြိုင်စို့ 
တတ်နိုင်သမျှ ချစ်ကြပါစို့ 
ဘ၀လမ်းတာ တိုတောင်းစွာကို
သာယာသမှု ငါတို့ ပြုစို့ 
ညစ်ကျုမထင် စိတ်ဖြူစင်ဖြင့်
များရှင်လူသူ ငါတို့ ကူစို့ 
နိဗ္ဗူမြတ်နန်း ခေမာကမ်းသို့ 
တက်လမ်းပြညွှန် ခရီးမွန်ဝယ်
အားသွန်ကြိုးစား ရောက်လိုအားနှင့်
တရားရှာဖွေ မွေ့ ပါစို့  ။ ။

ချစ်တဲ့ကဗျာလေးများ (၂)
ဟို တယောက် အတွက် ကဗျာ ရှာရင်း ငွေတာရီ လို့ နှိပ်လိုက်တဲ့ အခါ အဖြူရောင်သံစဉ်က http://www.apytz.org/65/3440/Page-2.html ကဗျာတွေ စုပေးထားတာတွေ့လိုက်တယ်။
ကျေးဇူးတင်ပါတယ် အဖြူရောင်သံစဉ်။
ဒီအထဲ က ကဗျာတပုဒ်ကို ဖတ်ရင်း ခုထိ ကိုယ့်အတွက် ပင်ပန်းနေရတဲ့ အမေ့ ကို သတိရလွမ်းဆွတ်မိပါတယ်။
ပြီးတော့ သမီးလေး ရဲ့ ဘ၀လမ်း ချောမွေ့ စေဘို့ အထောက်အကူ ပြုနိုင်မဲ့ အားမန်ရှိသော လက်တစုံဖြစ်ဘို့ ကြိုးစားရဦးမယ်လို့ တွေးရင်း အောက်က ကဗျာ လေးကို ခံစားကြည့်မိပါတယ် ။
အမေ့လက်
မောင့်ချစ်သက်၏၊ လက်ဖ၀ါးနု
သွေးဥရောင်လွှမ်း၊ ၀ါဂွမ်းနှယ်အိ
ကိုင်မထိရက်၊ ချွန်ထက်လက်သဲ
ဆေးရောင်မြဲခြယ်၊ ပျက်ပြယ်မရှိ
နုနယ်ဘိတောင်း၊ ဖေါ့ဖယောင်းနှယ်
ပျော့ပျောင်းသွယ်လွ
အလှပြည့်နှက်၊ ချစ်သူ့လက်။
မောင့်မိခင်၏၊ ညိုလွင်ပြာနှမ်း
မာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင်
ရင့်ရော်သွင်မှာ၊ ဆယ်ဖြာလက်ချောင်း
ပြည့်ဖေါင်းမညက်၊ ညံ့သက်မှုကင်း
ရောင်ဆင်းညှိုးမဲ၊ လက်သဲငုံးတိ
ချေးညှော်ပြည့်မွ
အလှပျက်ပြယ်၊ အမေ့လက်။
ဖေါင်းအိနုညက်၊ ချစ်သူ့လက်နှင့်
ရော်ရင့်ကြမ်းခက်၊ အမေ့လက်တွင်
သိမြင်လာရ၊ “အလှ” “အလုပ်”
ခွဲထုတ်ချေမိ၊ အမေ၏လက်
အလုပ်လက်သည်
အသက်တမျှ၊ မနားရချေ
ဘ၀ခရီး
သားသမီးတွက်၊ ထိုလက်အစွမ်း
ဘ၀လမ်းတွင်၊ လှပန်းဆင်ခဲ့
အားမာန်ဖွဲ့ရစ်၊ သည်အဖြစ်ကြောင့်
အချစ်၏လက်၊ ပြောင်းသွယ်ညက်စေ
အမေ၏လက်၊ အလုပ်လက်သာ
နှစ်သက် ဂုဏ်ယူ ဘွယ်တကား။

