[X] Choose Font Here

Monday, February 20, 2012

မေတ္တာဆိုတာ အကျိုးကိုလိုလားခြင်း (ဆရာတော် ဦးဇောတိက)

 


မိမိကိုယ်ကို ပိုပြီးတော့ အသိဥာဏ်ကြီးမားလာအောင် တိုးတတ်အောင် လုပ်တာနဲ့၊ သူတစ်ပါးကိုလည်းပဲ ပိုပြီးတော့ အသိဥာဏ် ကြီးမားလာအောင် တိုးတတ်လာအောင် ဆောင်ရွက်ပေးတာ မေတ္တာပါ။

မေတ္တာဆိုတာ အကျိုးကိုလိုလားခြင်း ဆိုတာ သေသေချာချာစဉ်းစားမှနော်။ အကျိုးကိုလိုလားခြင်း ဆိုတာ ဘာလဲ။ ဘယ်လိုလဲဆိုတာ သိမှဖြစ်မယ်။ အဲဒီတော့ အကျိုးကိုလိုလားခြင်းဆိုတာဟာ အသိဥာဏ်ရှိမှ ဖြစ်နိုင်တာနော်။ ဘယ်ဟာကောင်းတယ်၊ ဘယ်ဟာ မကောင်းဘူး ဆိုတာ မသိဘဲနဲ့ အကျိုးကို လိုလားတယ်ဆိုတာ မဖြစ်နိုင်ဘူး။

အကျိုးလိုလားတယ်ဆိုတာမှာ ကျန်းမာရေး ၊ စီးပွားရေး၊ လူမှုရေး ၊ ပညာရေး အားလုံးပါတယ်နော်၊ ကျန်းမာစေချင်တယ်။ အသက်ရှည်စေချင်တယ်။ပညာတတ်စေချင်တယ်။ တရားအားထုတ်စေချင်တယ်။ စားဝတ်နေရေး အဆင်ပြေစေချင်တယ်။ အလိမ်အညာခံရတာ ကင်းစေချင်တယ်။ဒါတွေ အားလုံးဟာ အကျိုးကို လိုလားတာတွေချည်းပဲ။

The only true end of love is spiritual growth

မေတ္တာရဲ့တစ်ခုတည်းသော ဦးတည်ချက် မျှော်မှန်းချက်ဟာ အသိဥာဏ် နဲ့ စိတ်ဓါတ်ရင့်ကျက်မှု၊တိုးတတ်မှု၊ မြင့်မြတ်မှု ရှိအောင် အထောက်အကူပေးတာပဲ။

မေတ္တာရဲ့ အဆင့်မြင့်ဆုံး ရောက်တဲ့အခါ မေတ္တာဟာ ခံစားမှုမဟုတ်တော့ဘဲနဲ့ အသိဥာဏ်နဲ့ယှဉ်ပြီး အကောင်းဆုံး အသင့်တော်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးတာ ဖြစ်သွားပြီ။

သေသေချာချာ ပြန်စဉ်းစားကြည့်ရင် တစ်ယောက်ကို တစ်ယောက်ချစ်တယ်ဆိုတဲ့အခါမှာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ ငါဟာ သူ့အကျိုးကို တကယ်လိုလားတာမှ ဟုတ်ရဲ့လား။

မေတ္တာဆိုတာ ကိုယ့်ရဲ့ ချစ်တဲ့သူကို စိတ်ဓါတ်အားကောင်းလာအောင် လွတ်လပ်တဲ့သူ ဖြစ်လာအောင် လုပ်ပေးချင်တယ်။ ဒါ့အပြင် လိုအပ်ရင် ကိုယ့်ချစ်တဲ့သူရဲ့ ဘ၀ထဲကို နေရာအပြည့်ယူမထားဘဲ နောက်ဆုတ်ပေးတယ်။

မြတ်စွာဘုရား ဟာ သတ္တ၀ါတွေ အပေါ်ထားတဲ့ မေတ္တာဟာ ဘယ်လို မေတ္တာမျိုး ဖြစ်မယ်ထင်သလဲ???

သတ္တ၀ါအားလုံး တရားကိုသိပြီး လွတ်လပ်တဲ့သူ အေးချမ်းတဲ့သူဖြစ်သွားစေချင်တယ်။မြတ်စွာဘုရားက သူ့နေရာမှာ အစားထိုးမယ့်သူကို မထားခဲ့ဘူး၊ ပြောဟောခဲ့တဲ့ တရား ဓမ္မတွေကိုပဲ ဆရာအဖြစ်နဲ့ ထားခဲ့ပြီ တဲ့၊ တရားကိုပဲ အသိဥာဏ်နဲ့သိပြီး နေသွားစေချင်တယ်။ လွတ်လပ်မှု အပြည့်ပေးလိုက်တာပဲ၊ အင်မတန် အဆင့်မြင့်တဲ့ မေတ္တာဖြစ်သွားပြီနော်။

ကိုယ့်ကို မှီခိုနေအောင် အားကိုးနေအောင် အကူအညီပေးနေတာဟာမေတ္တာမဟုတ်ဘူး၊ မစဉ်းစားရဲအောင် မလုပ်ရဲအောင် ချူပ်ချယ်တာလည်း မေတ္တာမဟုတ်ဘူး ။ ကိုယ်က နေရာတကာ စဉ်းစားပေးတာ ၊ ဆုံးဖြတ်ပေးတာ မေတ္တာ မဟုတ်ဘူး။

တစ်ချို့ ကိုယ်ဝမ်းနည်းနေရင် သူများက လိုက်ပြီး ၀မ်းနည်းနေမှ ကြိုက်တယ်၊ ငါဝမ်းနည်းနေတာကို သူဝမ်းမနည်းရင် အဲ့ဒါငါ့ကို မချစ်လို့ဆိုပြီးတော့ စိတ်ဆိုးတတ်တယ်။ သူကတော့ နေနိုင်လိုက်တာ၊ စိမ်းကားလိုက်တာ အဲသလို ထင်တတ်တယ်။ တကယ်ချစ်တဲ့သူဟာ စိတ်ဆင်းရဲနေတယ် ။ဒါပေမဲ့ ကိစ္စမရှိပါဘူး။ သူ စိတ်မဆင်းရဲ့ပါစေနဲ့၊ ငါစိတ်ဆင်းရဲတာ သူ့ဆီ မကူးစက်ပါစေနဲ့ လို့ သဘောထားနိုင်တယ်။ ထို့အတူပဲ ကိုယ့်ချစ်တယ်ဆိုရင် သူစိတ်ဆင်းရဲတဲ့အခါမှာ ကိုယ်က စိတ်မဆင်းရဲအောင် နေနိုင်ဖို့ လိုတယ်နော် ။

အပြန်အလှန်ပဲ။

ငါ့ဟာငါ စိတ်ချမ်းသာအောင် ကြိုးစားပြီးတော့ နေပါ့မယ်။ နင်လည်းပဲ ကိုယ့်ဟာကိုယ် တရားနှလုံးသွင်း၊ ကိုယ့်စိတ်ကိုသိ ၊ ကိုယ့်စိတ်ကို ကြည့်ပြီးတော့ နားလည်ပြီတော့ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင်နေပါ။အဲလိုဖြစ်သွားရင် ( psychologically independent) ဖြစ်နေပြီနော်။

ကိုယ်က စစ်မှန်တဲ့မေတ္တာနဲ့ ချစ်နိုင်ဖို့က ပေးနိုင်ဖို့က ကိုယ့်အတွက် အရေးကြီးဆုံး နဲ့ အကောင်းဆုံးပဲ။ အင်မတန် ရင့်ကျက်တဲ့ တည်ငြိမ်တဲ့ အေးချမ်းတဲ့ သဘောထားကြီးတဲ့ မေတ္တာစိတ်ဖြစ်လာမယ်။ အဲဒီစိတ်က အားရစရာ ကျေနပ်စရာ အကောင်းဆုံးပဲ။

( ဆရာတော် ဦးဇောတိက ၏ မေတ္တာတရား စာအုပ်မှ မျှဝေပါသည်။

greenkstar  မှ ကူးယူဖော်ပြပါသည်။ ကျေးဇူးတင်ပါသည်။

Saturday, February 18, 2012

သမီးလေး ၁၁ လပြည့် 

သမီးလေး ဟေမာ ၁၁ လ ပြည့်ပြီ ။
ဒီနေ့ ၁၈ ရက်နေ့ ဆိုတာ မေ့နေလို့ မနက် က ဘုရားဆွမ်းတော် ကပ်တာတောင် ပုံမှန်ဘဲ ကပ်ဖြစ်တယ်။ သစ်သီးဆွမ်း ၊ ပန်းအသစ်လဲကပ်တာတောင် မကပ်ဖြစ်ခဲ့ဘူး  ။ သမီးလေး ရဲ့ ၁၁ လပြည့်မှာ ဓမ္မဒါန အဖြစ် သောကြာ သားသမီး များအတွက် သောကြာနေ့ဖွား ဘုရား လေးဆူ ကို ပူဇော်ရှိခိုးသော ဂါထာတော် အား မျှဝေ ပါတယ်ရှင် ။


• သောကြာ နေ့ဖွား ဘုရားရှိခိုး ဂါထာတော်

မနော သုမေဓော ဗုဒ္ဓေါ ၊

ဖုေဿာဇိနော စ ဂေါတမော ။

သုက္ကဝါ ရေ အဘိဇာတာ ၊

တေ နမဿာမိ သာဒရံ ။

နဝေနာနေန ကမ္မေန ၊

ပေါရာဏကံ ဝိနဿတု။

စတုန္နံ ဗုဒ္ဓ တေဇေန ၊

သဒါ သုခီ ဘဝန္တုမေ ။   ။

သမီးလေး ဟေမာလွင်ဦး နှင့် သောကြာနေ့ဖွား ကလေးများ ၊ အားလုံးသော ကလေးများ ကျန်းမာပျော်ရွှင်ကြပါစေရှင်။



TV မှာကြော်ငြာ လာရင် ဒီလို စိတ်ဝင်တစားကြည့်ပါတယ် တဲ့ ။
 
 
သမီးလေး ကြော်ငြာ ကြည့်နေတုန်း ရှေ့က လာကွယ်ရင် မကြိုက်ပါဘူးတဲ့ ။
 

ဟော ဟေမာရေ ကလေးလေးရေ တဲ့ ..ဘေးအိမ်က ကိုကို မမတွေ က ကစားကြမယ်တဲ့ လှမ်းခေါ်နေတယ်။



တီတီ က ကိုကို မမ တို့ ကစားတာ ကို ထိုင်ပြီးကြည့်ခိုင်းတယ် ။ သမီးလေး ကို ပေးမဆော့ဘူးတဲ့ ။

ရန်ကုန် က သမီးလေး ဓါတ်ပုံတွေ ပို့ပေးလို့ ကြည့်လိုက်တော့ ၁၁လ သမီး မဟေမာ နဲ့ သူ့ရဲ့ အန်တီ က အရွယ်အစား ခြင်း သိပ်မကွာလှဘူး ။ အန်တီ ခမျာ ကိုယ်တွေ လက်တွေ နာနေမှာဘဲ ။ သမီးလေး က အစားပုပ်တယ်တဲ့ ။

အသားပေါင်း ၊ လိမ္မော်သီး အရမ်းကြိုက်တယ်တဲ့ ။ ဟေမာ ကို စလုံးပြန်လာဘို့ခေါ်တော့ သူ့ အဖွား က မလာချင်ဘူး ။ ဟေမာ ဟိုမှာ အရမ်းပျော်နေတော့ စလုံးမှာဆို အဖော်မရှိတော့ မပျော်မှာစိုးလို့တဲ့ ။
အပေါ်သွား ၂ချောင်းက ကြီးကြီး ကျဲကျဲ ဖြစ်နေပြီး အောက်သွား ၂ချောင်းက ပေါက်တဲ့ပုံ မလှ ဘူးတဲ့ ။
ဘာဘဲဖြစ်ဖြစ် ဟေမာ တို့ လာဘို့ အားလုံးစီစဉ်ပြီးနေပြီဆိုတော့ နောက်လ ဆို သမီးလေး နဲ့ ဖေဖေ မေမေ တို့ အတူနေရတော့မယ် လို့ တွေးပြီး ပျော်ရွှင်မိပါတယ်။


သမီးလေး အကြောင်း လာဖတ်တာ ကို ကျေးဇူးတင်ပါတယ် ရှင်။ သမီး ကလဲ မေမေ့ မိတ်ဆွေ တွေ ကို ချစ်ခင်ပါတယ် ..အာဘွားစ်..............း)

ကျေးဇူးရှင် မိုးကုတ်ဆရာတော် ဘုရားကြီး ၏ ဓမ္မသံဝေဂ နှင့် ဩဝါဒ ကထာများ

ကျေးဇူးရှင် မိုးကုတ်ဆရာတော် ဘုရားကြီး ၏ ဓမ္မသံဝေဂ နှင့် ဩဝါဒ ကထာများ


• ၁။ ဖြစ်ပျက်သမျှ ၊ သင်္ခါရ ၊ ဒုက္ခ သစ္စာ မှတ်၊ ဖြစ်ပျက်မှုတွင် ၊ ငါကောင်ထင် ၊ ခင်မင်သမုဒယမှတ် ၊ ရုပ်နာမ် အားလုံး ၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံး နိဗ္ဗာန်မှတ် ၊ ချုပ်ဆုံမှုတွင် ၊ ဉာဏ်သက်ဝင် ၊ သိမြင်မဂ်ဟုမှတ် ။

• ၂။ ယုံကြည်ကျမ်းမာ ၊ စိတ်ဖြောင့်စွာ ဖြင့် ၊ လွန်စွာ အားထုတ် ၊ နာမ် နှင့် ရုပ်ကို ၊ ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊ မှန်ပင်မဂ်ရကြောင်း။

• ၃။ မစွန့်ကာမ ၊ ဆရာမရှိ ၊ ဝီရိယလျှော့၊ အားအင်ပျော့ခါ ၊ လွန်စွာယူမှား ၊ဤငါးပါး ၊ တရားမဂ်ဖိုလ် ဝေးလေသတည်း။

