- တို့မြန်ပြည် အလယ်ပိုင်း
မှိုင်းဆရာ အတွေ့နဲ့ကွယ်
ရေးဖွဲ့ကာ ပြရလျှင်ဖြင့်
ယခင့် ယခင်
အရှင့် ဘုရင်တို့ လက်ထက်ကတည်းက
အသက်ထက်စွဲကာ တူးဖော်
ရွှေမဲလို့ခေါ်ခဲ့ ပြည်တန်တဲ့
ရွှေရေနံတွေ ထွက်ရာဒေသ ၊
- ကမ္ဘာ့အသိုင်းအ၀ိုင်းမှာ ထင်ပေါ်
တိုင်းတပါးသား နယ်ချဲ့များတို့
ချောက်ချားသွေးပျက် အတွေးနက်စေတဲ့
အဟုတ်အား နမိတ်တွေနဲ့
အလုပ်သမား သပိတ်ကြီးကိုခေါင်းဆောင်
အစိုးရစည်းစနစ်ကို အတိုးချပြီးတီးပစ်တဲ့
ဖိုးလှကြီးဆိုတဲ့ အမျိုးသားခေါင်းဆောင်ရဲ့
ချစ်မြတ်နိုးရာဒေသ၊
- ဒီဒေသရဲ့
ဘုန်းတင့်စွာ ၀င့်ထယ်ပါလို့
တင့်တယ်ကာ ခန့်ငြားပေသနော်
စက်မှူသိပံ အမည်တွင်ခေါ်
ဒို့ကျောင်းတော်၊
- ဒို့ကျောင်းရှေ့အ၀င် အသွင်ထူးစွာနဲ့
ဝင့်ထယ်တဲ့ အပြုံးသဏ္ဍာန်
အမုန်းဟန်မရှိ ပီတိသရုပ်နဲ့
ကျောက်ရုပ် ဖိုးလှ ရှိနေတယ်၊
- ရှားပင်ပျို ထနောင်းတန်းနဲ့
အ၀င်ဝမှာလဲ အဆင်လှတဲ့ စိန်တံချူ
မြင်ရသူ ဘ၀င်ကျအောင်
အစိမ်းနဲ့အ၀ါ ယိမ်းနွဲ့ကာပွင့်လန်း
အနီရောင်သန်းတဲ့ စိန်ပန်းတို့နဲ့ရင်ဆိုင်
မနိုင့်တနိုင် အလှပြိုင်နေကြတယ်၊
- ကျောင်းရဲ့ပုံစံ ကျောင်းရဲ့ဟန်က
ဗိသုကာ ဆရာတွေရဲ့
အံ့မခန်း အတွေးအခေါ်တွေနဲ့
ခပ်ဆန်းဆန်းလေး ရှိနေတယ်နော်၊
- အမှတ်တမဲ့ ရှူမြင်လျှင်
ဘ၀င်ကျစရာ အဆ်လှစွာနဲ့
အနိမ့်အမြင့်စီလို့ ညီညာလှပ
ရှူမ၀အောင် ရှိနေတယ်၊
- စာသင်ဆောင် ကိုးခန်းက
ရင်နှစ်သည်းခြာ နိုင်ငံ့ရတနာတွေ
နှစ်စဉ်မွေးထုတ် ပြယုဂ်တွေအပြစ်
နှစ်ရှည်ကာလ သာဓကတွေနဲ့
ခန့်ညားထယ်ဝါ ရှိနေတယ်၊
- မြို့ပြ နှင့် ပုံပြု
သင်အံမှတ်သား ဒို့ကျောင်းသားတွေ
စွမ်းပကားတွေ လျှပ်အားဝေစေဖို့
ပြသသင်ကြား ဌာနများကား
လေးခုတိတိ ရှိနေတယ်၊
- ရေမြေကွာခြား ဒေသများမှ
နေထိုင်ပျော်ရွှင် ခန်းစဉ်ဖွဲ့ထား
အဆောင်များကား
ပုပ၌ါး နှင့် အင်းလေး
ဇွဲကပင် နှင့် ငပလီ အစီအရီ
တည်ကြည်စွာ ရှိနေတယ်၊
- ကျောင်းရဲ့ တောင်စွန်း
ညီမများတွေ နေနားပျော်စရာ
ရွှေတမာဆိုတဲ့ အမျိုးသမီးအဆောင်ဟာ
တမျိုးမငြီးအောင် ရှိနေတယ်၊
- ဒီလိုနဲ့ဘဲ
ကုန်ဆုံးလွန်မြောက် သုံးနှစ်ရောက်လျှင်
ဒို့ကျောင်းတော်မှ ခွဲခွာကြ၍
လုပ်ငန်းခွင်ဝင် စိတ်အစဉ်ဝယ်
စက်မှူစွမ်းအား ပြည်ထွန်းကားအံ့
စက်မှူပုံပြု ပြည်ကျိုးပြုအံ့
မြို့ပြအင်ဂျင်နီယာ တမျိုးအလှတီထွင်ကာဟု
ပြည်တခွင်သာစေကြောင်းကိုလ
ရည်ရွယ်ကာ နမိတ်ကောင်းတွေနဲ့
ပေးဝေသွန်းလောင်း ငါတို့ကျောင်းတော်၊
- တခေါက်တို့တခါ ရောက်လို့သာလာပါ
ဒို့ကျောင်းရှိသည် ဤဌာနီ။
လွမ်းနိုင်ဆွေ ( 3MP - 1993)
အရမ်းကောင်းတဲ့ ကျောင်းအမှတ်တရကဗျာလေးတပုဒ်ကို
ReplyDeleteမြင်ယောင်ခံစား အားပေးသွားပါတယ်...