Wednesday, August 3, 2011
ထိခိုက် ခံစား ကဗျာများ
ဒီနေ့  Forward Email ထဲကို ရောက်လာတဲ့
ဧရာဝတီ ကို ကာကွယ်ကြစို့ (အောင်ဒင်) ဆိုတဲ့ဆောင်းပါး ကိုဖတ်ပြီး ဒါဟာတကယ်များဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ထိတ်လန့်တုန်လှူပ်မိသလို
အဲဒီအထဲက ဆရာမောင်စိန်ဝင်းရဲ့ ကဗျာနဲ့ ရှင်းလင်းချက် ကို ပါ ဖတ်ပြီး ထိခိုက် ခံစားမိပါတယ်။
ဒီလိုသာဆိုရင် ကျမတို့ငယ်ငယ်က သင်ခဲ့ရတဲ့ ပထ၀ီထဲက ဧရာဝတီ မြစ်အကြောင်းတွေ လက်ရှိမြန်မာပြည်မြေပုံမှာရှိနေဆဲဖြစ်တဲ့ ဧရာဝတီ ရဲ့ ပုံတွေ နဲ့ ကျမတို့  ငယ်စဉ် က ဆော့ကစားခဲ့တဲ့ စလေမြို့ရဲ့ ဧရာဝတီ ပုံရိပ်တွေကို သမီးလေးကြီးလာရင်ပြောပြဘို့  ကူးယူသိမ်းထား၇တော့မယ်ထင်ပါရဲ့ ။
လောလောဆယ်တော့ ဧရာဝတီ ကို ကာကွယ်ကြစို့ (အောင်ဒင်) ဆိုတဲ့ဆောင်းပါး ထဲက တစိတ်တပိုင်းဖြစ်တဲ့ ဆရာမောင်စိန်ဝင်းရဲ့ ကဗျာနဲ့ ရှင်းလင်းချက် ကို ကူးယူထားလိုက်ပါတယ်။
ဆရာမောင်စိန်ဝင်း က ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံဒေသကို လွန်ခဲ့တဲ့ ၁၅နှစ် (၁၉၉၆ ထင်ပါတယ်) လောက်က ရောက်ဘူးခဲ့တယ်လို့ ဆိုပါတယ်၊ အဲဒီမှာ မြစ်ဆုံရဲ့အလှအပကို သူခံစားကြည်နူးပြီး သူ့အကိုရဲ့ တိုက်တွန်းမှုနဲ့ ကဗျာတပုဒ်ကို တထိုင်ထဲ စပ်မိပါသတဲ့၊ အဲဒီ ကဗျာရဲ့ ခေါင်းစဉ်က "အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ" တဲ့၊ အင်ခိုင်မွန် ဆိုတာက မေခ နဲ့ မလိခ ဆုံတဲ့နေရာမှာ မားမားကြီးတည်ရှိနေတဲ့ တောင်တန်းကြီးရဲ့ အမည်ပါ၊ သူ့ကဗျာ ကို ဆရာမောင်စိန်ဝင်းက ဒီလို ရွတ်ပြပါတယ်၊
"အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ"
မေခ နဲ့ မလိခ
ဆုံမိကြ ဒီမှာ။
သံယောဇဉ် မြစ်ဆုံဖြစ်
ချစ်ကြသောအခါ၊
သမုဒယ မြစ်နှစ်စင်းရဲ့
ချစ်ခြင်းဖွဲ့အလင်္ကာ
ဧရာဝတီ ရယ်လို့ဖြစ်၊
ကမ္ဘာတည်သ၍
မြန်မာပြည်ဟေ့ ရယ်လို့ ကြွေးကြော်ပြီး
စီးနေမည့် မြစ်။။။
ကဗျာဆရာက ဧရာဝတီမြစ်ကြီးကို "ကမာတည်သ၍ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်" လို့ ရဲရဲဝင့်ဝင့် တင်စားခဲ့ပါတယ်၊ လွန်ခဲ့တဲ့ ၁၅နှစ်ကပါ၊ ကဗျာဆရာက ဆက်ပြောပြပါတယ်၊ ရသစာပေ တခုရဲ့ တန်ဘိုးကို အချိန်ကာလ နဲ့ ဒေသ ပေါ်မှာယှဉ်ပြီး အချိန်တိုင်းမှာ၊ ဒေသတိုင်းမှာ မှန်မှ ကောင်းတယ်လို့ ဆုံးဖြတ်ရတယ်လို့ဆိုပါတယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်က ရေးထားတဲ့ စာတပုဒ်၊ ကဗျာတပုဒ် ဟာ ဒီနေ့ခေတ်နဲ့ မကိုက်ညီတော့ဘူးဆိုရင် အဲဒီ စာဟာ ကောင်းတယ်လို့ မခေါ်နိုင်ဘူး တဲ့၊ အဲဒီလို ပြောပြီး ကဗျာဆရာက ဝမ်းနည်းကြေကွဲစွာ ညီးတွားပါတယ်၊ "ကျနော့် ကဗျာဟာ မကောင်းတော့ပါဘူး" တဲ့။ မနှစ်က (၂၀၁၀ ခုနှစ်) မြစ်ဆုံကို သူ တခေါက်ထပ်ရောက်ပါသတဲ့။ အဲဒီအချိန်မှာတော့ သူ့ရဲ့ "ကမ္ဘာတည်သ၍ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်" ကြီးဟာ နောက်တနှစ်တောင်မှ ခံပါဦးမလား လို့သူ သံသယဖြစ်မိရပါတယ်… တဲ့၊
ကဗျာဆရာက ဆက်ပြောပါတယ်၊ ဧရာဝတီမြစ်ကြီးဟာ မြန်မာပြည်ရဲ့ အသက်သွေးကြောပါ တဲ့၊ ပြီးတော့ မေးခွန်းထုတ်ပါတယ်၊ အဲဒီ အသက်သွေးကြောကြီး မရှိတော့ရင် ကျနော်တို့ ရှိနိုင်ပါဦးမလား၊ မြန်မာပြည်ကြီး ဆက်လက်ရှင်သန်နိုင်ပါဦးမလား၊ အဲဒီ နာကျင်ကြေကွဲစိတ်နဲ့ ကဗျာဆရာက နောက်ထပ်ကဗျာတပုဒ် ကို ရေးပြီး ရွတ်ဖတ်ပြပါတယ်၊ ကဗျာရဲ့ ခေါင်းစဉ်က "မြစ်ကော" တဲ့။
"မြစ်ကော"
မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းလမ်းရပေမည်၊
ရေဝေတောတွေ ဆိုင်းစို့စို့
မှိုင်းညို့ညို့မှုံရီ၊
ချင်းတွင်း နဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့၊
တတောလုံးပြောင်၊ တတောင်လုံးလင်း
မြစ်ကျဉ်းမှာ သောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ်အပျက်သဘောနဲ့
မြစ်ကောမည့် နေ့။။။