• ၄ ။ သူတော် ဆည်းကပ်၊ မြတ်တရားနာ ၊ လျော်စွာအကျင့် ၊ မဂ်ဖိုလ်ခွင့်၊ ရလင့်ဧကန်သာ ။

• ၅ ။ ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာ လို တော့ သည် ။


• ၁။ သစ္စာလေးပါး ဆိုတာ - သမုဒယသစ္စာ ၊ ဒုက္ခ သစ္စာ ၊ မဂ္ဂသစ္စာ ၊ နိရောဓသစ္စာ ။

• ၂။ ရခဲတဲ့ဘဝ လေး မှာ အလကား အချိန်တွေ မဖြုန်းလိုက်ပါနဲ့ ။

• ၃။ နားက တရားနာ ပါ ၊ ဉာဏ်က ခန္ဓာလှည့်ပါ ။

• ၄။ တရားနာတာသည် မိမိ အရေး ၊ တရားအားထုတ်တာ သည် မိမိအရေး ။

• ၅။ နားကြီးကြီးနဲ့ တရားနာပါ ။

• ၆။ ဝိပဿနာ အားမထုတ်ဘဲနဲ့ နေ့ရွှေ့ ရက်ရွှေ့ ရွှေ့ နေတာသည် ဉာဏ်ကမဦးဘဲ အသေက ဦးသွားရင် ကိုယ့် အတွက်နာမယ် ။

• ၇။ ဝိပဿနာ အားထုတ်တဲ့ အခါမှာ ကိလေသာ ကြားမခိုစေနဲ့ ။

• ၈။ ပဋိစ္စ သမုပ္ပါဒ် ဆိုတာ စာထဲမှာ ရှိတာမဟုတ်ဘူး ။ မိမိခန္ဓာ ထဲမှာ ရှိတဲ့ တရား။

• ၉။ မိမိ ခန္ဓာ ထဲမှာ ရှိတဲ့ ပဋိစ္စ သမုပ္ပါဒ် ကိုမိမိ ဉာဏ်နဲ့ ရှင်းအောင်လုပ်ပါ ။

• ၁၀ ။ စာပဋိစ္စ သမုပ္ပါဒ် သိတာ သည် သညာသိ ၊ ခန္ဓာပဋိစ္စ သမုပ္ပါဒ် သိတာမှ ပညာသိ ။

• ၁၁။ သညာသိ နဲ့ နိဗ္ဗာန်မရောက်နိုင်ပါ ၊ ပညာသိမှ နိဗ္ဗာန် ရောက်နိုင်မယ် ။

• ၁၂။ ရှေ့ - နောက်ခွဲတတ်ပါစေ ။ မိမိ အရေး က ရှေ့ထား ၊ သားရေး သမီးရေး စီးပွါးရေး က နောက်ထား ။

• ၁၃။ ဘဝ ကူးကောင်းအောင် မလုပ်ပါနဲ့ ၊ ဘဝ ချုပ်ငြိမ်းအောင်လုပ်ပါ ။

• ၁၄။ဒါန က သံသရာ ရှည်တာလား ၊ ဒါန နောက်က အသိ မလိုက်လို့ သံသရာ ရှည်တာလား ။

• ၁၅။ ဒါန နောက်က အ သိ မလိုက်လို့ သံသရာ ရှည်တာပါ ။

• ၁၆။ သစ္စာ သိလျှင် ခန္ဓာရောင်းလှူပါ ၊ သစ္စာ မသိလျှင် သစ္စာ သိအောင် အလျင်လုပ်ဦး။

• ၁၇။ အိုရာက နာရာ မရောက်ခင် ဝိပဿနာလုပ်ပါ ။

• ၁၈။ အရှိ နဲ့ အသိ ကိုက်အောင် လုပ်တာ ဝိပဿနာ။

• ၁၉။ ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှု တာ ဝိပဿနာ ။

• ၂၀။ ရှေ့ နာမ်ကို နောက်ဉာဏ် နဲ့ ရှု တာ ဝိပဿနာ။

• ၂၁။ ရှေ့ အနေ ကို နောက်အနေ နဲ့ ရှုတာ ဝိပဿနာ။

• ၂၂။ အသေဖြစ်ပျက် ၊ အရှင်က မဂ် ၊ အပျက်နဲ့ မဂ် နဲ့ ကိုက်အောင် ရှုတာ ဝိပဿနာ။

• ၂၃။ ရှေ့ က ဖြစ်ပျက်၊ နောက်ကမဂ်နဲ့ ကိုက်အောင် ရှုတာ ဝိပဿနာ။

• ၂၄။ အသေ ကို အရှင်ကကြည့် နေတာ ဝိပဿနာဖြစ်မည် ။

• ၂၅။ အသေ က ဖြစ်-ပျက်၊ အရှင် က မဂ်၊ အပျက်နဲ့ မဂ် ကိုက်အောင် ကြည့်တာ ဝိပဿနာ။

• ၂၆။ သူများစိတ် အကဲမခတ်နှင့် ၊ မှားသော်ရှိ မှန်သော်ရှိ ကိုယ့်စိတ် ကို ကိုယ် အကဲခတ်တာမှအမှန်ရမည် ။

• ၂၇။ အလုပ်ကြည့်ချင် ရင် ခန္ဓာ ကြည့်၊ အလုပ်စဉ် ကြည့်ချင်ရင် မှတ်တမ်းကြည့် ။

• ၂၈။ ကိုယ့်စိတ် ဖြစ်တာ ကိုယ်မ သိတာ အရုပ် အဆိုးဆုံး ။

• ၂၉။ ကိုယ့်စိတ် ဖြစ်တာကိုယ် အကဲ ခတ်နိုင်မှ ဝိပဿနာ ။

• ၃၀။ ခန္ဓာ ကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ် ။

• ၃၁။ ဘယ် ဗေဒင်မှ မယုံကြနဲ့ ၊ ခန္ဓာက သူ့လမ်း သူ ပြေးနေတော့ မနေ့ ကထက် ယနေ့ သေဖို့တရက်ပိုနီးသွားပြီ ဆိုတာ သာ ယုံလိုက်ပါ ။

• ၃၂။ ခန္ဓာ ၏ဝတ္တရား က အသေရှာတာ ၊ ဉာဏ်၏ ဝတ္တရား က အသေရှောင်တာ ။

• ၃၃။ ခန္ဓာ က အပြေးသွားနေတော့ သေ ကဦး၍ ဉာဏ် က နောက်ကျသွားလိမ့်မည်။

• ၃၄။ အပြေး မရပ်တဲ့ ခန္ဓာ ကိုယ်၊ သုဿန်မရောက် ခင် မဂ္ဂင် အလုပ် မြန်မြန်လုပ်ပါ ။

• ၃၅။ အသက်တမ်း ခပ်တိုတိုလေးမှာ ခပ်ခိုခိုလုပ်နေမယ် ဆိုရင် အသေစောသွားရင် ကိုယ်ကျိုးနည်း လိမ့်မယ် ။

• ၃၆။ သာသနာ နဲ့ ကြုံမှ သစ္စာ လေးပါး တက်မြောက်ရေး တရားပေါ်တယ် ။

• ၃၇။ ကိစ္စ ဟူသရွေ့ သည် မဂ်တား ဖိုလ်တားလို့ မှတ်ပါ ။

• ၃၈။ ဒကာ - ဒကာမ တွေဟာ တဏှာ( လောဘ) ခိုင်းတာ ကို ကျွန်သားပေါက် ပီပီ လုပ်နေကြတာပဲ ။

• ၃၉။ တဏှာကို အဖော်မလုပ်နဲ့ ၊ ဉာဏ်ကို အဖော်လုပ်ပါ ။

• ၄၀။ အလကား နေသရွေ့ အအားနေသရွေ့ အမှားချည်းသာ လို့ မှတ်ပါ ။

• ၄၁။ ယခု သားနဲ့ သမီးနဲ့ ဆွေနဲ့ မျိုးနဲ့ ပစ္စည်း ဥစ္စာ တွေနဲ့ မသိ ပြုံး - ပြုံးနေသလောက်၊မသိပျော် ပျော် နေသလောက် နောင်သေခါနီး အိပ်ရာ ညောင်စောင်းမှာ မျက်ရည်ကျရပါလိမ့်မည် ။

• ၄၂။ ကိုယ့်ကိုကိုယ် သနားရင် ဝိပဿနာလုပ်ကြ၊ ကိုယ့်ကိုကိုယ်မသနား ရင် သားနဲ့ မယား - အလုပ်လုပ် ကြ ။

• ၄၃။ အသက်ကြီးလေလေ ကံမွဲ - ဉာဏ်မွဲ လေလေ မှတ် ၊ ကံမွဲတာ အရေးမကြီး ၊ ဉာဏ်မွဲရင်နိဗ္ဗာန် မရောက်။

• ၄၄။ ကံကို ဉာဏ်က ဖြတ်မှ နိဗ္ဗာန် ရမှာ ၊ ဉာဏ်မပါရင် ကံက ချယ်လှယ်သွားလိမ့်မည်။

• ၄၅။ နိဗ္ဗာန် သည် ကံ၏အကျိုး မဟုတ် ၊ ဉာဏ် ၏အကျိုး ဖြစ်တယ် ။

• ၄၆။ လူပြော - သူပြောတွေ မယုံနဲ့ ၊ မိမိခန္ဓာ က ပြောတာကိုသာ အယုံကြီး ယုံလိုက်ပါ ။

• ၄၇။ ခန္ဓာကြီး ရဲ့ စွမ်းရည် သတ္တိ ပင်ကို သဘော က ဖြစ်မှု - ပျက်မှု ပဲ ရှိတယ် ။

• ၄၈။ ဝိပဿနာ က ခန္ဓာမလို ချင်အောင် ရှုတာ ။

• ၄၉။ ဒါန သီလ သည် ကိလေသာရောဂါ သက်သာရုံ ရမယ် ၊ ဝိပဿနာ အလုပ်ပါ လုပ်မှသာ ရောဂါ ပျောက်မည်။

• ၅၀။ အလုပ် တရား ဆိုတာ ခန္ဓာ အရှိနဲ့ ဉာဏ်အသိ နဲ့ ကိုက်အောင် လုပ်တာ ။

• ၅၁။ ခန္ဓာ နဲ့ ငါ နဲ့ မရောပါနဲ့ ။

• ၅၂။ တရားနာ တယ် ဆိုတာ ဒီ အချိန်မှာ မတရားအလုပ်ကို မလုပ်တဲ့ အချိန်ပဲ ။

• ၅၃။ ကြားတဲ့ တရားနဲ့ သိတဲ့ တရား နှစ်ခု ထပ်ရင် သောတာပန် တည်နိုင်တယ် ။

မိုးကုတ် ဩဝါဒ ကထာ ပြီး၏ ။

မှတ်ချက် ။    ။ ကျမ အထပ်ထပ်ဖတ်ချင်လို့ HolyScripts  မှ ကူးယူထားခြင်းဖြစ်ပါတယ်ရှင် ။ တရားဒါန မျှဝေ မှူ အတွက် HolyScripts ကိုကျေးဇူးတင်ပါတယ်ရှင်။ သာဓု သာဓု သာဓု ။

Tuesday, February 14, 2012

မွေးနေ့ဆုတောင်း

ကျမ ရဲ့ မွေးနေ့မှာ ......
ကျမ ကိုယ်တိုင် နှင့် အတူ
 ကျမဧ။် ကျေးဇူးရှင် မိဘ နှစ်ပါး ၊
 ကျေးဇူးရှင် ဆရာသမားများ၊
 ချစ်ရပါသော ခင်ပွန်း နှင့် သမီးလေး ၊
 ကျမ အား လိုအပ် သည့်အချိန် လိုအပ်သည့်နေရာ မှာ နှူတ်ဧ။်စောင်မခြင်း လူဧ။်စောင်မခြင်း ဖြင့် ကူညီ ပေးခဲ့သော မိတ်ဆွေ များ၊
 အားလုံးသော ဆွေမျိုး မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများ ၊
 ကျမ ရဲ့ ဒီဘလော့ လေး ကို လာရောက် ဖတ်ရှူကြသူ အားလုံးတို့ အား ....


