[X] Choose Font Here

Showing posts with label ကိုယ်ဝန်ဆောင်. Show all posts
Showing posts with label ကိုယ်ဝန်ဆောင်. Show all posts

Thursday, November 21, 2013

လူ့ပြည်က အပ်တစ်စင်း နဲ့ နတ်ပြည်က အပ်တစ်စင်း ထိခါနီးမှ လွဲချော်ခြင်း အကြောင်းများ (၁)

မာရသွန်ပြိုင်ပွဲဝင် တို့ ပန်းဝင်ခါနီး ခြေခေါက်လဲသွားရင်တောင် ဘေးကကြည့်နေတဲ့သူတွေအဖို့ ဟာ ခနဲ ဟင် ခနဲ မချင့်မရဲ တနုံ့နုံ့ဖြစ်ကြရသေးတာ ...လူ့ပြည်က အပ်တစ်စင်း နဲ့ နတ်ပြည်က အပ်တစ်စင်းတို့ ထိတွေ့ခါနီးမှ လွဲသွားတယ် ၊ သူတို့ ထိတော့ တွေ့တော့မှာကို ဟိုးအစထွက်လာထဲက ကြည်နူးကျေနပ်မှူနဲ့ အစဉ်တစိုက်ကြည့်လာတဲ့သူတွေအဖို့ ကတော့ မချင့်မရဲ တနုံ့နုံ့ သာမက ခံစားရတော့မှာ ။ ဒါက ဘေးလူအဆင့်ပေါ့ ။

ကာယကံရှင်တွေမှာတော့ သူတို့အမျှော်လင့်ကြီး မျှော်လင့်နေတဲ့ လက်ဝယ်ရခါနီး ရတနာလေးဟာ ဗြုန်းဆို ပျောက်သွားရင် မယုံနိုင်မှူ နဲ့အတူ တစ်မြေ့မြေ့ ပူဆွေးတဲ့သောက ကိုခံစားရမှာ ။





ပုံမှာကြည့်ပါဦး ။ ၂၈ ပတ်မှာ ကလေးလေးက အင်္ဂါစုံနေပါပြီ ။ သူလေးမိခင်ရဲ့ဗိုက်ထဲစရောက်နေတဲ့ အချိန်ကစပြီး ဘယ်အရွယ် ဘယ်လို ဘာတွေဖွံ့ဖြိုးတယ်ဆိုတာကို Ultrasound ကနေတဆင့် တောက်လျှောက်သိလာရတဲ့  ကိုယ့်သွေးသား လေးရယ်လို့ ချစ်ခင်ပြီး မျှော်လင့်ခဲ့တဲ့ မိဘတွေဟာ သူလေး ၈ လမှာ ရုတ်တရက် ခွဲခွာသွားမယ်ဆို ယုံတောင် ယုံနိုင်မယ်မဟုတ်ဘူး ။

ကလေးလေးဟာ Placenta Previa ကြောင့် ဆုံးသွားတယ် တဲ့ ။

ကျမ ကတော့ ဘေးလူတစ်ယောက်အနေနဲ့ မချင့်မရဲ စိတ်မကောင်းပြီး ဘာကြောင့် Placenta Previa ဟာ သေတဲ့အထိ ဖြစ်နိုင်သလဲ လို့ တနုံ့နုံ့ အတွေးနဲ့ လက်လှမ်းမှီရာ စာတွေကို ရှာဖတ်ပြီး မိတ်ဆွေတို့ကိုလဲ ဗဟုသုတ အနေနဲ့ ဖတ်စေချင်လို့ ဒီနုတ်စ်လေးကို ကူးရေးပေးတာပါ ။

သန္ဓေတည်ခြင်း၊ သန္ဓေတားခြင်း၊ သန္ဓေရစေခြင်း နှင့် ကိုယ်ဝန်ဆောင်မိခင် .........ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)
http://www.mediafire.com/download/b8xndjhddiz99y3/%E1%80%B1%E1%80%92%E1%80%AB%E1%80%80%E1%80%B9%E1%80%90%E1%80%AC%E1%80%B1%E1%80%A1%E1%80%B8%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9+-+%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%B9%E1%81%80%E1%80%94%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%99%E1%80%AD%E1%80%81%E1%80%84%E1%80%B9.pdf

မှာ ဒီလိုရေးပါတယ် ။

စာမျက်နှာ ၁၀၈

ည ) အချင်းနှင့်ပတ်သက်သောချို့ယွင်းချက်များ

အချင်းသည် သန္ဓေသားကျန်းမာဖွံ့ဖြိုးမှူအတွက်မည်မျှအရေးကြီးကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည် ။အချင်း၏ချို့ယွင်းချက်များကြောင့် သန္ဓေသား၌သာမက မိခင်အတွက်ပါ အန္တရာယ်ရှိကြောင်းဗဟုသုတအဖြစ်သိထားသင့်ပါသည် ။

အချင်းနှင့်ပတ်သက်ပြီး
၁)Abruptio Placenta  အချိန်မတိုင်မီ အချင်းကွာခြင်း နှင့် 
၂)Placenta Previa  အချင်းရှေ့ရောက်ခြင်း အကြောင်းကို အနည်းငယ်မျှတင်ပြပေးပါမည်။

Abruptio Placenta ဆိုသည်မှာ သန္ဓေသား ရက်ပတ် ၂၀ မတိုင်မီ အချင်းသည် သားအိမ်နံရံမှကွာသွားခြင်းကို ဆိုလိုပါသည်

ထိုသို့ဖြစ်ရခြင်းမှာ

- ထိခိုက်ဒဏ်ရာရခြင်း
- ချက်ကြိုးတိုလွန်းခြင်း-နာတာရှည် သွေးတိုးရောဂါ
- ကိုယ်ဝန်ဆိပ်တက်ခြင်း
-ကြီးထွားလာသောသားအိမ်မှ သွေးကြောမကြီးအားဖိမိခြင်း-အာဟာရ ချို့တဲ့ခြင်း-ငါးကြိမ်အထက်ကိုယ်ဝန်ဆောင်ခြင်းစသည့်အကြောင်းအချက်များကြောင့်ဖြစ်ရခြင်းဖြစ်ပါသည် ။



အချိန်မတိုင်မီ အချင်းကွာသွားမှူကြောင့် အောက်ဖော်ပြပါနောက်ဆက်တွဲ အရှုပ်အထွေးများဖြစ်ပေါ်လာနိုင်ပါသည် ။

က) သွေးသွန်ခြင်း
ခ)သွေးခဲမှူဖြစ်စဉ်ပျက်ယွင်းခြင်း
ဂ)ရှော့ခ် Shock ရခြင်း
ဃ)ကလေးငယ် ရှင်သန်ရန် အခက်အခဲကြုံရခြင်း
င) ရုတ်တရက်ကျောက်ကပ်လုပ်ငန်းများ ပျက်စီးသွားခြင်း
စ) မိခင်သို့မဟုတ် ကလေးသေဆုံးခြင်း



Placenta Previa  အချင်းရှေ့ရောက်ခြင်း

အချင်းသည် သားအိမ်၏အောက်ပိုင်း၌ တွယ်ကပ်ခြင်းကြောင့် သားအိမ်အ၀သို့ရောက်နေခြင်း  သို့မဟုတ် သားအိမ်အ၀အား ဖုံးအုပ်ထားခြင်း ရှိပါက ယင်းအခြေအနေကို Placenta Previa  အချင်းရှေ့ရောက်ခြင်း ဟု ခေါ်ပါသည်။
ကိုယ်ဝန်ဆောင်မိခင်လောင်း ၂၀၀ တွင် အချင်းရှေ့ရောက်ခြင်း တစ် ဦး ရှိနိုင်ပါသည် ။
အချင်းရှေ့ရောက်ခြင်းအကြောင်းကို ဇာစ်မြစ်ကိုအတိအကျမသိနိုင်ကြပေ ။ သို့သော်မကြာခင်က ကြိမ်ဖန်များစွာကိုယ၀န်ဆောင်ခဲ့ခြင်း ၊ အသက်အရွယ်ကြီးရင့်ခြင်း နှင့် ယခင်က ကိုယ၀န်ကို ခွဲစိတ်မွေးဖွားခဲ့ခြင်းများသည် အချင်းရှေ့ရောက်မှူကို ဖြစ်စေသောအကြောင်းများဖြစ်သည်ဟု လက်ခံထားကြပါသည်။

အချင်းရှေ့ရောက်သောကိုယ်ဝန်ဆောင်မိခင်များအား ဆေးရုံ၌ တက်ရောက်စေ၍ နည်းလမ်းမှန်ကန်စွာပြုစုစောင့်ရှောက်ကုသပေးပါက မိခင်အတွက် အန္တရာယ်မရှိနိုင်ပါ ။
သေချာစွာဂရုတစိုက်စောင့ှ်ေရာက်မှူကြောင့် ကလေးသေနှုန်းကျဆင်းသွားသည်ဆိုသော်လည်း သေဆုံးမှုနှုန်းမှာ ၁၅% မှ ၂၀% ထိရှိနေပါသေးသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများ မိန်းမ အင်္ဂါမှ သွေးဆင်းခြင်းဖြစ်ခဲ့လျှင် အထက်ဖော်ပြပါ အချိန်မတိုင်မီ အချင်းကွာခြင်း နှင့် အချင်းရှေ့ရောက်ခြင်းများ ဖြစ်နိုင်ပါသဖြင့် ချက်ခြင်း ဆေးရုံ ၊ ဆေးခန်းများသို့ သွားရောက်ပြသ၍ လိုအပ်သောပြုစု ကုသမှူကို ခံယူရမည် ဖြစ်ပါသည် ။

-----------------------------------------------------------------------------------------------------------------------------------------------

Placenta Previa Causes,Symptoms, Treatments

http://www.webmd.com/baby/understanding-placenta-previa-basics

-------------------------------------------------------------------------------------------------------------------------------------------------



ထပ်မံရှာဖတ်ပြီး ဆက်ကူးရေးပေးပါမယ် ။

Friday, November 30, 2012

ကိုယ်ဝန်ဆောင်ကာလ နှင့် မီးဖွားဘို့ ပြင်ဆင်ခြင်း

                       စင်္ကာပူ မှာ အလုပ်လာလုပ်ရင်း ကိုယ်ဝန်ရသွားတဲ့အခါ မိခင်ကလဲ အနီးမှာ မရှိသလို မိသားစု မှာ ကလေးမွေးတာ ကို အတွေ့အကြုံမရှိခဲ့ရင်  တစ်ခုခု ဆို ပုံမှန်အခြေအနေလား ၊ စိုးရိမ်ရတဲ့ အခြေအနေလား ၊ ဘာတွေ ပြင်ဆင်ရမလဲ ဆိုတာကို မသိဘဲ ဖြစ်နေတတ်ပါတယ် ။

အလုပ်တဘက် နဲ့ မို့ ကိုယ်ဝန်ဆောင်ကာလ ရဲ့ ပင်ပန်း၊နေမကောင်းမှူတို့ ကို အနားယူဘို့ ခွင့်ယူရတဲ့ အခက်အခဲ ၊ ခံတွင်းမကောင်းလို့ စားချင်ရာလေးတွေကို အလွယ်တကူ မစားရတဲ့ အခက်အခဲ တို့ကတော့ မလွဲမသွေ ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။

ကိုယ်ဝန်ဆောင်ကာလ မှာ ဆေးစစ်၊ဆေးခန်းပြရမှာတွေ ၊ အဲလိုပြဘို့ အတွက် ကုန်ကျစားရိတ်တွေ ကို သိထားဘို့ ရာအတွက် ကျမ ကတော့ ဒီဘလော့ (၃) ခု ကို အားကိုးခဲ့ပါတယ် ။

၁) http://wesheme.blogspot.sg
၂)http://yazakyaw.blogspot.sg
၃)http://myomonyeeoo.blogspot.sg

သူတို့ ဆီ မှာ အသေးစိတ်ဖတ်ကြည့်ပြီးတော့ ကိုယ်တိုင် ရဲ့ အခြေအနေ နဲ့ တိုက်ဆိုင်ပြီး လိုအပ်တာတွေကို ပြင်ဆင်ခဲ့ပါတယ် ။

