[X] Choose Font Here

Tuesday, March 26, 2013

ပြောရဦးမယ် ကိုချစ်မောင် (၁)

ပြောရဦးမယ် ကိုချစ်မောင် ....


မနေ့က ရုံးဆင်း အပြန် လင်ဒါ နဲ့ အတူ ဘူတာကိုလာတော့ ..
ဘာ ဘယ်သူလဲ ဟုတ်လား ရုံးမှာအသစ်ဝင်လာတဲ့ တရုတ်မပါဆို ကျုပ် အခါ နှစ်ဆယ်ပြောလဲ ရှင်မှတ်မထားဘူး ဟွန်း ..
ထားပါတော့ ပြောတာတောင်ဘယ်ရောက်သွား .

အဲ ..အဲ ဘူတာကိုအလာ လမ်းမှာရှင်ဖုန်းဆက်ပါရောလား ။
 ရှင်လဲ ကျမ စီးမဲ့ ဘူတာနားကိုရောက်ခါနီးပြီ အိမ်အတူပြန်ရအောင် အဲဒီဘူတာလေးမှာပဲ ရှင့်ကိုစောင့်နေဖို့လေ ။


ရှင့် ဖုန်းလဲချသွားရော လင်ဒါ က မေးလို့ ရှင်နဲ့အိမ်အတူပြန်မယ့်အကြောင်းပြောတော့ သူ က ကျုပ်ကိုကံကောင်းသတဲ့ ။ သူတို့ဆို ရုံးပိတ်ရက်အပြင်ထွက်ရင်တောင် သူ့အမျိုးသားက အပြင်ထွက်ပျင်းလို့မလိုက်ဘူး တဲ့ ။ ကျုပ်တို့ကတော့ ပိတ်ရက်အပြင်ထွက်လဲအတူတူ ထွက်တာများတာကိုး ။


အဟုတ်လား ကိုချစ်မောင် ..ကျုပ်တကယ်ကံကောင်းတာလား ။

အင်း ထင်ပါတယ် ရှင့်ထုံးစံအတိုင်းပဲ ပြန်မေးမယ်ဆိုတာ ..

ဘယ်လိုထင်လဲ ဟုတ်လား ။

 ကျုပ်အထင်ပြောရရင် ထူးကံမကောင်းပါဘူး ။ အတူပြန်တော့ရော ဘာထူးလို့တုန်း ...ရထားပေါ်မှာ ရှင် ဖုန်းနဲ့ဂိမ်းဆော့နေတာပဲဟာ ။

တကယ်ဆို အတူသွား အတူပြန်တယ်ဆိုတာ ဒီနေ့တော့ ဘယ်လို ဘယ်ညာ ကြုံတွေ့သမျှကို စကားလေးတပြောပြော နဲ့ဆို ဘယ်လောက်ကောင်းမတုန်း ။

အင်းပေါ့ အင်းပေါ့ ဘူတာကနေ အိမ်ကို လမ်းလျှောက်တဲ့အခါတော့ ကျုပ်အိတ်ကို ရှင်ကိုင်ပေးသပေါ့ ။
နို့မို့ အဝေးပြေးလမ်းမကြီးကို ကျော်ဖို့ တံတားတက်ရရင် ဘာပစ္စည်းမှ မကိုင်ချင်တော့တာ ။ တနေ့တခြားဝလာတဲ့ ကျုပ်ခန္ဓာကိုယ်ကြီးကို သယ်ရတာတင် လေးလွန်းလို့...။


ဘာ ကျုပ်ကို ရှင် စိတ်ချမ်းသာအောင်ထားမထား ရှင်နဲ့ယူပြီးမှ ၀ လာတာကို ကြည့်ပါလား ဟုတ်စ ။
 ရှင်ပဲ အပြောကောင်း ။ တကယ်က တနေ့ တနေ့ ရှင့်ကိုစားစေချင်လို့ ချက်ထား ရှင်က ထမင်းစားလဲ ဂိမ်းဆော့ရင်း စားတော့ ထမင်းကို အာရုံမရောက် မကုန် ။ ကျုပ်မလဲ အကျန်တွေ သွန်ပစ်ရခက် သိမ်းထားရခက်နဲ့ ဒီပုံ ဒီပန်း ၀ လာတော့တာဘဲ တော့ ။