ဘေးရန် ခပ်သိမ်း ငြိမ်းကြပါစေ ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ ။
ဆင်းရဲ ခပ်သိမ်း ငြိမ်းကြပါစေ ။
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ ။
ချမ်းသာကိုယ်စိတ်မြဲပါစေ။
စိုးရိမ်ကြောင့်ကြ ပူပင်သောက ကင်းကြပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
ကျန်းမာကြပါစေ။
ချမ်းသာစွာ အိပ်ပျော်ပါစေ ။ အိမ်မက် ဆိုးများမမက်ကြပါစေ နှင့် ။
စည်းစိမ်ဥစ္စာများ ကြွယ်ဝချမ်းသာတိုးတက်ပါစေ ။
ဣစ္ဆာ သယ လိုတိုင်းတ၍ ရ ကြပါစေ ။

မိမိ တို့ သက်ဆိုင် ရာ ကိုးကွယ်သည့် ဘာသာအလိုက်  ဘာသာ တရားဧ။်အဆုံးအမ ကို ကောင်းစွာ သက်ဝင် ယုံကြည်လျှက် ကျင့်ကြံ အားထုတ် နိုင် ကြ သည့် ကိုယ်ဖြစ်ကြပါစေ လို့ ဆုတောင်းလိုက်ပါတယ် ရှင် ။

အားလုံး စိတ်နှလုံး ရွှင်လန်း အေးချမ်းကြပါစေ ။

ကျမ အလွန် နှစ်သက်သော အလွန် ကျက်သရေ ရှိသော မင်္ဂလာ ဆုတောင်းသီချင်းလေး နားထောင် ဘို့ လင့်လေးထည့်ပေးလိုက်ပါတယ် ရှင် ။
 
မင်္ဂလာ ဆုတောင်း

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) - ငြိမ်းချမ်းမှဘဲချစ်တတ်လာတယ်

ငြိမ်းချမ်းမှဘဲချစ်တတ်လာတယ်


(အထီးကျန်ဘဝမှလွတ်မြောက်ခြင်း စာအုပ်မှ )


ဒီဘုန်းကြီး နဲ့ သိတဲ့ လူတစ်ယောက်အကြောင်းအရင်တုန်းက နဲနဲပြောဘူးပါတယ်။ အခုထပ်ပြောချင်တယ် ။ သူ့ကို အမေရိက မှာ တွေ့ ခဲ့တာပါ ။ သူဘုန်းကြီးကျောင်းကို လာတော့ သူ့ကို " ဘာဖြစ်လို့ကျောင်းကိုလာတာလဲ " လို့ မေးကြည့်တော့ " အိပ်မပျော်လို့ပါ " တဲ့ ။ " ကျောင်းကိုလာ ရင် ဘုန်းကြီးတွေ က အိပ်ပျော်တဲ့ နည်းများပေးမလားလို့ပါ " တဲ့ ။

အိပ်မပျော်တဲ့လူဟာ စိတ်မငြိမ်းချမ်းလို့ပါ ။ စိတ်ကို ငြိမ်းချမ်းအောင်လုပ်တတ်လို့ ရှိရင် အိပ်ပျော်ပါတယ် ။ စိတ်ထဲမှာသောက တွေ သိပ်များနေတယ် ။ စိတ်လှုပ်ရှားမှုတွေ သိပ်များနေတယ်။ စိုးရိမ်မှု ၊ ပူပန်မှုတွေ များနေတယ် ။ အတွေးတွေကို ရပ်လို့မရဘူး ဆိုရင် အိပ်ချင်နေပေမယ့် လည်း အိပ်လို့မပျော်ဘူး ။

သူ့အမူအရာ ၊ အပြောအဆိုကို ကြည့်ရတာ နဲနဲ ကြမ်းတမ်းတဲ့ အမူရာမျိုးရှိနေတာကို တွေ့ရတယ် ။ မကျေနပ်မှုတွေ တော်တော် များနေတာတွေ့ ရတယ် ။ ပြီးတော့ နဲနဲ ထိုင်းမှိုင်းတဲ့အမူရာ လည်းရှိတယ် ။ နောက်မှ သိရတာက အဲဒီ ဒကာမ ကြီးဟာ မူးရစ်ဆေးဝါးလည်း စွဲနေတယ်။ အိပ်ဆေး လည်း စွဲနေတယ် ။

သူ့ ကိုပထမ ဦးဆုံး စိတ်နူးညံ့ သွားအောင် ဆိုပြီးတော့ မေတ္တာ ပွါးနည်း သင်ပေးလိုက်တယ် ။ နောက်တစ်နေ့ကျတော့ " အဆင်ပြေ ရဲ့လား"လို့ မေးကြည့်တော့ " မေတ္တာပွါးလို့ မရဘူး" တဲ့ ။ ဒါနဲ့ သူ့ကို " မေတ္တာပွါးတာ ဘာခက်လို့တုန်း ။ ကိုယ့်ကိုကိုယ် စပြီး မေတ္တာ ပွါး ဘို့ဘဲ ၊ ကိုယ့် ကိုကိုယ် ချမ်းသာစေချင်တယ် မဟုတ်လား " လို့ ဆိုတော့ သူဘာမှ မပြောဘူး ။တိတ်နေတယ်။ နောက်တော့ ဆက်မေး ကြည့်တဲ့ အခါ ရောက်တော့ " ကိုယ့်အကြောင်း ကိုယ် မတွေးချင် ဘူး ၊ မေ့ထားချင်တယ် " တဲ့ ။ " တစ်ယောက်တည်းနေ လို့ မရဘူး ။ တစ်ယောက်တည်းနေ လိုက်ရင် ကိုယ့် အကြောင်း ကိုယ်တွေးမိ ပြီး စိတ်ပျက်တယ် " တဲ့ ။

" ကိုယ့်ကိုကိုယ် မချစ်ဘူးလား " ဆိုတော့ " ကိုယ့်ကိုကိုယ် မချစ်ဘူး" တဲ့ ။ ဒါနဲ့ တဆင့် တက်ပြီး မေးကြည့်တယ်။ " မိဘ တို့ ဆရာသမား တို့ကို ရော မချစ်ဘူး လား " ဆိုတော့ " အဖေ ကငယ် ငယ်ကတည်း က ကွဲသွားတယ် "တဲ့ ။" အဖေ က အရက်စွဲနေတယ်။ အလုပ်ကောင်း ကောင်း မလုပ်ဘူး ။ မိသားစု ကို လည်း ကောင်းကောင်း မထောက်ပံ့ဘူး " တဲ့။ နောက်တော့ အသည်းကြွမ်း တဲ့ ရောဂါ နဲ့ ဆုံး သွားတယ်။ အမေ က တော့ အဖေ နဲ့ ကွဲသွားတဲ့ နောက်ပိုင်းမှာ အလုပ်လုပ်ရ တဲ့ အတွက်ကြောင့် သူတို့ မောင်နှမတွေ ကို ဂရုမ စိုက်နိုင် ဘူး တဲ့ ။ ပြီး တော့ အမေ ဟာ ဂရုစိုက် မယ် ဆိုရင် စိုက်နိုင်ပါရဲ့ နဲ့ တစ်ခါ တစ်လေ သူ့ဟာသူ ပျော်သလို ၊ သက်သာ သ လို ပဲ နေတယ် တဲ့ ။ အဲဒီ တော့ သူဟာ အဖေ့ မေတ္တာ လည်း မရ ဘူး ။ အမေ့ မေတ္တာ လည်း မရဘူး ။

"အမေ့ ကိုချစ်သလား " ဆိုတော့ " အမေ့ အသံတောင် မကြားချင်ဘူး " တဲ့ ။ အဲဒီ လောက်ထိအောင် ဆိုးတယ်နော်။



" အမေ က တယ်လီ ဖုန်း ဆက်ရင် တယ်လီဖုန်း ကောက်ပြီး နားထောင်လိုက်တဲ့အခါမှာ အမေ့ အသံ ဆိုတာ သိလိုက်တာ နဲ့ တစ်ပြိုင်နက် ပြန်ချ လိုက်တာပဲ ၊ ဆက်မပြောတော့ဘူး " တဲ့ ။

" ဆရာ သမား တွေ ထဲ မှာရော " ဆိုတော့ " ဆရာ သမား တွေ ထဲမှာ လည်း ချစ်တဲ့ သူမရှိ ဘူး " တဲ့ ။ " သူငယ်ချင်း မိတ်ဆွေ တွေထဲမှာ ရော " ဆိုတော့ " ဒါလည်းဘဲ တွေ့ လို့ ကြုံလို့သာ ဆက်ဆံ နေရတာပါ ၊ ဘယ်သူ့ ကိုမှ တကယ် ချစ် တယ် ဆိုတာ မရှိဘူး " တဲ့ ။ ဒါနဲ့ ဘုန်းကြီး လည်း တော်တော် စိတ်ညစ်သွား တယ် ။ ဘယ်လိုမှ ပြောလို့မရတော့ဘူး ။ နောက်ဆုံး တော့ " ပွင့်ပွင့်လင်းလင်းပြောမယ်နော် ၊ လူဆိုတာ ကိုယ့်ကိုကိုယ် အချစ်ဆုံးလို့ ဘုရားဟော လည်း ရှိတယ် ။ ကြား လည်းကြား ဘူးတယ် ။ စာတွေ ပေတွေ ထဲ မှာလည်း ဖတ် ဘူး တယ် ၊ ကိုယ့် ကို ကိုယ် လည်း ဒီလိုဘဲ ခံစားရတယ်။ ပြီးတော့ ဒီလောက် သတ္တဝါ တွေ များတဲ့ လောကကြီးထဲ မှာ တစ်ယောက် ကိုမှ မချစ်ဘူး ဆိုတာတော့ ဒီတစ်ခါ ကြားဖူးတာ ပထမ ဆုံးပါပဲ ။ အပြစ်တင်တယ် လို့ တော့ မထင်ပါ နဲ့ ။ တကယ် အံ့ဩလို့ပါ " လို့ပြောတော့ သူ လည်း စိတ်မကောင်း ဖြစ်သွားတယ် ။

သူဟာသူ အကြာကြီး စဉ်းစား ပြီး တော့ " ချစ်တာ တစ်ဦး တော့ ရှိတယ် " တဲ့ ။ " ဘယ်သူတုံး" ဆိုတော့ " သူငယ်ချင်း ရဲ့ ခွေးလေး " တဲ့ ။ သူ့ရဲ့ ကိုယ်ပိုင် ခွေး လည်း မဟုတ်ဘူ ။ " ဒီခွေး လေး နဲ့ ကစားရရင် ပျော်တယ် " တဲ့ ။ အဲဒီတော့ တစ်လောကလုံးမှာ ( ကိုယ့်ကိုကိုယ် လည်း မချစ်ဘူး ။ တခြား ဘယ်သူ့ကို မှလည်း မချစ်ဘူး ) ချစ်စရာ ဆိုလို့ ခွေးလေး တစ်ကောင်ပဲရှိတဲ့ သူ့ ရဲ့ အထီးကျန် အဖော်မဲ့ ခံစားမှု " Lonliness " ကိုမှန်းဆပြီး ကြည့်စမ်းပါ ။ ဘယ်လောက် သနား စရာ ကောင်းလဲလို့ ။

ဒါပေမယ့်  ဒီဒကာမ ကြီး ဟာ တရား ကို တော်တော်လေး ကြိုးစား အားထုတ်ပါတယ် ။ ငါးလ ၊ခြောက်လ လောက်ကြိုးစား အားထုတ်ပြီးတဲ့ နောက်မှာ အရက်တွေ ၊ မူးယစ်ဆေးဝါးတွေ ၊ အိပ်ဆေးတွေ အကုန်ပြတ်သွား တယ် ။ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်လာတယ် ။ သူ့စိတ်ထဲ မှာ ကြည်လင်မှု အေးချမ်းမှု ရှိလာတယ် ။ ဒီလို ဖြစ်လာ တဲ့ အခါမှာ သူ့အမေ အကြောင်း ပြန်တွေးတဲ့ အခါ အမေကို သနားလာ တယ်။ အမေဟာ ငယ် ငယ် ရွယ်ရွယ်နဲ့ ယောက်ျား နဲ့ ကွဲသွားတယ် ။ တစ်ယောက် တည်း ဒီကလေးတွေ နဲ့ ဘဝ ကို ရုန်းကန်ရတယ် ။ တစ်ခါ တစ်လေ လည်း သူပျော်သလို ၊ စိတ်ချမ်းသာ သလို နေမှာ ပေါ့ ။ အမေ့ စိတ်ထဲ မှာ ဘယ် လို ခံစား ရမလဲ ဆိုတာ တွေးပြီးတော့ နဲနဲ ကိုယ်ချင်းစာပြီး တော့ သနားသွားတယ် တဲ့ ။ အဲဒီ နောက်မှာ အမေ က တယ်လီဖုန်း ဆက်ရင် အေးအေးဆေးဆေး စကား ပြန်ပြောတယ် ။ နောက်တော့ အတွေ့ ခံတယ် ။

အမေ ကြီး ခမျာ အသက်ကြီးလာ တော့ သမီး ကို ပိုချစ်လာတယ် ထင်တယ် ။ ငယ်ငယ် တုန်း က တော့ သူ့ ဒုက္ခ နဲ့ သူ ဆိုတော့ သူ့သား သမီးတွေ ကို သိပ် ဂရုမ စိုက်နိုင်ခဲ့ဘူး ။ ကြီးလာ တော့ ဒီသမီး ကို ပိုချစ်လာတယ်။ သမီးကို အားကိုး လာ တယ် ။ သမီး နဲ့ တွေ့ချင် တယ် ။ သမီး နဲ့ နေချင်တယ် ။ ဒါပေမဲ့ သမီး က လုံးဝ လက်မခံခဲ့ ဘူး ။ ဘယ်လောက်ထိ အောင် ပြောသလဲ ဆိုတော့ " အမေ လာခဲ့ ရင် _တဲ့ ၊Bay Bridge တံတား ပေါ် ကနေ ခုန်ချ ပြီးတော့ ကိုယ့်ကိုကိုယ် သတ်သေလိုက်မယ် " တဲ့ ။အဲဒီ လောက်ထိအောင် သူ့ရဲ့ နာကြည်းနေ တဲ့ ခံစားချက် က ပြင်းထန် တယ်နော် ။ အခုတော့ အဲဒီ အမေ ကို သနားလာတယ် ။ အမေ နဲ့ အတွေ့ခံတယ် ။ တရားအားထုတ်လို့ နဲနဲ ငြိမ်းချမ်း မှု ရှိလာတဲ့ အခါကျတော့ သနားတတ်လာတယ်။ ချစ်တတ် လာတယ် ။ ကိုယ်ချင်းစာ တတ်လာတယ် ။ ဒီလို ချစ်တတ် ကိုယ်ချင်းစာတတ် လာတာနဲ့ ကိုပဲ အဖော်မဲ့ နေတဲ့ ခံစားမှု "Lonliness " ကတော်တော် သက်သာလာတယ် ။

( ဒီအချက် က သေသေချာချာ စဉ်းစားစေချင်တယ် ။ ချစ်တတ် ကိုယ်ချင်းစာတတ် တဲ့ သူဟာ အဖော်မဲ့ အထီးကျန် ခံစားမှု ဖြစ်တာနဲ တယ် ။ )

Monday, February 13, 2012

မေတ္တာသုတ်

ဘ၀ရဲ့အမှတ်တရနေ့စွဲများ (Tag)

သမီးစံ လေးတဂ်ထားတာပါ ။ သိပ်မကြာသေးပါဘူး ဖေဖော်ဝါရီ ၅ ရက်ကပါ.....း)

အသက်ကလေး ရလာပြီဆိုတော့ အမှတ်ရစရာတွေ အများကြီးပေါ့ ။ ကိုယ်တိုင်ကတော့ အတိတ်က ဘယ်လိုဘယ်ညာ လို့ ပြန်စဉ်းစား တမ်းတတတ်သူမဟုတ်ဘဲ ဒိန်းသေမိန်းသေ နေတတ်သူဆိုတော့..........