                    ကိုယ်ဝန် ၁၄ ပတ်မှာ FA Scan ဖတ်ပြီး ကျမရဲ့ ကိုယ်ဝန်ဟာ ပုံမှန်အခြေအနေ ဖြစ်ပြီး မိခင်ရော ၊ ကလေးပါ စိုးရိမ်စရာ မရှိတာကို သိပြီးနောက် ဘယ်မှာ  မီးဖွား မလဲဆိုတာကို စဉ်းစားရပါတယ် ။ ကံကောင်းတာက ကျမတို့ အိမ်ထောင်ဟာ ဘယ်ကိစ္စမဆို နှစ်ဦး တိုင်ပင်ညှိနှိုင်းကြတဲ့ အလေ့အထ ရှိတာပါဘဲ ။ ဒီမှာ မွေးရင် လက်ခံရမဲ့ အားသာချက် ၊ အားနည်းချက် နဲ့  ဟိုပြန်မွေးရင် ရင်ဆိုင်ရမဲ့ အားသာချက် ၊ အားနည်းချက်တွေ ကို အတူလေ့လာ ဆွေးနွေးခဲ့ကြပါတယ် ။

ကျမ က လက်ရှိ အလုပ်လုပ်နေသူ ဖြစ်ပြီး  မီးဖွားပြီးတဲ့အခါလဲ အလုပ်ပြန်လုပ်မှ ဖြစ်မဲ့ အခြေအနေမို့မီးဖွားဘို့ အတွက်ပေးနိုင်မဲ့ အချိန်ကိုပါ တွက်ထားရပါတယ် ။ ပုံမှန် ကျန်းမာရေး ရှိသူအတွက် ကိုယ်ဝန်ဆောင်ကာလဟာ ၉ပတ် နဲ့ ၁၀ရက် ရှိပါတယ် ။ ဓမ္မတာနောက်ဆုံးလာတဲ့ရက်ကနေ စပြီးတွက်ရတာပါ ။ ကိုယ် ပြနေတဲ့ ဆရာဝန်ကလဲ မီးဖွားမဲ့ ဂျူးဒိတ်ကို တွက်ပေးမှာပါ ။ ပုံမှန်ကိုယ်ဝန်ဆောင်ချိန် ရက်သတ္တပတ် ၄၀ မှာ ၃၇ ပတ်လောက်ဆိုရင်တော့ သက်တောင့်သက်သာ နားသင့်ပါပြီ ။

တကယ်လို့ ပြန်မယ်ဆိုရင် လေယာဉ် က ကိုယ်ဝန်ဆောင်တွေကို ဘယ်အပတ်အထိ တင်လဲ ဆိုတာကိုပါ ထည့်ပြီးတွက်ရပါတယ် ။  ဒါကတော့ Silk Air က ကိုယ်ဝန်ဆောင်တွေကို ဘယ်အချိန် အထိ တင်တယ်ဆိုတဲ့ သတ်မှတ်ချက်လေးပါ ။( ဒီစာရွက်လေး ကို ရှာပေးတဲ့ သူငယ်ချင်း ဇင်မင်းငြိမ်း ကို ကျေးဇူးတင်ပါတယ် ။)















 
 နောက် HR ဆီမှာ ဖြစ်ဖြစ် ၊ Gov website တွေမှာ ကိုယ်ဝန်ဆောင်တစ်ယောက်ရဲ့ ခွင့် ခံစားခွင့်တွေကို လေ့လာရပါတယ် ။ တွက်လိုက်တဲ့အခါ ( Annual Leave 14 days + Maternity Leave 8 Weeks + Unpaid Leave 1 month = 3.5 months)  ရနိုင်ပါမယ်  ။ ပြက္ခဒိန်မှာ ချတွက်ပြီး ခွင့်စယူမဲ့ ရက်ရယ် လုပ်ငန်းခွင် ပြန်ဝင်နိုင်မဲ့ရက်ရယ် ကိုတွက်ပြီး ကိုယ့်အထက်က စီနီယာ ကို ပြောပြပါတယ် ။
ပြီး မှ HR ကနေတဆင့် သဌေးထံ ပေးနိုင်မပေးနိုင် ခွင့်တင်ရပါတယ် ။ ပုံမှန်ဆို Boss တွေက လုပ်ငန်း လစ်ဟာမှူ ရှိနိုင်လား ၊ အဲဒီအချိန် မှာ ကူညီနိုင်မဲ့သူ ရှိနိုင်လား ဆိုတာ စီနီယာကို မေးမှာပါ ။ ဒါကြောင့် စီနီယာကို ကြိုပြီး ခွင့်ယူမဲ့အချိန် တွက်ရမှာတွေ နဲ့ ကိုယ်ဘာတွေ လုပ်ထားတယ် ဆိုတာ ကို သေချာပြောပြထားရပါမယ် ။ အားလုံးအဆင်ပြေတယ် ခွင့်ရတယ် ဆိုရင် စိတ်ပူပန်ရတာ တစ်ခု သက်သာသွာမှာမို့ ဒီကိစ္စကိုလဲ စောစောစီးစီး ပြင်ဆင်ထားဘို့သင့်ပါတယ် ။

နောက်တစ်ခု က ကုန်ကျစားရိတ်ကို စဉ်းစားတဲ့အခါမှာ ကျမက ပီအာ ဖြစ်တဲ့အတွက် ဒီမှာမွေးရင် ကုန်မဲ့စားရိတ်ရယ် ၊ ဟိုပြန်မွေးရင် ကုန်မဲ့ စားရိတ်ရယ်က သိပ်မကွာလှပါဘူး ။ ကုန်ကျစားရိတ်မကွာလှတဲ့ အခါ အမျိုးသားကတော့ စင်္ကာပူမှာဘဲ မွေးစေချင်ခဲ့ပါတယ် ။

နောက်တစ်ခု က ကလေးနဲ့ ကိုယ် နဲ့ ဘယ်လောက်ကြာကြာ အတူတူနေနိုင်မလဲ ဆိုတာ ကို တွက်ရပါတယ် ။
                    ဒီမှာဘဲ မွေးမယ်ဆိုရင် မွေးတဲ့အချိန် မိဘ လာနေခဲ့ရင် သူတို့ ဒီမှာ ၅ လ နေခွင့်ရမှာဖြစ်ပါတယ် ။ ၅ လကြာလို့ ပြန်တဲ့အခါ ကလေးကို Infant care ကို ပို့မလား ဆိုပြီး အိမ်အနီးအနားမှာ ရှိမရှိ ရှာရပါတယ် ။ ရှိပြီ ဆိုတဲ့ အခါ ဈေးနှူန်းမေးကြည့်တော့ ၂လ - ၁၇ လ အထိ က တစ်လ S$1700.00 ဖြစ်ပါတယ် ။ ဒီလိုဆို ကျမ တို့အနေ နဲ့ မထားနိုင်ပါဘူး ။ ကျမ မှာ ညီအမသားချင်း ဆွေမျိုးနီးစပ် လဲ အားကိုးစရာမရှိတဲ့ အခါ အိမ်ဖော်ခေါ်ရင်ရော လို့ စဉ်းစားရပါတယ် ။ စကားမပြောတတ်သေးတဲ့ ၊ လုပ်သမျှ ခံရမှာဖြစ်တဲ့ ကလေးသေးသေးလေးကို တစိမ်းတယောက်နဲ့ အတူထားခဲ့ဘို့ ဆိုတာမဖြစ်နိုင်ပါဘူး ။
                    မြန်မာပြည် ပြန်မွေးမယ် ဆိုရင်တော့ မမွေးခင် ၄ ပတ်အလို က ကြို ပြန်ရမှာ ဖြစ်လို့  မွေးပြီး ၂လခွဲ မှာ ပြန်လာရမှာ ဖြစ်ပါတယ် ။ အပြန်ခေါ်လာမယ် ဆိုရင်  မိဘတွေ နေခွင့်ရမဲ့ ၅ လပေါင်း အနည်းဆုံး ၇လခွဲ အထိတော့ အတူတူ နေရမှာ ဖြစ်ပါတယ်။  အဲတော့ ကလေးကို ဘယ်အရွယ်မှာ လေယာဉ် စီးလို့ ရမလဲ မေးမြန်းရပြန်ပါတယ် ။ ပြန်လာမယ် မှန်းထားတဲ့ ၂လခွဲမှာ စီးလို့ရတယ် ။ နား ကိုတော့ နားကျပ်တပ်ပေးရမယ် ဆိုတော့ စင်္ကာပူမှာဘဲ ကလေးအတွက် နားကျပ်ကို ရှာဝယ်ထားရပါတယ် ။ နောက် ကလေး အတွက် ကာကွယ်ဆေး ထိုးဘို့ အရွယ် ၊ အမျိုးအစား ကို မြန်မာ ပြည်မှာ အစပြု ထိုးလာခဲ့ပြီး ဒီမှာ ဆက်ထိုးဘို့ ဖြစ်နိုင် မဖြစ် နိုင် စုံစမ်းရပြန်ပါတယ် ။
 ( ကလေး ကာကွယ်ဆေးထိုးမဲ့ အကြောင်း ကို အသေးစိတ် ဆက်ရေးပါမယ်)

အားလုံးကို စဉ်းစားပြီးတဲ့ အခါ ကျမ က မြန်မာပြည်မှာ ပြန်မွေးမယ် လို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ကိုချစ်မောင် ကတော့ စင်္ကာပူမှာ ဘဲ မွေးစေချင်ပါတယ် ။
 မြန်မာ ပြည်ကို ပြန်မွေးမယ် လို့ ဆုံးဖြတ်ခဲ့ရာမှာ  ကျမ မိဘ နှစ်ပါး မြန်မာပြည်မှာနေတဲ့ အခြေအနေ ကို လဲ သေချာ သိချင်လို့ပါ ။ လူကြီး နှစ်ယောက်ထဲ ကျန်းမာရေး က အစ ၊ လူမှူရေး ပါ ဘယ်လို နေကြတယ် အဆင်ပြေ မပြေ ကို သူတို့ အပြောတင်မဟုတ်ဘဲ သေချာ သိချင်ခဲ့ပါတယ် ။ စီးပွားရေးက တော့ သူတို့ မပူပင်ရဘူးဆိုပေမဲ့ ကျမ ပေးပို့တဲ့ အတိုင်းအတာ နဲ့ အဆင်ပြေ ချောင်လည် ရဲ့လားဆိုတာလဲ သေချာ သိချင်တာရယ် ၊ ဒီ ခွင့်ရတဲ့ ၃ လခွဲ မှာ ကိုယ့်မြေ ၊ ကိုယ့်အစားအစာ ၊ မိတ်ဆွေ အပေါင်းအသင်းတွေ နဲ့ ပြန်ထိတွေ့ခွင့်ရမှာမို့ ပြန်မွေးမယ် ဘဲ ဆုံးဖြတ်ခဲ့ပါတယ် ။

မြန်မာပြည်ကို ပြန်မွေးမယ် ဆိုတော့ ဒီကနေ သယ်သွားသင့်တဲ့ ပစ္စည်းစာရင်းပြုစုပြီး ၀ယ်ရ စုရပါတယ် ။ ပြန်မဲ့နေ့အထိ ရုံးတက်မှာမို့ ပုံမှန် ရုံးပိတ်ရက်ကလွဲလို့ သီးသန့် ၀ယ်ချိန် မရှိပါဘူး ။
၁) ပုံမှန်သောက်နေကျ ဆေးများ
၂) ကျမ က တစ်ခုခု ကိုင်ပြီးရင် ဆပ်ပြာသုံးချင်တဲ့ သူမို့ Chemical မပါတဲ့ ဆပ်ပြာ ၀ယ်သွားပါတယ် ။
၃) ကလေး မွေးပြီး၂ ချင်း နို့ မထွက်မှန်းသိထားလို့ ကလေးလေး အတွက် BPA  free နို့ဗူး ရယ် ၊ နို့ မှူန့်ဗူးရယ် ကို သယ်သွားပါတယ်။
၎) မိုစတာဖာ သွားရင်း အနှီးတွေ တွေ့တော့ ဒီက အနှီးတွေဟာ နူးညံ့ပါတယ် ။ ဒါကြောင့် အနှီးကိုလဲ ဒီကဘဲ ၀ယ်သွားခဲ့ပါတယ်။
၅) wet tissue ၊ diapers စတဲ့ အရေးကြီးတာတွေ အပြင် တခြားတိုလီ မုတ်စ လေးတွေ ရော ပေါ့ ။

                 မြန်မာပြည် ကို ရောက်တဲ့အခါ OG နဲ့ ဆက်ပြ ( OG နဲ့ ပြခ ဟာ ၅၅၀၀ ကျပ် ပါ ။ ဒီမှာ ဆေးခန်းတခါ ပြရင် S$80.00 ကုန်တာမို့ မြန်မာပြည် ရဲ့ စပယ်ရှယ်လစ် ဆရာဝန်တစ်ယောက် ယူတာဟာ ၁၀ ပုံ ၁ ပုံဘဲ ရှိပါတယ်။) ပြီး SSC မှာ မွေးခဲ့ပါတယ် ။ ဒီမှာ မေးခိုင်ကာကွယ်ဆေး မထိုးတဲ့ အတွက် ဟိုမှာ ထိုးရပါမယ် ။

SSC မှာ ခွဲမွေးမယ် ဆိုတော့ သူတို့ မှာတာတွေ ထဲမှာ
ခွဲမွေးမဲ့ နေ့ မှာ နေကောင်းနေရပါမယ် ၊ အအေးမိတာ ၊ ချောင်းဆိုးတာ မဖြစ်အောင် ဂရုစိုက် နေရပါမယ် ။ ဒီကြားထဲမှာ လမ်းသိပ်မလျှောက်ပါနဲ့ ဆိုတာကို တော့ ထူးထူးခြားခြား မှတ်မိနေပါတယ် ။

နောက်တပို့စ် မှာ ကလေး နဲ့ ကာကွယ်ဆေးထိုးခြင်း ( မြန်မာ ၊ စင်္ကာပူ ) ကို မှတ်မိသလောက် အသေးစိတ် ရေးပါ့မယ် ။ အားပေးကြပါဦး ။

မိခင်လောင်းများ နှင့်တကွ မိခင်များ ၊ ဘလော့ လာဖတ်ကြတဲ့ မိတ်ဆွေများ အားလုံး ကိုယ်ရော စိတ်ပါ ကျန်းမာ ရွှင်လန်းကြပါစေ လို့ ဆုတောင်း လိုက်ရပါတယ် ရှင် ။

Friday, September 14, 2012

မိခင်လောင်း ဘ၀ ရဲ့ ခံစားချက် (တဂ်ပို့စ်)

သမီးလေး ဟေမာ ရေ .......

