ထုံးစံအတိုင်း မဆုံတာကြာတဲ့ သူငယ်ချင်းတွေ ရင်းရင်းနှီးနှီး ပြောကြဆိုကြ ၊ စားကြ သောက်ကြ နဲ့ တေးဂီတ အစီအစဉ်လဲ ပါတဲ့ အတွက် ပွဲဟာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ပါတယ် ။
ဒီနှစ်မှာ ထူးခြားတဲ့ အစီအစဉ် ကတော့ ကျောင်းမှာ သင်ကြားခဲ့တဲ့ ဆရာ ၊ ဆရာမ များရဲ့ ထူးခြားတဲ့ အလေ့အထ အမူအယာ များကို ပြောပြပြီး ဘယ်သူဘယ်ဝါ ဆိုတာ မှတ်မိပါသေးရဲ့လား ဆိုတဲ့ ပဟေဠိ အစီအစဉ်ပါ ။
ဦးစန်းမြင့် ၊ ကိုမျိုးဇော် ၊ ကိုရန်နိုင်စိုး နှင့် အေးအေးနှင်းတို့ က မေးခွန်းများ မေးခဲ့ပါတယ် ။
ကဲ စနေနေ့ မို့ အလုပ်မအားလို့ မလာဖြစ်ခဲ့တဲ့ သူငယ်ချင်း များကလဲ မှတ်မိသေးရဲ့လား ဖြေပေးကြပါဦးနော် ။
ပဟေဠိ ခေါင်းစဉ်ကတော့
သူတို့တွေ ကို လွမ်းတယ် တဲ့..
၁. ကျောင်းဝင်းအ၀မှာ
သံကြိုးကြီး
ပခုံးပေါ်တင်
ရင်လဲမခုန်
မမှိတ်မသုန်ရှိတဲ.
ကျောင်းရဲ.ပြယုဂ်ဖြစ်တဲ့သူ
၂. သားတို့လာကြ ညဉ့်ကနက်ပြီ
တက်ကြကားပေါ်
ပြန်ကြစို့နော်
ခေါ်ငင်ဂရုစိုက်
စရိုက်ကောင်းတဲ့
ကျောင်းသားတွေချစ်တဲ့သူ
၃. ဟိုနားကိုရိတ်၊ ဒီနားမှာ ရှိတ်
စိတ်လက်ပါစွာ၊
ဟစ်အော်သင်ရင်း
ရင်တွင်းက
စေတနာ
ထင်ရှားစွာ
မြင်သိရ
အလိုက်မသိ
ငိုက်မိတဲ့သူကတော့
သူ.မှာ
စိတ်တို ရင်အမောဖျောက်ဖို့
ဗိုက်ခေါက်ကို
လိမ်ဆွဲတတ်သူ
၎. မင်းတို့အတန်းက ဆူလှချည်လား
ဘယ်သူဘယ်ဝါ
ကျောင်းသားကဒ်
ရင်ဘတ်မှာမပါလျှင်
စတိုင်မကျအောင်
ထိုင်ထလုပ်ခိုင်းတက်သူ
၅. ကွမ်းယာကို အကြိုက်စားရင်း
ကျွန်တော်တို.တစ်တွေ
ဗိုက်သားတင်းဖို့
ဟေ့ကောင်တွေ
ထမင်းစားပြီးလျှင်
ဈေးဖိုးလာထုတ်
ချက်ပြုတ်ဖို့
ညွှန်ကြားတတ်သူ
၆. စတစ်ကော်လာ လက်တိုအဖြူနှင့်
နေပူပူ
မိုးရွာရွာ
ဘယ်သွားသွား
ဘယ်လာလာ
နူးညံ့တဲ့
အပြုံးတွေနှင့်
မြောက်မြားလှစွာသော
သော့တွဲတွေ
ခါးမှာချိတ်ဆွဲတတ်သူ
၇. မျက်မှန် အမည်းကြီး တစ်ခါတစ်ခါတပ်
ရင်ဘတ်ကိုကော့ကာ
လမ်းလျှောက်ရင်း
ဝါတွင်းသုံးလမှာ
ကျောင်းဝန်းထဲသာ
ဖ၀ါးချသူ
၈. AE သင်လိုက် ပြူးလိုက် ရယ်လိုက်
ကြုံကြိုက်လျှင်
မှတ်သားစရာတွေ ပြောတတ်သူ
၉. ဆိုင်းသံ ဗုံသံ
ဆူညံ
ဆိုတီး
သဘောထားကြီး
အနုပညာချစ်တဲ့သူ
၁၀. ဒီဇယ်အင်ဂျင် အပီအပြင်နှင့်
စေတနာထား
ကာသင်ရင်း
ကျောင်းကထိန်မှာ
ကျားဖြစ်သွားသူ
၁၁. အခန်းခွင်က မောင်မောင်လွန်တို့
အပြင်သွားလျှင်
ကွင်းယာဝယ်ခဲ့
မမေ့နဲ.ဆိုတဲ.