ပြောရရင် အားလုံးဟာ ပြီးတော့လဲ ပြီးသွားတာပါဘဲ။

ဒီထက်ကြီးလာပြိး တာဝန်ဝတ္တရားတွေ မရှိတော့ လို့ အချိန်ပိုလာတဲ့အခါ များမတော့ ပြန်ပြောချင်မလားမသိ ။

၂၀၀၅ နိုဝင်ဘာ ၆ ရက်မှာမင်္ဂလာဆောင်ပါတယ် ။ စလေမှာပါ ။
ဟုတ်ကဲ့ နိုဝင်ဘာ ရ ရက် မနက်မှာ သတို့သားနဲ့ သူ့မိဘများ အညာရောက်တုန်း ပုဂံဘုရားဖူးသွားကြပါတယ်။ ဟုတ်ကဲ့ မယ်သံမပါ ပါဘူး ။နေပြည်တော် ပရောဂျက် အရေးကြီးနေလို့ လိုတဲ့ ပစ္စည်းတွေ ကိုယ်တွက်ပြီး  မှာပေးရမှာမို့ တယောက်ထဲ ရန်ကုန် ကိုပြန်ခဲ့ရပါတယ် ...ရွှတ်...း(

၂၀၀၅ နိုဝင်ဘာ ၂၀ မှာ ဇီဝိတ ဒါန မှာ မင်္ဂလာဦး ဆွမ်းကျွေးပါတယ် ။
နိုဝင်ဘာ ၁၉ မှာ အိမ်မှာ အမျိုးတွေ များလို့ နားညီးတဲ့မယ်သံ အပြင်ထွက် ရုပ်ရှင်ကြည့် ၊ အချိန်ပို ကြေးအိုးသောက် ၊Spa သွား ဒါလဲအချိန်ပို ရုပ်ရှင်ထပ်ကြည့် ၊ ၃၈ လမ်းညဈေးလျှောက် စားချင်တာတွေစား ည ၁၀နာရီမှ အိမ်ကိုပြန်ပါတယ်။(တော်သေးတယ် ပန်းမမ မဖြစ်လို့) 
မနက်ကျ နေမြင့်မှ အိပ်ယာထ သတို့သမီးဆိုတော့ ဘာမှ မလုပ်ရ ကောင်းလေစွ ၊ အားနေ ၊ ကိုမာ လာ အလှပြင် (စလေမှာပြင်တာ ၂နာရီခွဲလောက် ကြာတာ ကိုမာ ပြင်တာ ၂၅ မိနစ်လောက်ဘဲကြာ) အတော် ကိုလှသွားလို့ အရမ်းကျေနပ် ။
အလုပ်တွေများလို့ သူငယ်ချင်းတွေနဲ့ မတွေ့ရတာကြာလို့ မင်္ဂလာဆောင်မှာ တွေ့ရတဲ့ အခါ စကားတွေ တရစပ်ပြော တဟားဟား ရယ် ။ (ဒီလောက် ရယ်တဲ့ ထမင်းထိုင်စားတဲ့ သတို့သမီးမကြုံဘူး ဟု ဆိုကြ)
နောက်နေ့ ရုံးသွားတော့ ဒါရိုက်တာဆီ စာရင်းပြောစရာရှိလို့ဝင် * ဟင်မနေ့ က နင့် မင်္ဂလာဆောင် မဟုတ်လား  ၊ ဒီနေ့ ရုံး ဘာလာလုပ်တာလဲမေး * ဟွန့် သများလုပ်စရာတွေ တပုံကြီးဟာကို.သူမသိရော့လား...း(

၂၀၀၅ ဒီဇင်ဘာ ၉ ရက် တရားရုံးမှာ လက်မှတ်ထိုး ။ ဇီဝိတ ဒါန သွား ၊ ဆွမ်း၊ဆေး၊မျက်စိ ပဒေသာပင် စိုက် ၊ ဘုန်းကြီး မင်္ဂလာဦးအတွက် ဆုတောင်း ပေး ရေစက်ချ အတော် ကိုကြည်နူး စရာပါ ။ (မင်္ဂလာဆောင်မဲ့ မောင်  ညီမ များ မင်္ဂလာဦးဇီဝိတဒါန သံဃာ့ ဆေးရုံကြီးမှာ အလှူဒါန ပြုကြစေလိုပါသည်။ အဲဒီက ဆရာတော်တွေ မင်္ဂလာဦးအတွက် ဆုပေးတာ ပြည့်စုံ ကောင်းမွန်ပြီး ကြည်နူးရ လွန်းလို့ပါ )

၂၀၀၆ စက်တင်ဘာ ၃၀ ရက်နေ့မှာ သားလေး တယောက်မွေး ခဲ့ပါတယ် ။ စက်တင်ဘာ ၂၉ ရက် သောကြာနေ့မှာ  နေပြည်တော်စီမံကိန်းအတွက် မယ်သံတွက်ထားတဲ့ ပရောဂျက်တခု စာရင်းချုပ်မှာမို့ မေးစရာရှိတာမေးရအောင် ဆိုပြိးရုံးကလာခေါ်လို့ ရုံးကိုတနေကုန်သွားခဲ့ရပါတယ်။ ညနေ ကျ ရုံးအဖွဲ့သားတွေ စုပြီး လဘက်သုပ် စား ကြတယ် ။မာကလာသီးလဲစားခဲ့တယ်။ ညကျ တရုတ်ကား ရွှေမင်းသမီးလာတာ ကြည့်ပြီး ၁၁ နာ၇ီခွဲလောက် အိပ်တော့မယ်ဆိုပြိး လှဲ လိုက်တော့ ဗိုက်နာလာရော ..လဘက်တွေ မာကလာသီးတွေ စားခဲ့လို့ဖြစ်မယ်ဆိုပြီး အိမ်သာသွား ၊ မောင်လေးက သီချင်းကြည့်နေတော့ ၀င်ကြည့် ထိုင်နေတာ ဘာမှ မဖြစ်၊တခါ လှဲလိုက်ပြန်တော့ နာပြန်ရော ။ ဒီလိုနဲ့ ၁ နာရီလောက်ကျတော့ ရိုးရိုး ဗိုက်နာမဟုတ်တော့ဘူး ။ မီးဖွားချင်လို့ဘဲဆိုပြီး ဂျူးဒိတ်ကြည့်လိုက်တော့ အဲဒီနေ့ဘဲ ။ ဒါနဲ့ ခေါင်းရင်းခန်းမှာအိပ်နေတဲ့ အမေ့ကိုနှိုးတော့ ဟာ စနေနေ့ ကြီး မမွေးနဲ့ဦး အောင့်ထားတဲ့ ။
ပြီးတော့ နာတဲ့ဆီ စိတ်မရောက်အောင်လို့ဆိုပြီး ရှေးဖြစ်နှောင်းဟောင်းတွေ ပြောပါတော့တယ် ။
သူ ဘာတွေဘယ်လိုပြောပြော ၂ နာ၇ီလောက်ကျတော့ အိမ်သာတခါသွားတော့ သွေးပါလာတာနဲ့ ယောကျားကို လက်တို့ပြောပြီး အောက်ထပ်ကသူနာပြု ဆရာမ ကို သွားခေါ်ခိုင်းပါတယ် ။လိုက်လာကြည့်ပြီး သားဦးဆိုတော့ ဆေးရုံသွားဘို့ပြောပါတယ်။ ဒါနဲ့ တခါ တက်ဆီ သွားခေါ်ရပြန်ပါတယ်။ မနက် ၃ နာ၇ီ အိမ်ကစထွက်လာတော့ဒီလိုပါဘဲ လွှားခနဲ ကားပေါ်တက်လိုက်တာ ဗန္ဒုလ တံတားပေါ်ရောက်လို့ ရွှေတိဂုံဘုရားကို အာရုံပြုမှ နာလာလိုက်တာ အမလေး ကိုဦးရဲ့ နာတယ်တော့ လို့ပြောတော့ ကားသမား က ရယ်လိုက်တာ ။ ဆေးရုံရောက်လို့ တာဝန်ကျ ဆရာမလေးတွေနှိုးလို့ စာရင်းသွင်းတာ ဘာညာ ကိုယ်တိုင်ပြောနေတာ အိုကေ ။ လှည်းပေါ်တင်ပြီးတွန်းတော့မှ အမလေး အော်လိုက်တာ နာလွန်းလို့ ။ သိပ်မကြာပါဘူး ၄း၃၀ မှာ သားဦး စနေသားလေး နေတက် လေး မွေးပါတယ်။

၂၀၀၆ နိုဝင်ဘာ ၂၆ သားလေး ၅၆ ရက်သားမှာ ကိုဦးစလုံးသွား  လေဆိပ်ကို လိုက်ပို့ ။ မိခင် နှင့် ယောကျား အကြား ဗျာများ နေရတော့ လေဆိပ်ပို့ပြီးပြန်အလာ အဖေ့ ကို * ကဲ အဖေ လဲ စိတ်ချမ်းသာတော့ သမီးလဲ ခုတော့ စိတ်ပေါ့သွားပြီ ပြောလို့ အဖေ အံ့သြောနေ *......း) စတာနော် ကိုဦး ..ဟိ။

၂၀၀၈ မတ်လ ၁ ရက်နေ့ စကာင်္ပူ ကိုထွက်လာ ။ အရာရာ နဲ့ အကြောင်းကြောင်း မယ်သံ အမှတ်ရစရာ အများကြီးဖြစ် ။ စာရှည်မှာစိုးလို့ နောက်မှ အကျယ်ချဲ့ရေးပါတော့မယ်။

၂၀၀၈ မတ်လ ၂၂ ရက် အလုပ်ရ ။
၂၀၀၈ ဧပြီ ၅ ရက် Spass approved .

၂၀၀၈ နိုဝင်ဘာ သားလေးနေမကောင်းတဲ့ သတင်းစကြားရ ။ ခေါင်းအရမ်းနာတယ် တဲ့ ။
၂၀၀၈ ဒီဇင်ဘာ သားလေး ခွဲစိတ်ဘို့ပြန် ။ ခွဲစိတ်မှူအောင်မြင် ။ စလုံးပြန်လာ ။
၂၀၀၉ ဖေဖော်ဝါရီ လဆန်း သားလေး ဦးခေါင်းထပ်နာနေပြန်ပြီတဲ့ ။
၂၀၀၉ ဖေဖော်ဝါရီ ၁၄ ကိုယ့်မွေးနေ့ သားလေး ပင်လုံမှာ CT Scan ဖတ်တာ အကြိတ် က အရင်လို အကြီးကြီးဖြစ်နေပြန်ပြီ တဲ့ ...........း(

၂၀၀၉ မတ် ၆ ရက် ပီအာ ကျ ။

၂၀၀၉ မတ် ၂၀ သားလေး ဆုံး။

၂၀၁၀ ဇွန် ၂၂ အလုပ်ပြောင်း ။
၂၀၁၀ သြဂုတ် ကလေးလေး ထပ်ရှိတာ သိခဲ့ရ ။
၂၀၁၁ မတ်လ ၁၈ ၊ သမီးလေး မွေး ။

ကဲ သမီးစံလေးရေ အမှတ်ရစရာတွေ က များ မှ များ ။ တခုစီ သာ ဖြစ်ကြောင်း ပျက်ကြောင်းရေး ရ ရင် ဖတ်ရတာ ပျင်းမှာ စိုးလို့ နောက်မှ ဘဲ ရှည်ရှည်ေ၇းတော့မယ်နော့ ။

ပျော်ပျော်ပါးပါး ပေါ့....း)

"အောင်ဆန်းဇာနည်"


ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား
မိခင်ဒေါ်စုသား။

၁၉၄၇ ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး ။

ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်
ကောင်းစေချင်တဲ့မှာစကား
ငါတို့မမေ့အား ။

ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်
ပြည်ချစ်တို့ခေါင်းဆောင်
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။ ။


ဒီနေ့ ဟာ တို့နိုင်ငံရဲ့ဖခင်ကြီး သက်ရှိထင်ရှားရှိနေသေးရင် ၉၇ နှစ်မြောက်မွေးနေ့ပါ ။
သမီးလေး ကြီးလာရင် ကိုယ့်နိုင်ငံ ရဲ့ ဖခင်ကြီး အကြောင်းသိစေချင်လို့ ပေးဖတ်ဘို့ လင့်လေးတွေ စုထားတာပါ ။

ဒီလင့် လေးတွေ ရလို့ ညီမ မိုးခါး
ညီမလေး သမီးစံ  တို့ ကို အထူးကျေးဇူးတင်ပါကြောင်း။ 

ဗိုလ်ချုပ်အကြောင်း
Bo-Gyoke-Aung-San-Poems

Sunday, February 12, 2012

ချစ်ခြင်းတရားနဲ့ လျှောက်မယ့်လမ်း (တဂ်ပို့စ်)

 လာဟေ့ အတူ လျှောက်ကြမယ် သူ.....

 

ကြည်ဖြူတွဲဖက် လက်ခြင်းယှက်၍

ဘေးစကားနဲ့ အချင်းမများ

အတွေးမပွား ရင်တွင်းမထားဘဲ

စိတ်နှလုံးခြင်း အပ်ကာနှင်း၍

ပန်းခင်းသည့်လမ်း လျှောက်ချင်စမ်းလဲ....