တီတင့် က မိခင်လောင်း ဘ၀ ရဲ့ ခံစားချက် ဆိုပြီး ရေးခိုင်းတော့ မေမေ ၀မ်းသာသွားတယ် ။ သမီး ကိုလွမ်းနေတဲ့ မေမေ က ဒီစာ လေး နဲ့ သမီးလေး မေမေ့ဆီ ရောက်လာတဲ့ အကြောင်းလေးတွေ ပြောပြလို့ ရတာပေါ့ နော် ။

 


မေမေ ငယ်တုန်းကတော့ သမီးဘွားဘွားက မေမေငယ်တုန်းက အကြောင်းတွေ ဗိုက်ထဲက အကြောင်းတွေ ပြောပြရင် သိပ်ပျော် ခဲ့ရတာ ။ သမီးလေး ကိုလဲ မေမေ က ပြောပြမှာပါ ။ ကျေနပ်ကြည်နူးနေမဲ့ သမီးလေး မျက်နှာ ပြုံးပြုံးကြီးကို ကြိုမြင်ယောင်ကြည်နူးမိပါရဲ့...။


၂၀၁၀ ခုနှစ် ဂျူလိုင်လ ၂၇ ရက်နေ့ ည ၈ နာရီ လောက်မှာ သမီးလေး မေမေ့ ဆီေ၇ာက်နေပြီ ဆိုတာ သိခဲ့ရတယ်ကွဲ့ ။ ဘာပြောကောင်း မလဲ သမီး ရဲ့ ဖေဖေ ဟာ ၀မ်းသာလွန်းလို့ အိမ်မှာရှိတဲ့ ဦးဦး နှစ်ယောက် ကို သွားပြောသတဲ့ ၊ ပြီးတော့ သမီးဘွားဘွား ဆီ ကို ဖုန်းခေါ်ပြီး ပြောပြန်ရော ။ မအောင့်နိုင် မအီးနိုင် အပျော်တွေ ဝေမျှ တာလေ ။

တကယ်တော့ မေမေ တို့ က ကလေးလေး ကို မျှော်နေတာ အတော်ကြာပြီ ။

၂၀၁၀ နှစ်ဆန်းပိုင်းလောက်ထဲက ဖောလစ် အက်ဆစ်တွေ ၊ဖျူရာမင်း ဘီစီ တွေသောက်ခဲ့တာ ။

ဒါပေမဲ့ မေမေ့အလုပ်က စိတ်ဖိစီးတာများ အလုပ်ချိန် ကများ နဲ့ သမီးလေး မေမေ့ဆီ တော်တော် နဲ့ ရောက်မလာခဲ့ဘူးရယ် ။ ဂျွန်လ မှာ မေမေ အလုပ် အကူးအပြောင်းမှာ နားတဲ့ ၆ ရက်ကို ရန်ကုန်ပြန် ဘွား၂ဆီ သွားတွေ့တော့ ဗိုလ်တထောင်ဘုရား ဆံတော်တွင်းမှာ ကလေးလေး ရပါစေကြောင်းသွားဆုတောင်းခဲ့ရသေးတယ် ။

အဲ သြဂတ်စ်လ မှာတော့ ကိုယ်ဝန်ဆောင် တို့ ထုံးစံ မောနင်းဆစ် စ ပါလေရော ။ မေမေ က သမီး ကိုကို့ တုန်းကလဲ အတွေ့အကြုံ  ရှိထားတော့ သက်သာအောင် ဘယ်လို နေရ စားရ မယ်ဆိုတာ သိထားတော့ သိပ်မကြောက်ပါဘူး ။ ကိုယ်ဝန်ဆောင် ၆ ပတ်လောက် ကစပြီး မောနင်းဆစ် စဖြစ်တာ အဲဒီအချိန်မှာ ကလေး ရဲ့ ၀ိညာဉ် က စ၀င်လာပြီ ဆိုတော့ သူ့ရဲ့ ဆန္ဒလေးတွေ ကြိုက်တတ်တာလေးတွေ ဟာ ဘာတွေများဖြစ်မလဲ လို့ စိတ်ဝင်တစား စောင့်ကြည့် နေခဲ့ပါတယ် ။

၆.၉.၂၀၁၀ မှာ Pathway women clinic မှာ ဆရာဝန်သွားပြတယ် ။ ကံကောင်းချင်တော့ နပ်စ် က ရှမ်းမြန်မာချောချော လေး ..။ အဲဒီအချိန် သမီးလေး ၁၂ ပတ်မှာ မျက်စေ့ ရှိနေပြီ ၊ နှလုံးခုန် နေပြီ နောက် လက်ကလေး ခြေ ကလေးတွေလဲထွက်နေပြီ  ၊ မျက်နှာလေးကလဲ ပြုံးနေသလိုလို နောက် အရပ်လဲ ရှည်တာ သိခဲ့ရတယ် ။ ဖေဖေ နဲ့ မေမေ့ မှာဆေးခန်းက ပြန်လာတော့လဲ သမီးလေး ပုံစံ ကို ကြည့်ခဲ့ရတာတွေ ကို ပြန်ပြောလို့ ကို မပြီးနိုင်ဘူး ..ချစ်လိုက်ရတာ ဆိုတာ ။

မေမေ့ အသက်က ၃၅ နှစ် ရှိပြိဆိုတော့ ကလေး ကို ဒေါင်းလေး ဟုတ်မဟုတ် ၁၄ ပတ်မှာ စစ်ပါတယ် ။ ကလေး ရဲ့ ကျောရိုး အထူကို စစ်တာပါ ။  ကလေးရဲ့ ကျောရိုးအထူ ကို တိုင်းချင်တော့ ကလေးလေး ကုန်းထအောင် ဆရာဝန်က ဖိ ဖိပြိး တော့ တိုင်းတာ ဆိုတော့ မေမေ့ မှာ သနားလိုက်တာ .......။


ကလေး လေး ဘာလိုချင်တယ် ဘာစားချင်တယ် ဘာကိုကြိုက်တယ် မကြိုက်ဘူး ဆိုတာ သိသာလာတယ် ။

- ငါးအစိမ်း နံ့ မခံနိုင်ဘူး  ၊ ငါးကင် ၊ ငါးကြော် ကြိုက်တယ် ။ (မေမေအရင်တုန်းက အနံ့လဲခံနိုင်တယ်၊ စားရတာလဲကြိုက်ပါတယ်)
(အခု သမီးလေး က ငါးသိပ်မကြိုက်ဘူး)

- ပန်းသီး သိပ်ကြိုက်တယ် ။ (မေမေအရင် လုံးဝ မကြိုက်)
(အခု သမီးလေး သိပ်ကြိုက်တယ်) 

- ကြက်ကြော် ကို အနံ့ ရရင် ကို မစားရမနေနိုင်အောင် ကြိုက်ပါတယ် ။ (မေမေအရင်လုံးဝမကြိုက်)
(အခု သမီးလေး သိပ်ကြိုက်တယ်  KFC ဆို အရမ်းကြိုက်တာ) 

- ပေါင်မုန့်မီးကင် ထောပတ်သုတ် အရမ်းစားချင်တယ် (မေမေအရင်လုံးဝမကြိုက်)
(သမီး လေး ကို ထောပတ်သုတ်ပြီး မကျွေးသေးဘူး ၊ ရိုး၂ ပေါင်မုန့် ကို နွားနို့ နဲ့ စိမ်ကျွေးရင်တော့ ကြိုက်တယ်)

- စိမ်းစိမ်းစိုစို အသီးအရွက်တွေ အရင် က ကြော်စားတယ် ၊ အခု အသုပ် ၊ အရည်သောက် ပုံစံ စားချင်လာတယ် ။
(အခု သမီးလေး က အရည်သောက် သိပ်ကြိုက်တယ်) 

- အင်းလေး စားသောက်ဆိုင်က ပူတင်းဆိုတာ သမီးအကြိုက်ပေါ့.....။
- အ၀တ်အစား ရွေးချယ်ဝတ်လာတယ် ၊ အရင် အဖြူရောင် ခဲရောင် အပြာရောင် စတဲ့ အရောင်ဖေိာ့တွေ ကြိုက်တာ အဲဒီအချိန်မှာ အရောင် ရင့် အရောင်ဆန်းတွေ ပန်းခရမ်းရောင် တွေ အရမ်းကြိုက်တယ် ၀တ်ချင်လို့ ရှာဖွေ ၀တ်ခဲ့ရတယ် ။
(အခုတော့ သမီးလေး ကတော့ အ၀ါရောင် ကြိုက်တယ်)

- သီချင်းဆို ချိုသာအေးဆေး တဲ့ မြန်မာသံ ကိုဘဲ ကြိုက်တဲ့ မေမေ ဟာ ဒုန်းဒုန်းဒိုင်ဒိုင်း ဆူညံသံတွေ ကိုပါ နားထောင်လာနိုင်ခဲ့တယ် ။

ကလေး လေး ဟာ မေမေ နဲ့ အကြိုက်ချင်းတော့ သိပ်မတူနိုင်ဘူး လို့ တွေးမိတယ် ။ မေမေ့ ကို ဘယ်လောက်တောင် လွှမ်းမိုး နိုင်သလဲ နော် ။


နောက်တခု က ခရီးတွေ သွားချင်တယ် ။  သွားရင်လဲ ဇိမ်ရှိရှိ အနည်းဆုံး တက်ဆီ နဲ့ မှ ။ ကုန်ကျစားရိတ်တွေ အတွက် သမီး အဖေ မှာ သက်ပြင်းတချချ နဲ့ ။ မိန်းမ နဲ့ မမြင်ရသေးတဲ့ သမီး ကို စေတနာ ရှိပေမဲ့ ရေရှည်သူ မရှာနိုင်မှာ များတွေးပြီး စိတ်မောနေတယ်ထင်ပါရဲ့ ..မေမေ ကတော့ အားပေးရတာပေါ့ နော် ။(အို သူ့ကံ နဲ့ သူဖြစ်လိမ့်မပေါ့  ဘာမှ မပူနဲ့ ဆိုပြီး)


၂၀၁၀ နိုဝင်ဘာ ၃ ရက်နေ့မှာတော့ ကလေး ဟာ သမီးလေး လို့ သိခဲ့ရပါတယ် ။
ဘာလေး ဘဲဖြစ်၂ ကိုယ့်ရင်သွေး ချစ်ရမှာဘဲ မို့ သမီးလေး ဆိုတော့ လဲ ပျော်ခဲ့ရသလို ဆုံးသွားတဲ့ သမီးကိုကို ကို လွမ်းရင်း သူသာရှိရင်တော့ မောင်နှမ နှစ်ယောက် ဆိုတော့ ကောင်းမှာဘဲ လို့ တွေးပြီး ဆွေး ခဲ့ရတယ် ။
 အဲဒီနေ့မှာတော့ သမီးလေး ကို နှလုံးအပေါက်ပါ မပါ ၊ ကျောက်ကပ် အခြေအနေ အတွင်းကလီဇာ တွေ ပါသေချာ စစ်တယ် ။  အားလုံး ကောင်းတယ်ဆိုတော့ ၀မ်းသာ ရတာပေါ့ နော် ။