ဟွန်း ပြုံးပြုံးကြီး ကြည့်မနေနဲ့ ။


ရှင် ကျုပ်ကို ဒီလိုကြည့်နေတာ ကျုပ်ပြောသမျှ ဒီဘက်နားက၀င် ဟိုဘက်နားကထွက် သလို ခံစားရတယ်တော့ သိလား   ဟွန်း ။


( အရူးထပြီး ရေးချင်တာ လျှောက်ရေးဖို့ အစပြုလိုက်တာပါ ။ နောင်လဲ ရေးချင်တာလေးတွေရှိရင် ဂလိုခေါင်းစဉ်အောက် လာရေးပါဦးမယ်လို့ ..:P )

ဓမ္မစရိယ မင်္ဂလာ

၂၀၁၃ မတ်လ ၂၆ ရက် ၊ ၁၃ရ၄ တပေါင်းလပြည့်နေ့  (ဥပုသ်နေ့)





ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့ 
 
(၁၃)   ဓမ္မစရိယ မင်္ဂလာ
ကိုယ်နဲ့ဆိုင်ရာ ကျင့်ဝတ်သာ ထိန်းပါနေ့တိုင်းသာ

          သာသနာ့စည်းကမ်း၊ လူ့စည်းကမ်း တန်ဖိုးကို နားလည်ပြီး ရဟန်းလည်း ရဟန်းကျင့်ဝတ်သိက္ခာနဲ့ လူလည်း လူ့ကျင့်ဝတ်သိက္ခာနဲ့ အညီနေထိုင်တာ ဓမ္မစရိယ မင်္ဂလာပါပဲ။

          ထိန်းသိမ်းရမယ့် လူ့ကျင့်ဝတ်သိက္ခာတွေ လူတိုင်းသိကြပါတယ်။ မထိန်းသိမ်းကြလို့သာ မိသားစုအတွင်း ရပ်ကွက်အတွင်း ငြိမ်းချမ်းမှူတွေ ပျောက်ကွယ်နေတာပါ။


          မိသားစုအတွင်း ရပ်ကွက်မြို့နယ်အတွင်း ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းမှူတွေရအောင် လူ့ကျင့်ဝတ်သိက္ခာတွေထိန်းသိမ်းစောင့်ရှောက်နေထိုင်ရမယ်။ လူ့ကျင့်ဝတ်သိက္ခာဆိုတာလည်း အဓိက က ငါးပါးသီလပဲ၊ သီလလုံခြုံဖို့ရာ သတ္တ၀ါတွေအပေါ်မှာ ချစ်ခင်တဲ့မေတ္တာ သနားကြင်နာတဲ့ ဂရုဏာ၊ ၀မ်းမြောက်တဲ့ မုဒိတာ ကျောသားရင်သားမခွဲခြားဘဲ အညီအမျှထားတဲ့ မေတ္တာသဘောဆောင်တဲ့ ဥပေက္ခာ မပါရင် သီလ မလုံခြုံနိုင်ဘူး။

          လူတိုင်း လူတိုင်း ငါးပါးသီလကို ပေါ့ပေါ့လေး တွက်ထားကြတယ်။ နေ့စဉ် အရည်ကျိုသောက် လွန်ကျူးနေကြမယ်ဆိုရင် ကျိုသောက်လို့အရသာ ချိုမြိန်သလောက် အထွက်ကျရင် (သေပြီဆိုရင်) မချိုတော့ဘဲ ခါးသီးတဲ့ အပါယ်အရသာ ခံစားရမယ်ဆိုတာ သတိထားသင့်တယ်။


         အပါယ်လေးဘုံမှာ သတ္တ၀ါတွေများနေရတာဟာ ဒီသီလမထိန်းကြလို့ဆိုတာ မှတ်ယူရမယ်။ သူတော်စင်တိုင်း ငါးပါးသီလကို အလေးဂရုထား ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။