 

နှစ်ဦးအတူ ရွေးချယ်သည့်လမ်း

ခရောင်းကိုမြင်လဲ ပြစ်မတင်ဘဲ

ဖေးမအတူ မငြူစူဘဲ

အတွေးချင်းဖလှယ် တိုင်ပင်ကြမယ်။

အစွမ်းရှိသမျှ တို့ကြိုးပမ်းလို့

အလှူအတန်း တို့စိတ်မှန်းစို့။

ဆွေမျိုးအပြား သွေးမခြားဘဲ 

လိုရာအတူ တို့ဖေးကူစို့။

 

ရှေ့ကိုမကျော နောက်သို့မချန်

ပြိုင်တူလှမ်းမယ်

ချစ်ခြင်းတရား နဲ့ လျှောက်မယ့်လမ်း ။  ။

မယ်သံ တို့ နှစ်ယောက် မလေးမှာ လမ်းလျှောက်နေတုန်း သူငယ်ချင်း အပျိုကြီးတယောက် က အမှတ်တယ ရိုက်ပေးထားတာပါ ။ သူ ဘာစိတ်ကူး နဲ့ ရိုက်တာလဲ မသိဘူးနော်...း)


Saturday, February 11, 2012

တို့ငယ်ငယ်တုန်းအရွယ် (တဂ်ပို့စ်)

 ♪ ♫  ငယ်ငယ်တုန်းက ကလေးဘ၀အရွယ် ပျော်စရာကောင်းလို့ အောင်းမေ့တယ်.....
တကယ်ပါ ကျမ ရဲ့ ငယ်ဘ၀ လေးက ပျော်ရွှင်စရာအပြည့်ပါဘဲ ။  ငယ်ငယ်တုန်းက လွတ်လပ်ပျော်ရွှင်ခဲ့ရတာတွေ ဟာ ဘယ်တော့ မှ ပြန်မရနိုင်တော့တဲ့ ဒဏ္ဍာရီ တပုဒ်ပါဘဲ ။
ခေတ်ပညာတတ် ဆရာမတယောက်ပေမဲ့ ရှေးရိုးအစွဲရှိတဲ့ ကျမအမေဟာ သောကြာနေ့ ညမှာဗိုက်နာလာတော့ သားဦးစနေလေးမမွေးချင်လို့ ဘယ်လိုဘဲနာတာကိုအောင့်အီးပြီး မမွေးအောင်နေခဲ့ပေမဲ့ ကျမ ကတော့ စနေနေ့ မနက် ၁၁ နာရီမှာ ကျယ်ပြန့်တဲ့လောကထဲ ကို ထွက်လာခဲ့ ပါတယ် ။  မွေးလာတော့ လဲ ချစ်ရတာပါဘဲ ။ သမီး မိန်းကလေး မို့ အဖေ့ ကို ခိုက်မှာစိုးလို့ ဓားထမ်းကျော်ခိုင်းပေမဲ့ အဖေ ကတော့ မကျော်ခဲ့ပါဘူး ။ သူများ ကိုေ၇ာင်းရတယ် အယူ ရှိပေမဲ့ သူတို့ သမီးလေး ကို သူများသမီး အဖြစ်မခံနိုင်လို့ မရောင်းခဲ့ပါဘူးတဲ့ ။ 
သားဦး ပီပီ အမိအဘ ရဲ့ ချစ်မြတ်နိုး မှူ ကိုခံ ခဲ့ ရတယ် ဆို တာ ကောင်းသောဆုလဒ် တခုပါဘဲ ။ (မိဘ ရှိတဲ့ ဘယ်သားသမီးမဆို ဒီဆုလဒ်ကတော့ ရှိပြီးသားပါနော်)
ကျမ ကိုမွေးတဲ့ အချိန် မှာ အမေ က သရက်မှာ ဆရာမ ၊ အဖေ က စလေ စက်ရုံမှာပေါ့ ။ မွေးတုန်းခဏ လာနိုင်ပေမဲ့ ၀န်ထမ်းဆိုတော့ အဖေ က စလေ ကိုပြန်သွားရပါတယ် ။ ဒီတော့ သရက်မှာ ကျမ ရယ် အမေ ရယ် ၊ အထိန်း ရယ် အတူနေရပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်မှာ အမေ က အဖေ ရှိတဲ့ စလေ ကိုသွားချင်သလို ကျမ ကတော့ သရက်မှာဘဲနေချင်ခဲ့ပါတယ် ။ပိတ်ရက်မှာ အမေ့မောင် နဲ့ အမေ့တူ (ကျမထက် ၃လ ကြီး) က မင်းတုန်းကနေ သရက် ကိုလာတာမို့ ရွယ်တူမောင်နှမ ချင်း ကစားပြီး အရမ်းပျော် နေခဲ့ပါတယ်။ မွေးထဲ က အတူမနေရတဲ့ အဖေ ကိုလဲ လွမ်းရကောင်းမှန်းမသိတာ လဲပါမှာပေါ့ နော် ။
ကျမ က ငယ်ငယ်တုန်းထဲက စကားအရမ်းတတ်ပါတယ်တဲ့ ။ ၂ နှစ်အရွယ်ဆေးရုံတက်ရတော့ ညဘက် ကျမအင်္ကျီတွေ သူခိုးခိုးခံရတော့ နောက်နေ့ လာမေးတဲ့ သူတွေ ကို မီးမီး အင်္ကျီ လေးတွေ မရှိတော့ဘူး ဆိုပြီး အငိုကောင်းလို့ လက်ဆောင်ပေးလိုက်ကြတာ အများကြီးဘဲတဲ့ ။ 
အက လဲ အရမ်းဝါသနာပါတယ်တဲ့ သီချင်းသံလေးကြားရင် ကို လက်က အလိုလို ချိုးပြီးသား တဲ့လေ....း)
ဒါ က သရက်မြို့မှာ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ တပင်တိုင် အက နဲ့ ကဗျာရွတ်ပြိုင်ပွဲဝင် နေတဲ့ပုံပါ ။ တကယ်တော့ အသက် ၃နှစ်ခွဲ ထိ ကလေးအရွယ် အတိတ်ပုံရိပ်တွေ ကို ကျမ မမှတ်မိပါဘူး  ။မေမေ က အတိတ်အကြောင်း ကို ပြန်ပြန်ပြောတတ်လို့ အဲဒီအချိန် ချစ်သူခင်သူတွေ ပေါတယ် ဆိုတာ ကိုပြန်ကြားရတော့ ကျေနပ် မိပါတယ် ။ ဘယ်သူမဆို အချစ်ခံရတယ်ဆို ပျော်မယ် မဟုတ်လားရှင်........း)
ဟုတ်ကဲ့ အခုမှ ကျမ မှတ်မိ တဲ့ ကလေးဘ၀ အကြောင်းပါ ။
စလေ ကို ၂ထပ်သဘောင်္ ကြီးနဲ့ပြောင်းလာပြီး အမေ က စလေကျောင်း မှာ တန်းပြီး အလုပ်ဝင်ရတာမဟုတ်ပါဘူး ။ ၁၉၇၉ ကနေ ၁၉၈၂ ထိ ချောက် မှာ တာဝန်ကျတာပါ ။ အဲတော့ ချောက်ကို မနက်အစောကြီး သွားရပါတယ်။ ကားရှားတဲ့ အချိန်ဆိုတော့ လိုင်းကားရယ်လို့ မရှိဘဲ ကုန်ဝယ်တဲ့ ကားတွေ၊ အဓိက ကတော့ စလေ စက်ရုံ ၀န်ထမ်းကြိုပို့ ကားတွေ ကို အားထားပြီးသွားရတော့ ကျမ ကို နေ့တိုင်းခေါ်သွားဘို့လဲ မဖြစ်နိုင် ၊ ကျမ ရဲ့ အထိန်းကလဲ ပါမလာလေတော့ အမေ က ကျမ ကို အိမ်မှာတယောက်ထဲ မထားချင် နဲ့ အိမ်နားက မူလတန်းကျောင်းမှာ အပ်ရပါတော့တယ် ။ (မူကြို မရှိသေးပါ) ။အဲဒီနှစ်မှာ ၄ နှစ် ဘဲရှိသေးလို့ စာမေးပွဲ ၀င်ဖြေခွင့် မရှိပေမဲ့ ဆရာမ က စာလိုက်နိုင်တယ်ဆိုပြီး ဖြေခိုင်းလို့ အတန်းတက်ရပါတယ် ။ ကျမ က အဲဒီတုန်းက အရမ်းဥာဏ်ကောင်းသတဲ့လေ ။ နှစ်စဉ် ဆုတွေ ရခဲ့ပါတယ်။ 
စလေ မှာ ၀န်ထမ်းတွေ အတွက် အိမ်တွေ သတ်မှတ်ရာမှာ အဆင့်အလိုက် ၄ လုံးတန်းလျား ၊ ၂ လုံးတန်း ၊ လုံးချင်းအိမ် နဲ့ လုံးချင်းတိုက် ဆိုပြီး ရှိရာမှာအဖေ က အရာရှိပေါက်စဆိုတော့ လုံးချင်းအိမ် နဲ့ပေါ့ ။ 
ကျမတို့ ရပ်ကွက်မှာ ရွယ်တူ ကစားဖော် မျက်နှာချင်းဆိုင် မှာတယောက် တအိမ်ကျော်မှာတယောက် ယောင်္ကျားလေးတွေပါ ။ ဒီတော့ သူငယ်ချင်းတွေ က ယောကျားလေးတွေ ဆိုတော့ ကျမ လဲ ယောကျားလေး ကစားနည်းတွေ ပိုကစားဖြစ်ပါတယ် ။ ဖိနပ် ကိုထောင်ပြီး ဘောလုံးနဲ့ပစ်တာ ၊ ဂွေလှိမ့်တာ ၊ ဂျင်ပေါက်တာ၊ စစ်တိုက်တန်း ကစားတာ ၊ သစ်ပင်တက်ပြိုင်တာ ကစားနည်းမျိုးစုံပေါက်ပေါက်ရှာရှာ ကစားပါတယ် ။ ကျမ တို့ ရပ်ကွက် က ကလေးနည်းပေမဲ့ ခေါင်းရင်းမှာ စက်ရုံဘောလုံးကွင်းရှိပြီး ဘောလုံးကွင်း ဟိုဘက်မှာ က ၄ လုံးတန်းလျားရှိပါတယ် ။ အဲဒီမှာ ကလေးတွေ အများကြီးပါ ။ သူတို့လဲ ဘောလုံးကွင်း ကို ညဘက်လာကစားတော့ ကိုယ်တွေ လဲ သွားပေါင်းတာပေါ့ ။ ကျမ တို့ ရပ်ကွက်မှာ ကိုယ့်ထက်အကြီး တွှေရိကြပေမဲ့ အီးဘောလောတွေပါ ။ ဟိ ...ကစားတာ ၀ါသနာပါဘူးပြောတာ ...း) သူတို့ မပါ ကျမတို့ ၃ယောက် ပြီးတော့ တခြားရပ်ကွက်က ၁ယောက်ကလဲလာပူးပေါင်းတော့ ၄ယောက်( နောက်ပိုင်းတော့ ကိုယ့်ထက်ငယ်တဲ့ အငယ်တွေ ပါလာတာပေါ့  ) ကစားကြပါတယ် ။ ပြီးတော့ ထုံးစံအတိုင်း ရန်ဖြစ်ကြပါတယ်။ ဟုတ်ကဲ့ ကျမနဲ့ ရွယ်တူ ၂ယောက်မှာ တယောက် ကစွာပေမဲ့ တယောက် က အေးပါတယ်။ ရန်ဖြစ်ရင် အားမကိုးရဘူး လှည့်ပြန်ချင်ပြီ ဒီတော့ ကျမတို့ ၂ယောက်ဘဲ ဒိုင်ခံ ရန်ဖြစ်ရတာပေါ့ ။ ဟိုဘက် က လူတအုပ်ကြီးဆိုတော့ ကိုယ်က လက်သွက်မှ ဖြစ်တာပါ ။ ကျမ က လက်သွက်တဲ့အထဲမှာ နံပါတ် ၁ ပါ ။ တအုပ်ကြီးဆို ဖုတ်တွေ ကျုံးပက်တယ် ။ ၂ယောက်လောက်ဆို အသာလေး လုပ်လာတာပါဘဲ ။ လူမမှီရင် အင်္ကျီ ဆွဲလုပ်တော့ သူတို့ အင်္ကျီတွေ ဆိုတာ ပြဲကုန်တာ ။ ရန်ဖြစ်လို့ သူချ ကိုယ်ချ ခံရလဲ ဘာမှ မဖြစ်ပေမဲ့ အကျီပြဲရင်တော့ မိဘတွေပါသိပြီး သူတို့ မိဘတွေ အိမ် ကိုလာတိုင်ကြပါတယ် ။ လာတိုင်တော့ လဲ ဟိုစွာတဲ့ ယောကျားလေးတယောက်အိမ်လာမတိုင်ဘူးဗျာ ။ မယ်သံတို့အိမ်ဘဲ တိုင်ကြတာ ။ ပြီးရင်တော့ မယ်သံ ကိုဆော်ပလော်တီးတဲ့ အစီအစဉ် စပါတော့တယ် ။ ဘယ်ဂလောက်တောင် တုန်းဆို အိမ်ရှေ့ က သြဇာပင်ဟာ မယ်သံ ကို ကြိုးနဲ့ တုပ်ရိုက်ရာ အပင်ဖြစ်လာပါတယ် ။ 
မယ်သံ ရဲ့ အပေါင်းအသင်း ယောကျားဘသား၂ယောက်ဟာ ရန်ဖြစ်မသန်ပေတဲ့ ပေါက်ပေါက်ရှာရှာ ကစားတော့ အင်မတန် သန်ပါတယ်။ ခက်တာ က သူတို့အိမ်တွေမှာ မကစားဘဲ ခေါင်ချုပ်ကြီးမယ်သံ ဆီ လာလာ ကစားကြတာဘဲ ။ နေ့လည်ထမင်းစားကျောင်းဆင်းရင် အိမ် ကိုအပြေးပြန်လာရပါတယ်။ ပြီးတော့ အိမ်အောက် က သစ်တုံးတွေ အောက်က ကပြုတ်(ဖားပြုတ်)တွေ ယူပြီး နောက် က ကျောင်းဆင်းလာတဲ့ သူတွေ ကိုပေါက်ပါတယ်။ (ကျောင်းက မယ်သံတို့ လမ်းဆုံးမှာ ဆိုတော့ ကျောင်းသားတွေ အိမ်ရှေ့ ကဖြတ်ပြန်ရတာပါ) ။ သူတို့အိမ်အောက်တွေမှာလဲ ကပြုတ်တွေရှိရက်နဲ့ မယ်သံအိမ် အောက်ကဘဲနှိုက်ပြိးပေါက်ကြတယ်..ရိုက်ခံရတော့ ကိုယ်ဘဲပေါ့..ဟွန်း လူဇိုးတွေ။ တော်သေးတာ က အဲဒီ ကပြုတ်တွေ နဲ့ ပေါက် ရင် လန့်သွားတာ လောက်ဘဲရှိပါတယ် ။ မူးမေ့ သွားတဲ့ အထိတော့ မဖြစ်ဘူး ။ တွေ့နေကျမို့လို့နဲ့ တူပါရဲ့ ။
နောက်တနည်းကတော့ ငှက်ပစ်တာပါ ။ ခေါင်းရင်း ဘောလုံးကွင်း ဟိုဘက်စွန်းမှာ ဇီးတော တွေ ရှိတာကြောင့် ငှက်တွေလဲရှိတယ် ဆိုပြိး သွားကြတာပါ ။ ငှက်ပစ်ဘို့ လို တဲ့ လောက်စာလုံးကို ကန်ဘောင် က ရွှံ့မြေ သွားကောက်ရပါတယ်။ အဲ လောက်စာလုံးတွေ့ လို့ ကတော့ အမေ ဘယ်လောက်ရိုက်ရိုက် လုံးဝ မရိုက်တဲ့ အဖေ က သမပါတော့တယ် ။ လူသူ မရောက်တဲ့ ကန်ထဲ ပြုတ်ကျမှာလဲစိုးရိမ်  ငှက်ပစ်တာလဲ မကြိုက်ဘူးတဲ့ ။ 
နောက်တနည်းကတော့ ဥစ္စာစောင့်ရှာတာပါ ။ ဘောလုံးကွင်းအလွန် ဇီးတောအလွန်မှာ ရွာတွေ ဘက်ထွက်တဲ့လမ်းပါ ။ အဲဒီမှာ ဘုရားပြို ၂ ဆူရှိပြီး ဥစ္စာစောင့်ရှိတယ်လို့ နာမည်ကြီးပါတယ်။ လပြည့် လကွယ် တွေမှာထွက်လာတယ်ပြောကြပါတယ်။ ဥစ္စာစောင့် တွေ က လှလဲအရမ်းလှတယ်။ ရွှေမကျီးတောင့်တွေလဲပေးကြတယ် ဆိုလို့ မယ်သံတို့ ၃ယောက် တွေ့ချင်လို့ ညဥ့်သန်းခေါင် ထသွားကြတာ ၁၀ကြိမ်ထက်မနည်းခဲ့ပါဘူး ။ 
ပြီးတော့ ဂူဖောက်တမ်း ကစားတာပါ ။ ဘောလုံးကွင်းဘက်မချိုးဘဲ အထက်ဘက် တက်သွားရင် စလေ မြို့စား အမျိုးအနွယ်တွေ ရဲ့ ဂူတွေ ရှိပါတယ်။ လှလှ ပပ အကြီးကြီးတွေ ဆောက်ထားတာပါ ။ စစ်တိုက်တန်း တူတူပုန်းတန်း ကစားလို့ အရမ်းကာင်းပါတယ်။ တနေ့မှာတော့ ကိုပွေလီ ၂ယောက် က မယ်သံ ကိုပြောပါတယ် ။ အဲဒီမှာ သထေးတွေ မြှူပ်တာဆိုတော့ ရွှေတွေပါမှာဘဲ သွားတူးပြီး အမေ  တွေကိုပေးကြမယ် တဲ့ ။ ဒီတော့ တူရွင်းလေးတွေ ယူပြီးသွားကြတာပေါ့ ။ သတိလစ်သွားတာ က အစောင့်ရှိတာကိုပါ ။ ခါတိုင်း ကလေးတွေ လာကစားရင် ဘာမှ မပြောတဲ့ အစောင့် က အဲဒီနေ့ က တူရွင်းတွေ နဲ့ လာတဲ့ မယ်သံ တို့ ကို အ၀င်မခံ ခဲ့ပါဘူး မောင်းလွှတ်ပါတယ် ..ဟွန်း ....နို့မို့လို့ကတော့ ရွှေတွေရှိနေမှာ...း)
အမေ က အရိုက်သန်သလို ပုံပြောတာ ပုံပြင်ဖတ်ပြတာတွေ လဲ ရှိပါတယ်။ မောင်လေးမွေးလာပေမဲ့ မောင်လေးကတော့ ကစားတာဆော့တာ မယ်သ့လောက်ဝါသနာမပါပါဘူး ။ ပြီးတော့ သူက ဘယ်သူနဲ့ ဖြစ်ဖြစ် ခံ ဘက်ကပါ ။ တခုခု ဆို သူများလာတိုင်စရာမလိုဘူး သူ့ မှာအညို အမဲစွဲလာတာပါဘဲ ။ သစ်ပင်လဲ မတက်ပါဘူးကြောက်တတ်ပါတယ် ။ အမေ ကတော့ ငါ မိန်းကလေး နဲ့ ယောကျားလေး မှားမွေးတာ နဲ့ အကြိမ်ကြိမ်ပြောပါတယ်။ 
နောက်တခု က မယ်သံ စာဖတ်ဝါသနာပါလာပုံလေးကြုံတုန်းပြောပါဦးမယ်။  ၃တန်းအောင်လို့ ၄တန်းတက်မဲ့နှစ်မှာ အမေ က မိဘတွေ နဲ့ အတူမအိပ်တော့နဲ့ဆိုပြိး တဘက်အခန်းကို ပြောင်းနေခိုင်းပါတယ် ။ အဲဒီမှာ ခုခေတ် ခေါက်ဆွဲ ပုံးလို ဟာမျိုးနဲ့ ပုံးတွေ အထပ်လိုက်ရှိပါတယ်။  ကြည့်လိုက်တော့ အဖေ နဲ့ အမေ ဝေးနေတုန်း က အပြန်အလှန် ပို့တဲ့ စာတွေ ပါ ။ အဖေ က အမေ့ ကို ရေးတော့ ချစ်လေး လို့ အစချီပြီး ဒီနေ့ ဘာလုပ်တယ် ဘာဝယ်တယ် ဘယ်လောက်ဆိုပြိးအသေးစိတ်ရေးသလို အမေ ကလဲ ချစ်တဲ့မောင်အစချီပြီး ဒီနေ့ သမီးလေး ဘယ်လို ဆိုတဲ့ ကျမ ရဲ့ အကြောင်းလေးတွေ နေ့စဉ် အသေးစိတ်ပါ ။ ဒီတော့ ကျမ လဲ စိတ်ဝင်စားလို့ အိမ်သာ သွားတိုင်းတစောင်ယူ ဖတ် ပြီးရင် သုံးခဲ့ နဲ့ အဲဒီ ၄တန်းနှစ်လောက်ထဲက တနေ့တစောင်နှူန်းနဲ့ ဖတ်လိုက်တာ ၆တန်းလောက်ထိ ဖတ်ရတယ်ထင်ပါတယ်။ အဲဒီတော့ စာအိပ် အခွံတွေဘဲ ကျန်ခဲ့တော့တာပေါ့ဗျာ ။ အမေ သိတော့ ဘယ်လောက်အသဲနာတုန်းတော့ မသိ ရိုက်လိုက်တာ မပြောပါနဲ့တော့ ။  ကျမ နားမလည်တာတော့ ၁၉၇၉ လမ်းပန်းမကောင်းသေးတဲ့အချိန် သရက် က စလေအပြောင်းသဘောင်္ကျပ်ကျပ်မျာ ဘာစိတ်ကူးနဲ့ ဒီစာတွေပါသယ်လာတာလဲ လို့ စဉ်းစားမရဘူး လူချင်းပြန်တွေ့ကြပြီဘဲဟာ စာတွေ မလိုတော့ပါဘူး ..ဟုတ်တယ်မဟုတ်လားရှင်။
အမေ့ ဘက်က အဘိုးအဘွားရွာ ကို သွားလဲပျော် စရာကြီးပါ ။ သူတို့ က မယ်သံ ကမြေးမ အကြီးဆုံးဆိုတော့ အရမ်းချစ်လို့ ကျွဲတကောင်ပေးပါတယ်။ ရွာသွားရင် အဲဒီကျွဲ ကိုကျောင်းရတာပေါ့ ။ ကျွဲစီးပြီးမင်းတုန်းချောင်းထဲဆင်း ရေချိုးပေးပြီး ကိုယ့်ရွာဘက်ပြန်မလှည့်ဘဲ ဟိုဘက် ကမ်းကတက်ပြီး တောထဲ ဆက်သွားတဲ့ မယ်သံ ကို ၇ွာသားတွေ စိတ်ပုစွာနဲ့ လိုက်ရှာခဲ့ ရဘူးပါတယ်။ သူတို့ ကတော့ အမေ့ ကို  ညီမရေ နင့် သမီးကတော့ သြ ကို ချရော့ဟေ့ လို့ ပြောမပြီးတော့ပါဘူး ။ မောင်လေးကတော့ အဲဒီရွာမှာ မီးမရှိလို့ေ ရာက်ထဲက ကြောက်တယ် ဆိုပြီး ငိုတာ ဖျား လို့ေ နာက်ဆို ရွာသွားရင် သူ့မခေါ်တော့ပါဘူး ။
မောင်လေး ကိုယ်ဝန်မှာ အမေ ရယ် ပန်းပင်စိုက်တာဖြစ်လွန်းလို့ နောက် တော့ အပျော်စိုက်ကနေ စီးပွားဖြစ် စိုက်တော့ အရင် ပန်းတွေ ဖောက်သည်ပေးပါတယ် ။ နောင်တော့ မယ်သံ က ဖောက်သည် တွေ ဈေး နှိမ်တာ မခံနီုင်လို့ ကိုယ်တိုင် ထွက်ရောင်းပါတယ်။ အရာရှိ နဲ့ ဆရာမ သမီး ပန်းရောင်းတော့ မြို့ခံတွေ က သဘောလဲကျ အားလဲပေးကြပါတယ် ။ ၁၉၈၈ အရေးအခင်းမှာ မယ်သံတို့ ကျောင်းတွေ ပိတ်ေ တာ့ ၈တန်း နှစ် ကြီးခေါင်လေးလဲ ၀င်လာတော့ အမေ က အရင်လို ပန်းဘန်းရွက်ပြီး လျှောက်ရောင်းဘို့ ခွင့်မပြုတော့ပါဘူး ။ ဝေလီဝေလင်း ပန်းရောင်းဘို့ ထွက်လာတဲ့ မောင်နှမ ပုံလေး အမှတ်တယ ရိုက်ထားပါတယ် ။
ငယ်တုန်းက ပေါင်းခဲ့ တဲ့ ရောင်းရင်းကြီး ၂ယောက် မှာ ၁ယောက် ကတော့ ဆုံးသွားပါပြီ ။ 
မယ်သံ လဲ ဒီကြားထဲ အလုပ်မျိုးစုံ ဘ၀ မျိုးစုံ ဆိုတော့ ဆိုင်ရာ သူငယ်ချင်းတွေ သူငယ်ချင်းတွေ အများကြီှး ပေါ့ ။ ဒါပေမဲ့ ငယ်ငယ် ဖြူဖြူ စင်စင် ခင်ခဲ့ ကစားခဲ့တဲ့ သူငယ်ချင်းတွေ က စိတ်ထဲမှာ အမြဲရှိပါတယ် ။ 
ကိုယ့်မှာ သမီးလေးမွေးလာတော့ သမီးလေး ကိုလဲ လွတ်လပ်ပျော်ရွှင်စေချင်ပါတယ်။