သမီး လေး ဆိုတော့ မေမေ က ပိုပြီး ဘုရားတရား လုပ်ဖြစ်တယ် ။ အထူးသဖြင့် တရားပိုနာ ဖြစ်တယ် ။ ဒါမှ စိတ်အေးချမ်း တဲ့ အကျင့် ဖြစ်မှာ ..သမီးကို မေမေ့ လိုတော့ ဒေါသ ထစ်ခနဲ ရှိ ထွက်တတ်တဲ့ သူ မဖြစ်စေချင်ဘူးလေ ။ နူးညံ့သိမ်မွေ့စေချင်တာ .......။
သမီး ကို စိတ်နေသဘောထားတွေ အနေအထိုင် အမူအကျင့်တွေ ကို ဖေဖေ နဲ့ တူစေချင်တယ် ။


တကယ်တော့ မေမေ တို့ အလုပ်ရဲ့ သဘောသဘာဝ က ငွေကြေး အကျိုးအမြတ် နဲ့ ဆက်နွယ်နေတော့ ဒေါသ ထွက်ရ ၊လောဘ တက်ရ စိတ်ဖိစီးမှူ များတယ် ။ ဒါပေမဲ့ အလုပ်သစ် မှာ စိတ်ဖိစိးမှု လဲ နည်း၊ အပိုချိန် ဆိုတာ မလုပ်ရသလောက်ပဲ ဆိုတော့ နားချိန် လဲရပါတယ် ။ သမီးလေး ကို ဘွားဘွား တို့ဆီ ပြန်မွေးဘို့လဲ ခွင့်ရခဲ့တဲ့အပြင် လစာလဲ အပြည့်ပေးခဲ့သေးတယ် ။ ဘယ်လောက် ကံကောင်းတဲ့ အမေ့ သမီးလေးလဲ နော် ။


သမီးလေး ကိုယ်ဝန် ၇ လ မှာ အင်ဒိုနီးရှား ဘာလီ ကျွန်းကို သွားလည်သေးတယ် ။ မေမေ တို့ ရုံးက ပို့ပေးတာ မေမေက ကိုယ်ဝန်နဲ့ဆိုတော့ ဖေဖေ့ ကို ခေါ်ချင်တာ ကို ခွင့်ပြု လို့ ဖေဖေ နဲ့ အတူ သွားခဲ့ရသေးတယ် ။ ခရီးသွားရလို့ ပင်ပန်းတယ် ဆိုပေမဲ့ မအီမသာ ဝေဒနာ မျိုးတွေ ၊ လေးပင်တဲ့ ခံစားချက်တွေ မခံစားခဲ့ရပါဘူး ၊ ပေါ့ပေါ့ပါးပါး ပါဘဲ ။
ရုံးက လုပ်ဖော်ကိုင်ဖက်တွေ ကတောင် နင့်ရဲ့ ကိုယ်ဝန်က ဒုက္ခ မများဘူး လို့ ပြောကြပါသေးတယ် ။


မိဘ တိုင်း သားသမီး ကို ချစ်တယ် ၊ ကိုယ့်သွေးသားလေး ကိုယ့်ဆီ ရောက်လာလို့ မမြင်ရသေးပေမဲ့ သူ့အတွက် တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပေးချင်တယ် ဆိုပေမဲ့ အခြေအနေ တွေ တိုက်ဆိုင်မှ သာ လုပ်ပေးနိုင်တာမျိုးပါ ။

ကျမ ကိုယ်တိုင်လဲ ကိုယ်ဝန် နှစ်ကြိမ် ဆောင်ခဲ့ပြီး ကျန်းမာရေး အခံ ကောင်းတဲ့သူမို့ ပင်ပန်းဆင်းရဲ တဲ့ ဝေဒနာ ကိုမခံစားခဲ့ရပေမဲ့ အခြေအနေ ခြင်းမတူလေတော့ ဂရုစိုက်နိုင်တဲ့ အတိုင်းအတာ ကွာခဲ့ပါတယ် ။

သမီးလေး ကို ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် ဘေးမှာ မရှိတော့ ဒီ ခံစားရတဲ့ ဝေဒနာ ကို ပြောပြစရာ မလိုဘဲ နားလည်ပြီး ကိုယ့်ကို အလိုက်တသိပြုစုပေး တဲ့သူ မရှိခဲ့ပါဘူး  ။
 အယင်တကြိမ် ကိုယ်ဝန်ဆောင်ဘူးတဲ့ အတွေ့အကြုံ အရရယ်၊ စာအုပ်တွေ ဖတ်ပြီးတော့ရယ်  နဲ့ ကလေး လေး အထဲမှာ အဆင်ပြေစေဘို့ ဂရုတစိုက် ကြိုးစားခဲ့ရပါတယ် ။
ကံကောင်းတာကတော့ လိုအပ်တဲ့ ဂရုစိုက်ဘို့ နားနေဘို့ အချိန် ပေးနိုင်ခဲ့ တာ ၊ လိုအပ်တာတွေ ဆန္ဒရှိတာတွေ ကို  ဖြည့်ဆီးပေး ဘို့ ငွေကြေးမပါးရှားခဲ့တာပါဘဲ ။ ဒါကတော့ ကလေး ရဲ့ ကံ နဲ့ အများကြီး သက်ဆိုင်ပါတယ် ။

သားသမီး ဆိုတာ ရတနာမို့ ရတနာ ဆိုတာ လွယ်လွယ်ကူကူတော့ မရနိုင်ဘူး ဆိုတာ သတိပြုရင်း ဖြစ်လာတဲ့ အာဝေဏိက ဝေဒနာ တွေ ကို မငြီးငြူစတမ်း နဲ့ ရတနာလေး ကို ပျော်ပျော်ရွှင်ရွှင်လက်ကမ်းကြိုဆိုသင့်ပါတယ်။
 ဒီနေရာမှာ ကလေး ရဲ့ ဖေဖေ ဟာ အလွန်အရေးပါပါတယ် ။
ဇနီးသည် ရဲ့ ခံစားရသမျှ ကို သက်သာစေဘို့ သောက နည်းစေဘို့ တတ်နိုင်သမျှ အချိန်ပေး စောင့်ရှောက် ရမှာပါ ။ ရတနာလေး အနာအဆာ ကင်းဘို့ ဆိုတာ လိုချင်တဲ့ သူတွေ ရဲ့ အချိန်ပေး ဂရုစိုက် တန်ဖိုးထားမှူ အပေါ် အများကြီး မူတည်ပါတယ် ။


ကမ္ဘာပေါ်ရှိ မိဘ တိုင်း အတွက် အနာကင်းပြီး ကျန်းမာတဲ့ ရင်သွေးရတနာ လေးကို စိတ်ချမ်းသာ ပျော်၇ွှင်စွာ နှင့် ရရှိနိုင်ပြီး ၊ မိခင် တိုင်းလဲ ခံစားရမဲ့ အာဝေဏိက ဝေဒနာ များကို သက်သာ လွယ်ကူစွာ ခံစားရပြီး၊  ကလေး ဖခင် နှင့်အတူ ကြည်နူးပျော်ရွှင်ကြပါစေ လို့ ဆုတောင်းလိုက်ရပါတယ် ရှင် ။


Wednesday, August 29, 2012

ဒေါက်တာစိုးလွင် - ဆေးရုံက မဆင်းရ သေမင်းက အိမ်မှာ နှင့် ....ထဲ မှ စာသားများ (၁)













သားပျက် သားလျှော ဘ၀အမော ထဲ မှ ရွေး ဖတ်ချင်သော စာသားများ

                   အပျိုဖြန်းအရွယ်လေးက စပြီး သွေးမဆုံးခင်အချိန်အထိ ကလေးမွေးဖွားနိုင်တဲ့အရွယ် ပုပုရွရွ ၊ နုနုလှလှ အမျိုးသမီး မှန်သမျှ ပုံမမှန်သွေးဆင်းပြီဆိုတိုင်း ထိပ်ဆုံးကထားပြီး စဉ်းစားရမယ့်ကိစ္စဟာ ကိုယ်ဝန်အစောပိုင်းကာလ သွေးဆင်းတာဖြစ်နိုင်တယ် ဆိုတာပါပဲ ။

အဲဒီလောက်တောင် ကိုယ်ဝန်အစောပိုင်းကာလမှာ သွေးဆင်းတဲ့ ပြဿနာဟာ များလွန်းလှတယ် လို့ ပြောနိုင်ပါတယ်။

                     မိန်းမသားတွေ ရဲ့ဘ၀မှာ အပျိုပေါက်အရွယ်ကစပြီး သွေးဆုံးတဲ့ အချိန်ထိ လစဉ် ရာသီသွေးဆင်းကြရတယ် ။ ကိုယ်ဝန်ရှိလာပြီဆိုပြန်တော့လဲ ကိုယ်ဝန်အစောပိုင်းမှာရော၊ နောက်ပိုင်းမှာရော၊ မွေးနေတုန်းရော၊ မွေးပြီးတော့ရော သွေးတွေ သွန်တတ်ပြန်တယ်။ ကိုယ်ဝန်အစောပိုင်း ကာလတွေမှာ သွေးဆင်းရင် ထိပ်ဆုံးကထားပြီး စဉ်းစားရမယ့် ရောဂါ ၃ မျိုးရှိတယ် ။ အများဆုံးက သားပျက်သားလျှော ခြင်း  Abortion or Miscarriage ။ နောက်မမေ့သင့်တဲ့ ရောဂါ နှစ်ခုကတော့ သားဥပြွန်သန္ဓေ Ectopic pregnancy နဲ့ စပျစ်သီးသန္ဓေ Hydatidiform Mole တွေပဲ ဖြစ်တယ်။ ဒီ ၃ မျိုးထဲက ဘာများဖြစ်လေ မလဲဆိုတဲ့ စိတ်အတွေးနဲ့အဖြေရှာကြရတာပေါ့ ။

                     ဒီ ၃ မျိုးကြောင့်ပဲ သွေးဆင်းတာလား ၊တခြားအကြောင်းတွေရော မရှိတော့ဘူးလားလို့ မေးစရာရှိပြန်တယ်။ ဖြစ်နိုင်ခြေ ရှိတဲ့ ရောဂါတွေက သားအိမ်ခေါင်းထိပ်မှာ ကင်ဆာဖြစ်တာ ၊ အသားပို ဖြစ်တာ၊မွေးလမ်းကြောင်း ထဲမှာဒဏ်ရာရပြီး စုတ်ပြဲသွားတာ စသဖြင့်ပေါ့ ။ တစ်ခါတလေများ လိင်ဆက်ဆံရင်း မွေးလမ်းကြောင်းမှာ ထိခိုက်ဒဏ်ရာရပြိး သွေးသွန်တာတွေလည်း ရှိတတ်တယ်။

                     ဒီကိုယ်ဝန်ဆောင် အစောပိုင်းသွေးဆင်းရခြင်းတွေရဲ့ အဓိက အများဆုံးဖြစ်တတ်တဲ့ သားပျက်သားလျှောခြင်းအကြောင်း စပြီးဆွေးနွေးကြည့်ကြစို့ ။ သားပျက်သားလျှောတာမှာ အဓိက နှစ်မျိုး ခွဲခြားလို့ရတယ် ။ သူ့အလိုလို မတော်တဆ သားပျက်တာ Spontaneous Abortion နဲ့ ကိုယ်ဝန်ကို ဖျက်ချတာ Induced Abortion တို့ပါပဲ ။ Abortion ဆိုတာ ကလေးပျက်ကျတာ လို့ အားလုံးသိမ်းကျုံးပြီးခေါ်ကြပေမယ့်  ဒီနှစ်မျိုးဟာ လုံးဝမတူပါ ။ အင်္ဂလန် နိုင်ငံမှာဆိုရင် Abortion ဆိုတဲ့စကားကို မလိုချင်လို့ ဖျက်ချတဲ့ ကိစ္စတွေမှာပဲ သုံးတယ်။ မတော်တဆ သားပျက်ကျတာမျိုးမှာ Abortion ဆိုတဲ့စကားကိုသုံးရင် မိခင်ကို စော်ကားရာရောက်တယ်။ နဂိုကမှ သူအင်မတန် လိုချင်ချစ်မြတ်နိုးတဲ့ အူဝဲလေး ကြွေလွင့်သွားခဲ့လို့ ကြေကွဲဝမ်းနည်းနေချိန်မှာ ဒီအသုံးအနှူန်းဟာ သူ့ကို များစွာထိခိုက်ခံစားစေနိုင်ပါတယ်။ ဒါကြောင့် ရိုးရိုးကလေးပျက်တာကို Miscarriage လို့ပဲ ခေါ်ကြပါတော့တယ် ။