Tuesday, July 12, 2011
ချစ်တဲ့ ကဗျာလေးများ (၁)
လွန်ခဲ့ တဲ့  အနှစ် နှစ်ဆယ်တုန်းက ကဗျာလေးတွေကို အရမ်းချစ်တတ် စွဲလမ်းတတ်ပြီး နှစ်သက်မြတ်နိုးတဲ့  ကဗျာလေးတွေကို ကူးရေးထားတတ်တဲ့  လတ်တလော ဖြစ်ပေါ်ခံစားရတာတွေကို လက်တန်း ကဗျာချိုးတတ်တဲ့ သူတယောက် အဖြစ်မှ မိသားစု စားဝတ်နေရေး အတွက်ကြောင့်ကြ ပူပင်ရာမှ အရာ အားလုံးကို ငွေ နှင့် ယှဉ်တွဲ မြင်တတ်သော မိန်းမ ကြီးတယောက် ဖြစ်လာခဲ့ ပါတယ် ။ :D
ခုတော့  ဘလော့ဂါ မမခင်ဦးမေ လို ဆန္ဒရှိတဲ့အတိုင်း မပူပင်ရဘဲ သွားနိုင် ၊စားနိုင်၊ ၀ယ်နိုင်၊ အမျိုးတွေကို လက်ဆောင်ပေးနိုင်တဲ့ ဘ၀ ကို တိတ်တခိုး အားကျနေမိသူတယောက်ပေါ့ ။း)
နှစ်သက်စွဲလမ်းခဲ့တဲ့ ကဗျာလေးများကို ဆန္ဒရှိချိန်မှာ အလွယ်တကူ ပြန်ဖတ်နိုင်ဘို့ ရာ ကိုယ့် ဘလော့ လေးမှာတင်ပါမယ်။
လက်လှမ်းမှီရာ ဘလော့ မှကဗျာလေးများကိုတော့  ဘလော့ ပိုင်ရှင်များထံ ခွင့် ပြုချက် ရယူမှာဖြစ်သော်လဲ ခွင့် ပြုချက်တောင်းဘို့  လက်လှမ်းမမှီတဲ့ ဆရာ ဆရာမကြီးများ (သို့ ) သက်ဆိုင်သူများကို ဒီနေရာကနေ ခွင့် ပန်လိုပါတယ် ။
တကယ်လို့ များ မျှဝေ ခံစားခွင့် မပြုလိုပါလျှင် ၀မ်းနည်းစွာဖြင့် ပြန်ဖြုတ်ပေးပါမယ် ။
ဆရာမကြီး ခင်နှင်းယုရဲ့  ကျွန်မဧ။် ချစ်သူ စာအုပ်မှ ကဗျာတပုဒ်ပါ ။

ရေချိုတွင်း
အဏ္ဏ၀ါ ၊ အို သခင်ငဲ့
သခင် အင်အား၊ ကြီးမား ပျံကြယ်
အံ့သြဘွယ်တည့် ။
ကျွန်းကိုရစ်ဝိုင်း၊ ရေလှိုင်းလည်း
အတိုင်းမသိ၊ မျှော်ကြည့်  မဆုံး
မိုးစပ်ကုန်းသို့ ၊ ထိဖုံးအသွင်
အကျွန်ုပ်မြင်ဧ။် ။
အကျွန့်  အတွက်မူ
သက်ဆက်ကြည်လင်၊ မှီခိုရှင်ကား
ငယ်ပင်ငယ်စွ ၊ဤကျွန်မဧ။်
ချမ်းမြသန့် ရှင်း၊ ရေချိုတွင်းတည့်။

Subscribe to:
Posts (Atom)