Friday, February 3, 2012

ဟောင်ကောင် ခရီး ( 25.12.2011) - Day 3

ခရစ်စမတ် နေ့ ဟောင်ကောင် နာမည်ကျော် ဒစ်စနေးလန်းမှာ အထူးအစီအစဉ်တွေ ရှိပါသတဲ့ ။ ဟောင်ကောင်မလာခင် ရုံးမှာ ထဲ က Day 3 ကို တော့ ဒစ်စနေး ကိုသွားဘို့ တဖွဲ့လုံးညီပီးသားပါ ။
ဒုတိယနေ့မှာ တိုး အစီအစဉ်နဲ့ မလိုက်ခဲ့တဲ့ အတွက် ဒီနေ့ခရီးစဉ်အတွက် S$30+ ပေးရမှာကို မပေးရတော့ပါဘူး ။  ၀င်ကြေးက အစ တိုးရ် ကဘဲ စီစဉ်သွားတာပါ ။
ဟောင်ကောင်ကျွန်းမှာမဟုတ်ဘဲ လန်တောက်ကျွန်းမှာမို့ မနက် 73း0 ထဲက ထွက်ရပါတယ်။ ဟိုနေ့ က ဂိုက်ကတော့ ရှင်းပြတာထက် သူ့ကိုယ်သူ ကော်ဖီ (သူ့နာမည်) ကလေ နဲ့ ပြောလွန်းလို့ ဒီနေ့ ဂိုက်ကတော့ မျက်နှာခပ်တင်းတင်းဆိုတော့ ဟော့တီးလို့ အမည်ပြောင်ပေးလိုက်ပါတယ် ။သူ့အကြောင်းပြောစရာရှိ ပြောလို့ရတာပေါ့ ။ ဒစ်စနေးကတော့ ဘာမှ ထွေထွေထူးထူးရေးနေစရာမလိုပါဘူးနော်  .......း)

ဒစ်စနေး အ၀င်မုဒ်ဦး နှင့် အတု အဖွဲ့သားတွေ အမှတ်တယ ...း)


Hong Kong Disneyland (Chinese: 香港迪士尼樂園) is located on reclaimed land in Penny's Bay, Lantau Island. It is the first theme park located inside the Hong Kong Disneyland Resort and is owned and managed by the Hong Kong International Theme Parks. The park opened to visitors on 12 September 2005. Disney attempted to avoid problems of cultural backlash by attempting to incorporate Chinese culture, customs, and traditions when designing and building the resort, including adherence to the rules of Feng Shui. For instance, a bend was put in a walkway near the Hong Kong Disneyland Resort entrance so good "qi" (chi) energy wouldn't flow into the South China Sea.[1]
 Hong Kong Disneyland currently occupies 22.4 hectares (55 acres), it will be expanded to 27.4 hectares (68 acres)[7]

မုဒ်ဦး ကနေ ၀င်လာတော့ နာမည်ကျော် မစ်ကီ ရေပန်းပေါ်မှာ လျှောစီး နေတာတွေ့ရပါတယ် ။


ဒစ်စနေးလန်း ကို ပတ်ကြည့်ဘို့ မီးရထား စတေရှင် ပါ ။



ဖန်တက်စီလန်း တဲ့ ဘာတွေ ရှိပါလိမ့် ။

Fantasyland

Fantasyland features Sleeping Beauty Castle, as well as the Fantasy Gardens where costumed Disney characters can be met.