                   မိခင်ဘ၀ဆိုတာ အမျိုးသမီးတိုင်း အလွယ်တကူ ရနိုင်တဲ့ဘ၀မျိုး မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ မိခင်ဆိုတာ သဘာဝ ကပေးအပ်တဲ့ ကံကောင်းခြင်းလက်ဆောင် ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးတော်တော် နဲ့ ကလေးမရနိုင်တဲ့ စုံတွဲတွေအများကြီး ။ မတော်တဆ ကိုယ်ဝန်ရသွားပြီ ဆိုရင်တောင် အောင်အောင်မြင်မြင် ကလေးမွေးနိုင်တာ ဘယ်လောက်များမှာလဲ ။ ကိုယ်ဝန်ဟာ အကြောင်းမျိုးစုံကြောင့် ပျက်သွားနိုင်တာကိုး ။ ကိုယ်ဝန်ဆောင် အားလုံးရဲ့ ၂၅ ကနေ ၃၀ ရာခိုင်နှူန်းလောက်အထိ မအောင်မြင်ဘဲ ပျက်ကျ သွားတတ်တယ်လို့ သုတေသနတွေက ဆိုပါတယ်။

ဘာကြောင့်များ အူဝဲလေးဟာ မိခင် ရဲ့သားအိမ်ထဲကနေ အစောကြီးလျှောကျ  ပျက်စီးသွားကြရတာပါလိမ့် ။

                  ကိုယ်ဝန်ပျက်ကျတတ်တဲ့ အကြောင်းတွေ က အများကြီးရယ်။ အဲဒီအကြောင်းတွေထဲကမှ အဖြစ်အများဆုံးအကြောင်းကတော့ အူဝဲလေးမှာ မျိုးရိုးဗီဇအားဖြင့် ပုံမမှန်တဲ့ရောဂါ  Chromosomal Defects ရှိနေလို့ပဲ ဖြစ်တယ်။ ဒီရောဂါတွေ ကြောင့် ကလေး ပျက်ကျတာဟာ စုစုပေါင်း ရဲ့ ထက်ဝက်မက ၅၀-၇၀ ရာခိုင်နှူန်းတောင်  ရှိတယ်လို့ ဆိုကြတယ် ။ ဒီလို မျိုးဗီဇပုံမမှန် တာဟာ မိခင် ရဲ့ အသက်အပေါ် အရမ်းမူတည်တယ်။ မိခင် အသက်ကြီးလေ ပုံမမှန်တဲ့ ကလေး ပိုမွေး တတ်လေ လို့တောင်   ယေဘုယျအားဖြင့် ပြောလို့ရတယ်။ အသက် ၄၀ အမျိုးသမီးကြီးတယောက်ဟာ အသက်၂၀ မိန်းကလေးတယောက်ထက် ၂ဆ ကလေးပျက်ဖို့ ပိုများတတ်တယ် ။ ကလေးမှာ ပုံမမှန်တဲ့ ချို့ယွင်းချက်တွေ ရှိနေရင် ဒုက္ခိတကလေးအဖြစ် ကမ္ဘာလောက ကြီးထဲ ရောက်လာတတ်တာဆိုတော့ ကိုယ်ဝန်အစောကြီးမှာကတည်းက ပျက်ကျသွားခြင်း အားဖြင့် သဘာဝတရားကြီး က အဆုံးအဖြတ်ပေးလိုက်တဲ့ သဘောလို့တောင် ပြောလို့ရမလားဘဲ ။

                   အသက်ကြီးလေ မျိုးဗီဇ ပုံမမှန်တဲ့ ကလေးတွေ ပိုပြီး မွေးတတ်လေ လို့ပြောနိုင်တာမို့ မိခင်လောင်းတွေ ကို အသက်ငယ်ရွယ်စဉ်မှာကတည်းက သားသား၊မီးမီးလေးတွေ ရယူဘို့ ကြိုးစားသင့်တဲ့အကြောင်း ၊အသက်သိပ်ကြီး မှ ကလေးမွေးတာဟာ အန္တရာယ်များတဲ့ အကြောင်း တိုက်ဆိုင်တိုင်းပြောပြလေ့ရှိတယ် ။

အကောင်းဆုံး နဲ့ အထင်ရှားဆုံး ဥပမာ ပြရရင် Down'sSyndrome ခေါ်တဲ့ ဥာဏ်ရည် နိမ့်တဲ့ ပုံမမှန်ကလေးတွေ ဟာ မိခင် အသက်ကြီးလေပိုပြီးမွေးတတ်လေပါပဲ ။

                    တခြား ကလေးပျက်ကျစေတဲ့ အကြောင်းတွေ ကို ဆက်ပြီး ကြည့်ကြဦးစို့နော် ။ ကလေးကြောင့် ဇြစ်တဲ့ တခြားအကြောင်းတွေက စပျစ်သီးသန္ဓေ နဲ့ ကလေး နဲ့ တွဲပြီး ဖြစ်တာမျိုးတွေ ၊ အမြွာပူးလေးတွေ နှစ်မြွာ၊ သုံးမြွာ၊လေးမြွာ အမြွာများလေ ပိုပြီးပျက်ကျဘို့ များလေ လို့ ပြောရမလား။ တခါတလေ ကလေးဆီ မိခင်က အစာအဟာရတွေပေးတဲ့ ချက်ကြိုး မှာ ထုံးနေတာ၊လိမ်နေတာ ၊ ပတ်နေတာ တွေကြောင့်လည်း ကလေးသေဆုံးသွားပြီး ပျက်ကျသွားတတ်တယ် ။ တစ်ခါတလေကျတော့ ကလေးမှာ မိခင်နဲ့ သွေးအုပ်စုချင်းတွေ (ဥပမာ Rh မြောက်သွေး အုပ်စု) မတူကြတဲ့အခါမှာ သွေးနီဥတွေ ပေါက်ကွဲပြီး ကလေးမှာ သွေးအားနည်းရောဂါဖြစ်တဲ့အခါကျရင်လည်း ပျက်ကျသွားတတ်တာတွေ ရှိတတ်တယ် ။ ဒါတွေကတော့ အူဝဲလေးမှာ ဖြစ်တတ်တဲ့ အကြောင်းတွေ။

                 မိခင်ကြောင့်လည်း ကလေးပျက်ကျစေတတ်တဲ့ အကြောင်းတွေ အများကြီး ရှိသေးတယ် ။ ကိုယ်ဝန်အစောပိုင်း ကာလတွေမှာ အကြောင်းတခုခုကြောင့် အဖျားတွေ အရမ်းကြီးပြီး ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်မယ်ဆိုရင်လည်း ကလေးပျက်ကျတတ်တယ်။ ရောဂါ ပိုးမွှားတွေ ၀င်ရောက်တိုက်ခိုက်ခံရတဲ့ Infection တွေဟာလည်း ကလေးပျက်ကျစေတဲ့ တရားခံတွေပါ ။ TORCHS လို့ အတိုကောက် ခေါ်ကြတဲ့ ရောဂါတွေက ထိပ်ဆုံးကပေါ့ ။  Toxoplasmosis ကြောင် ကတဆင့် ကူးစက်တတ်တဲ့ ကပ်ပါးရောဂါတမျိုးကြောင့် ဖြစ်တဲ့ ရောဂါ ။ ဒါကြောင့် ကိုယ်ဝန်ရှိလာရင် ကြောင်တွေ နဲ့ လက်ပွန်းတတီး မနေရဘူး ။ ကြောင်ချေးကနေတဆင့် ကူးစက်တတ်တာကိုး ။ ဒီရောဂါ ရရင် ကလေးဟာ ပျက်ကျရင်ကျ၊ ပျက်မကျရင် ဆွံ့အ နားမကြား ၊မျက်လုံးကန်း၊ ဥာဏ်ရည်မမှီ ကလေးမွေးတတ်တယ်။ Rebella လို့ခေါ်တဲ့ ဂျိုက်သိုးရောဂါ အမျိုးသမီးတိုင်းဟာ ဒီရောဂါပိုး ၀င်ရောက်ရင် ဒီရောဂါပိုးဝင်ရောက်ရင်  ကလေး ပျက်ချင်ပျက် ၊မပျက်ရင်လည်း ဒုက္ခိတလေး မွေးတတ်လို့ အင်္ဂလန်လို တိုးတက်တဲ့နိုင်ငံတွေမှာ အမျိုးသမီးတိုင်း ဒီရောဂါ ကာကွယ်ဆေး ကို ငယ်ငယ်ကတည်းက ထိုးရတယ်။ ကိုယ်ဝန်ယူတော့မယ့် အမျိုးသမီးတိုင်းကို ဒီရောဂါ ကာကွယ်တဲ့ ဓါတ်တွေ ရှိမရှိ စစ်ဆေးတယ် ။ မရှိသေးရင် ကလေးမယူသေးဘဲ ကာကွယ်ဆေး အရင်ထိုးခိုင်းတယ်။ မြန်မာပြည်မှာတော့ ဒီရောဂါ ရဲ့ ကြောက်မက်ဖွယ်ကောင်းပုံ ၊ အန္တရာယ်တွေ နဲ့ ဘယ်လို ကာကွယ်ကြမယ်ဆိုတာ ကို လူသိနည်းနေကြသေးတယ်။ ဗိုင်းရပ်စ် ပိုး ရောဂါ Cytomomegalo Virus ၊ လိင်အင်္ဂါ မှာ ရေယုန်ပေါက်တာ  Herpes ၊ ဆစ်ဖလစ် ကာလသားရောဂါပိုး Syphillis တွေဟာလည်း ကလေးပျက်ကျစေတဲ့ တရားခံတွေ ဖြစ်တယ်။ မြန်မာပြည်မှာ အဖြစ်များတဲ့ Malaria  ငှက်ဖျားရောဂါ ဟာလဲ ကလေးပျက်ကျစေတဲ့ အကြောင်းတစ်ခု ။ တွိုက်ဖွိုက် လို့ခေါ်တဲ့ အူရောင်ငန်းဖျားရောဂါ စသဖြင့် မိခင်မှာဖြစ်တဲ့ ရောဂါ ပိုးမွှား ၀င်ရောက်ခြင်းတွေဟာ ကလေးပျက်စေတတ်တယ် ။

                  နောက်တစ်မျိုး ကတော့  မိခင်မှာ ဖြစ်တဲ့ ရောဂါတွေပါပဲ ။ ဟော်မုန်းတွေ နဲ့ ပတ်သက်တဲ့ ရောဂါတွေ ( Endocrine Disorders)၊ ဆီးချို သွေးချို ရောဂါ၊ သိုင်းရွိုက်ရောဂါ ၊ သားဥအိမ်မှာ အရည်အိတ်လေးတွေ အများကြီးတည်တဲ့ရောဂါ (PCOS-Poly Custic Ovarian Syndrome) တွေဟာလည်း ကလေးပျက်ကျစေတဲ့ တရားခံတွေပါပဲ ။ အချင်းဖြစ်ဖို့ အူဝဲလေး သားအိမ်မှာ မြဲမြဲမြံမြံ နေစေဖို့ အရေးကြီးတဲ့ ပရိုဂျက်စတိရုန်းဟော်မုန်းတွေ ချို့တဲ့ တဲ့အခါ မှာလည်း ကလေးပျက်ကျစေတတ်တယ် ။

                နောက်တစ်ခု ထူးဆန်းတာက စိတ် နဲ့ ပတ်သက်တာ။ စိတ်မှာ ရုတ်တရက် ပြင်းပြင်းထန်ထန် ထိခိုက်ခံစားရတာ ၊ စိုး၇ိမ်တကြီး နဲ့ ကြောက်တာ ၊ ဒေါသတွေ ၊သောကတွေ ၊စိတ်လှုပ်ရှား ထိခိုက်ခံစားမှူတွေဟာလည်း ကလေးပျက်ကျစေတတ်တဲ့ တရားခံပါပဲ ။ စိတ် နဲ့ ကိုယ်ဟာ အမြဲတွဲနေတတ်တာ မဟုတ်လား ။