Thursday, March 7, 2013

သမီးလေး ဟေမာ

                မိတ်ဆွေတို့ရေ ဒီဘလော့မှာ သမီးလေးတစ်ယောက်ရှိတာကို မေ့များတောင်နေမလားနော်။

တကယ်က သမီးလေး မြန်မာပြည် ပြန်သွားတုန်း သူ့အကြောင်းလေးတွေ ရေးမယ် လို့ စဉ်းစားလိုက် လွမ်းပြီး စိတ်မကောင်းလိုက်နဲ့မို့ မရေးဖြစ်ဘဲ ရပ်လိုက်နဲ့ သမီးလေး အကြောင်းမရေးဖြစ်တာ ၆ လတောင် ကျော်သွားပေါ့ ။

တကယ်က သမီးလေး ပြန်ရောက်လာတာ ဇန်န၀ါရီလထဲကပါ။

          သမီးလေး ပြန်လာတော့ ပျော်သလို ဒီတစ်ခေါက် သူ့အဘွားပါမလာတာမို့ ကလေးတာဝန်ကို အစ အဆုံးယူရတော့မယ်ဆိုတော့ စိတ်တထင့်ထင့်နဲ့ ။
သူ အစာစားအောင် ကျွေးတတ်ပါ့မလား ၊ နေမကောင်းလို့ ဂျီနေရင် ဘယ်လို လုပ်ရပါ့တို့ ။
ရန်ကုန်မှာ အဖော်တွေတစ်ပြုံကြီးနဲ့ နေလာသူလေးမို့ နေ့လည်နေ့ခင်း ဆို အိမ်မှာနေပါ့မလား ၊ ၅ လလောက် ခွဲ နေရတာမို့ ကိုယ်တွေကို စိမ်းနေမှာလား စသဖြင့် စိတ်ပူမိတယ်။

တကယ့် တကယ် ရောက်လာတော့ သမီးလေးက စိမ်းမနေပါဘူး ။ ဖအေချစ်လေးမို့ လေဆိပ်က ထွက်လာလာချင်း သူကအဖေဆီ တန်းပြီး လက်လှမ်းတာဘဲ ။




ဒါ သမီးလေး ရောက်လာပြီး နောက်တစ်နေ့ မင်္ဂလာဆောင်တစ်ခုကို သွားတုန်းက ပုံပါ ။










































သမီးရေ ဓါတ်ပုံရိုက်မယ် ဆိုရင်တော့ လက်နှစ်ချောင်းလေးက အလိုလိုထောင်ပြီးသား ။ သမီးလေး ဘာလို့ အဲဒီ လက် နှစ်ချောင်းကိုထောင်ရတာလဲဆို ပိစ်လေ မေမေရဲ့ တဲ့ ။














































ခင်မင်တဲ့ မိတ်ဆွေအိမ်ကိုသွားလည်တော့ သူ့ တီတီ နှစ်ယောက်က လက်ဆောင်ပေးတဲ့ ဆံပင်ကောက်လေးနဲ့ ခေါင်းစီးလေးနဲ့ ပဲများနေလိုက်တာ ။ ကိုယ် ကတော့ ဆံပင်ကို ဆွဲစည်းတော့ သူလေးခေါင်းမှာတင်းပြီး နာမလားစိုးရိမ်နေသေးတာ ။ မပဲလေးက ဖေဖေ လှလှ တဲ့ ။သူ့ဖအေကိုသွားပြနေသေးတာ ။
















2.3.2013 အယင်အပတ် စနေနေ့က သူ့ကို ဆန်တိုဆာ လိုက်ပို့တော့ နေပူနေလို့ ဖအေလုပ်သူ ဖူးခက်သွားတုန်းက၀ယ်လာတဲ့ ကြိုးတစ်ချောင်းအင်္ကျီလေး ၀တ်ပေးလိုက်တာ ၊ အိမ်မှာနေကြတဲ့ ကလေးတွေက မီးမီး လှလိုက်တာဆိုတော့ သဘောတွေကျပြီး ပြုံးပြုံးကြီးနဲ့ ။


















ကြုံကြိုက်လို့ အိမ်များလာလည်ရင်း ဟေမာ့ ကို မိတ်ဖွဲ့မယ်ဆို အထူးကြိုးပမ်းစရာမလိုပါဘူး ။ ဟယ် သမီးလေးက လှလိုက်တာ ဆိုရင် တခါထဲ ပိစ် ဖြစ်သွားရော ။     ။