ပခုက္ကူကသူ
၁၂. မျက်မှန်ကြီးဝင့်ပီး
မအီမလည်နဲ့
Civil shop က
အနားလာ
ဗရုတ်ကျသူတွေကို
ပျားတုတ်သလို
တုတ်တတ်သူ
၁၃. မီးခိုးရောင်တိုက်ပုံ ဆံပင်အုန်းဆီရွှဲ
အသည်းအသန်
ကြိုက်တာက
အ၀ါဗျာလို့
ဆိုတဲ့သူ
၁၄. ပုဆိုးထဲ လက်မကိုထောက်
မျက်မှောင်
ကိုဝင့်ပီး
မောင်ရင်က
ကျော်ဟိန်းလား
မေးတတ်သူ
၁၅. ဘောင်းဘီဖြူ ကင်းပတ်ဖိနပ်နှင့်
ယမင်းအလှတွေ
ငေးရင်း
သာယာရေးက
ခြင်းခတ်ကောင်းသူ
၁၆. သွားလေရာ လက်ထဲမှာခေါက်
အင်တာနာနှင့်
သင်ပုန်းထောက်သူ
၁၇. ဂျာကင်ကိုကြိုက် အထွေးစိုက်ကာ
ခေါင်းလေးကိုငိုက်
စာအုပ်ပိုက်သူ
၁၈. ကျောင်းသား( ကျောင်းသူ/သား) တွေကို အရေပေး
ကျောင်းသားကိစ္စ
တွေ ထောင်းထအောင်ကူညီပေမဲ့
အိမ်ကကားကို
မမောင်းတတ်လို့
ညီမတွေကို
အပူကပ်လိုက်ပို့ခိုင်းသူ
၁၉. ဖလံနယ်ကြိုက် လက်ကလေးကိုပိုက်
ညင်သာယဉ်ကျေး
သိမ်မွေ့တဲ့သူ
ဒိုက်သရောမဖြစ်အောင်
ဟိုက်ဒရောလစ်သင်တဲ့သူ
မျှော်မြင်တတ်ဖို့
Drawing သင်တဲ့သူ
၂၀. သမင်မျက်လုံး တပြုံးပြုံးနှင့် စာတွေသင်
တစ်ခါတစ်ခါမှာ
တအုံးအုံးနှင့်
ပွဲကြအောင်
သင်တတ်သူ
သူ….သူ…သူ…
သူတို.တွေ အားလုံးကို ကျွန်တော် ကျွန်မ လွမ်းတယ်
ရော်ရမ်းမှန်ဆ လွမ်းတမ်းတရင်း
ကော်ရော်မြတ်နိုး အကျွန်ရှိခိုးဦးချရပါတယ်။
အမှတ်တယ ဓါတ်ပုံတချို့လဲ တင်လိုက်ပါတယ် ။ အဖြေ သိခဲ့ရင် ကွန်မန့်လေးမှာ ရေးခဲ့ပေးပါနော် ။
မဆုံတာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ဆုံတွေ့ခွင့်ရတဲ့ တွေ့ဆုံပွဲလေးမှာ သန္တာ တစ်ယောက်ဘယ်လောက် ဝမ်းသာပီတိ ကြည်နူးမှုလေးတွေ ရင်မှာပိုက်နေမယ်ဆိုတာ တွေးဆခံစားလို့ရတယ်း)
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကျောင်းသားဟောင်းတွေအဲလိုပြန်ဆုံခွင့်ရတာပျော်စရာကြီးနော်မမ
ReplyDelete