                နောက်တရားခံကတော့ အူဝဲလေး နေရမယ့် သားအိမ်ရဲ့ ပြဿနာတွေပါပဲ ။ ပထမဆုံး မွေးရာပါ သားအိမ်ရဲ့ ပုံမမှန် ချို့ယွင်းချက်တွေ ဖြစ်တယ်။ သားအိမ်ကောင်းကောင်းမဖွံ့ဖြိုးတာ၊ သားအိမ်နှစ်ခု ဖြစ်နေတာ၊ သားအိမ်နံရံ မှာ အသားပိုတွေ ထွက်နေတာ စတဲ့ သားအိမ်ပြဿနာတွေမှာ သားအိမ်ထဲ ကလေးလေး လွတ်လွတ်လပ်လပ် ကြီးပြင်းလို့မရအောင် အနှောင့်အယှက်တွေ ပေးတတ်တယ်။ အဲဒီလိုပါပဲ၊ သားအိမ်ထဲမှာ အသားလုံးတွေဖြစ်တဲ့ ရောဂါ Fibroids တွေမှာလည်း နေရာလုကြတဲ့ သဘောမျိုးဖြစ်ပြီး ဒီအသားလုံးတွေကြောင့်  ကလေးဟာ ကြီးထွားဖို့နေရာမရှိတော့ဘဲ ပျက်ကျသွားရတာတွေ ရှိတတ်တယ်။ တစ်ခါတလေ ကျတော့ အကြောင်းတစ်ခုခုကြောင့် သားအိမ်ခြစ်ရတဲ့အခါမှာ သားအိမ်နံရံ ရဲ့ အတွင်း မြှေးတွေအားလုံးပါသွားအောင် အားရပါးရ အခြစ်လွန်သွားရင်လည်း သားအိမ်အတွင်းမြှေးဟာ ဖွံ့ဖြိုး ထူထဲမလာတော့ တာကြောင့် ရာသီလဲ ကောင်းကောင်းမလာတော့ဘူး ။ မတော်တဆ ကိုယ်ဝန်ရှိရင်တောင် ကလေးလေး ၀င်ရောက်ကြီးထွား ဖွံ့ဖြိုးရမယ့်  သားအိမ်အတွင်းမြှေး လုံလုံလောက်လောက်မရှိတာအို့ ပျက်ကျသွားဖို့ပဲများတယ်။ နောက်တစ်မျိုးဖြစ်တတ်တာရှိသေးတယ် ။ ဒါကတော့ သားအိမ်ခေါင်းအပေါက်မလုံတာ Cervical Incompletence ပဲဖြစ်တယ်။ သားအိမ်ခေါင်း အ၀ဟာ ပုံမှန်ဆိုရင် တံခါးချပ်ပိတ်သလို လုံးဝပိတ်နေရမယ်။ ဒါမှ သာ သားအိမ်ထဲက ကလေးလေးကို လုံခြုံမှူပေးနိုင်မှာ ဖြစ်တယ်။ နေ့စေ့ လစေ့ ဖြစ်ပြီး မွေးဖို့အချိန်ကျပြီ ဆိုတော့မှ သားအိမ်ခေါင်းအ၀လေးဟာ တဖြည်းဖြည်းပွင့်လာပြီး ကလေးလေးထွက်လာအောင် လုပ်ပေးတာ ၊ တကယ်လို့ ဒီသားအိမ်ခေါင်းအ၀လေးဟာ ပိတ်မနေဘဲ ဟစိဟစိနဲ့ နဂိုကတည်းက ပွင့်နေပြီ ဆိုရင် ကိုယ်ဝန်အစောပိုင်းမှာကတော့ ပြဿနာ မရှိသေးဘူး။ တဖြည်းဖြည်း ကိုယ်ဝန်က ၅လ ၊၆လ ကျော်လောက် ရလာပြီ ဆိုတဲ့အခါ ကြီးထွားလာတဲ့ သန္ဓေသားရဲ့ အလေးချိန် ကို ဒီအပေါက်လေးက တောင့်မခံနိုင်တော့ဘဲ သူ့အလိုလို ဗိုက်တောင် ကောင်းကောင်းမနာလိုက်ဘဲ အိတ်လိုက်လေး ထွက်ကျသွားပါလေရော။

               တစ်ခါတလေ ကျတော့လည်း ကိုယ်ဝန်လနုစဉ်မှာ မိခင်ကို ပေးလိုက်တဲ့ ဆေးတွေ ကြောင့်လည်း ကိုယ်ဝန်ပျက်ကျတတ်တယ်။ ဥပမာ- ငှက်ဖျားရောဂါမှာပေးလေ့ရှိတဲ့ Quinine, ကင်ဆာရောဂါတွေ ကုတဲ့နေရာမှာသုံးတဲ့ Cytotoxics သားအိမ်ကျုံ့စေတဲ့  Oxytocins ဆေးတွေဟာ ကိုယ်ဝန်ပျက်ကျစေတတ်တဲ့ ဆေးတွေ ဖြစ်တယ်။

               Chemical Agents လို့ခေါ်တဲ့ ဓာတုဗေဒ ပစ္စည်းတွေကြောင့်လည်း သားပျက်သားလျှော ဖြစ်စေတတ်တယ်။ မေ့ဆေးမှာ သုံးတဲ့ ဓာတ်ငွေ့တွေ  (Anaethetic Gases) ၊ ဆေးရွက်ကြီး ( Tobacco) ၊ အာဆင်းနစ် ခေါ် စိန် (Arsenic) ၊ Benzene Formaldehyde ၊ ပိုးသတ်ဆေးတွေ (Pesticides)၊ Lead ၊Mercury ၊ Cadmium စတဲ့ ပစ္စည်းတွေ ဟာ ဥပမာ တွေပဲဖြစ်တယ်။ ဒါတွေကြောင့် ကလေးပျက်ကျတာကတော့ ရှားပါတယ်။

                နောက် ကလေးပျက်ကျစေတတ်တဲ့ရောဂါကတော့ ကိုယ်ခံစွမ်းအားနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ( Immunological Disorders) ပဲဖြစ်တယ် ။  Antiphospholipid Syndrome, Thrombophilia အစ ရှိတဲ့ ရောဂါတွေပေါ့ ။ အထူးသဖြင့် ကိုယ်ဝန်လနုနု မှာ ထပ်ခါ ထပ်ခါ ကိုယ်ဝန်ပျက်ကျတာ (Recurrent Misdarriage) တွေဟာ ဒီရောဂါတွေ ကြောင့် ဖြစ်တတ်တယ် ။ ဒါတွေကတော့ သားပျက်သားလျှော ဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေပဲ ဖြစ်တယ် ။ တကယ်တမ်း မိခင်တယောက် ကလေးပျက်ကျသွားပြီ ဆိုရင် ဘာကြောင့် သားပျက်တယ်ဆိုတဲ့ အကြောင်းကို တိတိကျကျ ရှာဖွေ ဖော်ထုတ်ဖို့ဆိုတာ မလွယ်ကူတတ်ကြဘူး ။ ဘာကြောင့်မှန်း မသိဘဲ သူ့အလိုလို ကလေးပျက်တယ် လို့ ကောက်ချက်ချရမယ့် လူနာတွေ က ပိုများလိမ့်မယ် ။   

Saturday, December 10, 2011

အိမ်ထောင် သားမွေး

အိမ်ထောင်ပြု ပြီး ကြပြီ ဆိုရင် ချစ်လို့ ဘဲ ပြုပြု တခြားဘာကြောင့်ဘဲ ပြုပြု ချက်ချင်းမဟုတ်တောင် သားသမီး လိုချင်လာတာ ထုံးစံပါ ။အိမ်ထောင်ပြုပြီး သားသမီး မယူလိုသူတွေ ရှားမှာပါဘဲ။
ခုတော့ စလုံးမှာ တချို့ စုံတွဲတွေ သားသမီး မယူချင်ဘူးလို့ ဆုံးဖြတ်သတဲ့ ။ခေတ်ကလဲ ခေတ်ကျပ်ကြီးကို ။

အရွယ်လေး ရောက်လာတော့ မိဘ အိမ်နဲ့ ခွဲခွာပြီး ကျောင်းသွား အလုပ်ဝင် ပြီးတော့ နိုင်ငံ ရပ်ခြားမှာဘဲ ဖူးစာဘက်ရှာ အိမ်ထောင်ပြု ကြပြန်တော့ တချို့ လဲ အိမ်ထောင်သားမွေး ၀ီစိ ကိတ်စများတာကို သိပ်မသိဘူေးပါ့ ။

အများပြော အရ ဆို ဒီလို ဘဲ ပြီးတော့ လဲ ပြီးသွားတာပါဘဲ ...းP

အိမ်ထောင်သည် ဘ၀ မှာ မိန်းမ က အလုပ်လဲ လုပ်ရသေးတယ် ဆို ရင် တော်တော်ပင်ပန်းမှာပါ ။ ယောင်္ကျား က တဘက်တလမ်း က ကူညီဦးမှ ။ ကူညီဘို့ ဆိုတာလဲ ကူညီတတ်တဲ့ အတွေး၊အမြင် ရှိဦးမှ ။ တချို့ မိဘ အိမ်တွေမှာ အမ ညီမ များပြီး ဖအေ လုပ်သူကို ထမင်းစားခါနီး လက်ဆေးရေ ပါ အသင့်ချပေးတဲ့ အိမ်က လာတဲ့ ယောင်္ကျားလေး ဆို သူ့မှာ အဲဒီအမြင်က ပါလာပြီးသား။ များသောအားဖြင့် အညာသားတွေ ဆို အဲလို အမြင်ရှိတာ များပါတယ် ။

ဒါကြောင့် ညီမလေးများ စဉ်းစားတော့မယ်ဆို ရင် အညာသားများ ခဏဖယ်ထားပြီး အောက်သူအောက်သား အရင်စဉ်းစားဘို့ အကြံပြုပါရစေ ...(((အဟမ်း ..အဟမ်း)))
(ပြောင်းပြန်အတွေးအရဆို ယောင်္ကျားလေးများစဉ်းစားရင် အညာသူဦးစားပေးပေါ့ဗျာ)

ကျမ အတွက်တော့ အိမ်ထောင်ကျပြီး ကိုယ်ဝန်ဆောင်ရတဲ့အချိန် ဇိမ်အကျ ဆုံးပါဘဲ ((အမ်))

အလုပ်ထဲမှာရော အိမ်မှာရော ညှာကြတာကိုး ။ (ရန်ကုန်မှာရော စလုံးမှာပါ အတွေ့အကြုံရှိပါရဲ့)

အိမ်ထောင်ပြုချိန်မှာ အသက်က ကြီးနေပြီ ဆိုတော့ (အသက်အစိတ်မှပုခက်မချိတ်နိုင်ရင် တသက်မနိပ်ဘူး ဘာညာကြားဖူးတယ်) တန်းပြီး ကလေး ယူမယ်စဉ်းစားပါတယ် ။ အသက်ကြီးမှ ဆို ကလေး ဥာဏ်ရည်မှီမမှီ ဘာညာ ကလဲ ရှိသေးတာကိုး ။

ကိုယ်ဝန်လဲ ရှိရော ရုံးမှာ အတူတူ လုပ်နေကြသူတွေထဲ ကလဲ ကိုယ်ဝန်ရှိကြရော(ဗက ဘိုးဘိုးကြီး အပြောအရ ဆို ဘိုက် ဖော် ) တခုခု ဆို တိုင်ပင်လို့ ရတာပေါ့လေ ။ နားလည်ရတာပေါ့ ။

(အခု ရေးထားတာ တွေ က ဆေးပညာသဘောတရားအရ မှန်မမှန် မသေချာပါ ။ အရပ် က မြန့်မာထုံးစံ အယူအဆ အကြံပေး ကြ တာတွေ မှ မှတ်မိသလောက်ပြန်ရေးတာပါ။)



များသော အားဖြင့် ကိုယ်ဝန်ရှိနေတာ ကို ၆ ပတ်လောက်မှ စပြီး သိကြပါတယ် ။

ကိုယ်ဝန် ရှိကြတော့ သူများတွေ အန်ကြတာပေါ့ ။ ကျမ ကတော့ ခန ဘဲ အန် လိုက်ရတယ် ။ နည်းကောင်းတွေ့ သွားတာကိုး ။

* ကိုယ်ဝန် ၅-၆ ပတ်မှစပြီး အန် တတ်ပါတယ်။ အန်ရခြင်းအကြောင်းက သန္ဒေတည်တဲ့ အရည်ဟာ ကလေးပုံသဏ္ထန် ပြောင်းဘို့ အမြှူပ်တွေဖြစ်လာပြီး ဒီအမြှူပ်တွေ အထက်ကို ဆန်တက်သလောက် ရင်ထဲမှာပျို့ပြီးအန်တာပါ ။ မစားချင် မသောက်ချင်လဲ ဖြစ်ပါလိမ့်မယ်။ အကောင်းဆုံးကတော့ မြန်မြန် နဲ့ ပြည့်သွားသလို အစာ မျိုး စားပေးဘို့ပါဘဲ ..တဲ့ ။

ကျမ ကတော့ ငှက်ပျောသီးလို ၊ ကြက်ဥပြုတ်လို ၊ ကောက်ညှင်းပေါင်း လိုမျိုးစားပေး လိုက်ပါတယ် ။ အန် တဲ့ဒဏ်ကို အကြာကြီးမခံလိုက်ရပါဘူး ။ တပတ်လောက်နေတော့ အဆင်ပြေသွားပါတယ် ။
စလုံးက ဆရာဝန်တွေကတော့ အန်တာရပ် ဘို့ ဆေးပေးပါတယ် ။ ပင်နစူလာ က ဆေးခန်းမှာလဲ ရပါတယ် ။ မြန်မာပြည်မှာတော့ ကြိတ်မှန်၇ွက် ကို ညှစ်သောက်လို့ အရပ်စကားရှိပါတယ်။