ဒစ်စနေး ဇာတ်ကောင်တွေ ၉ နာရီ မှာ  စပြီး လမ်းမကြီးတလျှောက် ကကြမယ်ဆိုတော့ အဖွဲ့ သားတွေ နေရာယူစောင့်မျှော် နေကြပါတယ် ။ နေပူပေမဲ့ အေးဆေးဘဲ ။

ဟော ခေါင်းဆောင်ကြီး  မစ်ကီ က ဦးဆောင်ပြီးထွက်လာပါပြီ ။


သူ့ အဖွဲ့ဝင်တွေ နဲ့သူ အပြိုင်အဆိုင် ကကြပါတယ် ။ ဘေး ကနေ ကြည့်နေတဲ့ ကလေးတွေ ကိုလဲ ဆွဲခေါ် ကကြပါတယ် ။
သူတို့ ကကြတာကိုတော့ ဓါတ်ပုံ ရိုက်တာထက် ဗွီဒီယို ရိုက်လာခဲ့ပါတယ် ။ တင်ချင်ပေမဲ့ File Load ကြီးလို့လားမသိဘူး တညလုံးတင်တာတောင် အဲရာတက်နေတာပါ ။ ချစ်စရာကောင်းတဲ့ဇာတ်လိုက်ကျော်တွေ က ကြတာ မြူးကြွ ပေမဲ့ သိမ်မွေ့ယဉ်ကျေးကြပါတယ် ။ မယ်ထုံ ကတော့ ဘာဘီမ လေးတွေ ဟာ ဒစ်စနေးထွက်မှန်း အဲဒီတော့မှ သိတာပါ ။ သူတို့တွေ ဖလိုင်းကစ်ပေးတာ ကတာတွေ ဟာ လက်အမူ အရာ ကိုယ်အမူအရာ အတော်နွဲ့ ပြီး ယဉ်ကျေး လွန်းလို့ အံ့သြောခဲ့ရပါတယ် ။ သူတို့တွေ ကတာ ကို ကြည့်ရင်း ကလေးတွေ ပါ ပျော်ပျော်ပါးပါး သင် ကကြတာ ကြည့်ရင်း သမီးလေး ကို လွမ်းလို့ မျက်ရည်ကျရပါတယ် ။ နောင် ၅ နှစ်လောက် သမီးလေး သေချာ ကြည့်တတ် ပျော်တတ်ရင် မိသားစု ခရစ်စမတ် ကို တခေါက် သွားချင်ပါသေးတယ် ။

 သူတို့တွေ ကတာ အချိန် အတော်ကြာ ပါတယ် ။ ဒစ်စနေး ဇတ်ကောင်တွေ က အများကြီးလေ ။ ပြီးတော့ တွိုင်းစတိုရီ လန်း ကို ဆက်သွားကြပါတယ် ။

[edit] Toy Story Land

 Main article: Toy Story Land

Opened November 18, 2011. Toy Story Land at Hong Kong Disneyland is themed using bamboo to act as giant blades of grass surrounding the area. The themed land will make use of characters from the Toy Story movies, such as an enlarged Woody, Rex, an oversized paper plane, and Luxo Jr.
The land is located to the west side of Hong Kong Disneyland, behind Fantasyland.


 တွိုင်း မှာ လဲ သူနဲ့ သက်ဆိုင်တဲ့ ဇတ်ဝင်ခန်း ရိုက်တဲ့နေရာတွေ အများကြီးပါ ။ သူ့ ကိုတော့ သိပ်မကြိုက်လို့ အများကြီးမတင်တော့ပါဘူး ။

ပြီးတော့ ၀ါးတီး အစီအစဉ်ပေါ့ ။ အမယ် ပီဇာတောင် မှ မစ်ကီ ပုံလေးဗျ။



ဒစ်စနေး အမှတ်တယ ပစ္စည်းတွေ ရောင်းတဲ့ ဆိုင် ကို သွားကြပါတယ် ။ ဆိုင်ထဲ က အရုပ်တွေ နဲ့ အမှတ်တယ ဓါတ်ပုံ ရိုက်လာပါတယ် ။
ပြီးတော့ သရီးဒီ ကြည့်ဘို့သွားကြပါတယ် ။ ဒဏ်စနေး ရဲ့ နာမည်ကျော်  Donald Duck  ဇတ်လမ်းတိုလေးပါ ။ ချစ်စရာ လဲကောင်း ရီလဲရီရပါတယ် ။ 


ပြီးတော့ လျှောက်လည် ကစားကွင်းထဲသွား ရထားစီးပေါ့ ။


ပုံတွေ အများကြီးဖြစ်နေလို့ မတင်တော့ဘူးနော် ။ ည ၉ နာရီမှာ မီးပန်းဖောက်တာတွေ အစီအစဉ်တွှေရိနေသေးပေမဲ့ အဖွဲ့သားတွေ ခရစ်စမတ် ဒင်နာ အစီအစဉ် လဲ ရှိလို့ တိုးရ် က လာခေါ်မဲ့ ကား ကို မစောင့်ဘဲ ပြန်လာကြပါတယ် ။ သဌေး ကတော် ကို အားနာလို့ မန်နေဂျာ က တက်ဆီ စီးချင်ပေမဲ့ အားလုံးက အမ်တီအာ စီးကြဘို့ ၀ိုင်းပြောကြတာ မို့ သဌေးကတော် လဲ ကားလေး နဲ့ စမတ်မဂွမ်ဘဲ အမ်တီအာ လူကြပ်ကြပ် မှာ မတ်တပ်လေး စီးရင်း ပြန်လာကြပါတော့တယ် ။

ဟောင်ကောင် ခရီး ကို ဒီမှာ ဘဲ ရပ်လိုက်ပါတော့မယ် ။ နောက်မှ အိုးရှင်းပတ် ကို သွားတဲ့သူတွေ ရိုက်လာတဲ့ ဓါတ်ပုံရော လင်းပိုင်လေးတွေ က တဲ့ ဗီဒီယို ရော အဆင်ပြေရင် တင်ပါဦးမယ် ။ 

Thursday, February 2, 2012

ဟောင်ကောင် ခရီး ( 24.12.2011) - Day 2




ဟောင်ကောင် အကြောင်း ကို ရေးတာမှာ ဒုတိယ နေ့ ကတော့ နိုင်ငံခြား ခရီးတွေ ထွက်ခဲ့တဲ့ အထဲမှာ အမှတ်တယ ဖြစ်လို့ အသေအချာကြီးကိုရေးချင်တာပါ ။
ရေးဘို့ ဒေတာတွေ (မြေပုံ ၊လမ်းညွှန်၊ ကုန်ကျတာ အားလုံး သေချာ မှတ် စုဆောင်းခဲ့ပါတယ် ။ ဒီကြားထဲမှာ အချိန်ကြာသွားတာရော ခရီးနောက်တခေါက်ထွက်ဘို့ ခရီးဆောင်အိတ်ပြင်ရတော့ အဲဒီအထဲမှာ မှတ်ထားတဲ့ စာရွက် တွေ နေရာေ၇ွှ့တာရော ခု ရုံးမှာရေးရတာကြောင့်ရော အရင်တွေးထားသလို ပြည့်၂စုံ၂ကြီး မဟုတ်တော့ပါဘူး ။

ခရီးအတူသွားကြတာ သဌေးကတော်ရယ် ရုံးအဖွဲ့သား ၁၀ယောက်ရယ် စုစုပေါင်း ၁၁ယောက်အုပ်စုမှာ ဗမာ ၃ ယောက်ပါပါတယ်။ တိုး က ဒုတိယနေ့ ပို့ပေးရမဲ့ နေရာတချို့ ကို ပထမနေ့မှာ သွားခဲ့ပြီး ဒုတိယနေ့မှာ ကိုယ်သွားချင်တဲ့စိတ်ရှိတဲ့နေရာ ကို ကိုယ့်အစီအစဉ်နဲ့ သွားကြပါမယ်။

ဟောင်ကောင်မှာ ခ၇ီးသွားစိတ်ဝင်စားစရာနေရာ က ၃၁ နေရာတောင် ရှိတာမို့ ဒီ ၃ရက်အတွင်းမှာ အနှံ့ရောက်ဘို့မဖြစ်နိုင်လို့  ကိုယ်ဦးစားပေးသွားချင်တဲ့နေရာကို သွားကြမှာပါ ။ အဖွဲ့ က HR နဲ့ မန်နေဂျာ တို့ ကတော့ Ocean Park   ကိုသွားပြီး အကောင့် ကတော့ Shopping ထွက်ချင်ပါတယ်တဲ့  ။ မယ်သံ တို့ ကိုလဲ ဘယ်အဖွဲ့ နဲ့ လိုက်ချင်လဲပေါ့ ။ အိုရှင်းပါ့ခ် က ၀င်ကြေး ဟောင်ကောင် 280 + ခရီးစရိတ် သွားပြန် 30 = 310 ကျပြိး အစားအစာ ၀ယ်စားရမှာပါ ။

ကိုယ်ဗမာ ၃ယောက်ဆိုတော့ အဖွဲ့တောင့်တာနဲ့Gient Buddha ကိုသွားချင်တော့ သူတို့နဲ့ မလိုက်တော့ဘူးပြောလိုက်ပါတယ် ။
မနေ့ က ခရီးပန်းတာရော ကိုယ့်အစီစဉ်ဆိုတော့ အချိန် ကန့်သတ်စရာ မလိုတာကြောင့် မနက် ကို စောစောမထ ဘဲ နိုးတဲ့ အချိန်မှ ထပြီး စားသောက်ပြီး အေးအေးဆေးဆေးမှ ထွက်ကြပါတယ် ။ အလာ လေဆိပ်ထဲက ယူလာတဲ့ မြေပုံစာရွက်တွေ ရှိပေမဲ့ သိပ်မရှင်း လို့ ဟိုတယ် က အင်ဖော်မေးရှင်းကောင်တာမှာ ၀င်မေးတော့ လက်ရှိဟောင်ကောင်ကျွန်းနဲ့ တဆက်ထဲမဟုတ်လို့ သွားရင် အရမ်းဝေးတယ် ဆိုပါတယ် ။ ဒါဆို ဒီဟောင်ကောင်ထဲမှာဘဲ ဘယ်ကိုသွား ရင်ကောင်းမလဲ ဆိုတော့ သူဝိုင်းပြတဲ့ နေရာထဲမှာ hong kong botanical gardens zoo ကို သွားကြမယ် ဆိုပြီး တက်ဆီ နဲ့ ထွက်လာကြပါတယ် ။  ဟောင်ကောင် 60 ကျပါတယ် ။ ဟောင်ကောင် ကျွန်းထဲမှာတော့ တက်ဆီ အဖြူရောင် ကို သုံးပြီးတခြားကျွန်းကို သွားမယ်ဆိုရင် အပြာရောင် ကိုစီးရပါမယ်။








စင်္ကာပူ မှာ ခရစ်စမတ် နီးချိန် ပွင့်တူ ၇ွက်တူ တွေ အများကြီး ရော်ဘင်ဆင်မှာေ တွ့ရသလို ဟောင်ကောင်မှာ လဲ ခရစ်စမတ် ရာသီစာ ပွင့်တူ ရွက်တူတွေ အများကြီး တွေ့ရပါတယ် ။ ကွာတာ က ဟောင်ကောင်က အပင်တွေ က နေရောင်အောက်မှာ လှပ ရွှန်းစိုနေတာပါ ။
အပင်လေးပန်းလေးတွေကြည့် အကောင်လေးတွေ ကြည့်ပြီး နောက် သုံးယောက်သား မြေပုံကိုကြည့်ပြီး တိုင်ပင်ကြပါတယ် ။ ဘုရား ကို တက်ဆီ နဲ့ သွားရင်တော့ အရမ်းကုန်မှာ မို့ ဘတ်စ်စီး ပြီးတော့ ဖယ်ရီ စီးပြီး သွားရင်တော့ အချိန်ကုန်ရော ငွေကုန်ရော သက်သာမှာမို့ စီးရမဲ့ နံပါတ်တွေ ရှာပြီး အဲဒီ ကိုတော့ တကိဆီ နဲ့ သွားကြမယ်ပေါ့ ။ တကယ့် တကယ်တော့ အဲဒီ botanical gardens zoo က မြို့လယ်မှာ မို့ တခြားကို ကားသွားစီးစရာမလိုဘဲ အဲဒီအောက် က မှတ်တိုင် ကနေ ပဲ စီးလို့ရပါတယ် ။ အဲဒီ မှတ်တိုင်နားမှာ ဘဲ ဟောင်ကောင် ကို ပတ်တဲ့ ကားတွေ ရှိလို့ လာလည်တဲ့ ခရီးသွားတွေ စီးကြမှာ ကြိတ်ကြိတ်တိုးပါဘဲ ။ ဘတ်စ် နံပါတ် 56 C စီးပြီး Pier 6 မှာ ရှိတဲ့ Ferry ကိုစီးရမှာပါ ။ ဘတ်စ်ကားခ ဟောင်ကောင် 6ကျပ် ကျပါတယ် ။