* ကိုယ်ဝန်ရှိချိန်က စပြီး ၃ လ အထိ ကုန်းတာ ကွတာ ခါးချိုးတာ အလုပ်ပြင်းပြင်းထန်ထန် လုပ်တာ နောက်ဆုံး လမ်းတောင် မြန်မြန် မလျှောက်သင့်ပါဘူး ။ ကလေး ပျက်ကျတတ်ပါတယ် ။
အပူများသောအစားအစာ ၊ အထူးသဖြင့် ရေနွေးပူပူ မသောက်ခိုင်းပါ အမြှူပ် ကလေးတွေ အနေအထားပျက်ပြီးမွေးလာတဲ့ အခါ ပုံစံမမှန်တဲ့ကလေးဖြစ်မှာစိုးလို့ပါတဲ့ ။
အရပ်ပြောစကားပါ ။ ကျမကတော့ ဆင်ခြင်ခဲ့ပါတယ်။

* ကိုယ်ဝန် ၄ - ၁၀ ပတ်ဟာ ကလေးလေး စတင်အသက်ဝင်လာပါပြီ ။ ဗမာအယူအဆ ဆိုရင် ၀ိဥာဏ်စ၀င်လာတဲ့အချိန်ဖြစ်လို့ ကောင်းသော ၀ိဥာဏ် ၀င်လာနိုင်စေရန် မေတ္တာပို့ ဆုတောင်းခြင်း မိမိ ပြုခဲ့ဖူးသော ကောင်းမှူ ကုသိုလ်များကို ပြန်ပြောင်းသတိရ၍ နတ်ကောင်းနတ်မြတ်များ ကို အမျှဝေ ဆုတောင်းခြင်းများ ပြုလုပ်ရပါမယ် ။
ညမှောင်မှောင် လျှောက်သွားခြင်း အသုဘ အိမ် သွားခြင်း ရှောင်ရပါမယ်။

*ကိုယ်ဝန်ရှိလာတဲ့အခါ ဘယ်အချိန် ဆေးခန်းကိုသွားအပ်သင့် သလဲ ။
ကျမ ပထမ ကိုယ်ဝန်တုန်းကတော့ အမေ က ၄ လဆို သွားပြပေါ့အေ ။နုတုန်းတော့ ဘာသွားပြမှာလဲ လို့ ပြောခဲ့ပါတယ် ။
မဟုတ်ပါ ။ ကိုယ်ဝန် ၇ှိကြောင်းသိပြီဆိုတာနဲ့ တန်းသွားပြသင့်ပါတယ် ။
ဒါ မှ ဆေးစစ်စရာ တွေ လုပ်သင့်တာတွေ ကိုစောစောစီးစီး လုပ်နိုင်မှာပါ ။

ဒုတိယ အကြိမ် စလုံးမှာ ကိုယ်ဝန်ရှိတော့ သိပြီးပြီးချင်း ၆ ပတ်မှာဘဲ သွားပြပါတယ် ။ ရက်ကျော်ပြီ ဆိုတော့ သိတာပါ ။ ထူးထူးခြားခြား မူးတာ အန်တာတွေ အဲဒီ အချိန်မှာ မရှိသေးပါဘူး ။

အရမ်း ရှည်နေပြီ လို့ ထင်တဲ့ အတွက် ဆက်ဖတ်ဘို့ ပျင်းမှာ စိုးလို့ ဒီမှာဘဲ ရပ်လိုက်ပါမယ် ။ အောက်မှာ ဂူးဂယ် က ကိုယ်ဝန် ပထမ ၃ လ အတွင်း ဖြစ်မဲ့ပြောင်းလဲမယ့် ဟာတွေ နဲ့ ဘာတွေစစ်ရမယ်ဆိုတာ ကို ကူးတင်ထားပါတယ်။

မှတ်ချက် ။ အမှန်က ညီမ မဒိုးကန် Miscarriage ဖြစ်သွားပြီး ကူးဆူးကျွန်း သွားခဲ့တာရော သူခံစားရတာလေးတွေ လာပြောပြတာရောကြောင့် ဒီလို အဖြစ်အပျက်တွေမှာ ဆင်ခြင်စရာလေးတွေ ဆေးပညာအရ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ရှေးထုံးစံအရ အမေ တွေ က သူတို့အတွေ့အကြုံအရ ပြုစုတာ တွေ ကို အမေ တွေ နဲ့ ဝေးနေတဲ့ အိမ်ထောင်သည် ညီမ လေးတွေ အတွက် ရေးချင်ခဲ့တာပါ ။
စာ ရေးမတတ်သူတို့ ထုံးစံအတိုင်း ရေးချင်တာက တခြား ထွက်လာတာက တခြားပါ ။
မြန်မာစာသင်တုန်းက သံခိပ် ကို မပိုင်နိုင်ခဲ့တာရောပေါ့။
နောက်ဆက်တွဲတွေ ရေးပါဦးမယ်။

GOOGLE ထဲက ပြောတာကတော့ ( http://pregnancybeauty.blogspot.com/)

First Trimester
First Trimester
During the first trimester of pregnancy, you are just learning you are pregnant and coming to terms with both your fears and your hopes for the future. You may have been surprised to find out you were pregnant, and you or your partner may have some ambivalent feelings about the pregnancy. You may also begin to have fantasies and dreams about your child.

Many couples find they are less sexually active in the first trimester. As a result of their fluctuating hormones, fatigue and nausea, some, though not all, women find they are less interested in sex.

During these first three months, you will likely also notice the changes that are happening in your body. Most women will experience some of these physical changes during the first trimester:

missed menstrual periods
breast tenderness
nausea and vomiting, also known as “morning sickness”
urinary frequency
fatigue
increased basal temperature
weight gain
To learn more about how the discomforts you may experience, such as nausea and vomiting, can be treated, click here.

During the first trimester, the embryo, which began as a tiny cluster of cells, becomes a fetus and develops all of the major organ systems. Here is what is happening:

First Month (1-4 weeks)
embryo implants (attaches) to the wall of the uterus and develops rapidly
heartbeat begins on the 25th day
arm buds appear on the 26th day
leg buds appear on the 28th day
digestive system starts to develop
The embryo is 1/5th of an inch long.
Second Month (5-8 weeks)
the face is forming
ears covered by thin membrane, continue developing
spine begins to form
brain, liver, kidneys, bloodstream and digestive system are developing
arms and legs develop
By the end of the second month, the embryo has become a fetus. It is about 1 and 1/8th inches long and weighs 1/30th of an ounce.
Third Month (9-12 weeks)
the fetus' eyelids are fused
facial features are present, the nose and outer ears form
nail beds established
movement, such as head turning or sucking, begins
teeth buds form
all internal organs form
swallows amniotic fluid
The fetus is about three inches long and weighs one ounce. The placenta is fully developed and also weighs about an ounce. One to three ounces of amniotic fluid are present. By two months, a rudimentary umbilical cord has begun to circulate blood and nourishment to the fetus. At 12 weeks, the uterus is just above the pubic bone.
Posted by Nausheen Farrukh at 11:36 PM 0 comments

http://www.lpch.org/DiseaseHealthInfo/HealthLibrary/pregnant/tests.html

What is Prenatal Screening?
First Trimester Prenatal Screening Tests
First trimester screening is a combination of fetal ultrasound and maternal blood testing performed during the first trimester of pregnancy. This screening process can help to determine the risk of the fetus having certain birth defects. Screening tests may be used alone or in combination with other tests.

There are three parts of first trimester screening:

ultrasound test for fetal nuchal translucency (NT)
Nuchal translucency screening uses an ultrasound test to examine the area at the back of the fetal neck for increased fluid.

two maternal serum (blood) tests
The blood tests measure two substances found in the blood of all pregnant women:
pregnancy-associated plasma protein screening (PAPP-A) - a protein produced by the placenta in early pregnancy. Abnormal levels are associated with an increased risk for chromosome abnormality.
human chorionic gonadotropin (hCG) - a hormone produced by the placenta in early pregnancy. Abnormal levels are associated with an increased risk for chromosome abnormality.

When used together as first trimester screening tests, nuchal translucency screening and maternal blood tests have a greater ability to determine if the fetus might have a birth defect, such as Down syndrome, trisomy 18, or trisomy 13.

If the results of these first trimester screening tests are abnormal, genetic counseling is recommended. Additional testing such as chorionic villus sampling or amniocentesis may be needed for accurate diagnosis.

Wednesday, January 19, 2011

3 Nov 2010 .......သမီးလေး

ဒီနေ့မှာ သားလေးလား သမီးလေးလားသိ၇တော့မယ်။FA Scan ဖတ်ဘို့  Parkway pride Hospital ကိုသွားစစ်၇မှာ။ medical check up ဆိုတော့ MC မ၇ဘူးလေ။ရုံးကနေ နားလည်မှူ နဲ့ဘဲထွက်၇မှာပေါ့။ ကလေး၇ဲ့ဖေဖေ ကလဲ နေ့တဝက်ခွင့်ယူပြီးလိုက်ခဲ့မယ်တဲ့လေ။ နှစ်ယောက်သား စိတ်လှူပ်ရှားမှူတွေနဲ့ သွားကြတယ်။
မစစ်ခင် register လုပ်ပြီးစောင့်နေတာ ရှေ့က တစ်နှစ်အရွယ် သမီးလေး က baby chair ထဲကနေ ဖေဖေ့ကို ပြုံးပြ၊ မြှူပြနေတယ်။ မေမေ့ ဘေးမှာလဲ အမွှာမိန်းကလေးနှစ်ယောက် ။ မေမေလဲ ကလေးလဲ မိန်းကလေးဘဲ လို့ ထင်နေမိတယ်။FA Scan ဖတ်ဘို့  အထဲဝင်တော့ ဒီတခါ ဆ၇ာဝန် ကိုယ်တိုင် ကလေး၇ဲ့ အတွင်းကလီစာ တွေစစ်မှာဖြစ်လို့  ဖေဖေ့ ကိုပေးမဝင်ဘူး ။ ဒါကနှလုံး ၊ ဒါက ကျောက်ကပ်နဲ့ သေချာပြတယ်။ နှလုံးလေးဟာ လှူပ်စိလှူပ်စိ နဲ့ အပေါက် ပါမပါ လှည့်ပတ်ကြည့်တယ်။ ကလေးကတော့ ဘယ်လိုနေတယ်မသိ ။ မေမေ ကတော့ မေမေ့နှလုံးကိုဆွဲကိုင်လှည့်ပတ်စစ်ဆေး နေသလို ကြည့်၇တာ အခံ၇ခက်နေတယ်။ အားလုံးစစ်ပီးကောင်းတယ်ဆိုတော့ ဘာလေးလဲ လို့  မေးတယ်။ ပြန်ကြည့်ပီး သမီးလေးလို့ပြောတယ်။
သမီးလေးတဲ့.............သမီးလေးလို့ သိ၇တဲ့အချိန်မှာ ဝမ်းသာသလို ဝမ်းလဲနဲတယ်။ မေမေ အယင်တယောက်မွေးတော့ မတိမ်းမယိမ်း မွေးကြတဲ့ သူငယ်ချင်းတွေမှာ မေမေဘဲ ယောင်္ကျားလေးမွေးတာလေ။ အဲဒါ ကလေးကိုကို နေမကောင်းလို့  အဲဒီသူငယ်ချင်းတွေ လာမေးတဲ့အချိန်မှာ သူတို့ကို မိန်းကလေးမွေးတာ ကံကောင်းတယ် ။ သားဦးမိန်းကလေးက မိဘကိုသိတတ်တယ် လို့ ပြောတော့ သားက ဆတ်ခနဲ မေမေ့ မျက်နှာကို မော့ကြည့်တယ်။ ခုကလေးက မိန်းကလေး ဆိုတော့ လိုချင်တာ၇လို့ ဝမ်းသာ၇သလို ကလေးကိုကို မေမေတို့ကိုထားခဲ့တာလဲ ဒီလိုပြောခဲ့မိလို့လားလို့ သူ့ မျက်နှာလေးပြေးမြင်ပြီး ဝမ်းနဲ၇ပြန်တယ်။
ဆ၇ာဝန်စစ်ဆေးပြီးတော့ သူ့လက်ထောက်က ဖေဖေကို အထဲခေါ်လာပြီး ကလေး၇ဲ့အင်္ဂါအစိတ်အပိုင်းတွေကို ပြပြန်တယ်။ မေမေကတော့ ကလေးကို ဖိပီး scan ဆွဲတာဆိုတော့ ကလေးမှာ ထိခိုက်မှာ ပင်ပန်းမှာကိုတွေးပူမိပြန်တယ်။ဖေဖေကတော့ ဘာလေးဖြစ်ဖြစ် အားလုံးကောင်းတယ်ဆိုတော့ ဝမ်းသာနေတာပေါ့ ။ ဒီတခါတော့ ဆေးစစ်ပီးဘယ်မှလျှောက်သွားတော့ဘဲ အိမ်ဘဲတန်းပြန်လာတယ်။ မေမေ့ သူငယ်ချင်းတွေကို ပြောပြ၇ဦးမယ်လေ ။ sms ပို့ပီး မိန်းကလေး လို့ inform လုပ်တော့ သူတို့ကပြန်ပီး ဖုန်းဆက် အခြေအနေမေးနဲ့ မေမေ၇ဲ့ညနေခင်းဟာ အိမ်အလုပ်မလုပ်ဘဲ ဖေဖေ ကိုအချိန်မပေးဘဲ သမီးလေးအကြောင်းပြော၇င်း ကုန်သွားတယ် ။

Thursday, September 30, 2010

ကလေးလေး... ၁၂ ပတ်

ကလေးေ၇..
၆.၉.၂၀၁၀ မှာပထမဆုံးအကြိမ် ဆ၇ာဝန် သွားပြတယ် ။ Pathway Women Clinic မှာပါ။
ဆ၇ာဝန်ကြီးကမေးလိုက်တာစုံစေ့နေတာဘဲ ။ ပြီးတော့ check up လုပ်လိုက်တာလဲ အ၇မ်းဘဲ။
ကလေး ၁၂ ပတ်နဲ့ ultrasound ရိုက်တော့ မေမေ့မှာစိုး၇ိမ်နေတယ် ။
ကလေးမှာ မျက်စေ့ ရှိနေပြီ ။ နှလုံးခုန်နေပြီ။ နှလုံးခုန် ပုံမှန်ဘဲ ။ လက်ကလေးတွေ ၊ခြေထောက်လေးတွေ ထွက်နေပြီ ။ မေးရိုးကရှေ့ကိုထွက်ပီး ပြုံးနေတဲ့ပုံစံဘဲ။ လည်ပင်းကနေ ခါးအထိ 17 cm ရှည်နေလို့ ဆ၇ာဝန်ကြီးက စိတ်ပူ နေသေးတယ်။ တကယ်ဆို ၁၆ ပတ်မှ ဒီလောက်ရှိ၇မှာလေ။ ကလေးအဖေအ၇ပ်ရှည်တာကိုကြည့်ပြီးမှ စိတ်ပူလျော့သွားတာ။
ကလေးေ၇ာ အမေပါ အားလုံးကောင်းတယ် ၊ အစားတော့လျော့စားပါ ၊ လိုအပ်တဲ့ check up တွေလဲဆက်လုပ်၇မယ်လို့ပြောတယ် ။
ဖေဖေနဲ့မေမေလဲ ဝမ်းသာပြီးပြန်လာတာ ၊ အိမ်မပြန်ဘဲ Tampines Mall မှာ 3D Movie ကြည့်ကြတယ်။ Dogs & Cats တဲ့ ။ ပုံမှန်ဆို မေမေတို့က ကာတွန်းကားမကြည့်ကြဘူး ။ ခုတော့ ကလေးလေး ဗိုက်ထဲမှာ ရှိလို့ ပျော်ပါစေ ဆိုပြီးကြည့်ကြတာ ။ :)
ဖေဖေနဲ့မေမေ လက်ကိုင်ဖုန်းတွေကို silient လုပ်ထားကြတော့ ဆေးစစ်တာ အကျိုးအကြောင်းသိချင်တဲ့ Aunty Madel နဲ့ Aunty Ambar တို့က ဖုန်းခေါ်မ၇ လို့စိတ်ပူ စိုး၇ိမ်ကြ သတဲ့လေ။
ဒီနေ့တော့ ငွေကလဲကုန် ၊ဒါပေမဲ့ အားလုံးကောင်းဆိုတော့ " ဟမ်း ! ကောင်းမှကောင်း!!! တဲ့နေ့လေးပေါ့ ။

Wednesday, August 18, 2010

ကလေး လေး.........၇ ပတ်

ကလေးေ၇
ဒီအပတ်တော့ Singapore National Day ကြောင့် ရုံးသုံး၇က်ပိတ်တယ်ကွဲ့။
စနေနေ့မှာတော့သူငယ်ချင်းတွေနဲ့ East Coast မှာညစာသွားစားကြတယ်။ sea food ပေါ့။ ထမင်းကမာတော့ မေမေက အကင်တွေချည်း ဖိစားတာဘဲ။
တနင်္ဂနွေမှာကလေးအဖေက သင်တန်းသွား၇တယ်။
မေမေ စားသောက်မကောင်းဘူးဆိုလို့ သူငယ်ချင်းတွေ လာပြီးအကြော် ကြော်ကြွေးကြတယ်။မေမေလဲစားလိုက်တာ။ စားပြီးဗိုက်လေးလေးနဲ့ နားကြ၊စကားပြောကြနဲ့၊ပြီးတော့ East Coast , CGTI gathering ကိုသွားကြမယ်လေ။ အဲဒီမှာလဲ သူငယ်ချင်းတွေနဲ့ စကားတွေပြောလိုက်၊စားလိုက်နဲ့ ဟုတ်နေတာ၊ အပြန် ကလေးအဖေကလာကြိုတယ်လေ။
တနင်္လာနေ့မှာလဲ မနားပါဘူး။ Fort Canning park မှာလမ်းပြကြယ် ၇ဲ့စာပေဆွေးနွေးပွဲရှိတယ်လေ။ ဒီလ ဂျူး၇ဲ့ သူမင်းကို ဘယ်တော့မှ စာအုပ်ကို ဆွေးနွေးကြတာ။မေမေ၇ယ်တောင်ကိုတက်တော့ အလှူပ်အရှားများလို့ကလေးများပင်ပန်းနေမလားစိုး၇ိမ်နေသေးတယ်။ ပြီးအောင်မနေခဲ့ ပါဘူး။ညနေစောင်းတာနဲ့ပြန်ခဲ့တယ်။ Peninsula plaza ဝင်ပြီးညနေစာ မာလာဟင်းဝယ်လာတယ်။
မေမေတို့ေ၇ာက်တဲ့အချိန် national day celebration က singapore flag ကို flight နဲ့လှည့်ပြနေတယ်။ ခဏနေ တော့ fighter jets သုံးကောင် အမြင့်ကိုထိုးတက်သွားတယ်။
သက်သာချင်လို့ အိမ်ပြန်တာ ကားစီးခါမှ လမ်းတွေပိတ် လို့ကြာလိုက်တာကွယ်။ ဗိုက်ဆာလို့စားမယ် လုပ်တော့ ကလေးအဖေက မာလာဟင်းကစပ်လို့ မစားခိုင်းဘူး။ ဘာမှလဲ လုပ်မစားချင်တော့တာနဲ့ ဝမ်းဟာဟာနဲ့ အိပ်ခဲ့၇တယ်။ ဘွားဘွားသာရှိ၇င် စားကောင်းမဲ့ တခုခုတော့ လုပ်ပေးမှာဘဲ လို့တွေးနေမိတယ်။

ကလေး လေး.........၆ ပတ်

1st August 2010.
ကလေး လေးေ၇... ဒီအပတ်ကတော့ 6 ပတ်ဆိုတော့ morning sick ကစပြီလေ။ မနက်ဆိုသတိအနေအထားနဲ့ေ၇လေးတောင်မှမသောက်
၇ဲဘူး။ ဘာမှမရှိတဲ့ အစာကို အန်၇တာဆိုတော့ ၇င်ထဲမှာ အသဲတွေ အူတွေ ပြောင်းဆန်ပြီး ကြွေကျတော့မလားအောင်းမေ့၇တယ်။လှူပ်တာနဲ့ ၇င်ထဲကတလှပ်လှပ်နဲ့ဆိုတော့ အိပ်ယာထဲမှာဘဲ ဖက်လုံးလေးကိုဖက်ပြီးငြိမ်ငြိမ်လေးနေ၇တယ်။
ကလေးအဖေကတော့ အိပ်ယာပေါ်မှာနေတာများလို့မူးတာနေမှာ၊ ထ မျက်နှာသစ်ပြီး ဘု၇ားရှိခိုး လို့ခိုင်းတယ်လေ။ ဘယ်လိုခံစား၇တယ်ဆိုတာကို သူမှကိုယ်ချင်းမစာနိုင်တာကိုနော်။
မေမေ့မှာတော့ မစားချင်မသောက်ချင် ဝမ်းနဲသလိုနဲ့ ကလေးမှာလဲ အဟာ၇လိုမှာစိုး၊ စိတ်အားငယ်တတ်တဲ့ အခံလေးပါလာမှာစိုးနဲ့။ အထူးသဖြင့် မခံနိုင်တာက ငါးညှီနံ့ပါဘဲ။ ကိုယ်တိုင်မချက်တောင် သူများချက်တဲ့အ နံ့၇၇င် ဥသြဆွဲတော့တာဘဲ။ ထူးထူးခြားခြားစားခြင်တာကတော့ေ၇ခဲမုန့်ပါဘဲ။
ကလေး အဖေကတော့ သားလေးဖြစ်စေချင်သတဲ့။ မေမေကတော့ ဘာလေးဖြစ်ဖြစ် နောက်တစ်ယောက်မှ မတူတာလေးဖြစ်လို့တွေးနေမိတယ်။

Friday, August 6, 2010

ကလေး လေး...

မေမေ့ ဆီမှာ ကလေးလေး ရှိနေပြီဆိုတာ 27 July 2010 မှာသိခဲ့၇တယ်။
ကလေးလေး ၇ဲ့ ဖေဖေကတော့ အ၇မ်းပျော်နေခဲ့တာပေါ့။ ချက်ချင်းဘဲ ကလေး၇ဲ့ ဖွားဖွားဆီကို ဖုန်းဆက်ပြီးပြောခဲ့တယ် ။ဖွားဖွားကလဲပျော်နေတော့တာပေါ့။ပြီးတော့ဦးဦးကျော်ကြီး ဆီကိုဖုန်းဆက်ပြောပြန်ေ၇ာ။
အားလုံးဘဲ ဝမ်းသာနေကြတယ်။
ကလေး၇ဲ့ဖေဖေနဲ့မေမေကို၇စ်ပတ်မဲ့ သံယောဇဉ်လေး ရှိလာပြီလေ။ မေမေလဲဝမ်းသာတာပေါ့ကွယ်။
ဒါပေမဲ့ မေမေ့ မှာ အခုမှ အလုပ်သစ် ပြောင်းခါစ၊ အတည်တကျဖြစ်အောင်ကြိုးစားဆဲကာလဆိုပါတော့ကွယ်။ကလေးေ၇ာက်လာတော့အလုပ်သစ်မှာ အားသွန်ခွန်စိုက်ကြိုးစားမယ်ဆိုတဲ့မေမေ အရှိန်တန့် သွားတယ်။ ကလေးကိုပင်ပန်းမှာ စိုးလို့ပေါ့ကွယ်။
မေမေကစိတ်အားလဲငယ်တတ်တယ်ကွဲ့၊ ဘွားဘွားနဲ့ပင်လယ်ကြီးခြားပြီးနေ၇တာလေ။အော့ချင်အန်ချင် ပင်ပန်းလို့မှ ဘာလေးစား ဘယ်လိုနေ ဆိုပြီးယုယ မဲ့သူ မရှိတာကိုး ။ ကလေး၇ဲ့ဖေဖေကလဲ ဂရုတော့ စိုက်ချင်ရှာပါ၇ဲ့။ဒါပေမဲ့ သူက မနက် 63း0 ကနေ ညနေ 73း0 ထိမေမေ့ဘေးမှာမရှိဘူးလေ။
ကလေး ကခုမှ ငါးပတ်ဆိုတော့ အော့ချင်အန်ချင်က သိပ်မဖြစ်သေးဘူးလေ။ အဓိက ကတော့ အိပ်လို့မပျော်တာဘဲ။ မေမေ့ မှာမနက်ဆို အိပ်ေ၇းမဝဘဲ မူး၇ိပ်၇ိပ် နဲ့ အလုပ်ကိုသွား၇တယ်။ အိပ်ပျော်အောင် အားဆေးလဲမသောက်၇ဲဘူး၊ ကလေး၇ဲ့ အစတည်နေတဲ့ ကာလမှာ မလိုအပ်တဲ့နေ၇ာမှာ မလိုတဲ့အားတွေ တိုးသွားမှာ စိုးရိမ်တာကိုး ။