ဖယ်၇ီပုံ ရိုက်လာခဲ့တယ်ထင်တာမတွေ့တော့လို့ ဒီလို အဝေး က ပုံလေးသာ ရှူစားပါကုန် ။

ပင်လယ်တဘက်တချက်တောင်ကြီးတွေ နဲ့ နေသာ တဲ့ နေ့ ဆိုတော့ ခရီးသွားရတာလဲ ပျော်ဘို့ ကောင်းပါတယ် ။ ရှူခင်းတွေ ငေးရမောရတာနဲ့ စီးရတာ ခဏလေး လို့ထင်ရပါတယ် ။ အညွှန်းအရ ဖယ်ရီတာမင်နယ် ကနေပီး  တိုက်ရိုက်ရောက်တဲ့ ဘတ်စ် စီးလို့ ရသလို  ဘတ်စ် တဆင့် ပြီးတော့ ကေဘယ်ကား စီးလို့ ရတယ် လို့လဲပြောပါတယ် ။ ဘယ်လို စီးမလဲ မြေပုံကြီးဖြန့်ပီး တိုင်ပင်နေကြတုန်း လူတယောက် ကလာပြီး ဘယ်ကတုန်း ဘယ်သွားမလို့တုန်း မေးပြီး ဘတ်စ်နဲ့ တိုက်ရိုက်သွားတာ ပိုအဆင်ပြေ အမြန်ရောက်နိုင်ကြောင်းပြော လို့ ခေါင်းမစားတော့ပါဘူး ။ အော် ဟောင်ကောင်မှာလဲ ဒီလို မမေးဘဲ ပြောပြပေးတဲ့ သူရှိပါလား လို့....း)

ဟိုဘက်ကမ်းရောက်လို့ ဒါ့ပုံ ဟိုဟိုဒီဒီ ရိုက်ချင်သေးပေမဲ့  ကားက တန်းလာ လို့ ရိုက်ချိန်မရတော့ပါဘူး ။ ထူးထူးခြားခြားတွေ့ရတာ စက်ဘီးတွေ အများကြီးပါ ။ တံငါ ရွာလို့ ဆိုပါတယ် ။ ကားခ ၂၀ ပါ ။ ကားလမ်းက တောင်ကြီးတွေ ကို တက်ပြီးမောင်းရတာပါ ။ ဟိုဘက်ကိုကြည့်လိုက် အော် တောင်ကြီး နောက် ဒီဘက်ကြည့်လိုက်တော့ ပင်လယ်ကြီး ဆိုပြီး မြင်ကွင်း က ဆန်းပါတယ် ။ ပင်လယ်ဘေး က တောင်ကြီး ကို ပတ်တက်ရ တဲ့ လမ်းပါ ။


Giant Buddha  ကိုရောက်ပါပြီ ။

No trip to Hong Kong would be complete without a visit to the Giant Buddha which sits serenely atop Ngong Ping plateau amid the spectacular mountain scenery of Lantau Island.

The eyes, lips, incline of the head and even the right hand (raised to deliver a blessing to all), combine to lend great depth of character and dignity to this extraordinary statue.

The majestic figure of the seated Buddha was cast in China and took 12 years to complete. It was unveiled in December 1993 amid deeply religious ceremonies.

Visitors can climb more than 200 steps to reach the platform where the Buddha is seated.



ဝင်ဝင်ချင်း မုဒ်ဦးကြီး နဲ့ ဓါတ်ပုံရိုက်ကြပြန်ပါတယ် ။ ဘုရားကြီး က တောင်ပေါ်မှာ မို့ ဘယ်နေရာ က ဘဲ ကြည့်ကြည့် ဖူးတွေ့လို့ ရပါတယ် ။ ဗိုက်ဆာနေကြပေမဲ့ ဘုရားကြီး ကို လှမ်းဖူးနေရပြီဆို တော့ အရင် သွားဖူးဘို့ စဉ်းစားပြီး အဆာပြေ ပြောင်းဖူးပြုတ်ဝယ်စားကြပါတယ် ။ ခရစ်စမတ် အေးအေး တောင်ပေါ်မှာ မို့ လေအေးအေး စိမ့်နေတဲ့အချိန်မှာ ပြောင်းဖူးပြုတ်ပူပူလေးက အရသာရှိလှပါတယ် ။
ဘတ်စ်ဂိတ်ကနေ တောင်ပေါ် ကို အတော် လျှောက်ရပါသေးတယ် ။ ဘုရားကြီး က အထက်ပစ္စယံမှာဆို အလယ်ပစ္စယံမှာ ဘုရားကြီးကို လှမ်းပြီး ပူဇော်နေတဲ့ မုဒြာအမျိုးမျိုး နဲ့ ကွမ်ယင်မယ်တော် ရုပ်တုတွေ ရှိပါတယ် ။





အေးအေးဆေးဆေး ဖူး ဓါတ်ပုံရိုက်နဲ့ အချိန် က ၃ နာရီကျော်သွားပြီး ပြန်ဆင်းလာချိန် မှာ ၄ နာရီလောက်ရှိပြီမို့ အယင် က တံငါ ရွာ တရွာ ကို ဆက်လည်မှာ ကို မသွားတော့ ဘဲ ကေဘယ်လ်ကား နဲ့ ပြန်ကြမယ် ။ အချိန် လဲရလို့ အဲဒီဈေးမှာ ဘာလေးညာလေး ကြည့်ကြမယ် စားကြမယ် ပေါ့ ။
ဈေးလေး မှာ သမီးလး ဘို့ သစ်သားကြက်လေးတွေ အစာကောက်တာ ၀ယ်လာတာ ၆ကျပ် ပါ ။
ပြီးတော့ စားဘို့ လျှောက်ကြည့်တာ တရုတ်ပြည်မှာ ဗမာ ၃ယောက်ရွေးချယ်လိုက်တာ ကုလားစာ ပါ ။ ဟုတ်ကဲ့ အတော် အရသာရှိပါတယ် ...:P

ပြီးတော့ ကေဘယ် ကား စီးကြပါတယ် ။ အဲဒီမှာ ရွာပတ်တော့တာပါဘဲ ။ တန်းစီရတာ လူတွေတတန်းကြီးပါ ။



The Ngong Ping 360 is a tourism project on Lantau Island in Hong Kong. The project was previously known as Tung Chung Cable Car Project before acquiring the Ngong Ping 360 brand in April 2005. It consists of the Ngong Ping Cable Car, a gondola lift formerly known as the Ngong Ping 360 Skyrail, and the Ngong Ping Village, a retail and entertainment centre adjacent to the cable car's upper station.
Ngong Ping 360 serves to connect Tung Chung, on the north coast of Lantau and itself linked to central Hong Kong by the Tung Chung rail line, with the Ngong Ping area in the hills above. This is home to the Po Lin Monastery and the Tian Tan Buddha, both already significant tourist attractions in their own right. Prior to Ngong Ping 360's opening, the only access was via a mountain road and bus service.

တန်းစီရတာနဲ့တင် အချိန်ကအတော်နောက်ကျသွားပြီး တကယ့်တကယ် စီးရတဲ့အချိန်မှာ မှောင်နေပြီမို့ ဓါတ်ပုံလဲ မရိုက်ဖြစ်တော့ပါဘူး ။ လင်းနေလဲ ဓါတ်ပုံ ရိုက်ဇြစ်မယ်မထင်ပါဘူး တောင်အမြင့်ကြီးကနေ ပင်လယ်ဆီ ဇောက်ထိုးဆင်း တဲ့ ကေဘယ်ကား ကို စီးရတဲ့အချိန်မှာတော့ လည်ရပတ်ရ ပင်ပန်းလို့နားရနဲ့ မအားလို့ ကျန်ခဲ့တဲ့ သက်ဆိုင်သူတွေ ကို သတိမရအားတဲ့ ဒီ ၃ယောက်ဟာ ကေဘယ်ကားပေါ်မှာ သက်ဆိုင်သူတွေ ကို သတိယ တမ်းတနေပါတော့တယ် ။
ဟိုဘက်ရောက်တော့ ကားမစီးဘဲ စုံသွားအောင် အမ်တီအာ (ဟိုမှာအဲလိုခေါ်ပါတယ်) ဘဲ စီးကြမယ်ဆိုပြီး  စတေးရှင် ကိုသွားပါတယ်။ မြေပုံ ကြည့် ဘယ်ထိစီးရမလဲကြည့်ပြီး လက်မှတ်ကို စက်မှာဘဲ ၀ယ်ပါတယ် ။
စုစုပေါင်းအမ်တီအာ ၁၁ လိုင်းရှိရာမှာ ၂လိုင်းပြောင်းစီးရမှာဖြစ်ပါတယ် ။



ပထမ တလိုင်းကနေဆင်းပြီး
နောက်တလိုင်းပြောင်းမစီးခင် အထဲမှာ ရှော့ပင်းကြပါသေးတယ်။ စလုံးမှာလို အမ်အာတီ ကနေ ထွက်ပြီးမှ ရှော့ပင်းရတာမဟုတ်ဘဲ အတွင်းထဲမှာဘဲ ဆိုင်ကြီးတွေ ရှိပါတယ် ။ နောက်ဆုံးဆင်းတဲ့မှတ်တိုင် က ဟိုတယ် ကိုခြေလျင်လျှောက်ပြန်ရုံပါဘဲ ။ ခြေရှည်ချင်သေးတာရော ညစာကို ဒေသစာ စားချင်သေးတာရောကြောင့် ဟိုတယ်မပြန်ဘဲ အပြင်ဈေးတန်းလျှောက်ကြပါတယ် ။ မနက်ဖြန် ခရစ်စမတ် ဆိုတော့ လူတွေ လူတွေ စည်လိုက်တာ လမ်းဘေးမှာ ကိုယ့်အဖွဲ့နဲ့ ကိုယ် ဆုတောင်းကြတာရော ၊ သီချင်းဆို ကြတာရောနဲ့ ကြိတ်ကြိတ်တိုးပါဘဲ ။






ခရစ်စမတ်အခါ မှာ အလှဆင်ထားတဲ့ ကြက်ကြီးနဲ့ ဓါတ်ပုံရိုက်ထားတဲ့ သမီးလေး တယောက် ။ ထူးခြားတာ က သူတို့ ယောင်ကောင်က လူတွေ အနွေးထည် တဘက်အကြီးကြီးတွေ ၀တ်ကြတာပါဘဲ ။ ဆောင်းနဲ့ မထိတွေ့တာကြာတဲ့ အညာသူ မယ်သံအတွက် ဟောင်ကောင်ဆောင်းဟာ သိပ်အေးတယ်လို့ မထင်လို့ ဒီဒေသခံတွေဟာ တမင်များ ၀တ်ချင် လှချင်လို့ ကို အလေးခံပီးဝတ်ကြသလားလို့ထင်မိပါတယ် ။




သူတို့ ဆီ က လမ်ဘေး အစာ က ဖစ်ရှ်ကိတ် ငါးအသားလုံး တုတ်ထိုးပါ စွပ်ပူပူထဲ ကို နှစ်ထားတဲ့ ငါးလုံးထုတ်ထိုးကို အချဉ်နဲ့ စားကြပါတယ်။ အဲဒီတုတ်ထိုးဆိုင်က စွပ်ပူပူ နဲ့ ၀က်သားတုတ်ထိုး စားခဲ့တယ် ။ ၀က်သား ၀က်အူ အစုံရပြီး အငွေ့တထောင်းထောင်း ပူပူနွေးနွေး စားလို့ကောင်းလှပါတယ် ။ အချဉ်မပါဘဲဆို ကိုယ့်ရွှေပြည်က ထက်ကိုကောင်းပါတယ် ။


ပိုးပိုး က မမလွင် ရေ များကြီးဝယ်ခဲ့ ဆိုပေမဲ့ မ၀ယ်ဖြစ်လို့ ဒါ့ပုံလေး ဘဲ ရိုက်လာပါတယ် ။



ဟိုတယ်နား လမ်းတလျှောက် လှပ တဲ့ ပန်းလေးတွေ ပါ ။
တကယ်တော့ ခရီးသွားရတာ နားလိုက် သွားလိုက် စိတ်ကူးရှိတဲ့ နေရာမှာ ဘာကိုမှ မငဲ့ဘဲ နေလိုက် ဒိဒေသ ရဲ့ အကြောင်းကို ရောက်တုန်း လေ့လာလိုက်ဆို အတော် ပျော်စရာပါ ။ တိုးနဲ့ သွားရတာ စိတ်ရှူပ်စရာမလို ရွေးချယ်စရာမလို ဆိုပေမဲ့ သူတို့ ရဲ့ အချိန် ၊ အများ ဆန္ဒ ဆိုတာ တွေ နဲ့ ကန့်သတ်ထားတာ ပါ ။  ဒီလို အေးဆေး သွားရတာ စိတ်လွတ် ကိုယ်လွတ် အေးဆေး ရှိလှပါတယ် ။ ဒါ ကလဲ အတူ သွားသူတွေ ရဲ့ စိတ်တူ ကိုယ်တူ ဖြစ်ဘို့ ကလဲ အရေးကြီး ပါတယ် ။ ဒီဒုတိယနေ့ ခရီးစဉ်မှာ စိတ်ချမ်းသာ ပျော်ရွှင် ပြီး အမှတ်တယ ဓါတ်ပုံတွေ လဲ အများကြီး (တကယ် အများကြီး) ရိုက်ပေး တဲ့ အတူ သွားခဲ့ ကြတဲ့ မောင်လေး ညီမလေး တို့ ကို လဲ တကယ့် ကိုကျေးဇူးတင်ပါတယ် ။ဒီလို လူတွေ နဲ့ နောင်လဲ ပျော်ရွှင်စရာခရီးတွေ အများကြီးသွားချင်ပါသေးတယ် ။